Saturday, June 20, 2009

မင်းသားကြီးရွှေဗန်းရတု

မင်းသားအမှန် ၊ ငါလျှင်ကြံက
နိုင်ငံရပ်စည်၊ တိုင်းပြည်အတွက်
ကိုယ့်အသက်ကို၊ ရက်ရက်စွန့်ခွာ
ကုလားရွာ၌၊ ခန္ဓာရုပ်ဟောင်း
ဘဝပြောင်းခဲ့၊ ဖြစ်ကြောင်းသံသာ
သတ္တဝါတို့၊ မှန်စွာမချွတ်
သူမသတ်လည်း၊ မလွတ်တခါ
သေအံ့ရာတည်း။
ကမ္ဘာမကြေ၊ သူတို့တွေလည်း
အတည်မစိုး၊ ငါမြေထိုးသော်
အရိုးတခါ၊ တွန့်လိမ့်ရာ၏။
နောင်သားနောက်လူ၊ ရခိုင်သူတို့
အယူမပြောင်း၊ နည်းလမ်းကြောင်းကို
ကောင်းကောင်းလိုက်နာ၊ တိုင်းဓညာကို
တစ်ခါမုချ၊ ငါတို့ရအံ့
လုံ့လရှေ့သန်၊ လူလျှင်ကြံက
နိဗ္ဗာန်မချွတ်၊ လက်ဝါးခတ်သည်
စွဲမှတ်၌ စာသေတမ်းသည်။
......

သက်သီ

ဘဝရီစက်
ကြောင်းမဖက်လို့
“နင့်”၏ရှေံ့မှောက်
ငါ့ လာရောက်ဖို့
ကြိုးစားဂေလေ့
ယှုံးနိမ့်ခရေ။

ကဘာကြီးက
ကျည်းလွန်းပါရေ
ပြောဂတ်ဂေလေ့
ငါ့ဘဝနန့်
Practical
မဖြစ်လီဗျာယ်။

အဂုချိန်မှာ…
ဖြီမဆည်နိုင်
ငေးမှိုင်မှိုင်နန့်
အလွမ်းဒဏ်ရာ
ဝေဒနာကို
ရင်မှာပိုက်ယင်း
ငါ့ရင်တွင်းမှ
ကျခရလီ
လွမ်းမျက်ရီကို
“နင့်”အတွက်သက်သီ
ထားခရေ။

.......
ကျောက်ဖြူ-လွှမ်းမိုးခိုင်

ဦးဥတ္တမ

ဦး-စွာပထမ ကျွန်ဘဝက
လွတ်မြောက်လီအောင် စွမ်းဆောင်ညွှန်ပြ
ဟောပြခလီ အာဇာနီကား
‘The Light of Asia’ ဟု
နာမတွင်ရ ဦးဥတ္တမ။

ဥ-တုရာသီ ပြောင်းလားလီလေ့
အသျှင့်သတင်း ကျော်ဇောခြင်းကား
ရိုးတောင်ထိပ်က သဇင်ရနံ့ပိုင်
သင်းပြန့်ကြိုင်မြဲ မွီးနိန်ဆဲးပါ။

တ္တ -စ်ခွန်းချေမျှ မဟဝံ့ဘဲ
နှုတ်ပိတ်နိန်ရာ ယင်းချိန်ခါက
”အဝေ…ဂရက်ဒေါက် ငါ့ရို့ပြည်သား
မင်းကားမဟုတ် အဂုထွက်လားလီ”ဟု
ရဲဝံ့စွာနန့် ပြောဝံ့ဆိုဝံ့
နှင်ထုတ်ဝံ့ခ ဦးဥတ္တမ။

မ-ဟုတ်မခံ ဇာတိမာန်နန့်
ပြည်သူအများ ကျွန်ဘဝက
လွတ်မြောက်လားအောင် အသက်သွီးကို
ပီးဆပ်ပါခ ”ဦးဥတ္တမ“ကို
ရိုကျိုးဂါရဝါ ဒေကဗျာနန့်
ဦးညွတ်ပါယင့် ဦးညွတ်ယင့်။

............
ကျောက်ဖြူ- လွမ်းမိုးခိုင်
၁၁-၁၂-၀၈

အသျှင်ဥတ္တမသို့

အ-ရှေ့က နိန်ဝန်းထွက်ရေပိုင်
‘အာယှ’တစ်ခွင်ကို အလင်းရောင်ပီးလို့
‘အာယှ နိန်ဝန်း’ လို့
တင်စားခံရရေသူ။

သျှင်-တော်ဗုဒ္ဓကြွရောက်ခပနာ
ဗျာဒိတ်တော်ထားလို့
ဗုဒ္ဓကိုယ်ပွားတော်စံပျော်ကိန်းဝပ်ရာ
ၿပည္ရကၡာမွာ မြီးဖြားခေရသူ။

ဥ-တုဂီမန္တမှာ ဖနပ်မပါထီးဗလာနန့်
သောက်ရီနတ္ထိ၊ ခိုစရာမဟိဖြစ်နိန်ရေ
ပြည်သူတိအတွက်
အသက်ကိုစတေးပနာ
ခို၊သောက်၊နားရာ အရိပ်ဆာယာကို
ပီးဆောင်ခရေသူ။

ဥတ်-(အုတ်)တချပ်သဲတပွင့်လောက်
တိုင်းပြည်အတွက်ခအကျိုးပြုရေလူတိထက်
အဆပေါင်းမျာစွာသာခဂေလေ့
မျက်ကွယ်ပြုထားခြင်းကို ခံနိန်ရရေသူ။

တ-စ်ကောင်ကိုလည်းမကြောက်
ခြသီင်္းဟောကတေပိုင်သံနန့်
“အဝေ..ဂရက်ဒေါက်!
ငါ့ ရို့ပြည်က အဂုထွက်လားလီ” လို့
နှင့်ထုတ်ဝံ့ခရေသူ။

မ-တရားအုပ်ချုပ်မှုကို
ခေါင်းငုံ့မခံ ဇာတိမာန်နန့်
ကိုလိုနီကျွန်ဘဝက
လွတ်မြောက်ရအောင်
အသက်ကိုပီးလို့
လွတ်လပ်ရေးမီးယှူးတိုင်ကို
ထွန်းညှိခရေသူ။

သို့-သော်…..
အသျှင်ထွန်းညှိပီးခရေ မီးကိုသုံးပနာ
အခြားလူတိ တိုက်တာတိနန့်
နိန်နိုင်ဂတ်ကေလေ့
အသျှင်မွီးရာ ပြည်ရက္ခာမာ
စားစရာမဟိ နိန်စရာနတ္ထိ
အဂုအထိ..
ငရဲအတိပိုင်ဗျာယ် “အသျှင်”။

-------------
Ven.Eindobhasa

မာခေါင်းဆောင်တွေက ရခိုင်အမျိုးသားများအားပေးခဲ့သောကတိနှစ်ခု

ကျွန်တော်ရောက်သွားသော အချိန်တွင် စစ်တွေမြို့နိုင်ငံရေးအခြေအနေမှာ အတော်လှုပ်ရှားနေပေသည်။မြန်မာပြည်နှင့်တို့ဗမာအစည်းအရုံးနှင့် အဆကအသွယ်ပြု၍ ရခိုင်တိုင်းနိုင်ငံရေးတွင်ရှေ့ဆောင်နေသော ရခိုင်တိုင်းလုံးဆိုင်အစည်းအရုံးမှခေါင်းဆောင်များမှာ အဖမ်းခံသူခံရ၊ ရှောင်တိမ်းနေသူ ရှောင်တိမ်းနေကြရဖြစ်ပေသည်။
အဖမ်းခံကြရသူများမှာ ဦးစံထွန်းအောင်၊မျိုးချစ်ကျော်ဦးနှင့် မြို့နယ်များမှ မြို့နယ်ခေါင်းဆောင် အတော်များများ အဖမ်းခံနေရပေသည်။ ရှောင်တိမ်းနေကြရသော ရခိုင်တိုင်းလုံးဆိုင်ရာအစည်းအရုံးခေါင်းဆောင်များမှာ ဦးသာဇံလှ၊ ဦးထွန်းဦး၊ ဦးအောင်ဇံဝေ၊ ကိုညိုထွန်း၊ ဦးဘဇံ၊ ဆရာတော်ဦးပညာသီဟနှင့် ဦးစိန္တာတို့ဖြစ်ကြသည်။ ကျောင်းသားခေါင်းဆောင်များမှာမူ အဖမ်းခံရခြင်းရှိ။ ဗြောင်နေ၍ရနေပေသေးသည်။ ကိုမြသည် ကျွန်တော်တို့ကို ”ရှောင်တိမ်းနေသောတိုင်းလုံးဆိုင်းရာအစည်းအရုံးခေါင်းဆောင်များအတွင်းမှ ဆရာတော်ဦးပညာသီဟ၊ ဦးစိန္တာ၊ ကိုဘစံတို့နှင့် တွေ့နိုင်ရန်စီစည်ပေးသည်” ဟု ပြောလေသည်။
ကျွန်တော်တို့နှင့် ပထမဦးစွာဆက်သွယ်ပေးသူများမှာ ကျောင်းသားခေါင်းဆောင်လူငယ်များဖြစ်လေသည်။ ဗုံပေါက်သာကျော်၊ ကိုသာထွန်းအောင်၊ ကိုလှကျော်၊ ကိုသာထွန်းဦး၊ ကိုစံရွှေ၊ ကိုရွှေသာ စသူတို့ဖြစ်ကြလေသည်။
အီ ကျောင်းသားခေါင်းဆောင်များစုဝေး၍ ကိုသိန်းအောင်က နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်လေသည်။ လက်ရှိစစ်အခြေအနေ၊ မြေအောက်ယူနစ်၏ နိုင်ငံရေးသဘောထားနှင့်ရည်ရွယ်ချက်၊ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲအစီစည် စသည်တို့ကို ဆွေးနွေးဖြေရှင်းပြသည်။ နိုင်ငံရေးဆွေးနွေးပွဲကို သုံးရက်မျှလုပ်ပြီး၊ ကျွန်တော်က စစ်ပညာသင်တန်းကို သုံးရက်ဆက်ပြီးသင်ကြားလေ့ကျင့်ပေးရလေသည်။ တနေ့လျှင်သင်ကြားရန် နှစ်နာရီမျှသာအချိန်ရသည်။ သင်ကြားရသည့်နေရာကား အစောင့်မရှိလဲ တံတိုင်းများကာရံထားသော မူဆလင်သချုင်္ီင်း တစ်ခုအတွင်းတွင်ဖြစ်ပေသည်။ လူအလစ်တွင် သချုင်္ီင်းအတွင်းသို့ တယောက်ချင်းဝင်ကြပြီး ဆွေးနွေးပွဲပြုလုပ်နေစည်နှင့် သင်တန်းဆင်းနေစည် အပေါက်ဝတွင် အစောင့ှ်ောက်များချထားရသည်။ ကံအားလျှော်စွာပင် သုံးရက်အတွင်း မည့်သည့် အနျောင့်အယှက်များမတွေ့ရဘဲ စစ်ပညာသင်တန်းလည်း ပြီးမြောက်သွားသည်။ ညတညတွင် ကိုမြနှင့် ကိုသာကျော်က ကျွန်တော်တို့ နှစ်ယောက်အား ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းသို့ ခေါ်သွားသည်။ ဆရာတော်ဦးပညာသီဟနှင့် တွေ့ရန်ဖြစ်သည်။ဆရာတော်သည် ရခိုင်အမျိုးသားစိတ်ဖြင့် ဗမာများအပေါ်တွင် ယုံကြည်မှုမရှိလှ ဟု ကိုမြကပြောပြ၍ ကြိုသိထားရသည်။ ယခုကျွန်တော်နှင့်တွေ့ဖို့ကိုပင် ”မင်းတို့ရဲ့ဗမာနှစ်ယောက်ကို ယုံရမလား” ဟုမေးသောကြောင့်၊ ကျွန်တော်တို့နှစ်ယောက်နှင့် တွေ့ချင်ပုံမပေါ်ကြောင်း၊ ဆရာတော်သည် အဖမ်းခံရမှာကိုစိုးသဖြင့် မြို့မှာပင်မနေ။ သူအခြေစိုက်ရာမြို့ဟောင်းဘက်တွင်နေကြောင်း၊ ကျွန်တော်တို့နှင့်တွေ့ရန် တကူးတက လာရခြင်းဖြစ်ကြောင်း ကိုမြပြော၍သိရသည်။ ကျွန်တော်တို့ကျောင်သို့ ရောက်သွားသောအခါ ည ၇-နာရီခန့်ဖြစ်သဖြင့် အတန်မှောင်နေပေပြီ။ ကျောင်းပေါ်တွင်မီးထွန်းထားခြင်းမရှိ။ မှောင်နှင့်မည်းမည်းတွင် ကျောင်းပေးသို့တက်သွားရသည်။ အမှောင်ထဲမှာပင် ဦးပညာသီဟကို ဝတ်ပြုပြီး စကားပြောတင်လျှောက်ရသည်။ မှောင်ထဲတွင်ဖြစ်၍ ဘုန်းကြီး၏ ရုပ်လက်ခဏာကိုလည်းမမြင်ရ။ ရခိုင်စကားသံဖြင့် ကျွန်တော်တို့၏နိုင်ရေးသဘောထားနှင့် ရည်ရွယ်ချက်များ၊ လုပ်ငန်းများကိုမေးသည်။ ဆရာတော်ပြောသောရခိုင်စကားများကို နားလည်အောင် မနည်း နာစိုက်ထောင်ရသည်။ ကိုသိန်းအောင်ကလည်း မြေအောက်၏ နိုင်ငံရေးသဘောထားများကို ဆရာတော်အား ရှင်းလင်းတင်လျှောက်ထားသည်။ မြန်မာ့လွတ်လပ်ရေးအတွက် အင်္ဂလိပ်နယ်ချဲ့ သမားကို မြန်မာပြည်မှ မောင်းထုတ်ရေးအတွက် ရခိုင်၊ ဗမာပူးတွဲကြိုးပမ်းဖို့ လိုကြောင်းကို ကိုသိန်းအောင်ကတင်ပြသည်။
ဦးပညာသီးဟကလည်း လွပမလပ်ရေးအတွက် ရခိုင်၊ ဗမာ ပူပေါင်းဆောင်ရွက်ရမည်ကို သဘောတူကြောင်းပြောပြီး၊ သူ့အနေဖြင့် ဗမာတွေကို အယုံအကြည်မရှိလှကြောင့်ကို ပွင်ပွင့်လင်းလင်းပြောလိုကြောင်းကို၊ ဗမာတွေအနေဖြင့် ဗမာတွေရဲ့လွတ်လပ်ရေးကိုသာ ရအောင်ကြိုးစားနေကြောင်း၊ မြန်မာပြည် လွတ်လပ်ရင် ဗမာတွေက ရခိုင်ပြည်ကိုလွတ်လပ်ရေးမပေးမှာ စိုးရကြောင်း၊ ရခိုင်ပြည်ဟာ ဗမာဘုရင်လက်အောက်မှာ ဆုံရှုံးခဲ့ရတဲ့လွတ်လပ်ရေးကို ပြန်ရလိုကြောင်း၊ ပြန်ရအောင်လည်းကြိုးစားရမည်ညဖစ်ကြောင်း စသည်တို့ကိုပြောပြီး၊ ဆက်၍---
”မင်းတို့ မြေအောက်ယူနစ် ဗဟိုအာဏာပိုင်အဖွဲ့အနေနှင့် ကတိပေးခဲ့စေချင်တာကတော့ မြန်မာပြည်လွတ်လပ်ရေးရရင် ရခိုင်ကိုလည်း လွတ်လွပ်ရေးပေးရမည်ဆိုတဲ့ကတိနှင့် လွတ်လပ်ရေးရရင် ရခိုင်ပြည်က ပင့်ဆောင်သွားတဲ့ မန္တလေးမဟာမြတ်မုနိဘုရားကို ရခိုင်ကိုပြန်ပေးရမည်ဆိုတဲ့ကတိ။ အဲဒီကတိနှစ်ခုကို ပေးထားခဲ့ဖို့လိုမယ်။ အဲဒီကတိနှစ်ကိုပေးမည်ဆိုရင် ငါလည်း ရခိုင်တိုင်းလုံးဆိုင်ရာ အစည်းအရုံးနှင့် ခေါင်းဆောင်ဆရာတော်အနေဖြင့် မင်းတို့မြေအောက်ယူနစ် ဗဟိုအဏာပိုင်အဖွဲ့နှင့်အတူ ဗမာတွေနှင့်မြန်မာလွတ်လပ်ရေးရအောင် ပူတွဲလုပ်ဆောင်သွားမယ်လို့ဆိုတာ ကတိပေးမယ်။”
ဆရာတော်ဦးအညာသိဟ တောင်းဆိုသော ကတိနှစ်ခုကို ကိုသိန်းအောင်သည် မြေအောက်ယူနစ် ဗဟိုအာဏာပိုင်၏ ကိုယ်စားလှယ်အနေဖြင့် သဘောတူပါကြောင်း ဆရာတော်ကိုအဖြေပေးခဲ့သည်။ ကျွန်တော်တို့သည် ဆရာတော်ဥိးပညာသီဟနှင့် ည ၁၁-နာရီ လောက်အထိ အလင်းမရှိသော မှောင်မည်းမည်းတွင် ဆွေးနွေးပြောခဲ့ကြပြီးမှ တည်းခိုအိမ်သို့ပြန်ခဲ့ကြသည်။


(မှတ်ချက်-အထက်ပါစာပိုဒ်ကို ”သခင်တင်မြ” ရေးသားပြီး သူကိုယ်တိုင် စတုတ္ထအကြိမ်မြောက်ပြင်ဆင်တည်းဖြတ်ထုတ်ဝေသော ”ဘုံဘဝမှာဖြင့်” စာအုပ်၏စာမျက်နှာ ၂၄၄-၂၄၆ မှကူယူဖော်ပြသည်။)

တရားခံဘယ်သူလဲ

ကာလကတ္တားမြို့ ပရက်ဆီဒင်စီ ထောင်ထဲတွင် ချုပ်နှောင်ခံထားရသူ မြန်မာသူပုန် ၃၄ ဦးမှာ ဥပဒေကြောင်းထက် နိုင်ငံရေးစေ့ဆော်မှုများကြောင့် ယခုလိုထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း အိန္ဒိယ၏ ထိပ်တန်း လူ့အခွင့်အရေးရှေ့နေ မစ္စ နန်ဒီတာဟက်ဆာက ပြောသည်။
သူတို့သည် ယခုအခါ အိန္ဒိယအကျဉ်းထောင်ထဲတွင် ၁၁ နှစ်ကြာ နေခဲ့ရပြီးဖြစ်သည်။

"ဒီအမှုရဲ့ နိုင်ငံရေးအကြောင်းအချက်တွေကို ကျမ ရှာဖွေဖို့ ကြိုးစားခဲ့ပြီးပါပြီ။ သူတို့ကို ဥပဒေအကြောင်းအချက်တွေအရ ချုပ်နှောင်ထားတယ်လို့ ကျမ မထင်ဘူး။ နိုင်ငံရေးအကြောင်းကြောင့် ချုပ်နှောင်ထားတာသာ ဖြစ်ပါတယ်" ဟု မစ္စ နန်ဒီတာ Nandita Haksar က ပြောသည်။

မစ္စဟက်ဆာ၏ မှတ်ချက်သည် သူ၏ " သူလျိုငလိမ်" ဟူသော စာအုပ်တွင် ဖော်ပြပါရှိခြင်းဖြစ်သည်။

ဤစာအုပ်တွင် မြန်မာသူပုန် ၃၄ ဦး၏ အမှုကို အသေးစိတ် ဖော်ပြထားပြီး၊ သူတို့ကို ဖမ်းဆီးခြင်းနောက်ကွယ်မှ နိုင်ငံရေးအကြောင်းများနှင့် သူပုန်များအပေါ် အိန္ဒိယနိုင်ငံ၏ သစ္စာဖောက်မှုများကို စွပ်စွဲရေးသားထားသည်။

ပြည်ပရောက် မြန်မာလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ ဒေါက်တာတင့်ဆွေက သူမ၏ စာအုပ်ကို စတင်ဖွင့်လှစ်ပေးအပြီးတွင် မစ္စဟက်ဆာက အိန္ဒိယစစ်ထောက်လှမ်းရေး အရာရှိတဦးသည် ဤသို့ မြန်မာသူပုန်များအား သစ္စာဖောက်မှုတွင် အရေးပါသောနေရာမှ ပါဝင်ခဲ့ကြောင်းနှင့် ယင်းတို့ကို အန်ဒမန်နှင့် နီကိုဘာကျွန်းစုများရှိ လန်ဖောကျွန်းတွင် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ပြောသည်။

"မြန်မာ့လွတ်မြောက်ရေး တိုက်ပွဲဝင် စစ်သည်တွေကို သစ္စာဖောက်ခဲ့သူဟာ အိန္ဒိယစစ်ထောက်လှမ်းရေး အရာရှိတဦးပါ" ဟု မစ္စဟက်ဆာက ဆက်လက်ပြောဆိုသွားခဲ့ပြီး၊ ဤသူပုန်များသည် ယနေ့တွင် မှန်မှန်ကန်ကန် တရားစီရင်မှုမရှိဘဲ ချုပ်နှောင်ခံနေရသည်မှာ ၁၁ နှစ်တင်းတင်း ပြည့်ခဲ့ပြီဟုလည်း ဆိုလိုက်သည်။

အိန္ဒိယပါလီမန်အနီး နယူးဒေလီမြို့၏ ဂျန်တားမန်တားပန်းခြံအနီးတွင် မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲဝင်သူ အနည်းဆုံး ၁ဝဝ ခန့်သည် စုဝေးကြပြီး၊ မြန်မာသူပုန်များကို တရားမျှတစွာ စစ်ဆေးစီရင်ရန်နှင့် ချက်ချင်းလွှတ်ပေးရန် ယနေ့ တောင်းဆိုဆန္ဒပြသည်။

ပင်လယ်မျှော့စစ်ဆင်ရေး

သူတို့ကို အန်ဒမန်နှင့် နီကိုဘာကျွန်းစုရှိ လန်ဖောကျွန်းကိုပေးမည်ဟု အယုံသွင်းကာ အိန္ဒိယစစ်ထောက်လှမ်းရေးက သစ္စာဖောက်ခဲ့သည်ဟု ရခိုင်နှင့် ကရင်လူမျိုးများဖြစ်သော အဆိုပါသူပုန်များက ပြောသည်။

သူပုန်များ၏အပြောအရ၊ ကျွန်းပေါ်သို့ရောက်လျှင် အိန္ဒိယစစ်ထောက်လှမ်းရေးက သစ္စာဖောက်ပြီး သူတို့၏အ"ိက ခေါင်းဆောင် ၆ ဦးကို ရက်ရက်စက်စက် သတ်ပစ်လိုက်ကာ ကျန်သူများကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

နောက်ပိုင်းတွင် အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက ဒပင်လယ်မျှော့စစ်ဆင်ရေးဒ ဟု အမည်ဝှက်ပေးထားသော စစ်ဆင်ရေးအတွင်း လက်နက်မှောင်ခိုလုပ်ငန်း လုပ်ကိုင်နေသည့် သူပုန်များကို လက်နက်ခဲယမ်း အများအပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ကြေညာခဲ့သည်။

ထို့နောက် ဤသူပုန်များကို ပို့ဘလဲတွင် တရားရုံးမတင်ဘဲ ၈ နှစ်ကြာ ချုပ်နှောင်ထားခဲ့သည်။ နောက်ပိုင်းတွင် သူပုန်များ၏ လျှောက်ထားချက်အရ အိန္ဒိယတရားရုံးချုပ်က သူတို့ကို ကာလကတ္တားရုံးသို့ ပြောင်းရွှေ့၍ နေ့စဉ် စစ်ဆေးရန် ၂ဝဝ၆ ခုနှစ် အောက်တိုဘာလတွင် အမိန့်ချမှတ်ခဲ့သည်။

ထောက်လှမ်းရေး ငလိမ်

သူပုန် ၃၄ ဦး၏ အမှုကို မမောမပန်း လိုက်ပါဆောင်ရွက်ပေးခဲ့သော မစ္စဟက်ဆာက သူ၏ စာအုပ် "သူလျို ငလိမ်" တွင် ဒုဗိုလ်မှူးကြီး ဗွီအက်စ်ဂရေးဝါးလ် (Lt. Col. V.S. Grewal) က ဤသို့ မြန်မာသူပုန်များအား သစ္စာဖောက်ခဲ့သည့် အစီအမံတခုလုံး၌ အဓိကနေရာမှ ပါဝင်ခဲ့သည်ဟု ဖော်ထုတ်ရေးသားတင်ပြထားသည်။

သူမ၏ အဆိုအရ ဂရေးဝါးလ်သည် ရခိုင်ခုခံရေးအဖွဲ့ဝင်များ အ"ိကပါဝင်သည့် တပ်ဖွဲ့ဝင်များအား အန်ဒမန်နှင့် နီကိုဗာကျွန်းစုရှိ လန်ဖောကျွန်းတွင် အခြေချစခန်းတခု ချထားခွင့်ပြုမည်၊ အပြန်အလှန်အားဖြင့် ကိုကိုးကျွန်းရှိ တရုတ်ရေတပ် အခြေစိုက်စခန်းများအား စောင့်ကြည့်လေ့လာပေးရမည်ဟု ဆွေးနွေးညှိနှိုင်းခဲ့သည်ဟု ဆိုသည်။

သို့သော် မြန်မာစစ်အစိုးရနှင့်လည်း ရင်းနှီးခင်မင်သည့် ဆက်ဆံရေးရှိသူ ဂရေးဝါးလ်သည် အဆိုပါသူပုန်များ လန်ဖောကျွန်းသို့ ရောက်ရှိလာသောအခါ ခေါင်းဆောင် ၆ ဦးကို သွေးအေးအေးဖြင့် သတ်ဖြတ်လိုက်ပြီး ကျန်သူများကို ဖမ်းဆီးခဲ့သည်။

စာအုပ်တွင် ရေးသားဖော်ပြထားချက်အရ ချန်ဒီဂပ် (Chandigarh) တွင် နေထိုင်သူ ဒုဗိုလ်မှူးကြီး ဂရေးဝါးလ်ကို ရန်ကုန်မြို့တွင် တွေ့ရှိခဲ့ရပြီး၊ မြန်မာသူပုန်များကို ဤသို့ သစ္စာဖောက်ခဲ့သည့်အတွက် မြန်မာစစ်အစိုးရ၏ အခွင့်အရေးပေးမှုကို ရရှိခံစားခဲ့သည်ဟု ဆိုသည်။

"ဒီကိစ္စကို ဂရေးဝါးလ်တယောက်ထဲ လုပ်ခဲ့တာဆိုရင် ဘာ့လို့ အိန္ဒိယကြည်းတပ်က သူ့ကို အကာအကွယ် ပေးနေရတာလဲ။ ဒီ ထောက်လှမ်းရေး ငလိမ် တယောက်ထဲကိုပဲ အပြစ်ပုံချပြီး လွှဲပြောင်းပေးလိုက်တာက အခုလို ကြာရှည်ကြာများ အငြင်းပွားဖွယ်ကိစ္စကြီးတရပ် ဖြစ်နေရတာထက် ပိုမကောင်းပေဘူးလား" ဟု မစ္စဟက်ဆာက သူမ၏ စာအုပ်တွင် မေးခွန်းထုတ်ထားသည်။

အလားတူပင် မစ္စဟက်ဆာက သူမ၏ စာအုပ်၌ မြန်မာနိုင်ငံအပေါ် ထားရှိသော ရပ်တည်ချက်သဘောထားကို အိန္ဒိယအစိုးရက ပြောင်းလဲခဲ့ပုံ၊ ဒအမျိုးသားအကျိုးစီးပွားဒ ဟူသည့် အကြောင်းပြချက်ဖြင့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအား ထောက်ခံအားပေးနေခြင်းကို စွန့်လွှတ်ခဲ့ပုံတို့ကို ရေးသားဖော်ပြထားသည်။

သူပုန်များ

ယခုအခါ ကာလကတ္တားမြို့ တရားရုံးတွင် အမှုဆိုင်နေရသော မြန်မာသူပုန် ၃၄ ဦးသည် သူတို့ကို ထိန်းသိမ်းထားခြင်း ၁၁ နှစ်ပြည့်မြောက်သည့် ယနေ့တွင် ဆန့်ကျင်ကန့်ကွက်သည့်အနေနှင့် အစာငတ်ခံ ဆန္ဒပြလျက်ရှိသည်ဟု သိရသည်။

သူတို့၏ ရှေ့နေတဦးဖြစ်သော အတ်ရှေးကူးမားရှားမား (Akshay Kumar Sharma) ၏ အဆိုအရ အမှုမှာ အဆုံးသတ်သို့ ရောက်ခါနီးပြီဖြစ်ပြီး၊ တရားလိုဘက်မှ တရားရုံးက တောင်းဆိုသည့် အ"ိကသက်သေများကို ပြသရန် အကြိမ်ပေါင်းများစွာ ပျက်ကွက်ခဲ့သည်ဟု ဆိုသည်။

သို့သော် ဤသို့အမှု အဆုံးသတ်ခါ နီးလာသည်နှင့်အမျှ သူတို့အနေဖြင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုမှုကို ရရှိရန် လိုအပ်လိမ့်မည်ဖြစ်ပြီး၊ ဤသို့ မရပါက ဆက်လက်ထိန်းသိမ်းခံရခြင်းသော်၎င်း၊ အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားသား အက်ဥပဒေအရ မြန်မာနိုင်ငံသို့ ပြန်ပို့ခြင်းသော်၎င်း ခံရနိုင်သည်ဟု တရားခံရှေ့နေက ပြောသည်။

သူတို့ကို လက်ခံရန် ချက်သမ္မတနိုင်ငံနှင့် အရှေ့တီမောနိုင်ငံတို့က မူအားဖြင့် သဘောတူညီထားပြီးဖြစ်သော်လည်း သူတို့နိုင်ငံများအနေဖြင့် (UNHCR) ၏ ထောက်ခံချက်ကိုမူ လိုအပ်လျက်ပင် ရှိသေးကြောင်း သိရသည်။

http://soneseayar.blogspot.com/2009/02/blog-post_4377.htm

ဆာပေါ်ထွန်း

“နန်းရင်းဝန်ဟောင်း ဆာပေါ်ထွန်း” အကြောင်းကို ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စပယ်ဦး စာပေ ဖြန့်ချီရေးက တတိယ အကြိမ် အဖြစ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ရွှေဥသြရဲ့ ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’ စာအုပ်ကနေ ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။

ဆာပေါ်ထွန်းသည် ထင်ရှားခဲ့သော နိုင်ငံရေး ခေါင်းဆောင်းကြီး တဦး ဖြစ်သည်။ စစ်တွေမြို့ ဦးရဲဖော်၏ သားအငယ် ဖြစ်သည်။ စစ်တွေမြို့၊ ရန်ကုန်မြို့ ကာလကတ္တားမြို့ တို့တွင် ပညာ သင်ကြားခဲ့သည်။ ဝိဇ္ဇာတန်းထိ ပညာ ဆည်းပူးခဲ့သည်။

၁၉ဝ၄ ခုနှစ်၊ ၁၉ဝ၅ ခုနှစ်တွင် ရန်ကုန်မြို့ မက်သဒစ် ယောက်ျားကလေး ကျောင်းတွင် ကျောင်းဆရာကြီး အဖြစ် လည်းကောင်း၊ ၁၉ဝ၅ ခုနှစ်မှ ၁၉ဝ၈ ခုနှစ် အထိ ရန်ကုန်မြို့ အစိုးရ ဟိုက်စကူးကျောင်း၌ အလယ်တန်းနှင့် အထက်တန်း ဆရာအဖြစ် လည်းကောင်း လုပ်ကိုင်ခဲ့သည်။
ဆာပေါ်ထွန်းသည် ပညာရေး လောက၌ ဆောင်ရွက်ပြီးနောက် ၁၉ဝ၈ ခုနှစ်မှ ၁၉၁၂ ခုနှစ်ထိ ချိ(ပ်)ကုတ် ရုံးတော်ကြီးတွင် စကားပြန် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၁၂ ခုနှစ်မှ ၁၉၂၁ ခုနှစ်အထိ နှစ်များတွင် မြို့ပိုင်၊ အခွန်ဝန်၊ နယ်ပိုင် စသော ဗြိတိသျှ အစိုးရ၏ အုပ်ချုပ်ရေး ရာထူးများတွင် ဝင်ရောက် အမှုထမ်းခဲ့သည်။ ယင်းသို့ အုပ်ချုပ်ရေးပိုင်းတွင် ထမ်းရွက်စဉ် ပထမ ကမာႝစစ်ကြီး အတွင်း ဗြိတိသျှတို့ စစ်အောင်မြင်ရေး အတွက် အထူး အကူအညီ ပေးခဲ့၍ ဆုတံဆိပ်များ ချီးမြှင့်ခြင်း ခံရသည်။ ၁၉၁၉ ခုနှစ်တွင် အမှုထမ်းကောင်း တံဆိပ်ရ မင်းဘွဲ့ကိုလည်း ရရှိခဲ့သည်။

ထို့နောက် ဗြိတိသျှ အစိုးရ အမှုထမ်း အဖြစ်မှ နုတ်ထွက်လိုက်ပြီး ၁၉၂၃ ခုနှစ်တွင် အင်္ဂလန်ပြည်သို့ သွား၍ ဝတ်လုံပညာ သင်ကြား တတ်မြောက်ခဲ့သည်။ မြန်မာနိုင်ငံသို့ ပြန်လာကာ ဝတ်လုံ လိုက်ရင်း နိုင်ငံရေး နယ်ပယ်ထဲသို့ ဝင်ရောက်ခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် ရမည်းသင်း မြောက်ပိုင်း မဲဆန္ဒနယ်မှ ဥပဒေပြု ကောင်စီ အမတ် အဖြစ် အရွေးခံရသည်။

၁၉၂၅ ခုနှစ်မှ ၁၉၂၈ ခုနှစ် အထိ ဥပဒေပြု ကောင်စီ ဒုဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ရန်ကုန်မြို့ မြူနီစီပယ် ကော်ပိုရေးရှင်း၏ အဖွဲ့ဝင် လူကြီး တဦး အဖြစ်ဖြင့် ၁၉၂၇ ခုနှစ်မှ ၁၉၃၂ ခုနှစ် အထိ ဆောင်ရွက်ခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် ရန်ကုန် မြို့တော်ဝန် ဖြစ်လာသည်။

ဤသို့လျှင် ဆာပေါ်ထွန်းသည် မြန်မာနိုင်ငံရေး လောကတွင် တဖြည်းဖြည်း ထင်ရှားလာသည့် အလျောက် ၁၉၂၅ ခုနှစ်မှ ၁၉၂၇ ခုနှစ် အထိ ‘သရာဇပါတီ’ ၏ ဒုတိယခေါင်းဆောင် ဖြစ်လာသည်။ ထို့ပြင် ပြည်သူပါတီ၊ နှစ်ဆယ့်ခုနှစ်ဦး အဖွဲ့ စသည့် ပါတီများ၌လည်း အရေးပါသော အမှုဆောင် တဦး ဖြစ်လာသည်။ ၁၉၃၂ ခုနှစ်မှ ၁၉၃၅ ခုနှစ် အထိ ထိပ်တန်း မြန်မာ နိုင်ငံရေး ခေါင်းဆောင်များ ဖြစ်ကြသော သမ္မတ ဦးချစ်လှိုင်၊ ဦးမြတ်သာထွန်းတို့နှင့် အတူ ‘လှိုင်၊ မြတ်၊ ပေါ်’ ပါတီကို ဖွဲ့စည်း တည်ထောင်ခဲ့သည်။ အိန္ဒိယပြည်နှင့် မြန်မာပြည် တွဲရေး ခွဲရေး ပြဿနာ ပေါ်ပေါက်လာသော အခါ တွဲရေးဘက်မှ ဆောင်ရွက်ခဲ့သည်။

၁၉၃၇ ခုနှစ်တွင် ဗြိတိသျှ ပါလီမန်က မြန်မာပြည် ဥပဒေကြမ်းကို စိစစ် ရေးဆွဲရန် တွဲဖက် ကော်မတီ တခု ဖွဲ့စည်းသည်။ ထိုတွဲဖက် ကော်မတီနှင့် တိုင်ပင် ဆွေးနွေးရန် မြန်မာနိုင်ငံ ကိုယ်စားလှယ်များကို ဘိလပ်သို့ ခေါ်ရာ ကိုယ်စားလှယ် အဖွဲ့တွင် ‘လှိုင်-မြတ်-ပေါ်’ ပါတီနှင့် ‘ဆင်းရဲသား ပါတီ’ တို့၏ ကိုယ်စား ဆာပေါ်ထွန်း လိုက်ပါ သွားခဲ့သည်။

မြန်မာပြည်ကို အိန္ဒိယပြည်မှ ခွဲထုတ်လိုက်သော အခါ ၉၁ ဌာန ဟူသော အုပ်ချုပ်ရေးသစ်ဖြင့် စတင် အုပ်ချုပ်ရသည်။ ပထမဆုံး အကြိမ် ဥပဒေပြု လွှတ်တော် ရွေးကောက်ပွဲများကို ၁၉၃၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပသည်။ ဆာပေါ်ထွန်းသည် ဦးချစ်လှိုင် ပါတီဝင် အဖြစ် ပခုက္ကူ ခရိုင် ရေစကြို မဲဆန္ဒနယ်မှ ရွေးကောက် တင်မြှောက်ခြင်း ခံရသည်။ ထိုအချိန်တွင် ဆာပေါ်ထွန်းသည် ဦးချစ်လှိုင် ပါတီ၏ ခေါင်းဆောင် ဖြစ်သည်။

ထိုအခါတွင် ဒေါက်တာ ဘမော် ခေါင်းဆောင်၍ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းခဲ့သည်။ ထိုညွန့်ပေါင်း အစိုးရတွင် ဆာပေါ်ထွန်းသည် ပြည်ထဲရေး ဝန်းကြီးနှင့် တရားရေး ဝန်ကြီး အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ဗြိတိသျှ အစိုးရက ဦးပေါ်ထွန်းကို ‘ဆာ’ ဘွဲ့ဖြင့် ချီးမြှင့်သည်။ ယင်းမှစ၍ ဆာပေါ်ထွန်းဟု ခေါ်တွင် လာကြသည်။ ထိုအချိန်တွင် ဥရောပ၌ စစ်ယမ်းအိုးကြီ ပေါက်ကွဲလုနီး ဖြစ်နေသည်။ မြန်မာပြည်တွင်လည်း မျိုးချစ် စိတ်ဓာတ် ထက်သန်ခြင်း ပြင်းပြလာကာ လှုပ်ရှားမှုများ များပြားလာသည်။ ကျောင်းသား၊ အလုပ်သမား၊ လယ်သမားအရေးမျာ ပြင်းထန်လာသည်။ တနိုင်ငံလုံး ဆူဆူပူပူ ဖြစ်လာသဖြင့် ဒေါက်တာ ဘမော် ညွန့်ပေါင်း အစိုးရသည် ၁၉၃၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြုတ်ကျလေသည်။

ထိုအခါ ဦးပု ခေါင်းဆောင်သော ညွန့်ပေါင်း အစိုးရ တက်ပြန်သည်။ ဆာပေါ်ထွန်းသည် ထိုအစိုးရ အဖွဲ့တွင် မြေနှင့် အခွန်တော် ဌာန ဝန်ကြီး အဖြစ် ပါဝင်ရပြန်သည်။ ဦးပု အစိုးရ အဖွဲ့သည် ၁၉၄ဝ ပြည့်နှစ်တွင် ပြုတ်ကျပြန်၍ ဂဠုန် ဦးစော အစိုးရအဖွဲ့ တက်ပြန်သည်။ ထိုအဖွဲ့တွင်လည်း ဆာပေါ်ထွန်းသည် မြေနှင့် အခွန်တော် ဌာန ဝန်ကြီး အဖြစ် ဆောင်ရွက်ရသည်။ ၁၉၄၁ ခုနှစ် နောက်ပိုင်းတွင် ဂဠုန် ဦးစော ဘိလပ်သွာစဉ် ဆာပေါ်ထွန်းသည် မြန်မာ အစိုးရ အဖွဲ့၏ ခေါင်းဆောင် ခေတ္တ နန်းရင်းဝန် အဖြစ် ဆောင်ရွက်ရသည်။ ၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလ မှစ၍ ဆာပေါ်ထွန်းသည် မြန်မာပြည် နန်းရင်းဝန် အဖြစ် ဆောင်ရွက်ခဲ့သည်။

ထိုအတောအတွင်း ဒုတိယ ကမ္ဘာစစ်ကြီးသည် ကမ္ဘာ့ အရှေ့ဘက်ခြမ်းသို့ ပျံ့နှံ့လာသည်။ ဂျပန်တို့၏ စစ်ကြောင်းသည် မြန်မာပြည်ဘက်သို့လည်း ရောက်ရှိ လာခဲ့သည်။ ထိုအခါ ဗြိတိသျှ အစိုးရသည် မြန်မာပြည် အစိုးရ အဖွဲ့အား ၁၉၄၂ ခု နှစ်ဦးပိုင်းတွင် အိန္တိယပြည် ဆင်းမလားမြို့သို့ ရွှေ့ပြောင်း စေခဲ့သည်။

ထို့ကြောင့် ဆာပေါ်ထွန်း အစိုးရ အဖွဲ့သည် အိန္တိယပြည်သို့ ပါသွားကာ ဆင်းမလားမြို့၌ အဝေးရောက် မြန်မာပြည် အစိုးရ အဖွဲ့ရုံးကို ဖွင့်လှစ် ထားသည်။ ဒုတိယ ကမ္ဘာ့စစ်ကြီး ပြီးဆုံးသော အခါ မြန်မာပြည် အတွက် အုပ်ချုပ်ရေး စီမံကိန်းများကို ဆင်းမလားမြို့၌ပင် ရေးဆွဲခဲ့သည်။

ဆာပေါ်ထွန်းသည် မြန်မာပြည် နန်းရင်းဝန် အဖြစ် ၁၉၄၃ ခုနှစ်၊ ဧပြီလ အထိ ဆောင်ရွက်ခဲ့သည်။ ထို့နောက် မြန်မာပြည် ဘုရင်၏ အကြံပေး အရာရှိ အဖြစ် ဆက်လက် ဆောင်ရွက်သည်။ မြန်မာပြည်ကို မဟာမိတ်တပ်များက ပြန်လည် သိမ်းပိုက်ပြီးနောက် ၁၉၄၅ ခုနှစ်၊ အောက်တိုဘာလတွင် စစ်အုပ်ချုပ်ရေးကို ရပ်စဲလိုက်သည်။ အိန္တိယပြည်သို့ စစ်ပြေးခဲ့သော မြန်မာပြည် ဘုရင်ခံ ဆာရယ်ဂျီနယ် ဒေါ်မန်စမစ်သည် မြို့ပြ အုပ်ချုပ်ရေးကို လက်ခံရန် မြန်မာပြည်သို့ ပြန်လာသည်။ ဆာပေါ်ထွန်းသည် ဆာဒေါ်မန်စမစ်၏ အတိုင်ပင်ခံ အမှုဆောင် အဖွဲ့တွင် ပြည်ထဲရေး ဝန်ကြီး အဖြစ် ၁၉၄၅ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည်။ ဘုရင်ခံ၏ အတိုင်ပင်ခံ အမှုဆောင် အဖွဲ့တွင် ဆာပေါ်ထွန်း၊ ဆာထွန်းအောင်ကျော်၊ သခင် ထွန်းအုပ်၊ ဦးအေး၊ ဦးဘအုန်း၊ ဦးလွန်း၊ ဦးပု (သာယာဝတီ)၊ ဦးမောင်မောင်တို့ ပါဝင်သည်။ ထိုအချိန် မြန်မာ တိုင်ရင်းသားတို့သည် နိုင်ငံ လွတ်လပ်ရေး စိတ်ဓာတ် အလွန် တက်ကြွနေသည်။ ပုလိပ် သပိတ်၊ အမှုထမ်းပေါင်းစုံ သပိတ် စသည်များ ပေါ်ပေါက်ကာ ဗြိတိသျှ အစိုးရအား မကြုံစဖူး အွုံွ့က၍ ဆန့်ကျင်ဘက် ပြုနေကြသည်။ လုံးဝ လွတ်လပ်ရေး ပေးရန် အရေးဆိုကြသည်။ အစိုးရ ဆန့်ကျင်ဘက် လုပ်ငန်း အားလုံးကို ဗိုလ်ချုပ် အောင်ဆန်းက ဦးဆောင်ဦးရွက် ပြုခဲ့သည်။ ထို့ကြောင့် ဗြိတိသျှ အာဏာပိုင်တို့သည် ဆာဒေါ်မန်စမစ်အား ပြန်ခေါ်ပြီး နောက်ဆုံး ဆာဟူးဗတ်ရန့်အာ; မြန်မာပြည် ဘုရင်ခံ အဖြစ် ခန့်ထားသည်။

ဆာဟူးဗတ်ရန့်သည် အတိုင်ပင်ခံ အမှုဆောင် ဝန်ကြီး အဖွဲ့ကို ပြန်လည် ဖွဲ့စည်းရာ ထိုစဉ်က လူထု၏ တခဲနက် ထောက်ခံမှု ရရှိသော ဖဆပလ ခေါင်းဆောင်းကြီးများ ပါဝင်လာသည်။ ဆာပေါ်ထွန်း မပါဝင်တော့ချေ။

ဆာပေါ်ထွန်းသည် ထိုစဉ်အခါက ဖဆပလအဖွဲ့မှ ခေါင်းဆောင်၍ လုံးဝလွတ်လပ်ရေးပေးရန် တောင်းဆိုခြင်းကိုမှု ထောက်ခံခဲ့သည်။ ထို့နောက် ဆာပေါ်ထွန်းသည် နိုင်ငံရေးမှ အနားယူပြီးလျှင် ငြိမ်သက် အေးချမ်းစွာ နေထိုင်ခဲ့သည်။ ဆာပေါ်ထွန်းသည် ၁၉ဝ၄ ခုနှစ်တွင် မြန်မာ အမျိုးသမီး ဒေါ်ထွေးနှင့် လက်ဆက်ခဲ့ပြီး သားတယောက် ရသည်။ ဒေါ်ထွေးသည် ၁၉၃၁ ခုနှစ်တွင် အနိစ္စ ရောက်သည်။

၁၉၃၂ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု အိုဟိုင်းအိုး ပြည်နယ်၊ ကလိဗလန်းမြို့မှ ဆာရာ အယ်လစ်ဇမတ် ဂျီဝစ်နှင့် လက်ထပ်ခဲ့သည်။ သမီးတယောက် ရခဲ့သည်။ နန်းရင်းဝန်ဟောင်း ဆာပေါ်ထွန်းသည် ၁၉၅၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ နေအိမ်၌ ကွယ်လွန်သွားသည်။



http://bayofarakan.blogspot.com/search/label/ဆာပေါ်ထွန်း

ရခိုင်ဒင်္ဂါးနှင့် ဗမာဒင်္ဂါး

ရှေးမြန်မာ..

သမိုင်းမှတ်တမ်းတင်သူတွေဟာ အဂတိ မလိုက်ရဘူး။ ချစ်လို့မြှောင့်ပင့်ရေးတယ်။ မုန်းလို့ နှိမ့်ချကဲ့ရဲ့တယ်။ ကြောက်လို့ ဖုံးကွယ်ပြောတယ်။ မသိတာကို ဝန်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ရဘူး။ ဂတိမလိုက်ဘဲ ရေးသားတဲ့ သမိုင်းစစ်စစ်ကို ရှာပြီး လေ့လာပါလို့ပြောချင်တာ။ သမိုင်းစစ်စစ်ကို သိရင် အချူပ်ကတော့ မအ ဘူးပေါ့။ (ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့် စကားပြောခြင်းမှ)


ရခိုင် ဒင်္ဂါးပြား















ဗြိတိလျှ ပြတိုက်၊ လန်ဒန် က အဓိကထားပြီးပြောချင်တာက မြန်မာ (ပျူ ) ဒင်္ဂါးတွေဟာ ရခိုင်တွေကတဆင့်နည်းယူတယ်။ ရခိုင်တွေက တစ်ခါ ဘင်္ဂလား ဒင်္ဂါး တွေ ကမှ နည်းယူတယ်။ ဘင်္ဂလားတွေက နိပေါ တွေဆီကနည်းယူတယ်။

အဲဒီတော့ မြန်မာ သမိုင်းပညာရှင်၊ ရှေးဟောင်းသုတေသနပညာရှင် တွေရဲ့ အယူအဆ တွေနှင့် အတော်ကြီးကွဲလွဲသွားပါပြီ။ မြန်မာ သမိုင်းပညာရှင်၊ ရှေးဟောင်းသုတေသနပညာရှင် တို့ရဲ့ မှန်းဆချက် ကမ္ဘောဒီးယား " ဖူနန်" မှာ ၃ ရာစုကတည်းက ဟိန္ဒူ ကိုးကွယ်ယုံကြည်မှုအမှတ် လက္ခဏာတွေပါတဲ့ ဒင်္ဂါး သွင်းလုပ်သုံးစွဲနေပါပြီ ။

ခရစ်နှစ်ဦးကတည်းက " ဖူနန်" ကနေ မဲနန်မြစ် ၊ သံလွင်မြစ်၊ စစ်တောင်းမြစ်တွေကိုဖြတ်ပြီး ပျူတွေရဲ့မြို့တော် ဗိသဏိုး၊ သရေခတ္တရာ တွေကမှတဆင့် ရခိုင် ဝေသာလီ အထိရောက်၊ နောက်ဆုံး အန္ဒိယအထိ ရောက်သွားတဲ့ ကုန်သွယ်လမ်းမကြီးဟာ မြန်မာ မြောက်ပိုင်းက " ပိုး " လမ်းနှင့်အပြိုင်ရှိခဲ့တာပါ။

ဒီလို လက္ခဏာတွေပါတဲ့ ဒင်္ဂါး တွေကိုလည်း ဒီလမ်းတောက်လျှောက် အရေအတွက် တော်တော်များများ တွေ့ရတယ်။ ရခိုင်မှာအစောဆုံး နေထိုင်တဲ့လူတွေက တိဘက်မြန်မာအနွယ်ဝင်တွေပါ။ အစကနဦးမှာ အန္ဒိယ မြောက်ပိုင်း ဟိန္ဒူ ကိုးကွယ်ယုံကြည်မှုကို ခံယူတယ်။ အထူးသဖြင့် "သီဝ" (Shiva ) နတ်ကိုကိုးကွယ်တယ်။

မင်းတွေကိုယ်တိုင်က ကုလားဘွဲ့ အမည် " စန္ဒြ " ( Chandra ) ကိုနှစ်သက်ခံယူတယ်။ မင်းတစ်ပါး နန်းတက်တိုင်း အဲဒိမင်းဘွဲ့ အမည်ပါ ဒင်္ဂါး အသစ်သွင်းလုပ်ပြီး ငွေသားအဖြစ် အသုံးပြုစေပါတယ်။

အစောဆုံး ဒင်္ဂါး လို့ပြောနိုင်တာက " ဒေဝစန္ဒြ" ( ခရစ် ၄၅၄-၄၇၆ ) ဒင်္ဂါး။
နောက်ထပ်တွေ့ရတဲ့ မင်းဘွဲ့ အမည်ပါ ဒင်္ဂါး တွေက
နိတိစန္ဒြ ( ၅၂၀ - ၅၇၅ )
ဝိရုစန္ဒြ ( ၅၇၅-၅၇၈ )
ပရိတိစန္ဒြ ( ၅၇၈-၅၉၀ )
ပတွိစန္ဒြ ( ၅၉၀-၅၉၇ )
ဒတိစန္ဒြ ( ၅၉၇-၆၀၀ )
ဓမဝိဇယ (၆၆၅-၇၀၁ )
ဓမစန္ဒြ ( ၇၀၄-၇၂၀) ဒင်္ဂါးပြားစာရင်း ကို ( မြန်မာသမိုင်းပုံ ၊ ဒေါက်တာသန်းထွန်း ) ကူးယူဖော်ပြသည်။
( ရခိုင်ဒင်္ဂါးတွေ ကိုအရင်က တွေ့ဖူးပေမယ့် စာဖတ် မရသေးလို့ မင်းဘွဲ့အမည်မသိ )

ရခိုင်တွေဟာ ၆ ရာစုနှစ်ဦးလောက်မှာ ဗုဒ္ဓဘာသာကို ပြောင်းလဲ ကိုးကွယ်ယုံကြည်နေပြီ လို့ပညာရှင်အများစုက ခန့်မှန်းတယ်။ ဒါပေမယ့် ဒင်္ဂါပြားပေါ်မှာ ဒီလို ဗြာဟ္မဏ အယူဝါဒဆိုင်ရာ မှတ်လက္ခဏာတွေ ဘယ်မင်းဆက်၊ ဘယ်ရာစုမှာ စပြီး မပါတော့တာလဲဆိုပြောဖို့ ရာ စောနေပါသေးတယ်။

ကျွန်တော်စုစောင်းထားတဲ့ အထဲက အစောဆုံး ဒင်္ဂါပြားတွေပေါ်မှာ ဗြာဟ္မဏ အယူဝါဒဆိုင်ရာ မှတ်လက္ခဏာတွေ မပါတော့တဲ့ ဒင်္ဂါပြားစာရင်းကိုကြည့်ပါ။
မင်းဘွဲ့အမည်တွေကိုသာ ဒင်္ဂါပြားနှင့် အပြည့် ရေးထိုးသွင်းလုပ်စေတယ်လို့ ကောက်ချက်ချရပါမယ်။

စန္ဒသူရိယ ( ၁၇၃၁- ၁၇၃၄ ) ဒင်္ဂါပြားပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် စန္ဒသူရိယ ရာဇာ ၁၀၉၃ လို့တွေ့ရ။

နာရပဝါယ (၁၇၃၅-၁၇၃၆ ) ဒင်္ဂါပြားပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် နာရပဝါယ ရာဇာ ၁၀၉၅ လို့တွေ့ရ။

စန္ဒဝိဇလ ( ၁၇၃၆ ) ဒင်္ဂါပြားပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် စန္ဒဝိဇလ ရာဇာ ၁၀၉၅ လို့တွေ့ရ။

မဓရာဇ် ( ၁၇၃၇-၁၇၄၂ ) ဒင်္ဂါပြားပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် မဓရာဇ် ရာဇာ ၁၀၉၉ လို့တွေ့ရ။

၁၇၃၁ ထက်အစောပိုင်း ကာလ ဒင်္ဂါပြားတွေအများကြီးရှိနေပါတယ်။ ၁၇၄၂ နောက်ပိုင်း ဒင်္ဂါပြားတွေလည်းအများကြီးရှိနေပါသေးတယ်။

စာတွေဖတ်လို့ရပြီမို့ပုံတွေကို နောက်ပိုင်းမှာ စာနှင့်တွဲပြီတင်ပါမယ်။ တချို့ပုံကောင်းတွေကို သက်ဆိုင်ရာ website / blog နှင့် ကိုယ်ပိုင်စုစောင်းထားသူတွေဆီက တောင်းပေမယ့် အများစုက အကြောင်းမပြန်ပါ။

တချို့ကတော့ အတုတွေဖြစ်နေလို့ စီစစ်ရပါအုံးမယ်။

ရခိုင် ဒင်္ဂါပြားဟာ ရခိုင်ရာဇဝင်နှင့် တွဲနေတဲ့ အကောင်းဆုံးခေတ်ပြိုင် အထောက်အထားမို့ အင်မတန် တန်ဖိုးကြီးပါတယ်။ ကျောက်စာတွေ တွေ့ရပေမယ့် အရေအတွက်နည်းနေပါသေးတယ်။ ရခိုင် ဒင်္ဂါပြားတွေကို သေသေချာချာ စ ၊ လယ် ၊ ဆုံး သုံးပါးစလုံးပြောဖို့ရာ ပြည့်စုံတဲ့ သုတေသန အထောက်အထားမရသေးပါ။

ဒေါက်တာသန်းထွန်းရဲ့ မြန်မာသမိုင်းပုံ စာတမ်းမှာ ဖော်ပြထားတာက ရခိုင်တွေဟာ ဂုပ္တ အက္ခရာကို အသုံးပြုပြီး သကတ္တဘာသာ နှင့်စာရေးတယ်။ ရခိုင်ဒင်္ဂါးက ( နန္ဒီ ) " နွား" အပေါ်မှာရေးထားတဲ့စာဟာ သက္ကတ ဂုပ္တ အက္ခရာ လို့ပါတယ်။ ဒီအချက်ကို သတိထားပြီး မမှန်ဘူးလို့ ပြောရပါမယ်။ ( နန္ဒီ ) " နွား" အပေါ်မှာရေးထားတဲ့စာဟာ ဗြဟ္မဏီစာ ဖြစ်ပါတယ်။

ဒီပိုစ်မှာ ရေးသားထားတဲ့ အကြောင်းအရာတွေရဲ့ အမှား ၊ အမှန် တွေအားလုံး ကျွန်တော်တာဝန်ယူပါတယ်။ ရခိုင် ဒင်္ဂါပြားနှင့် ပတ်သက်တဲ့ အကြောင်းရာ စုစောင်းမှုဟာအခုမှ ဟိုတစ်စ ၊ ဒီတစ်စ သာ ရှိပါသေးတယ်။ ကြိုက်သလိုဝေဖန်ပါ၊ကဲ့ရဲ့ပါ၊ထောက်ပြပါ။

http://ancientmyanmar.blogspot.com/2009/03/blog-post_9196.html

ရွှေနန်းသခင် စန္ဓသုဓမ္မရာဇ








ရွှေနန်းသခင် စန္ဓသုဓမ္မရာဇာ ၊ ၁၀၁၄


မြန်မာလိုပြန်ရေးမယ်ဆိုရင်
ရွှေနန်းသခင် စန္ဒြသုဓမ္မရာဇာ ၊ ၁၀၁၄ ( ၁၆၅၂ အေဒီ )

ဒီပုံကို ရတဲ့နေရာ။
Ref and Source : http://www.michigancoinclub.org/burma.html

http://ancientmyanmar.blogspot.com/2009/04/blog-post_19.html

နိတိ စန္ဒြ ရခိုင် ဒင်္ဂါးပြား


အမျိုးအစား - နိတိ စန္ဒြ ( NantiChandra ) အမည်ပါ ရခိုင် ဒင်္ဂါးပြား ။
အလေးချိန် - ၇.၃၉၀ ဂရမ်
အရွယ်အစား - ၃၁ မီလီမီတာ (mm ) Add Imageပြတိုက်ပစ္စည်း အမှတ် - CM 1984-5-10-1
ပြတိုက်အခန်း အမှတ်- အခန်း ၆၈၊ ငွေကြေး ပြခန်း
လက်ရှိတည်နေရာ - ဗြိတိလျှ ပြတိုက်၊ လန်ဒန်
အချိန်ကာလ - ၈ ရာစု
တွေ့ရှိရာနေရာ - မြန်မာ

အစောဆုံး မြန်မာ (ပျူ ကိုရည်ရွယ် ) ငွေဒင်္ဂါးတွေဟာ ဗုဒ္ဓဘာသာဝင် ရခိုင်ပြည်ကဆင်းသက်တယ်။ မြန်မာတွေဟာ ငွေသတ္တုရင်းမြစ်ပေါကြွယ်သလို အနီး ပတ်ဝန်းကျင် ဒေသတွေနှင့် ခိုင်မာတဲ့ ကုန်သွယ်ရောင်းဝယ်မှုတွေရှိပါတယ်။ ဒါကြောင့် ငွေဒင်္ဂါးတွေ သွင်းလုပ်အသုံးပြုလာပါတယ်။ ငွေဒင်္ဂါးပြား အမှတ်တံဆိပ်တွေကိုတော့ ဘင်္ဂလားနှင့် ကပ်နေတဲ့ ရခိုင်က ဒင်္ဂါးတွေကို မှီတယ်။ ဘင်္ဂလား ဒင်္ဂါးတွေက နိပေါ " ပသုပတိ " Pashupati (၇-၈ ရာစု) ဒင်္ဂါးတွေ ကို အတုယူတယ် ။

ဒင်္ဂါး မျက်နှာစာမှာ ( နန္ဒီ ) " နွား" လက္ခဏာတွေ့မယ်။ နွားရဲ့ အပေါ်မှာ ဗြမဏီ အက္ခရာနှင့်ရေးထားတဲ့ မင်း ဘွဲ့နာမည်ရှိမယ်။ ဒင်္ဂါးရဲ့အခြား တဘက်မှာတော့ သီရီဝစ္ဆ (အိမ်မွန် ) ရှိမယ်။ သီရီဝစ္ဆ (အိမ်မွန် )ရဲ့အပေါ်မှာ"နေ နှင့် လ " ကိုတွေ့ရမယ်။ သီရီဝစ္ဆ (အိမ်မွန် )အတွင်း၊ အလယ်တည့်တည့်မှာ အပေါ်ကို ထောင်နေတဲ့ အရာက သီဝ နတ်မင်းကိုးကွယ်မှုဆိုင်ရာ အမှတ်လက္ခဏာ ဖြစ်တဲ့ “ လင်္ဂ “။
အမှတ်လက္ခဏာတွေရဲ့ အဓိပ္ပါယ် တွေကို အနက်ဖွင့်ရာတွင် Cribb, B. Cook and I. Carradice, The coin atlas (London and Sydney, Macdonald Illustrated, 1990) ကို ကိုးကားသည်။

======================================================

Pashupati က သက္ကတ ဘာသာပါ။ Pashu ဆိုတာရဲ့ အနက်က Animal (သက်ရှိသတ္တ၀ါ ) တိရိစ္ဆာန်။ Pati က God (ဖန်ဆင်းရှင် ဘုရား)။ ဒီတော့ လူကလွဲပြီး သက်ရှိ သက်ရှိသတ္တ၀ါ အားလုံး၊ တစ်နည်း တိရိစ္ဆာန် တွေအားလုံး ရဲ့ ဖန်ဆင်းရှင်၊ အရှင်သခင် လို့အနက်ရတယ်။ အများအခေါ် နွားလား ဥဿဖ ။
သက္ကတလို பசுபதி முத்திரை


ဗြိတိလျှ ပြတိုက်၊ လန်ဒန် မရှင်းဘဲထားတဲ့ အမှတ်လက္ခဏာ (Symbols) တွေကျန်နေပါသေးတယ်။ ဖွင့်ဆိုချက်မှားတာလည်း နှစ်ချက်ပါတယ်။ ခုနှစ် မသေချာတဲ့အချက်က တစ်ချက်ပါတယ်။

ဗြိတိလျှ ပြတိုက်၊ လန်ဒန် မရှင်းဘဲထားတဲ့ အမှတ်လက္ခဏာ (Symbols) တွေက

( ၁ ) ရခိုင် ဒင်္ဂါးတွေမှာ အမြဲတွေ့နေရတဲ့ " ပုလဲစက်ဝန်း" ပါ။ ရခိုင် ဒင်္ဂါး ရဲ့ပြင်ဘက်ဆုံး အဝန်းဝိုင်းကို "
ပုလဲစက်ဝန်း " နှင့်ဝန်းရံထားလေ့ရှိပါတယ် ။ တချို့ပညာရှင်တွေက " ဗိန္ဓု " အစက်အပျောက်
ရယ်လို့အမည်ပေးတယ်။
( ၂ ) တိသုလ(သုံးခွ လှံဆူး) ရဲ့ အပေါ်မှာ ကပ်လျှက် နှစ်ဘက် စလုံးကို အုပ်မိုး နေတဲ့
" အရွက်ငါးရွက်ပါ သစ်ခက် " တစ်စုံ ။
( ၃ ) တိသုလ(သုံးခွ လှံဆူး) ရဲ့ အောက်က ပုလဲခုနှစ်လုံးတန်း ။
( ၄ ) ဒင်္ဂါးပြားအခြားတစ်ဘက်ရှိ " နန္ဒိ " (နွား) ရဲ့လည်ပင်းမှာ စွတ်ပေးထားတဲ့ အစက်ပျောက် ငါးခု နှင့်
ပုံဖော်ထားတဲ့ပန်းကုံး ။


ဖွင့်ဆိုချက်မှားတဲ့ နှစ်ချက်က

ဗြိတိလျှ ပြတိုက်၊ လန်ဒန် ရဲ့ဖော်ပြချက်တွေဟာ Cribb, B. Cook and I. Carradice, The coin atlas (London and Sydney, Macdonald Illustrated, 1990) စာအုပ်ကို ကိုးကားပြီးဖော်ပြတာပါ။

ဒီရခိုင် ဒင်္ဂါး ရဲ့ အမှတ်လက္ခဏာဖွင့်ဆိုချက်တွေ တချို့ မမှန်ပါ။ Crib,B Cook နှင့် I. Carrradice တို့ရဲ့အဆို ဒီရခိုင် ဒင်္ဂါးမှာ သီရိဝစ္ဆ ခေါ် အိမ်မွန်(Shrivetsa) ပါတယ်လို့ဆိုတယ် ။
သီရိဝစ္ဆ (အိမ်မွန်) ဟာ ဗိဿနိုး (Vishnu) ကိုးကွယ်မှုဆိုင်ရာ လက္ခဏာသာဖြစ်တယ်။

ဒင်္ဂါးကို သေသေချာချာကြည့်တော့ သီရိဝစ္ဆ (အိမ်မွန်) မဟုတ်ဘဲ သီဝ နတ်မင်းရဲ့ လက်နက်
တိသုလ(သုံးခွ လှံဆူး)ဖြစ်ဖို့များတယ်။

တချို့ ဟိန္ဒူဘုရာကြောင်းတွေမှာ ( နန္ဒီ ) " နွား" နှင့်အမြဲလို ယှဉ်တွဲပြီးတွေ့ရတတ်တဲ့ " လင်္ဂ" (Linga) ခေါ် ဂိဂ္န ဆိုတာ သက္ကတဘာသာလို ပူရိသလိင်လို့အဓိပ္ပာယ် ရှိတဲ့ " သိဝ" နတ်မင်းကိုးကွယ်မှုဆိုင်ရာ လက္ခဏာပါ။

ဒါကိုဆက်စပ်ပြီးတော့ ဒင်္ဂါး အတွင်းပိုင်း တိသုလ(သုံးခွ လှံဆူး) ရဲ့အလယ် တည့်တည့်က အပေါ်ကိုထောင်နေတဲ့ လှံဆူး ကို " လင်္ဂ" (Linga)၊ သက္ကတ အခေါ် ဂိဂ္န လို့ဆိုတာကတော့ မှားနေတယ် ၊ မဟုတ်ပါလို့ဘဲပြောရမယ် ။

ခုနှစ် မသေချာတဲ့အချက် တစ်ချက်က
မသေချာတဲ့အချက်က သမိုင်းမှတ်တမ်းအတွက် အရေးအကြီးဆုံးပြစ်နေပါတယ်။

နိတိ စန္ဒြ ( NantiChandra ) အမည်ပါ ရခိုင် ဒင်္ဂါးပြားလို့ဆိုပြီး ခန့်မှန်း ခရစ်နှစ် ၈ ရာစုလို့ဖော်ပြထားတယ်။
ရခိုင်ရာဇဝင်ကို လေ့လာကြည့်တော့ နိတိ စန္ဒြ ( ၅၂၀-၅၇၅)လို့တွေ့ရတယ် ။
ဒီတစ်ချက် ပြတိုက်က မှားပြန်တယ်။

http://ancientmyanmar.blogspot.com/search/label/%E1%80%9B%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%B9

သမိုင်းကြောင်းကိုလေ့လာစီချင်သည်

ရခိုင်ကမ်းမြောင်ဒေသသည် ဘင်္ဂလားပင်လယ်အော်နှင့် ဆက်စပ်လျက်ဟိပြီး၊ ပင်လယ်လှိုင်းကြီး လှိုင်းငယ်ရို့သည် ကမ်းသောင်နဖူးသို့ တဘုန်းဘုန်း ရိုက်ခတ်လျက် ဟိသည်။ ရခိုင် ကုန်းတွင်းဒေသတွင် မြစ်ချောင်း အင်းအိုင် အလွန် ပေါများပြီး မြစ်ချောင်းများသည် ပင်လယ်ထဲသို့ စီးဝင်သည်။ မြောက်ပိုင်းဟိ (နတ်မြစ်၊ မယူမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်) များတွင် မြစ်လက်တက်ပေါင်း များစွာ ဟိသည်။ တောင်ဘက်၌ မြစ်တို၊ ချောင်းတိုများသည် အရှိမှ အနောက်သို့ စီးဆင်းသည်။

ထင်ရှားသော မြစ်ချောင်းများမှာ (ဒလက်ချောင်း၊ အမ်းချောင်း၊ မအီချောင်း၊ လမူးချောင်း၊ ဆားပြင်ချောင်း၊ တန်းလွဲချောင်း၊ တောင်ကုတ်ချောင်း၊ သဌေးချောင်း၊ ပြည့်ချောင်း၊ သံတွဲမြစ်၊ ကျိန်တလီချောင်းနှင့် ဂွချောင်း) ရို့ဖြစ်သည်။ ရခိုင်မြစ်ချောင်းများတွင် ဖြားရီ အတက်အကျ ဟိသည်။ ဖြားအတက်တွင် ပင်လယ်ငါးများသည် ကုန်းတွင်း မြစ်ချောင်းများသို့ ဒိုးယိုပေါက်ဝင်ရောက်၍ ရခိုင်ပြည်တွင် သားငါး ပုဇွန် အလွန် ပေါများသည်။

ရှုတိုင်းသာစွ ရခိုင်မြီ

ကဗျာဆရာရို့က ရခိုင်ဒေသကို “ရိုးမတောင်ဆိုင်း၊ ပင်လယ်ဝိုင်း၍၊ ရှုတိုင်းသာစွ၊ ရခိုင်မြီ” ဟူ၍လည်းကောင်း။ “မြီပြင်ကျယ်ဝင်း၊ လယ်ယာခင်းနှင့်၊ အင်းအိုင်မြစ်ချောင်း၊ ပင်လယ်ကြောင်းနှင့်” ဟူ၍လည်းကောင်း။ “ကျယ်ပြန့်လှစွာ၊ ကျွန်းဦးမြီမှာ၊ သပြီခလို့၊ ရောင်မြ၀ီဝီ၊ အောင်ခြင်းညံ၍၊ အောင်သံကျူးလို့၊ ဇမ္ဗုဒီမှာ၊ သညီဝေါဟာ၊ ထောပနာနှင့်၊ သြဘာသောင်းသောင်း၊ သတင်းပေါ်၍၊ နင်းကျော်ဘိကေ၊ သရီချောင်းတွင်၊ မင်းကောင်းကြိမ်ဖန်၊ ဗဟိုရ်ညံ၍၊ စည်သံရိုက်ဟီး၊ ရွှေနန်းဆောင်ဖြင့်၊ ပြောင်ပြောင်ညီးကေ၊ မြို့ကြီးဓညာ” စသည်ဖြင့်လည်းကောင်း စာဖွဲ့ဆိုထားကြပါသည်။

ငါးများရခိုင်အခေါ်

ဤရီ ဤမြီနှင့်အတူ ရှိပဝေသဏီကပင် ရခိုင်ငါးများသည် ရခိုင်သားများနှင့် အတူ ဒိုးတူပေါင်ဖက် နီထိုင် လာခသူများဟု ဆိုချင်ပါသည်။ ရခိုင်များသည် မြစ်ချောင်းအင်းအိုင် ပင်လယ်ဝိုင်းလျှက် မွီးဖွား လာကြသူများဖြစ်ရာ တနည်းအားဖြင့် ရခိုင်ငါးမျိုးစုံနှင့် အတူ ၀ိုင်းရံ ကြီးပြင်းလာသူများပင် မဟုတ်ပါလား။ ရခိုင်ငါးများတွင် ကိုယ်စီကိုယ်စီ ရခိုင်အခေါ်နာမ ဟိပြီးသားဖြစ်ပါသည်။

ငါးသရွဲမင်းကျား၊ ဘီသျှပ်တရာ၊ ငါးခွေးပနီ၊ ပင်လယ်ငါးခူ၊ ငါးသလဲထိုး၊ သင်ပေါင်းထိုး (ခေါ်) သင်္ဘောထိုး၊ ငါးတောက်တူ၊ ငါးချိုင့်ကြား၊ ငါးပတုန်၊ ဒေါင့်ဒနာ၊ ငါးရင်းကုန်း၊ ရုဇနား၊ ငါးကန့်ဗျိုင်၊ ငါးကုန်းညို၊ မျက်ဆံကျယ်၊ ငါးဒါးလွယ်၊ ငါးပသွင်၊ စံလှမေ၊ ငါးဒလာ၊ ငါးသရွဲ၊ ငါးစရိုင်း၊ ငါးနုသန်း၊ ငါးနံ့သာ၊ ငါးစလုံး၊ ငါးဝမ်းပူ၊ ငါးရစ်မ၊ ငါးပယုံ၊ ငါးကန်သား၊ ငါးသပွေ၊ ၀ါမရှီ၊ ငါးလ၀ါ၊ ငါးပါးသျှင်း၊ ငါးနီတူ၊ ဗရဲဂါး၊ မျှိုင်သျှေ၊ စွန်သျှေ၊ဖက်သျှေ၊ ခသျှာ၊ အာဖာ၊ ဘာသျှား၊ ငါးဆူ၊ ငါးဝ ၊ ရိုးရည်၊ ငါးညို့၊ ရီခူ၊ ရီမျောက်၊ ရီကြက်၊ ဒေါင်းပြောက်၊ ပဂျင်း စသည့် ငါးအမည်များမှာ ရခိုင်သံပီသလှပါသည်။

အခြားရခိုင်ငါးများမှာ ငါးသတစ်၊ လက်ခွာ၊ ငါးတန်၊ ငါးမြင်း၊ ငမန်း၊ လိပ်ကျောက်၊ ပြင်သာလိပ်၊ ငါးရံ့၊ ငါးခူ၊ ငါးပြီ၊ ငါးရက် ၊ ငါးစွယ်၊ ငါးကြေး၊ ငါးဖယ်၊ ငါးခုံး၊ ဂဏန်း၊ ကြက်ဖားပုစွန်၊ ရီလားပုစွန်၊ ရွှေပုစွန်၊ ကျောက်ပုစွန်၊ ပုစွန်တက်၊ ပုစွန်စိတ် စသည်ဖြင့် အသီးသီးဟိသည်။

ရခိုင်ဒေသဥတုရာသီ

ရခိုင်ဒေသသည် လီပြင်းပြီး မိုကြီးသော ဒေသဖြစ်သည်။ နှစ်စဉ် မိုးရီချိန်လက္မ (၂၀၀) ကျော် ရွာသည်။ ဒေသအခေါ် (ရမ်းပေါက်လီ၊ ဆင်ခေါင်းလီ၊ ကတ္တရန်လီ) ရို့မှာ ရခိုင် ပင်လယ်လီများဖြစ်သည်။ နွီခေါင်ခေါင် လဆန်းလဆုတ် ဖြားသီရက်များမှာတောင် ရခိုင်မြစ်ချောင်းများသည် သိသိသာသာ ရီလျော့ကျလားလေ့မဟိပါ။ မိုးတွင်းခါဆိုလျှင် “၀ါဆိုဝါခေါင်၊ ရီဖောင်ဖောင်” ဆိုရေပိုင် ရခိုင်မြစ်ချောင်းများသည် ရီဖြိုးလျှက်ဟိပါသည်။

ထို့ကြောင့် ရခိုင်ငါးများသည် ရခိုင်ရီကိုကြိုက်ပြီး ရခိုင်ရီတွင်ပျော်သည်။ ရခိုင်ငါးများသည် ရခိုင် ရီမြီသဘာဝနှင့် ရခိုင်လူမျိုးများကိုခွဲခွာ၍ အခြားတပါးသို့ လားချင်လိုစိတ် ဟိမည်မထင်ပါ။ ၀ိသမ လောဘသားများ မထောက်မညှာ ဖမ်းဆီး ယူလားသည့် အခါမှသာ ပါတော်မူဘ၀သို့ ရောက်လားမည်ဖြစ်ပါသည်။

ပတ်ဝန်းကျင်ကို နှံ့နှံ့စပ်စပ်သိ

ရှိရခိုင်များသည် မိမိရို့ပတ်ဝန်းကျင်ဟိ ရခိုင်ငါးများအကြောင်းကို နှံ့နှံ့စပ်စပ် သိထားဟန် တူပါသည်။ ရခိုင်သားများ၏ဓလေ့စရိုက်နှင့်ဖြစ်စဉ်များကိုလည်း ရခိုင်ငါးများသည် အတွင်း သိမြင်ထားသူများ ဖြစ်ပေလိမ့်မည်။ နိစဉ် လူမှုကိစ္စများ၌ ရခိုင်သားများနှင့် ရခိုင်ငါးများသည် အကျွမ်းတ၀င် တွိဆုံမြဲဖြစ်သည်။ ရှိခေတ်ဦးကပင် ရခိုင်သားဘ၀၌ ရခိုင်ငါးများသည် တစင်း ထင်ဟပ်နီကြောင်းတွိရပါသည်။

ရခိုင်သမိုင်းအရ ၀ါသုဒေ၀မင်းနောက် ဗြဟ္မဏရာဇာမင်းဆက်၌ ဘီစီ (၃၃၂၅) မတိုင်မှီကာလက ကစ္ဆပနဒီမြစ်၏အရှိဘက် (၉၉) မြို့။ အနောက်ဘက် (၉၉) မြို့ တည်ဟိခသည်။ အရှိဘက်မြို့များအနက် (ငါးရန့်ချောင်းမြို့) နှင့် အနောက်ဘက်မြို့များအနက် (ငါးတန်သရဲမြို့) ဟူ၍ ရခိုင်ငါးနာမည်များနှင့် မှည့်ခေါ်ထားသည်ကို တွိရပါသည်။

ဒင်္ဂါးမှာ ခတ်နှိပ်ထား

ရခိုင်ဒင်္ဂါးသမိုင်းကို လေ့လာလျှင် အမည်ထိုး ပါဟိသော အစောဆုံးဒင်္ဂါးမှာ ဒေ၀စန္ဒြဒင်္ဂါး ဖြစ်ပါသည်။ ခန့်မှန်းသက္ကရာဇ် အေဒီ (၃) ရာစုနှင့် (၄) ရာစု စဦးပိုင်းလောက်က သွန်းလုပ်ခသော စာထိုးမပါ ပတုန်း (အမြီး) ပါဟိသည့် ပင်လယ်ခရုပုံ ခပ်နှိပ်ထားသည့်ဒင်္ဂါးအချို့မှာ နိုင်ငံခြား ပြတိုက်များ၌ ဟိပါသည်။ ယင်းဒင်္ဂါးများကို စန္ဒြားမင်းများ သွန်းလုပ်ခပြီး၊ ရှိအကျဆုံး ဖြစ်မည်ဟု ပါမောက္ခ သုတေသီ ဆရာကြီးဦးစံသာအောင်က ခန့်မှန်း ထားခပါသည်။ ဤသို့ ဆိုလျှင် ရခိုင်ငါးများသည် နှယ်နှယ်ရရ မဟုတ်။ ရခိုင်သမိုင်းနှင့်အတူ ဖွားတော်ဖွားဖက်ဖြစ်သည်ကို တွိရသည်။

ယိုင်းသာခြင်း

ရခိုင် အဘုချေ သားချော့ ယိုင်းသာခြင်းများ၌ “အမျည်မျည်၊ မှိုဟင်းခူးဇောင်လားကတ်မည်၊ မှိုဟင်းလဲခူး၊ စူးလဲစူး၊ အစူးလည်းထွင်၊ အိမ်ကိုလည်းရောက်၊ အထွဋ်တင်၊ ငယ်လင်စားဖို့၊ မျောက်လက်ညှိုး၊ ကုလားပုစွန်၊ ညှီနံ့နံ့နှင့်၊ အကျွန်မစား၊ ရွှေလင်ပန်းမှာ၊ ကြင်းလို့ထား” ဟူ၍တမျိုး။ “နင့်ဘားဘာ လူယဉ်ကျေးက လောင်းတစင်းနှင့် လားလတ်တေ၊ သားငါးရှာဖို့လားလတ်တေ၊ နင့်ဘားဘာလာကေ၊ ပုစွန်တုတ်ကို အီးယောင်ပြုတ်လို့ ကျွေးပါ့မည်” ဟူ၍တဖုံ လေ့လာတွိသိ ရပါသည်။

ငါးနှင့်နွယ်သည့် နာမည်မှဲ့ခေါ်

ရခိုင်သမက်တက် ထိမ်းမြား မင်္ဂလာပွဲများတွင် ချက်ပြီးသား ပုစွန်တုတ် နှစ်ကောင်၊ ဘဲဥ နှစ်လုံးစသည်ရို့ ပါဝင်ပါသည်။ ရခိုင် နာမည်တချို့တွင် ငါးနှင့်နွယ်သော၊ (ယက်သဲအောင်၊ ချောင်းနားအောင်၊ ငါးလုံးချေ၊ ဖားချေ၊ စံလှမေ) စသည့်ဝေါဟာရနာမများကို တွိရပါသည်။ ကနိ ရခိုင်ပြည် ကျွန်းရွာနာမည်များတွင်လည် (ငါးရန့်ချောင်းရွာ၊ ငမန်းရဲကျွန်း။ ငါးစရိုင်းချောင်းကျွန်း၊ ငါးပြီကျွန်း၊ ငါးပြီတက်ရွာ၊ တံငါရွာ) စသည်ဖြင့် တွိရပါသည်။

ရခိုင်သားများသည် ငါးနှင့်ပတ်သက်သော စကားပုံများကို ကနိတိုင် ခုံမင်သုံးစွဲနီသည်ကို တွိရပါသည်။ “ငါးမဟိလို့ မျှိုင်စွံ”၊ “ပုဇွန်ဖြူ ငါးမဟုတ်၊ ဆင်းရဲသူ လူမဟုတ်”၊ “ဖွတ်မီးကျောင်းဖြစ်၊ မြစ်ချောင်းမချမ်းသာ” စသည်ဖြင့်ဖြစ်ပါသည်။

ရှိရခိုင်းများသည် ပန်းဝှက်တမ်း ကဇတ်လေ့ဟိပါသည်။ ပန်းဝှက်ရာတွင်လည်း ရခိုင်ငါးများပါဝင်သည်။

ငါးစရိုင်းသျှေ ၀မ်းပူ၊ အအူမဟိပါ။ (၀ခွက်၊ ရီအိုး)
အ၀ီးကလာမဲမဲ၊ အိမ်မှာရောက် ရဲရဲ။ (ဂဏန်း)
ထိုဖက်ဒေဖက် လှော်တက်နန့်၊ အလယ်ဂေါင်မှာ ရွက်တိုင်နန့်။ (ငါးစရိုင်း)

အ၀ီးရောက် ရခိုင်အချို့သည် ရခိုင်အစားအစာ၊ ရခိုင်အာဟာရများကို အာသီသဖြစ်ကာ တမ်းတလေ့ဟိပါသည်။ တမ်းတသည့် အစားအစာများမှာ ရခိုင်ငါးပိ၊ သင်္ဘောထိုးပါသည့် ရခိုင်မုန့်တီ၊ သံတွဲမှ ငါးနီတူခြောက်၊ ရမ်းဗြဲမှ လက်ခွာခြောက်၊ စစ်တွေမှ ရွှေပုဇွန်ခြောက် စသည်ရို့ဖြစ်သည်။ ရခိုင်တချို့ မိမိရို့၏အဆွေ ရခိုင်ငါး နာမည်များကိုမိပျောက်ကာ တခြားအရပ်သုံး ငါးနာမည်နာမများကို လျှာတွိအာတွိ ခေါ်လျှက်ဟိကတ်ပါသည်။

ရခိုင်ငါးများမြင်ပါက “ငါးစိမ်းမြင်၊ ငါးကင်ပစ်” ဟု စိတ်ဆိုးဆိုးဖြင့် အပြစ်တင်ကောင်း တင်ပါလိမ့်မည်။ ရခိုင်သားများသည် ရခိုင်ငါးများအကြောင်း မမိအပ်ပါ။ ရခိုင်ငါးများနှင့် ရခိုင်ငါးနာမည်များကို သတိရနီခြင်းပင်လျှင် အဖရခိုင်ပြည်ကို သတိရနီခြင်း မဟုတ်ပါလား။

ယခုအခါ ရခိုင်ချောင်း၊ မြစ်၊ ပင်လယ်များတွင် ၀ိသမလောဘသားတချို့သည် နည်းမျိုးစုံဖြင့် ဖမ်းဆီး ယူငင်နီသဖြင့် ရခိုင်ငါးများသည် ကြောက်ကြောက်လန့်လန့် နီထိုင်ကတ်ရပါသည်။ ရခိုင်ရီပြင်သို့ နိုင်ငံခြားငါးများဖြစ်သည့် ကုလားပုစွန်နန့် ပလာတူးရို့သည် စုပြုံကျူးကျော်ဝင်ရောက်နီသဖြင့် ရခိုင်ငါးများသည် အယင်ကပိုင် မချောင်လည်ကြပါ။ ဖီးအန္တရယ် အရိပ်အခြေကြည့်ဗျာ တိမ်းယှောင်လားလာ နီကတ်ရပါသည်။

တနိသ၌ ကုလားတန်မြစ်ဝ လေးချိုင့်တောင်အနားမှာ ငါးသရွဲမင်းကျားတကောင်နှင့် သင်ပေါင်းထိုး (ခေါ်) သင်္ဘောထိုးတကောင် တွိဆုံကတ်ပါသည်။

မင်းကျား ။ ။ ငါလည်း တချိန်က မင်းပိုင် အဆီတ၀င်းဝင်းနန့် အကောင်ကြီးကြီးဖြစ်ဖူးရေ။ အဂုခါ အကြောင်းမလှ ပိန်ကျလားစွာ။

သင်္ဘောထိုး ။ ။ မင်းအရုပ်နန့် ငါ့ပိုင်ယှောင် ဖြစ်ဖူးရေဆိုစွာ ငါမယုံဝေး။ မင်းပါးစက အာခေါင်ပြဲပြဲနန့်။

မင်းကျား ။ ။ မယုံလည်းနီ။ အာခေါင်ပြဲနီစွာက “မချိလို့ သွားဖြဲ” စွာ။ အယင်က ငါလည်း ငါးမင်းတကာ မင်းထဲမှာ (မင်းကျား) ဖြစ်ဖူးရေ။ အခုလည်း ငါ့ကို (မင်းကျား) လို့ခေါ်ရေ။
ယင်းသို့ စကားပြောငြင်းခုံနီသည်ကို မနီးမ၀ီးတွင်ဟိသည့် ရှိမှီနောက်မှီ ပြင်သာလိပ်မကြီးတကောင်ကြား၍ ကြားက၀င်ပြောသည်။

ပြင်သာလိပ်မကြီး ။ ။ မင်းရို့နှစ်ယောက်ပြောစွာ အားလုံးကြားရေ။ သင်္ဘောထိုးလည်း မင်းကျားပြောစွာ မယုံမဟိကဲ့။ ဖြစ်နိုင် မဖြစ်နိုင် ယုတ္တိယုတ္တာနန့်ပြောကေ ယုံရရေ။ ငါက ရခိုင်ပြည်မှာ နီလာစွာ အံတိုလားယာ။ အကြောင်းကြုံလို့ ရှိဟောင်းနောက်ကြောင်း ပြန်ပြောပြမည်။ နားထောင်။

ဘုရားမပွင့်ခင်က ၀ါသုဒေ၀ညီနောင်တကျိပ်ရို့တည်ထောင်သောဒွါရာဝတီ (သံတွဲ) ပျက်သုဉ်းလားပြီးနောက် ကုလားတန်မြစ်ဝှမ်းတွင် ရှိဝေသာလီမြို့ဟောင်းကို တည်ထောင်သည်။ ဝေသာလီခေတ်ဦးမင်းဆက်သည် ဘီစီ (၅၃၁၆) မှစလတ်ရာ ဗြဟ္မဏရာဇာမှ ဗြဟ္မသိဒ္ဓိမင်ထိမင်း (၂၆) ဆက် နှစ်ပေါင်း (၁၉၉၀) တိုင်အောင် ရှည်ကြာသည်။ ယင်းနောက် မာရယုမင်းသည် ဓည၀တီမြို့ကိုတည်၍ ဓည၀တီခေတ်ကို ဘီစီ (၃၃၂၅) မှအစပြုထူထောင်သည်။ ဓည၀တီခေတ်သည် (ပထမ ၊ ဒုတိယ၊ တတိယ) စသည်ဖြင့် အေဒီ (၃၂၇) ထိ တည်တံ့သည်။ မာရယုမင်းသည် လှဲအတတ် ၊ လှံအတတ်၊ သံလျှက်အတတ်၊ ကျွမ်းကျင်တတ်မြောက်ပြီး နှလုံးရည်လက်ရုံးရည်ဖြင့် (၆၂) နှစ်တိုင်တိုင် ထီးနန်းစိုးစံသည်။ (မင်းနံလှနှင့် နီလဂုဏ်) မင်းရို့လက်ထက် ဆင်ကောင်ရေအလွန်များပြီး ပြည်သူရို့လည်း ဆင်အတတ် မြင်းအတတ် ထူချွန်တတ်မြောက်သည်။ ဤခေတ် အေဒီ (၁) ရာစုနှင့် (၂) ရာစုနှစ်များတွင် နိုင်ငံခြားနှင့် ကူးသန်းရောက်ဝယ်ဖောက်ကား အလွန်ကြွယ်ဝချမ်းသာသည်။ ဖရုံကာကျွန်းမှာ ဘရုက္ဆကမည်သော သင်္ဘောဆိပ်ကြီးတခု ဟိခသည်။ ဖရုံကာကျွန်းကို မင်းရို့ ငါရို့နီရာက လှမ်းကြည့်ကေ လင်းလို့ကြောင်းလို့မြင်ရရေ။

သင်္ဘောထိုး ။ ။ ဟုတ်တေ။ အယင်က ငါရို့အဖိုးပြောစွာကြားဖူးရေ။ ဖရုံကာကျွန်းနားမှာ နိုင်ငံခြားသင်္ဘောတိ ရက်ပြတ်ရက်ပြတ်ဖြတ်လားကတ်တေလတ်။

မင်းကျား ။ ။ ယေကေ မမြင်ဖူးကေလဲ့ ကြောင်းကျိုးပြောပြစွာနန့် မင်းယုံလာဗျာမဟုတ်လား။ ဆက်ပြောပါ လိပ်မကြီး။

လိပ်မကြီး ။ ။ ဓည၀တီခေတ်ကလည်း တတိယမင်းဆက်တည်ထောင်သူ စန္ဒြသူရိယမင်းလက်ထက် ဘီစီ (၅၅၄) မှာ ဗုဒ္ဓသျှင်တော်သည် ရခိုင်ပြည်သို့ ကြွရောက်တော်မူသည်။ ဗုဒ္ဓကြွရောက်လာကြောင်း ကျောက်တော်မြို့အနီး၊ တောင်ပေါက်ကြီးကျောက်စာမှာ ဗြဟ္မအက္ခရာ၊ ပါဠိဘာသာဖြင့် ရွီးထိုးထားခသည်။ ဗုဒ္ဓသျှင်တော်ကိုယ်စား မဟာမြတ်မုနိရုပ်ရှင်တော်ကို သွန်းလုပ်ခသည်။ ယင်းခေတ်ကပင် ရခိုင်ပြည်မှာ ဗုဒ္ဓဘာသာ ထွန်းကားလာစွာ ဖြစ်သည်။ ဤခေတ်၏ရုပ်ကြွင်းသက်သီအဖြစ် ဓည၀တီမြို့တော်သည် ကနိတိုင် အထင်အရှားဟိနီသိမ့်သည်။

ဓည၀တီပျက်ပြီးနောက် အေဒီ (၃၂၇) နန်းတက်သော မဟာတိုင်းစန္ဒြား (ဒွေင်စန္ဒြား) သည် ဝေသာလီ ကျောက်လှေကားမြို့ကိုတည်၍ ဝေသာလီခေတ်ကို စတင် ထူထောင်သည်။ ဘုရင်သည် အမြော်အမြင်ဉာဏ်ပညာကြီးပြီး နိုင်ငံတော်ကို ခိုင်ခန့်အောင်လုပ်ဆောင်သည်။ တစ်ရာ့တစ်ပါးသောမင်းရို့ကို အောင်မြင်တော်မူသည်။ ဝေသာလီမင်းများသည် ဘုန်းတန်ခိုးကြီးအလွန်ကြီးသည်။

တိုင်းစန္ဒြးမင်းလက်ထက် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးမြောက်များစွာ သွန်းလုပ်သည်။ ပန်းအတတ် (၁၀) မျိုး၊ ကြီးသွန်း အတတ်၊ ကျောက်ဆစ် အတတ်ရို့ကို တတ်မြောက်သည်။ ရခိုင်အက္ခရာစာပီနှင့် ယဉ်ကျေးမှု တိုးတက် ထွန်းကားသည်။ ဤခေတ်တွင် အာနန္ဓစန္ဒြားမင်းသည် ရှိဖိုးဖီးစိုင်လာ နန်းစဉ်ကို ကျောက်စာရွီးထိုးပြုခသည်။ ဤကျောက်စာမှာ ရခိုင်သမိုင်း၌ အလွန်တန်ဖိုးကြီးပြီး၊ ကနိတိုင် မြောက်ဦးမြို့ သျှစ်သောင်းဘုရားခြီရင်းတွင် ဟိသည်။ စူဠစန္ဒြားမင်းလက်ထက် အေဒီ (၇၃၃) အေဒီ (၇၆၉) တွင် ရခိုင်ရီတပ်အင်အား အလွန်တောင့်တင်းသည်။ ဝေသာလီမြို့ကျောက်လှီကားတွင် နိုင်ငံခြားသင်္ဘောများစွာဆိုက်ကပ်၍ ကုန်သွယ်ရောင်းဝယ်မှုပြုသည်။ လက်ဟိဝေသာလီရွာတွင် နန်းရာကုန်းဟိသည်။ အေဒီ (၈၀၀) ကျော်တွင် သျှမ်း (မဂို) ဖျက်၍ ဝေသာလီပျက်သည်။

ယင်းနောက် လေးမြို့ခေတ် (အေဒီ ၈၁၈- အေဒီ ၁၄၃၀) ကိုတည်သည်။ နန်းတည်အရပ်ကို ကုလားတန် မြစ်ဝှမ်းမှ လေးမြို့မြစ်ဝှမ်းသို့ ရွှိပြောင်းသည်။ လေးမြို့ခေတ်တွင် မင်းစိုင်ပေါင်း ပေါင်း (၆၀) ဟိသည်။ မြို့တော်များမှာ (ပဉ္စာ၊ ပရိန်၊ ခြိတ်၊ စမ္ပ၀က်၊ နေရစ္စရာ၊ တောင်ငူနှင့် လောင်းကြက်) မြို့များဖြစ်သည်။ ထင်ရှားသောဘုရင်များမှာ (မင်းရင်ဖြူ၊ ကောလိယ၊ ဒဿရာဇာ၊ အလောမာဖြူနှင့် မင်းထီး) ရို့ဖြစ်သည်။ ဤခေတ်သည် မြန်မာနိုင်ငံ၏ပထမပုဂံခေတ်၊ ဒုတိယပုဂံခေတ် ၊ အင်းဝခေတ်များနှင့် ခေတ်ပြိုင်ဖြစ်သည်။

နောက်ဆုံး မြောက်ဦးခေတ် (အေဒီ ၁၄၃၀-၁၇၈၅) ကို တည်ထောင်သည်။ မြောက်ဦးမြို့ကိုတည်စဉ် မင်းစောမွန်ကွယ်လွန်သည်။ နောက်မင်းများဆက်လက် ပြုပျင်တည်ဆောက်သည်။ မင်းဗာကြီးလက်ထက် ဘင်္ဂါ (၁၂) မြို့ကိုအောင်မြင်တော်မူ၍ ရန်အောင်ဇေယျ (ခေါ်) သျှစ်သောင်းဘုရားကြီးကို တည်ထားကိုးကွယ်သည်။ နိုင်ငံတော်ကို လက်အောက်ခံဘုရင် (၁၂) ပါးနှင့်အုပ်ချုပ်သည်။ မင်းဖလောင်း၊ မင်းရာဇာရို့လက်ထက်၊ ရခိုင်အင်ပါယာအထွတ်အထိပ်သို့ရောက်လတ်ပြီး ရီတပ်အင်အား အလွန်တောင့်တင်းသည်။ ဤခေတ်တွင် နိုင်ငံခြားသို့လည်း ပညာတော်သင်စေလွှတ်သည်။ သီဟိုဠ်သို့လည်း သာသနာပြုစီသည်။ ရီကြောင်းအားဖြင့် ပေါ်တူဂီနှင့် ဒတ်(ခ်ျ) များက ရခိုင်ပြည်ကို ရန်စောင်မှုပြုသည်။ မြောက်ဦးခေတ်တွင် ရခိုင်စာပီယဉ်ကျေးမှု လွန်စွာထွန်းတောက်သည်။ အေဒီ (၁၇၈၅) ခု၊ မဟာသမတမင်းလက်ထက် မြန်မာအမရပူရဘုရင် ဗဒုံမင်း တိုက်ခိုက်သိမ်းယူ၍ ရခိုင်ပြည်ကြီးပျက်သုဉ်းသည်။

ရခိုင်ရို့သည် ရခိုင်နိုင်ငံတော်ကြီးကို မာရယုမင်းမှအစပြု၍ မဟာသမတမင်းအဆုံးတိုင် မင်းဆက်ပေါင်း (၂၅၆) ဆက် နန်းစံနှစ်ပေါင်း (၅၀၀၀) ကျော်၊ (ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး) စသည်ဖြင့် ခေတ်ကြီး (၄) ခေတ် ရခိုင်ဧက္ကရာဇ်နိုင်ငံတော်ကြီးထူထောင်လျှက် နီထိုင်အုပ်ချုပ်လာလတ်သူများဖြစ်သည်။

ပြောစွာလည်း တအောင့်ကြာလားဗျာ။ တအောင့်နားလိုက်အုံးမည်။ အေလောက်ဆို ရခိုင်အကြောင်း အကျဉ်းသိဖို့။ ငါပြောစွာယုံယင့်လား။

မင်းကျား။ ။ ကျွန်တော်ယုံပါရေ။ အယင်ရခိုင်တိ ကောင်းစားခကေလဲ့ အခု သူတောင်းစားဖြစ်လားပါဗျာ။ “အယင်က ကျင်သန်၊ အခု ပြင်ခံ” ဖြစ်လားပါဗျာ။

သင်္ဘောထိုး။ ။ အခုပိုင် ကြောင်းကျိုးယှင်းပြလို့ ငါလည်းယုံပါရေ။ ငါရို့ အဖိုးအဘောင်တိ စိုင်ဆက်ပြောလာရေစကားကို သတိရရေ။ အေဒီ (၁၆၁၅) လောက်က ပေါ်တူဂီတိသောင်းကျန်းလို့ ရခိုင်ပြည်ကို ပင်လယ်ကြောင်းလာတိုက်တေ။ ရခိုင်ဘုရင် မင်းခမောင်းက ပြန်တိုက်ဖျက်နိုင်ခရေ။ ယင်းခါက ငါရို့သင်ပေါင်းထိုးငါးတိလည်း ရီထဲမှာ ရီငုပ်သင်္ဘောယှောင်ကူးလို့ ရခိုင်ဖက်က ကူတိုက်တေ။ ယင်းအချိန်ကစလို့ ငါရို့ကို ရခိုင်သားတိက (သင်္ဘောထိုး) လို့ ခေါ်ရေ။

ကိုင်း.. ယုံကေယုံ၊ မယုံကေနီ။

နောက်ဆုံး တိုတိုတုတ်တုတ် နိဂုံးချုပ်မည်။ မင်းရို့ငါရို့ ကိုယ့်သမိုင်းကြောင်း ကိုယ်သိဖို့လိုရေ။ မမိဖို့လိုရေ။

(သာမြ)
ရခိုင်သဟာယအသင်း အမှတ် (၄) မှ ကူးယူဖော်ပြပါသည်။
ကျမ်းကိုးစာအုပ်များ
၁။ ဓည၀တီရာဇ၀င်သစ်။
၂။၁၉၆၈ ခုထုတ် ရခိုင်ညွှန့်ဖူးမဂ္ဂဇင်း။
၃။ ဦးလှဒင် (ဘာသာပြန်) ရတနာရွှေမြေ၀တ္ထု။
၎။ ဦးစက္ကိန္ဒရွီး ရခိုင်ယဉ်ကျေးမှုများ အမှတ် (၁) ၊ (၂)၊ (၃)
၅။ ဦးစံသာအောင်ရွီး အာနန္ဒစန္ဒြ။
၆။ ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီထုတ် ပြည်နယ်ဖြစ်စဉ်သမိုင်း (ပထမတွဲ)။
၇။ ဦးစောလှအောင်ရွီး၊ မဟာမုနိ၊ စက်ဘုရားသမိုင်း (အကျဉ်းချုပ်)။

မူရင်းစာမျက်နှာ http://www.arakanmusic.com/UNI/message.asp?id3=834 မှ ကူးယူဖော်ပြပါသည်။

ဆရာကြီးဦးဦးသာထွန်း၏သမိုင်းဝင်မိန့်ခွန်းများ

(ALD) ၏ နာယကကြီးလည်းဖြစ်၊ ရခိုင်မြန်မာပဏ္ဍိတ်ကြီးလည်းဖြစ်သော ဆရာကြီးဦးသာထွန်း၏သမိုင်းဝင်မိန့်ခွန်းများ (ပထမပိုင်း)

ကြွရောက်လာကတ်တေ ရခိုင်အမျိုးသားပုဂ္ဂိုလ်များထဲမှာ ကျွန်တော်ထက်အသက်ကြီးရေပုဂ္ဂိုလ်များကို ရှိခိုးပါရေ။ ကျွန်တော်ထက်အသက်ငယ်ရေပုဂ္ဂိုလ်ရို့ကို ကျွန်တော်အလေးအမြတ်ဂါရ၀ပြုပါရေ။ ကျွန်တော်ပြောဖို့စကားက ရခိုင်ပြည်မှာ ရခိုင်လူမျိုးရို့သည် နောင်ကိုဘဇောင်ကံကြမ္မာဖန်တီးပြီး နီကတ်ရဖို့လဲဆိုစွာကိုပြောဖို့စွာပါ။ ကကောင်းအရေးကြီးပါရေ။ အေစကားတိကို ကျွန်တော်ရို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌကြီး လူမျိုးစုများ၏နာယကကြီးဖြစ်တေ ဦးစောမြအောင်က ပြောလားခပါယာ။ တနာရီကျော်လောက်ပြောလားခတောင်မှမ၀သိမ့်။ ဇာဖြစ်လို့လဲဆိုကေ လိုရင်းတိကိုပြောစွာပါ။ ယင်းလိုရင်းတိမှာ တပုဒ်တပုဒ်စီ၏ဖွင့်ဆိုချက်စွာ ကကောင်းအများကြီးပါ။ ယကေ ပြောပြီးနားမလည်လိုက်ကေ ဒုက္ခရောက်ဖို့၊ နားမလည်လိုက်ကေ ဇဝေဇ၀ါဖြစ်ဖို့။ ထိုပုဂ္ဂိုလ်၏ဖွင့်ဆိုချက်တိကို တင်ပြပါဖို့။ ယင်းခါမှ ကျွန်တော်ရို့ရခိုင်သားတိ ဇာလုပ်ရဖို့လဲ နားလည်ကတ်ပါဖို့။ လုပ်ဖို့စွာမှာ ဇာနီရာကစရဖို့လဲ အရေးကြီးပါရေ။ ကွက်ကျော်ကေမှားပါလိမ္မည်။ ရခိုင်သားတိ ကွက်ကျော်တိကိုမြင်လာရပါလိမ္မည်။

နောက် အေလမ်းခရီးမှာ ဇာစူးငုတ်ခလုတ်တိက အတွင်းရန်၊ အပရန်လဲဆိုစွာ အာရုံစိုက်ပြီးကြည့်ရပါဖို့။ အေနိဥက္ကဌကြီးပြောလားခရေပိုင် တခြားတခြားသောလူမျိုးတိမှာ စုပေါင်းပြီး ဘုံရန်သူတည်းဟူသော (တစည) မဆလကိုတိုက်တေနီရာမှာ အင်အားအပြည့်နှင့်တိုက်ရဖို့ဆိုစွာကိုသိထားရေအတွက် အင်အား နောင်းနီကတ်ပါပျာ။ ကျွန်တော်ရို့ရခိုင်သားတိမှာကြည့်လိုက်တေခါ အင်အားက ထထွတ်ကြီးကြီနီပါရေ။ ကကောင်းဝမ်းနည်းဖို့ကောင်းပါရေ။ ဂေါင်းဆောင်တိကလည်း ပြောခီကေ သတိရရေဆိုပါရေ။ ဆိုရေခါ ရခိုင်သားမှာ မျက်စိမဟိပါ။

ကျွန်တော်ရို့ရခိုင်သားတိမှာ ခံနီရစွာဇာကြောင့်လဲ။ တဦးတည်းတယောက်တည်းကောင်းစားရေးကို မ၀သိမ့်ရေဂေါင်းဆောင်တိက တခုလည်းမလိမ္မာမသိနားမလည်ရေရခိုင်ပြည်သူတိကို အမျိုးမျိုးလိမ်စား၊ ၀ါစားနီကတ်တေအတွက် ကျွန်တော်ရို့ရခိုင်ပြည်ကြီးပြိုဖို့ကြံနီပါရေ။ ယေဇူးနှင့် ဥက္ကဌကြီး မိန့်ခွန်းပြောလားခရေပိုင် ကမ္ဘာ့အလယ်မှာ ကကောင်းရှက်ဖို့ကောင်းနီပါပျာ။ ယေကေလည်း သူရို့လူတစု ပျော်တုန်းပါ။ ယင်းကိစ္စကိုသတိထားဖို့ ပြောလိုပါရေ။ ဆိုရေခါ ကျွန်တော်ရို့ဗုဒ္ဓဘာသာရခိုင်လူမျိုးစွာ ဘုရားဟောဒေသနာတော်နှင့် သီလကိုစောင့်ရေအတွက် ရခိုင်လို့ခေါ်ပါရေ။ အမျိုးနှင့်သီလကို ကနိမစောင့်ကေ ကနိရခိုင်မခေါ်ပါပျာ။ (ကပျက်) လို့တောင်ခေါ်ဖို့မရ။ မျိုးဖျက်အဆိုးလို့ခေါ်ရပါဖို့။ ယင်းအတွက်နှင့် ကျွန်တော်ရို့ သတိထားပြီးကေ လူတစိချေကျန်စွာက လားကတ်ရဖို့စွာပါ။ ပထမ ယင်းအကြောင်းကိုမပြောခင် ကျွန်တော်ပြောပါဦးမည်။ ရခိုင်ပြည်လားဖို့အင်အားကို ကြည့်လိုက်တေခါ တော်တော်ခိုင်ခိုင်ခန့်ခန့်နှင့် လားကတ်ရပါဖို့။ ဇာဖြစ်လို့လဲ၊ ကနိလူဦးရေကိုကြည့်လိုက်တေခါ (၂ ဒသမ ၀၆) သန်းဟိပါရေ။ ယင်းအထဲမှာ စပါးကြီးမျိုရေပိုင် အမျိုးမျိုးသောနည်းလမ်းနှင့်ဝင်လို့ ဘူးသီးတောင်၊ မောင်တောကျလားခပါယာ။

ယင်းအထဲမှာ ဘလောက်ပါရေလဲဆိုခါ တဒင်္ဂမသန်မန်လူမျိုးတိ ရိုဟင်ဂျာဆိုပြီး ဟိတ်ဟောနီပါရေ။ ရိုဟင်ဂျာလို့ ရခိုင်ပြည်မှာမဟိမှတ်ထားပါ။ ယင်းအချက်ကိုကြည့်ကေ ဇာဖြစ်လို့လဲ။ မျိုလားခလို့။ ဖြစ်တေနည်းနှင့်မျိုရေ။ ခြောက်လို့ခြိမ်းလို့မျိုရေ။ ငွေနှင့်ပေါက်လို့မျိုရေ။ ကနိဘူးသီးတောင် မောင်တောရောက်ကေ ဥက္ကဌကြီးဦးစောမြအောင်ပြောရေပိုင် နက်ဖန်ခါ ကုလားတန်ကိုရောက်ဖို့။ ရခိုင်သားရို့ အရာ (၅) နှစ်အတွင်းမှာ ကျောက်ဖြူမြို့တဖက် ရခိုင်ရိုးမကိုကျော်လို့ ပြီးဖို့ပျင်ထားကတ်ဖိ။ မိမိယော့ယော့နှင့် (ငါရို့နိုင်ငံရေးလုပ်ဖို့မဆိုင်၊ ထမင်းတဆုပ်စားနီရစွာအဖမ်းခံရဖို့။ ငါရို့နှင့်နိုင်ငံရေးဇာဆိုင်လဲ) လုပ်နီကေတော့ ရခိုင်သားရို့ ပြီးဖို့ပျင်ထားကတ်ဖိ။ အရာမပြောလိုပါယာ။

ကျွန်တော်ပြောရဖို့စကားပြောင့်ပြောင့်ပါ။ ၁၁၄၆ ခု ဘိုးတော်မောင်ဝိုင်း ရခိုင်ကိုသိမ်းရေနိကပင် ကနိမှာ (၂၀၅) နှစ်ပြည့်ပါဖို့။ ကျွန်သားပေါက်ဖြစ်တေ (၂၀၅) နှစ်ကာလမှာ ကျွန်စိတ်ပေါက်နီကတ်တေ။ ရခိုင်သားတိ ကနိ တဒင်္ဂလူမျိုးတိကိုမှီလို့ ကြီးပွားနီရေအတွက် ယင်းအတိုင်းလားဖို့ကြံနီကတ်ပါရေ။ ကနိ ယင်းအခြေအနေမဟုတ်ပါ။ သတိထားကတ်ပါ။ (၂၀၅) နှစ်မျိုသိပ်ထားရေစကားကို ကျွန်တော်ကနိဖွင့်ပါဖို့။ ကျောက်တော်၊ စစ်တွေမှာဖွင့်ခပါပျာ။ ဇာဖြစ်လို့ဖွင့်ရဖို့လဲ။ ကိုယ့်အမျိုးသားအတွက် ကျွန်တော်ရို့ ခုလောက်အသက်အရွယ် (၇၄-၇၅) ဖြစ်နီပျာ။ မတန်ကေလည်း ရခိုင်တိမသိရေအတွက် အေပိုင်ဒုက္ခခံလို့ မဖွင့်ခကေ သမိုင်းကြွီးဆပ်လို့ကုန်ဖို့မဟုတ်။ လူမျိုးအတွက် ဒေ၀ါကြီးတိထွက်လို့ လားနီကတ်စွာပါ။ ကျွန်တော်နှင့် တခြားပါလာကတ်တေပုဂ္ဂိုလ်တိအားလုံး ၀ါကြီးတိပါ။ ထိုင်နီဖို့တန်ရေအချိန်မှာ မထိုင်ဘဲနှင့် ဇာဖြစ်လို့လားနီကတ်တေလဲ။ အယင်က အဖျက်သမားပါတီတိက ဇာပြောလဲ။ (၀ါကြီးတိရာလုပ်ဖို့ တက်လာကတ်တေ) လို့ပြောပါရေ။ ကျွန်တော်မပြောချင်ပါ။ အခုရခိုင်ပြည်မှာ ဇာဖြစ်နီလဲဆိုခါ ကျွန်တော်ရို့ရခိုင်ပြည်သည် သျှမ်းပြည်၊ ချင်း၊ ကရင်၊ ကယား၊ မွန်နှင့်မတူပါ။ အနောက်ဖက်က စပါးကြီးတကောင်မျိုနီပါရေ။ ဒေအထဲမှာ မျိုးဖျက်တိ ကွဲအောင်ဖျက်နီရေ။ အေပိုင် ကိုင်ဖို့မရအောင် ဖြစ်နီစွာကို ကုဖို့လာစွာပါ။ သတိထားကတ်ပါ။

ဆိုခါ ကနိ ဥက္ကဌကြီိးဦးစောမြအောင်ပြောခရေပိုင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို စဖွဲ့ရေနိကပင် ဇာလောက်ရောက်ပျာလဲဆိုခါ မနှစ်ကစဖွဲ့စွာ အခု တနှစ်နှင့် (၃-၄) လရောက်ပါယာ။ သျှမ်း၊ ချင်း၊ ကရင်၊ ကယား၊ မွန်စရေ တခြားတခြားသောလူမျိုးတိမှာ ကကောင်းနောင်းလားပါယာ။ သူရို့တိမှာ တဖွဲ့နှစ်ဖွဲ့ရာဟိရေ။ ရခိုင်မှာ ပါတီဘလောက်ဟိရေလဲ။ (၁၅၅) ဖွဲ့။ ဘလောက်ကြောက်ဖို့ကောင်းပါရေလဲ။ လူကိုကြည့်ကေ (၂) သန်းနှင့် (၆) သိန်း။ ကုလား (၈) သိန်းဟိရေ။ ကျန်စွာအားလုံး ရခိုင်မဟုတ်သိမ့်။ မာရမာကြီးတမျိုးပါရေ၊ ချင်းပါရေ။ မြိုပါရေ။ ခမီးပါရေ။ ယင်းအထဲမှာ ကမန်ဆိုရေလူမျိုးတမျိုးပါသိမ့်ရေ။ ဒိုင်းနက်ပါရေ။ သက်ပါရေ။ တခြားတခြား ကုလား၊ တရုတ်၊ တရုတ်ကပျက်၊ ဗမာပါရေ။ ယေခါ ရခိုင်သားတိက အေလောက်လူနှုတ်လိုက်ကေ ဘလောက်ကျန်ဖို့လဲ။ ရခိုင်သားတိထဲက အေလောက် ကျန်စွာတိထဲက တဆယ်နှင့်သျှစ်သိန်းခွဲနှုတ်လိုက်ကေ ဇာကျန်ဖို့လဲ။ နင်းပြားဖြစ်နီကတ်ဖိ။ တခုလည်းမလိုပါပျာ။ မပြောလိုပါယာ။

ယလောက်စွာကိုဖျက်လို့ မဟောသထာပြဿနာပိုင် အမျိုးမျိုးဖြစ်နီရေ။ တချို့ပါတီတိကလူတိ ရွာတိုင်းဆင်းပြီးကေ အေက မိခင်ရခိုင်လူမျိုးစစ်စစ်ကို ဘေးဖယ်ထားကတ်တေ။ မဟောသထာ ပြဿနာကိုကြည့်ပါ။ ကျန်ရေ ပြည်ဖျက်သစ္စာဖောက်တိက ဘီလူးမကိုအစွယ်ဖြတ်တေပိုင် ဖြစ်နီကတ်တေ။ သတိထားကတ်ပါ။ ကျွန်တော် မြောက်ဦးမြို့နယ်ကလာပြီးကေ အကြောင်းကြောင်းကြောင့် ကျောက်တော်မြို့နယ် မဲဆန္ဒအမှတ် (၂) ကို ရောက်လားခပါရေ။ ကျွန်တော် ကျောက်တော်မြို့ကို စထွက်တေလောက်ကပင် ကျွန်တော်ရို့မရောက်ဖူးရေရွာတိ ကကောင်းအများကြီးပါ။ ဇာပိုင်ပျင်လို့ စည်းရုံးကတ်ဖို့လဲ။ ကျောက်တော်မြို့အကြောင်းပြောရကတ်ဖို့ဆိုကေ ကျောက်တော်မြို့မှာ ရွာပေါင်း (၃၃၅) ရွာဟိပါရေ။ ကျွန်တော်ရို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ့်ဖေသာနှင့်ကိုယ် ထူထောင်ထားရေအတွက် လားဖို့စားစရိတ်၊ ဘုတ်စရိတ် မတတ်နိုင်ပါ။ ခြီကြောင်းလားရပါရေ။ ကျောက်တော်မှာ ရံပုံငွေထည့်မည့်သူဟိပြီးကေ မြောက်ဦးမှာ ဒင်္ဂါး (၁၀၀၊ ၂၀၀) ထည့်မည့်သူမပေါ်။ ထည့်မည့်သူတချို့လည်း ဟိကောင်းဟိပါလိမ္မည်။ ယကေ ဇာနှင့်အလုပ်လုပ်ပါဖို့။ ယင်းအတွက်နှင့် မြောက်ဦးမြို့ညံ့လားပါရေ။ ကျောက်တော်မြို့မှာ ကျွန်တော်လာရေခါ ကကောင်းများကြီးတွိရပါရေ။ (တစည) ပါတီ သူတောင်းစားအလှူခံပိုင် ရံပုံငွေတိလျှံလားပါယာ။ ကကောင်းရလားပါယာ။

ယေခါ ကျွန်တော်ရို့အချေတရွီ ကိုယ့်စွာကိုယ်စားပြီးကေ အငတ်ခံနီလို့ အေအနီထားရောက်စွာ။ ရခိုင်ပြည်မြောက်ပိုင်း ကျောက်ဖြူ၊ တောင်ကုတ် သူရို့ပါတီ သံမဏိပိုင်နောင်းနီယာ။ ကျောက်တော်နယ်မှာ ကျွန်တော်တရားဟောခါ ရွာလိုက်လာပါရေ။ မြောက်ဦးမြို့ကရောက်လာဝေးဆိုခါ မရောက်ပါ။ ကျွန်တော်စိတ်ညစ်ပါရေ။ အခုနားက ဥက္ကဌကြီးဦးစောမြအောင် အခြားလူမျိုးစုတိနှင့်ယှဉ်ပြိုင်ခါ စိတ်ညစ်ရေပိုင် ရခိုင်ပြည် (၁၇) မြို့နယ် အရပ်ရပ်အမြို့မြို့၊ အနယ်နယ်ကို ပါတီတာဝန်နှင့်စည်းရုံးရေခါ ပုဏ္ဏားကျွန်းမှာ ခရမ်းတောင်ကိုရောက်ခီပါရေ။ ကျွန်တော်မြောက်ဦးမြို့သားအနီနှင့် မြောက်ဦးမှာဖြစ်ရစွာကို အားလည်းငယ်၊ ရှက်လည်းရှက်ပါရေ။ ဇာပိုင်ပျင်ကတ်ပါဖို့လဲ။ တောင်ပိုင်းမှာ အားလုံးဝင်လားခယာ။ ရခိုင်သားဆိုစွာ တခါဝင်ကေ ပြန်ထွက်ဖို့မလွယ်။ ရှက်တတ်တေ။ ယင်းအတွက်နှင့် ရခိုင်ပြည်နယ်အတွင်း (၁၇) မြို့နယ် ကတောက်ကရောက်လုပ်နီကတ်တေအထဲမှာ သူရို့မှာ ရမ်းဗြဲမြို့နယ်က ဇာပိုင်လူတိပါလဲကြည့်ပါ။ ကျွန်တော်ရို့မှာလဲ မပါစွာမဟုတ်။ ပါပါရေ။ မြောက်ဦးမြို့ ဇာဖြစ်နီရေလဲ။ ကိုယ့်မြို့ကို အပြစ်တင်စွာပါ။ အေအတိုင်းဖြစ်နီကေ ကျွန်တော်ရို့မြောက်ဦးမြို့ နောက်ဆုံးကျဖို့။ ယေကေလည်း ဟောပြောပုံဟောပြောနည်း လိုပါသိမ့်ရေ။ ထိုကထိုးနှက်ချက်တိကို မိမ္မရန်ဖြစ်နီစွာထက် ဖြေယှင်းပစ်စွာက ကောင်းပါရေ။

ယင်းထိုးနှက်ချက်တိကိုမဖြေယှင်းကေ ဖြီလို့မပြီပါပျာယ်။ ယင်းအတွက်နှင့် ကျွန်တော်ပြောဖို့စွာက ကနိ ကျွန်တော်ရို့ဇာလုပ်ဖို့လဲဆိုခါ အေနိနိုင်ငံရေးမဟုတ်ပါသိမ့်။ နိုင်ငံရေးအတွက်စည်းရုံးရေးပါ။ ဥက္ကဌကြီးမိန့်ခွန်းမှာပါရေပိုင် စည်းရုံးရေးကဏ္ဍမှာ စည်းရုံးရေးမအောင်မြင်ကေ အခု (၁၀) တန်းစာမီးပွဲဖြေရေပိုင် စာမီးပွဲမှာစာမရကေ စာမအောင်လိုက်ကေ ဂေဇက်ထွက်ခါ ကိုယ့်နာမည်မပါ။ ယင်းအတွက်နှင့် ကျွန်တော်ရို့သည် စည်းရုံးရေးမှာ စည်းရုံးရေးကို အောင်မြင်အောင်လုပ်ရပါဖို့။ အလားတူ ကျောင်းသားမှာလည်း စာမီးပွဲမစစ်ခင် စာရအောင်ဖတ်ရပါဖို့။ ဖတ်ရုံလား။ ဘာသာတိုင်း၌ နားလည်အောင်လေ့ကျင့်ရဖို့။ ယင်းနည်းတူစွာ မြောက်ဦးမြို့မှာ စည်းရုံးရေးဆိုစွာ ဇာပိုင် ဇာဘာသာနှင့်လားဖို့လဲ။ ဇာပိုင်လားဖို့လဲဆိုစွာမသိလို့ ကကောင်းစိတ်ဓါတ်ကျပါရေ။ တခြားတခြားမြို့နယ် စည်းရုံးရေးနံပါတ် (၁-၂) အထဲက တက်တက်ကြွကြွမြင်ရလို့ ၀မ်းသာပါရေ။ ဆိုင်းဘုတ်ကြီးတင်လို့ တဟဲဟဲနှင့်လူစုနီလို့ နောက်ဆုံးဂဇက်ထွက်ခါမပါကေ လားပျာလို့မှတ်။ ယေကေ ဇာပိုင်လုပ်ရဖို့လဲဆိုခါ အေနိစည်းရုံးရေးအချိန်။ စည်းရုံးရေးအချိန်မှာ ဇာလုပ်ဖို့လဲ။ စည်းရုံးရေးလုပ်ရဖို့။ လုပ်ခါ ဇာမူနှင့်ဟောဖို့လဲ။ စည်းရုံးရေးမှာ လူထုစိတ်ပါလာအောင် အချက်ကြီးလေးချက်ဟိပါရေ။ အခုသေနားက ဥက္ကဌကြီးပြောရေပိုင် (၁) တန်းတူရေး။ (၂) ဒီမိုကရေစီစစ်မှန်ရေး။ (၃) မူမှန်ရေး။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် မူမှန်ဖို့လည်း အရေးကြီးပါရေ။ မူမမှန်ကေမကြိုက်။ ယင်းမူချထားစွာကိုသုံးသပ်ဆောင်ရွက်ဖို့။ (၄) လူမှန်ရေးလို့ (၄) ချက်ဟိပါရေ။ ယင်းလေးချက်မှာ ရခိုင်ရိုးမတဖက်က (၁၇) မြို့နယ်၊ ရန်ကုန်တမြို့နယ်၊ (၁၈) မြို့နယ်ထဲမှာ ရခိုင်အမျိုးသားကိုယ်စားလှယ်ရို့သည် ဘဇောင်ပိုင်ပုဂ္ဂိုလ်တိပါရေလဲ ရွီးချယ်လို့တင်ပြထားစွာ ဖတ်ကြည့်ကတ်ပါ။ ပါပါယင့်။ ယင်းအချက်မှာ မိုးဦးကျငပြီတက်တေပိုင် (သူတက်ဖို့၊ ငါတက်ဖို့) ဖြစ်နီကတ်တေခါ ရခိုင်ပြည်နယ်မှာ (၂၆) နီမှာ (၁၅၅) ယောက်ဆိုခါ ကျွန်တော်ရင်ဖတ်ဆို့ပါပျာ။ နိုင်ဖို့လား ယင်းသူရို့မနိုင်။ မနိုင်ကေဇာပျင်ဖို့။ မဲဖျက်ကတ်ကေ အေကလျှော့ဖို့။ လျှော့ကေ ကျားသီအသက်ဝင်ပျာ ကိုက်ဖို့။ ကျားသီအသက်ဝင်ကိုက်ကေ အေလူတိ တကောင်လဲမကျန်ပါပျာလို့မှတ်။ ကောင်နှင့်သုံးစွာ ကျွန်တော်လည်းပါပါရေ။ အားမရလို့ပြောစွာပါ။ ယင်းအတွက်နှင့် ယင်းစခန်းကို ကျွန်တော်ရို့ နနောင်းလားကတ်ရပါဖို့။

ကျွန်တော်ရို့သည် တန်းတူရေးကို ဥက္ကဌကြီးပါးစကထွက်လားခရေပိုင် (သျှမ်း၊ ကရင်၊ ကချင်၊ ကယား၊ မွန်၊ ချင်း၊ ရခိုင်) လူမျိုး (၇) မျိုးသည် (၄၂) နှစ်တာကာလပတ်လုံး လွတ်လပ်စွာတန်းတူမရခလို့ ပြောက်ကျားလည်းမကန်၊ ပြည်သူလည်းနှိပ်စက်ခံလို့ တတုတ်သီပျာ။ ကိုယ်တွိပါ။ ထိုခါ တနားက ဥက္ကဌကြီးပြောခရေပိုင်ပါ သဘောပေါက်ပါလိမ္မည်။ ကျွန်တော်ရို့လည်း သဘောပေါက်ပါရေ။ ရခိုင်နှင့်တကွ ကျန်လူမျိုး (၆) မျိုးက သဘောပေါက်သောကြောင့် ရခိုင်သည် ဘဇောင်ဥာဏ်နှင့် ဘဇောင်ပိုင်ပျင်နီလဲဆိုခါ ရိုသေမှုမဟိ။ ကိုယ်ရို့မှာ ခြံပြိုလို့။ အခုခြံပြိုစွာကို ပျင်ဖို့စွာပါ။ လုပ်နိုင်ကေလုပ်၊ ကြားမှာ (၁) လခွဲရာ ဟိယာ။ နောက်စည်းရုံးကေရယင့်။ အခုဆင်းခီကေအခုရယင့်။ ချက်ပြီးသားထမင်းကိုစားဖို့လားစွာယာလို့ မထင်ပါကဲ့။ မြောက်ဦးမြို့ကို အကြိမ်ကြိမ်ကျွန်တော်ပြောလိုပါရေ။ ကိုယ့်လူလို့မှတ်လာ။ မလွယ်ပါ။ လေးမြို့ချောင်း တချောင်းနှင့်အစပိုင်း ဒေဖက်ပိုင်း။ ယင်းအတွက်နှင့် ကကောင်းသတိထားရပါဖို့။ တခြားတခြားမြို့တိမှာ ၀မ်းမြောက်လို့ လက်ခုပ်တီးနီကတ်ပါယာ။ မြောက်ဦးမြို့မှာ မဆင်းရပါသိမ့်လတ်။

ဇာအချိန်စည်းရုံးဖို့စိတ်ကူးရေလဲ။ အခုသေနားကစကားကို ပြန်စပါဖို့။ အေမှာ ညီမျှရေး၊ တန်းတူရေး၊ ဗိုလ်ချုပ်အောင်ဆန်းသည် ပင်လုံကိုလားခီရေ။ လူမျိုးခြောက်မျိုးကိုစည်းရုံးရေ။ ယင်းတိုင်းရင်းသား လူမျိုးတိထဲမှာ ရခိုင်မပါလို့ ရခိုင်ပြည်ကိုချန်လှပ်ထားခရေ။ သူရို့ မြောက်ဦးမှာ ကျွန်တော်ရို့နှင့်တွိလို့ ပြောလို့ဟိပါရေ။ ထိုပုဂ္ဂိုလ်သီလားရေခါ မရလိုက်ပါယာ။ တန်းတူရေးကို ကိုင်ခစွာပါ။ တဒင်္ဂလူမျိုးကို ကိုင်စွာမဟုတ်။ ရလတ်တေခါ (၄၂) နှစ်ကာလပတ်လုံး ရိုးမတောင်ထိုဖက် ရန်ကုန်ကိုလားကေ မြင်ပါလိမ္မည်။ မှန်ကြည့်ဖို့ရရေလမ်းတိ။ တိုက်တကတိုက် တာတကတာ၊ အလုပ်ရုံကြီးတိ၊ စက်ရုံကြီးတိ ဟိန်းလို့။ ဒေဖက်ကိုကျော်ကေ၊ ပြာပြာဟဟောက် ကျွန်းရွာချေတရွာဖြစ်နီရေ။ (၄၂) နှစ် လွတ်လပ်ရေးရစွာ အသူခံစားရေလဲကြည့်လိုက်ပါ။ မျက်စိဖွင့်ကြည့်လိုက်ပါ။ (ပထမပိုင်းပြီး၏)

(ALD) နာယကကြီးလည်းဖြစ်၊ ရခိုင်-မြန်မာပဏ္ဍိတ်ကြီးလည်းဖြစ်သော ဆရာကြီးဦးသာထွန်း၏သမိုင်းဝင်မိန့်ခွန်းများ (ဒုတိယပိုင်း)

ထမင်းထုပ်ကိုပြလို့ မိသားစုစားနီရစွာဝမ်းသာပြီးကေ ကိုယ့်လူမျိုးကို အောက်တွင်းသွင်းပြီး စည်းရုံးနီကတ်တေ။ ကောင်းကောင်းသတိထားကတ်ပါ။ ပြည်ဖျက်လား။ တိုင်းဖျက်လား။ ရခိုင်ပြည်ဖျက်ဖို့ကြံနီကတ်တေလားလို့။ ကကောင်းကြောက်ဖို့ကောင်းပါရေ။ အခု ကျွန်တော်ရို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရေ လူမျိုးစုတိနှင့်စုမိပါပျာယ်။ ၀မ်းသာကတ်ပါ။ တန်းတူရဖို့အရေးဆောင်ရွက်ထားပျာယ်။ ၀မ်းသာကတ်ပါ။ ကိုယ့်လူကိုကိုယ် ပြုစုကတ်ပါလို့ တိုက်တွန်းလိုပါရေ။ (ကိုင်) ဘဇောင်ပျင်ဖို့လဲ။ စစ်တွေမြို့မှာ တပ်ပေါင်းစုဆိုပြီးကေ ကျောင်းသားဂေါင်းကို ရောင်းပြီးကေ ရက္ခိုင်ကျောင်းသားများအဖွဲ့ ငါရို့ဖက်ပါရေဆိုပြီးကေ စာအုပ်တိထုတ်နီကတ်ပါရေ။ စစ်တွေမြို့က ရခိုင်ကျောင်းသားများအဖွဲ့က မခံမရပ်နိုင်လို့ပြောရေ။ ငါရို့မပါကိုး။ အကိုရို့ ဇာလုပ်ကတ်စွာလဲလို့ ပြောပါရေ။ ယင်းပိုင်ရောင်းစားနီကတ်လို့ ပုဏ္ဏားကျွန်းမြို့တမြို့ပြိုလားခရေ။ အေအချက်တိ ဇာလုပ်စွာလဲ။ ကျွန်တော်ရို့ဥက္ကဌကြီးပြောရေအတိုင်း စစ်တွေမြို့မှာ အလီလီ။ ကျောက်တော်မြို့မှာလည်း အလီလီ။ မြောက်ဦးမှာလည်း ကျွန်တော်ရို့ပါးကိုလာကတ်တေ တခုပိုင်လည်း စည်းရုံးလို့မရခပါ။ မရခစွာ အသူ့လက်ညှိုးထိုးလို့လဲ။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည် တစည်းတရုံးတည်း အင်အားတခုတည်း လားဖို့စွာကိုမရ။ ရခိုင်တမျိုးသားလုံး၏အဖျက်သမားဆိုပြီးကေ စာတန်းထုတ်ပါရေ။

ယင်းပိုင် ပေါင်းစည်းလို့မရရေအကြောင်းပြောခါ ပေါင်းစည်းရေးကိစ္စနှင့်ပတ်သက်လို့ အစည်းအဝေးချခါ ဟုတ်စွာမဟုတ်စွာ မသိ။ မကြားဖူးခါ ပါလားခစွာမြို့တိဟိပါရေ။ ပေါက်တောမြို့ပါလားရေ။ ကျောက်ဖြူတခြမ်းပါလားရေ။ ယင်းသူရို့နှောက်ယှက်လို့။ အခုယင်းသူရို့နှောက်ယှက်စွာကိုလိုက်ပြီး လုပ်နီရပါရေ။ စည်းရုံးရေးကိုပစ်ခလို့ ဘလောက်နောက်ကျပါလဲ။ လပိုင်းဟိပါပျာ။ ထိုတရက်နိက စစ်တွေ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က စာရွက်ချေတရွက်ထုတ်လိုက်ပြီးမှ အရှက်ရလို့ ငိုသူငို ရယ်သူရယ် ဖြစ်လားခပါရေ။ ဘလောက်နှောက်ယှက်ပါရေလဲ။ စာရွက်ထုတ်ရအောင်ထိဖြစ်လားပါရေ။ ကျွန်တော်ရို့ရခိုင်သားတိထဲက ကျွန်တော်တနားက လူဦးရေပြခရေပိုင် ဒေဖက်ကကျန်ရစ်တေ လူဦးရေ (၁) သန်း (၂) သန်းမျှလောက်နှင့် လားရဖို့စွာပါ။ အားလုံးညီညွတ်နိုင်မှ ဖြစ်ပါဖို့။ သျှမ်းမှာ (၆၂) နီရာရစွာ အပြိုင်အဆိုင်ဆိုကေ (၂) လီတိုး။ ဥပမာအားဖြင့်ဆိုကေ (တစည) (၆၂) နီရာ၊ သျှမ်း (၆၂) နီရာ (၁၂၄) နီရာလားရပါဖို့။ (၁၂၈) နီရာလောက်ရာဝင်ပါရေ။ ယင်းပိုင်စွာမှာ (၂၆) နီရာမှ (၁၅၅) ယောက်။ (ရခိုင်သားရူးလာ) လို့မီးစရာ ဟိပါရေ။ လူမျိုးစုတိက ရယ်နီပါပျာ။ ဘဇောင်စွာလဲဥက္ကဌကြီး ရှက်တေ။ ကျွန်တော်လည်း ရှက်ပါရေ။ တခါတခါ တိုင်ပင်ပါရေ။ (ငါရို့လုပ်စွာမှားပျာယ်ဟန်) လို့။ ကိုယ်စွာကိုယ် လက်ကိုင်မရကား။ (ရခိုင်သားအရူးတိကို) လို့ စဉ်းစားကတ်ပါရေ။ ကျွန်တော်နှင့်တကွ ကျွန်တော်ရို့ရခိုင်သားတိအားလုံး ပါရေလို့မှတ်ပါ။ သို့သော် ကျွန်တော်ရို့မရသိမ့်ကေလည်း သည်းခံလို့နီရဖို့လားဆိုခါ မနီပါ။ ကျွန်တော်ကိုယ်တိုင် ဓိဌာန်ချက်နှင့် သီအောင်လုပ်ပါရေ။ ကျွန်တော်ကိုယ်တိုင် (၁) လနှင့် (၁၀) ရက်လောက် ကုလားတန်တရိုး၊ ပြိန်းချောင်းတရိုးတက်ကေ မတန့်ခပါ။ ထိုမြို့ဒေမြို့က အကူတောင်းလို့ ပုဏ္ဏားကျွန်းမှာ ကူခရပါရေ။ ပိုးရီပြင်ကလာစွာပါ၊ မိုးရွာကေ ထီးဆောင်းလို့။ ဆိုရေခါ ကျွန်တော်ရို့ စိတ်မပျက်ကတ်ပါကဲ့။ ရရေပိုင် တတ်နိုင်သည့်လမ်းကြောင်းက ၀င်ပြီးနီပါ။ မြောက်ဦးမြို့တောင်ခြမ်းနှင့် မြောက်ခြမ်းမှာ (၄) သောင်းကျော်ထိ ဟိပါရေ။ မဲဆန္ဒသျှင် (၂) သောင်းကျော်ရကေ ကျွန်တော်ရို့နိုင်ပါဖို့။ အခြားသူတိ ခွဲချင်ပိုင်ခွဲလီ (၂) သောင်း (၅) ထောင်ရကေ ကျွန်တော်ရို့လက်ခုပ်တီးလို့ ကကတ်ဖိ။ ယင်းအကြံကို ပီးလိုပါရေ။ ထိုင်မနီကတ်ပါကဲ့။

ကျွန်တော်ရို့အားလုံး ကျီလားပါယာ။ ကျောက်တော်မြို့ကို ၀င်လိုက်ကေ ကျောက်တော်မြို့နယ် ကောင်းကောင်း ကြောက်ဖို့ကောင်းပါရေ။ ကုလားရလားဖို့ပျင်ခါ ကျောက်တော်မြို့အတွက် မီးပိုင်ပူပြီးကေ လူကြီးရွယ်တူ (၁၅၀) လောက် ကျွန်တော်ရို့နှင့်တွဲပြီးလိုက်ပါရေ။ လူလတ်တိ၊ လူငယ်တိ အားလုံးတွဲပြီးကေ ဖေသာဟိရေ ဆီစက်ပိုင်သျှင်တိ၊ စက်ရုံပိုင်သျှင်တိ တယောက်တယောက်ကို (၅) ထောင်၊ (၆) ထောင်ထည့်ပြီးကေ လုပ်လိုက်လို့ အဗြင်းအောင်လားခပါရေ။ မြောက်ဦးမြို့မှာပိုင် (၅၀၀) မလှူဝံ့၊ (၁၀၀၀) မလှူဝံ့ကေ ကျောက်တော်မြို့ကျပါရေ။ ကျကေ ဆင်းပါယာ။ တချိန်တည်းနှင့် ပိုင်းဖြတ်နီကတ်ပါရေ။ ဇာဖြစ်လို့လဲဆိုကေ ရွာတိုင်းရွာတိုင်းမှာ ထိုးနှက်ချက်တိ ပြည့်လားခရေအတွက် စည်းရုံးရေးဆိုင်ရာမှာ ကိုယ့်ဖဲသာနှင့်ကိုယ် လိုက်နီရရေ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရေ လှူဖို့သူမဟိကေ စည်းရုံးရေလူမှာ တာဝန်မဟိပါ။ မြောက်ဦးမြို့သားတိမှာ တာဝန်ဟိရေလို့ မှတ်လီပါကတ်။ ကနိ ဖွင့်လို့ပြောပါရေ။ အမျိုးဘာသာအတွက် အေပိုင်လုပ်လို့လဲမရလိုက်ကေ ပြည်ပျက်ဖို့၊ အများ နှစ် (၂၀) မကြာပါပျာယ်။ အကုန်သူတိ နက်ဖန်ခါ တတုတ်ကုန်ဖို့စွာ မှတ်လီပါ။ ပြည်ကိုတည်ထောင်လို့ မရလိုက်ကေ ပြောစွာပါ။ အခုဇာလဲ။ စည်းရုံးရေး။ စည်းရုံးရေးမှာ ဇာလဲ။ တန်းတူညီမျှရေးနှင့်ပြောလို့ စည်းရုံးရပါရေ။ တန်းတူညီမျှရေးကို နက်ဖန်ခါ အစိုးရမှာ ဖွဲ့စည်းလားဖို့။ မရကေ အရာ (၂၅) နှစ်တောင်မကသိမ့်လို့ နှစ် (၅၀) ခံပျာလို့မှတ်လီ။ နောက်ကုန်းမှာ ဖဖြုတ်ရီ ထနီပျာ။ သံခွါရာ အရာလည်း ခံချင်ကတ်သိမ့်ရေ။ (ငါ့အိမ်သားလွတ်ကေကျီ။ ပြည်သူကို နှိပ်စက်ကေ စက်ပတ်စီ) ဆိုစွာ ဇာပိုင်စွာအမျိုးလဲ။ ရခိုင်ပင်ဟုတ်သိမ့်ယင့်လားလို့ ကျွန်တော်ပြောစွာပါ။ တန်းတူရရေးကို ကျွန်တော်ရို့ဥက္ကကြီး အကြံပီးချက်အရ ရခိုင်က အကြံပီးချက်အရ၊ အားလုံးတူညီထားပါပျာ၊။ လူမျိုးများထဲမှာ မြန်မာတမျိုးကိုပယ်ကေ ကျန်လူမျိုးစုတိရေ ဆင်းရဲခံဖက် နှိပ်စက်ခံဖက်ဖြစ်လို့ ကနိ စုရုံးပျာ အင်အားစုတခု ဖြစ်နီပါပျာယ်။ လူမျိုးစုထဲမှာ လူမျိုးချေတိ ဟိပါရေ။ ကချင်မှာ (၃၇) မျိုးလောက်ဟိပါရေ။ သျှမ်းမှာလည်း (၃၀) ကျော်ဟိပါရေ။ ကရင်မှာလည်း ယင်းပိုင်ပါ၊ ကွဲဖို့ဆိုကေ ယင်းလူမျိုးစုတိစွာ ဘာသာမတူ။ အ၀တ်မတူ။ ကွဲဖို့သင့်ပါရေ။ အခု နှစ်ဖွဲ့မဟိပါ၊ ဇူမီးချင်းနှင့် တောင်ပေါ်ချင်းစွာ အမျိုးမတူ။ စကားမတူ၊ သို့သော် တဖွဲ့တည်းပါ။ ဇူမီးချင်းလည်းချင်း။ တောင်ပေါ်ချင်းလည်းချင်း။ သို့သော် ချင်းပြည်ကို (တ-စ-ည) မ၀င်ဝံ့ပါ။ အနည်းငယ်မျှရာ ၀င်ဝံ့ပါရေ။ ခိုင်စွာ တပ်ကောင်းစွာကိုမြင်လို့ မ၀င်ဝံပါ။ ချင်းမှာ အောင်ပြီးသားပါ။ အနီအထားကောင်းပါရေ။ ဒေလူမျိုးစုထဲမှာ ချင်းအတော်ဆုံးပါ။ တနားက ဥက္ကဌကြီးပြောခရေ နောက်မွန်။ ကချင်၊ သျှမ်း၊ အားလုံးတော်ပါရေ။ အေရခိုင်လူမျိုးစုရေ ဇာဖြစ်နီလဲ။ ကျွန်သက်ရှည်လို့ ကျွန်စိတ်ဝင်နီရေ။ ပြောင့်ပြောင့်ပြောဖို့ဆိုကေ အေလူတိအပြစ် မဟုတ်ပါ။ (၁၁၄၆) ခု ရခိုင်ပြည်ကြီးပျက်ပြိုကတည်းကပင် အေနိအထိ (၂၀၅) နှစ်တိုင်တိုင် ကျွန်စိတ်ပေါက်နီရေရခိုင်သားသည်၎င်း၊။ လွတ်လပ်ရေးရလို့ လွတ်လပ်ရေးအရသာ မခံစားရရေ (၄၂) နှစ်ကာလအတွင်း ရခိုင်သားသည်၎င်း၊ အမြတ် (၂) ခုထွက်ပါရေ။ ဇာအမြတ်လဲ။ (တစ်) ကြောက်စွာနှင့် (နှစ်) မွဲစွာ (၂) ခု အမြတ်ထွက်တေမှတ်ပါ။

အရာ အေအမွီကိုယူဖို့ဆိုကေ အေအတိုင်းထိုင်နီကတ်ပါဖိ။ ယင်းအတွက်နှင့် ကျွန်တော်ရို့ရေ ဇာပိုင်စည်းရုံးလားရဖို့လဲ။ တန်းတူရေးကို လူမျိုး (၁၉) မျိုးသဘောတူလို့ ချပြီးဆွဲထားပါပျာ။ ဇာအခါတင်ဖို့လဲ။ ကျွန်တော်ရို့ အခု ဇာပိုင်ထင်မြင်ကတ်တေလဲဆိုကေ ကျွန်တော်ရို့က တခြားတခြားသော အဖွဲ့အစည်းရို့သည် သိလျှက်နှင့်မိုက်နီစွာတမျိုး။ သိလျှက်နှင့် ကိုယ်လူကြီးဖြစ်ပြီးကေ ကိုယ့်မိသားစု ထမင်းတဆုပ်စားရကေ ကျီပျာဆိုရေ ပါတီတိပါပါရေ။ ယင်းချက်က ဇာခါလဲဆိုကေ အယင် (ဖဆပလ) ပါတီ ပါလီမာန်မှာအမတ်ဖြစ်ပြီးကေ တက်ဆွေးနွေးခီရဖို့ပိုင် အလားတူထင်လို့ပါ။

ယလောက်ထိ အထင်သေးသောရခိုင်လူမျိုးသည် ဇာပိုင်လူမျိုးလဲ။ ကနိ ယင်းမျိုး အနီအထားမဟုတ်ပါ။ မဟုတ်ကြောင်းကို ကျွန်တော်ပြောပါမည်။ ရခိုင်ပြည်ကြီးသည် တိုင်းကြီး (၁၂) တိုင်း၊ ၀တီ (၇) ရပ်နှင့် ဖွဲ့စည်းလာရေ ရက္ခပူရနိုင်ငံတော်ကြီးသည် အရှိတောင်အာသျှမှာ နှစ်ပေါင်းငါးထောင်တိတိ ကြီးမားနီခရေနိုင်ငံကြီးပါ။ ကနိဇာဖြစ်လို့ ခွီးဖြစ်လားခရေလဲ။ အေပိုင်သစ္စာဖောက်တိကြောင့်။ ရခိုင်ပြည်ကြီး ခွီးဖြစ်လားခပါရေ။ အေကန္တ ဇာပိုင်ခွီးဖြစ်လားခရေလဲဆိုစွာ ကျွန်တော်ပြန်ပြီး ၀တ္ထုပြောပြပါဖို့။ ရခိုင်ပြည်ကြီးပျက်ပြီးသည်နောက် အသူပိုင်ရေလဲ။ မြန်မာမြို့ဝန် အနှစ် (၄၀) ပိုင်ပါရေ။ စစ်အာဏာနှင့်အုပ်ချုပ်လားခရေအတွက် ကျွန်တော်ရို့ မော်ကြည့်ဖို့ မရ။ နောက် အင်္ဂလိပ်သိမ်းလာလတ်တေ။ အနှစ် (၁၁၂) နှစ်ပိုင်ရေ။ နောက်ဆုံး ဆရာတော်ဦးဥတ္တမအာသျှနီဝန်း အလင်းရောင်ပြလိုက်လို့ တိုင်းပြည်ကြီးလွတ်လပ်လားခရေ။ လွတ်လပ်ပြီးသည့်နောက် (ဖဆပလ) အဖွဲ့ချုပ်ဖွဲ့ရေ။ မဖွဲ့ခင်မှာ အင်္ဂလိပ်အစိုးရလက်ထက်ခါ အေမှာရောက်ဟိနီရေထဲက အသက် (၆၀) ကျော်ဟိရေ လူကြီးတိသိပါလိမ့်မည်။ (၉၁) ဌာနနှင့် ဒိုင်အာခီအုပ်ချုပ်ရေးလို့ တခုလည်း ရခိုင်သားကောင်းစားဖို့စွာမပါ။ အနှစ် (၁၁၂) နှစ်ခံခပါရေ။ သို့သော် ကိုင်တွယ်ပုံသည် ညှင်းပမ်းလို့မအုပ်ချုပ်။ လျှော့ပြီးအုပ်ချုပ်တေအတွက် အစာဝရေ၀က်ပိုင် ပျော်ပါရေ။ (၁၁၂) နှစ် အုပ်ချုပ်ပုံသည် (၉၁) ဌာနနှင့် ဒိုင်အာခီအုပ်ချုပ်ရေး အရေးကြီးစွာတခုလည်းမပါကေလည်း လွတ်လပ်စွာ စပါးတိရောင်းချနိုင်ရေအတွက် ဖဲသာတပြားတချပ်ချမ်းသာလို့ ကျေးဇူးသျှင်လို့ ပြောဖို့ကျပါရေ။ ယင်းပိုင် ဘ၀က နီမ၀င်နိုင်ငံဖြစ်တေ အင်္ဂလိပ်မင်းနိုင်ငံအစိုးရကို အိန္ဒိယပြည်က သန်းပေါင်းထောင်ကိုချီလို့ ဟိရေ။ ပညာဟိအပေါင်းလည်းဟိရေ။ မပြောဝံ့။ ထိုဖက်က ဂျပန်ပြည်မပြောဝံ့။ အေဖက်က ကမ္ဘာမှာ လူဦးရေအများဆုံး တရုတ်ပြည်ကြီး မပြောဝံ့။ မြန်မာပြည် မပြောဝံ့။ ယလောက်ထဲမှာ ရခိုင်မသားထဲက မွီးလာရေ အာဇာနီပုဂ္ဂိုလ်ကြီး ဦးဥတ္တမပေါ်လာပါရေ။

ယင်းအချိန်မှာ ရန်ကုန်မှာဘုရင်ခံမင်းကြီးသည် မစ္စတာကရက်ဒေါက်ပါ။ ကရက်ဒေါက်လွန်ပြီးမှ လွတ်လပ်ရေးရခါ (ဆာကိုပတ္တလာ) လက်ထက်မှာရစွာပါ။ ကရက်ဒေါက်လက်ထက်မှာ မစ္စတာကရက်ဒေါက်ကို မော်မကြည့်ဝံ့ကတ်။ ကျွန်တော်ရို့အရွယ်လောက်ဟိရေ အေပုဂ္ဂိုလ်ရို့သိပါလိမ့်မည်။ မြောက်ဦးမြို့မှာ မြို့ပိုင်ချေတယောက် ရှိကဖြတ်သန်းလားကေတောင်က (ရှိခိုးပါရေအသျှင်ဘုရား) လို့ ရှိခိုးနီရရေအချိန်ပါ။ လျှောက်လွှာမှာလည်း (သနားခံရှိခိုးလျှောက်ထားအပ်ပါ၏) လို့ ရွီးရရေအချိန်ပါ။ ယင်းပိုင်အချိန်မျိုးမှာမှ ရခိုင်အာဇာနီ အာသျှနီဝန်းဆရာတော်ဦးဥတ္တမက မစ္စတာကရက်ဒေါက်ကို (ကရက်ဒေါက်မင်းထွက်လားလီ) လို့ နှင်ပါရေ။ ကမ္ဘာမှာ နာမည်တထွက်ကြီး ထိုးတက်လားခပါရေ။ ယင်းအကြောင်းနှင့် ဆရာတော်ဦးဥတ္တမ စည်းရုံးလိုက်တေခါ အိန္ဒိယမဟာသပအသင်းကြီးမှာ ဥက္ကဌနာယကဖြစ်ပါရေ။ နောက် ဂျပန်ပြည်၊ တိုကျိုမှာ ဥက္ကဌနာယကဖြစ်ပါရေ။ ထိုနည်းတူ တရုတ်ပြည်ကဂေါင်းဆောင်ကြီးဆွန်ယက်ဆင်ခေါ်လို့ လားခီပါရေ။ အာသျှနီဝန်းကြီး ဆရာတော်ဦးဥတ္တမ၏အမြင်ကို ကျွန်တော်ပြောပါမည်။ ရခိုင်ပြည် လူတသန်းချေဟိစွာက ငါရခိုင်သားဖြစ်ယင့်သားနှင့် ဦးဆောင်လိုက်ကေ ကကြွတ်ကြီးချိုးပစ်လိုက်ဖို့ပျာ။ အေအချက်သည် စုပေါင်းလုပ်ဆောင်မှ ဖြစ်ဖို့ဆိုပြီးကေ အာသျှတိုက်တတိုက်လုံးကိုစုပေါင်းပြီး အလင်းရောင်ပြခရေအတွက် ဆရာတော်ဦးဥတ္တမသည် (အာသျှနီဝန်း) ဟူသောစကားကို ရခပါရေ။

ကနိရခိုင်သားတိမသိ။ ကျေးဇူးမသိရေအတွက် အဖကိုပုန်ကန်လို့ အခုပိုင်ဆင်းရဲနီရေလို့မှတ်။ ဆရာတော်ဦးဥတ္တမတရားဟောရေခါ စစ်တွေမြို့မှာ ရွှေပေါင်ခံရေ။ ငွေချီးစားရေ။ လယ်ငှားစားရေ။ စပါးစိုက်တေ။ စားနီရရေခါ လူတိစွာ နိုင်ငံရေးကိုစိတ်မ၀င်စားရေအပြင် ဇာပြောလဲ။ (ဘုန်းကြီးဆိုဝါ နိုင်ငံရေးလုပ်တေ) လို့ဆိုခါ ဆရာတော်ဆွမ်းခံလို့ဆွမ်းမရ။ ရခိုင်သားတိ ရခိုင်သမတိစွာ ယင်းပိုင် ပုန်ကန်ခလီရေအတွက် ဆရာတော်ဦးဥတ္တမရေ ရခိုင်ပြည်ကိုစွန့်လို့ တခါတည်းနှင့် အိန္ဒိယပြည်ကြီးနှင့် ဂျပန်ပြည်မှာနီလီစွာ နောက်မြန်မာပြည်မှာနီပါရေ။ သခင်ကိုယ်တော်မှိုင်းအတုပ္ပတ္တိ သိန်းဖေမြင့်ရွီးရေစာအုပ်ကို ကြည့်ပါလီ။ ယင်းစာအုပ်မှာ ဆရာတော်ဦးဥတ္တမကို ခွီးပိုင်ရွီးထားပါရေ။ ဇာဖြစ်ပါလို့လဲ။ ဆရာတော်ဦးဥတ္တမသည် အာသျှတိုက်ကိုစိုးခလို့ အင်္ဂလန်တိုင်းပြည်မှာ ဟုမ္မရူးကိုတောင်းဖို့လားခီရေ ဦးဘဖေ၊ ဦးရှိန်တည်းဟူသော (၂) ယောက်။ အေဦးဥတ္တမတရားကြောင့်။ သခင်ကိုယ်တော်မှိုင်း သခင်ပါတီကိုထူထောင်ရေ။ မြန်မာပြည်ကြီးမှာ သခင်လို့ပေါ်လီရေ။ အသူ့ကျေးဇူးကြောင့်လဲ။ ဆရာတော်ဦးဥတ္တမကျေးဇူးကြောင့်။ နောက်ဆုံး ဆရာတော်ဦးဥတ္တမကို မန္တလေးအစည်းအရုံးတခုကို ဖိတ်တေဆိုခါ ကမ္ဘာနှင့်အရေးကြီးရေ ကမ္ဘာ့မှာညီလာခံကြီး တရုတ်၊ ဂျပန်၊ အိန္ဒိယပြည်ကြီး သုံးပြည်မှာ အိန္ဒိယမဟာသဗအသင်းကြီးက ဖိတ်ထားစွာယင်လို့ လားခီရေအတွက်ကြောင့် (ငါရို့ကိုအရေးမစိုက်) ဆိုပြီးကေ ခွီးပိုင်ရွီးထားပါရေ။ ဟုတ်ဖို့လားမှန်ဖို့လား ကြည့်ကတ်ပါလီတချက်။ နောက်ဆုံး မြန်မာပြည်သို့ ပြန်လာလတ်တေခါ ဆရာတော်ဦးဥတ္တမကို အရေးမစိုက်သည့်အပြင် တချို့တချို့လူတိ ယှဉ်းကပ်ပလိုက်စွာမှာ ဆရာတော်ဦးဥတ္တမ ရူးလားခပါရေ။ ရန်ကုန်မြို့မှာ နပျိုးသီးခွံကောက်စားလို့။ ဆီးလိပ်ပိုင်းကောက်စားလို့။ နောက်ဆုံး ညောင်တုံးတိုက်မှာ ကွယ်လွန်လားပါရေ။ သတိထား။ ယင်းအတွက် အေလောက် ကျေးဇူးသျှင်ကြီးဖွင့်ခလို့ ကနိမြန်မာပြည်ကြီးလွတ်လပ်ရေးရနီစွာ။ ဆရာတော်ဦးဥတ္တမရုပ်ထုသည် ကမ္ဘာပေါ်မှာတက်လို့မဟိ။ ဦးဝိစာရကတော့ ရွှေတိဂုံဘုရားနောက်က ဟိလီပါယင့်။ သို့သော် ရခိုင်သားတိ ယင်းအချက်တိကို မသိလိုက်ကေ အာသျှတိုက်ကိုအလင်းရောင်ပီးခရေ ဆရာတော်ကို အိန္ဒိယကထုတ်တေ အိန္ဒိယသမိုင်းကြီးမှာ အင်္ဂလိပ်ဘာသာနှင့်ထုတ်တေစာအုပ်မှာ ရွီးထားပါရေ။ ဇာရွီးထားလေ။ ဘုရားရုပ်တော်ပိုင် ရွီးထားပါရေ (The Light of Asia) (အာသျှတိုက် အလင်းရောင်) လို့ ရွီးထားပါရေ။

ကနိ ရခိုင်သားရို့ရေ ကျွန်တော်ရို့အဖမဟိလို့ အေပိုင်ခံနီရရေ။ (ငါရို့၏ ကမ္ဘာကိုဂေါင်းဆောင်ပြီး ဖခင်ပြုလားခရေ ရခိုင့်ဂေါင်းဆောင်ကြီးကို အေနိ မမိခြင်းအားဖြင့် ငါရို့သည်အောင်မြင်အံ့) ဟူ၍ ပထမဆုံး ဆရာတော်ဦးဥတ္တမကို ဂါရ၀ပြုကတ်ပါ။ ကျေနပ်ကတ်ပါ။ ကျောက်တော်မြို့မှာကျခါ အေအချက်ကို လွမ်းလွမ်းဆွီးဆွီး တေးခြင်းချေတပုဒ် (၃) မိနစ်၊ (၃) စက္ကန့်လောက်လုပ်ပြီးကေ ဖွင့်ခပါရေ။ (အိုအသျှင်၊ ကျေးဇူးတော်အသျှင်ဦးဥတ္တမ ရခိုင်သူရခိုင်သားရို့၏မြီးငယ်မြစ်ငယ်ရို့ကို အခုအခါ ဇာဘုံဘ၀မှာပဲဖြစ်ဖြစ် တချက်ချေလာပြီး ကြည့်ပါ။ ကျွန်တော်ရို့ ဦးချပါ၏) လို့ ဦးချခပါရေ။ ဆရာတော် ဦးဥတ္တမအရုပ်နှင့်တကွ ကျွန်တော်ရို့ဦးချစွာပါ။ (ဒုတိယပိုင်းပြီး၏) ဆရာကြီးသည် မီးခွန်းဟောပြောရာ၌ ဆရာတော်ဦးဥတ္တမကဲ့သို့ မကြောက်မရွံ့ ပြတ်ပြတ်သားသား၊ ပွင့်ပွင့်လင်းလင်း ဟောပြောတတ်သဖြင့် (တစည) ပါတီမှ သူရဦးစောဖြူ၊ ဦးညီညီလွင်ရို့သည် သက်သီခံပစ္စည်းများနှင့်အတူ မြန်မာတိုင်းမှူးထံမှာလည်းကောင်း၊ န၀တအကြီးအကဲရို့ထံမှာလည်းကောင်း အရေးယူဖမ်းဆီးရန် လားရောက်တိုင်ကြားကြသောကြောင့် စစ်တွေအကျဉ်းထောင်၌ ဤသို့ မသီသင့်ဘဲ လျှင်မြန်စွာသီဆုံးလားရခြင်းဖြစ်ပါရေ။

(ALD) ၏နာယကကြီးလည်းဖြစ် ရခိုင်-မြန်မာပဏ္ဍိတ်လည်းဖြစ်သော ဆရာကြီးဦးဦးသာထွန်း၏သမိုင်းဝင်မိန့်ခွန်းများ (နောက်ဆုံးပိုင်း)

ကျွန်တော်ရို့၏ကိုယ့်တိုင်းကိုယ့်ဒေသတိမှာ တဒေသနှင့်တဒေသမတူပါ။ တိုင်း (သို့မဟုတ်) ပြည်နယ်တိမှာဆိုကေ ကိုယ့်ဒေသ၏စီးပွားရေး၊ လူမှုရေး၊ တရားစီရင်ရေးတိကိုဆွဲရပါဖို့ မပေါ်ပါသိမ့်လည်း အခုထိုမှာ ဇာပိုင်မျိုးဖြစ်လာမည်ကားမသိ။ ဆိုကေ အသူ့ပါးကတောင်းရဖို့လဲ။ လာဘန်ပျာကား ရခိုင်သား။ ကကောင်းပညာဟိရေကား၊ ယင်းသူရို့ပီးမှ ရမည်နှင့်။ ဥပမာတခုပြောပါမည်။ ဒီမိုကရေစီလမ်းကြောင်းမှာ ဒီမိုကရေစီဆိုစွာကိုပြောပါမည်။ ယင်းပိုင်ပြောနီရေရခိုင်သားလူကြီးတိ စာတတ်တိ အသံချပ်ချပ်နှင့်ပြောနီစွာတိ နိုင်ငံရေးခေါင်းဆောင်တိ ၀ါရင့်တိ တချို့က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကဦးစောမြအောင်ကို မတတ်၊ နိုင်ငံရေးနားမလည်၊ ပလင်စနီတလုံးလတ်။ ကွက်စိတပိုဒ်နိုင်လိမ့်မည်ဆိုပါရေ။ ဆိုပတ်စီ ကိစ္စမဟိပါ။ သူရို့ပြောလိုက်ကေ နိုင်ငံရေးဝါတော်ကြီးတိ နိုင်ငံရေးမှာ အနှစ် (၄၀) လုပ်ခရေ (၃၀) လုပ်ခရေလတ်။ ယင်းချက်ကိုပြောရပါဖို့။ စစီးနားထောင်ကတ်ပါ။ ကနိထမင်းငတ်ပျာယ်မှတ်ပါဖိ။ မစုံကေမကောင်း ပြောရဖို့။ နိုင်ငံရေးဝါတော်ကြီးကို ကျောက်တော်နှင့်စစ်တွေမြို့မှာ ပြောခပါပျာ။ နိုင်ငံရေးဝါတော်ကြီး။ အဝေ ဆရာတော်ကြီးဝါတော် (၄၅) ၀ါရရေ။ ဓမ္မစရိယရွှေထီးဆောင်းလာလတ်စွာ ကနိပါရာဇိကကျကေ အသုံးမကျပျာ။ မင်းရို့နိုင်ငံရေးခေါင်းဆောင်တိ ၀ါတော်ကြီးတိ သွီးစွန်းသောလက်ဖြင့် ပါရာဇိကကျနီပျာ။ ရခိုင်ပြည်ကိုခေါင်းဆောင်ဖို့လာစွာ ဘစောင်မျက်နှာနှင့်လာရေလဲလို့။ ဗြောင်ပြောခပါရေ။ အသာချေပြောလို့ မရပါပျာ။ ယေခါ ကျွန်တော်ရို့ဘဇောင်နည်းနှင့်၊ ဇာဥပဒေပင်ရရ ဖယ်ဒရယ်ပင်ရရ ဖယ်ဒရယ်မဟုတ်ကေ တခြားရချင်စွာကိုရရ ဒီမိုကရေစီအစစ်ရကေ ကျွန်တော်ရို့တန်းတူရေးကိုဆွဲရဖို့။ ယင်းအတွက်နှင့် ဗမာအသုံးအနှုံးကိုဖျောက်လို့ မြန်မာလို့ဆိုရေကား။ အကြောင်းက သူရို့စွာ လူမျိုးစုနှင့်မသင့်မမြတ် ဖြစ်ပါလတ်တေ။ လူမျိုးစုနှင့်မသင့်မမြတ်ကေ ပြည်တွင်းပြည်ပ သူပုန်ထလို့ အစိုးရမှာ ငွေကုန်ကျရေ။ တိုင်းပြည်တည်ဆောက်ရေးကိုလုပ်ဖို့မရ။ ယင်းအတွက်နှင့် တိုင်ပြည်မွဲလားခရေလို့မှတ်ပါ။ ယင်းအချက်ကို ဖက်ခွက်တပ်မတော်က မလိုလားပါ။ မလိုလားရေအတွက် (ပြည်ထောင်စုမပြိုကွဲရေး) လို့ ဟောနီစွာပါ။ ဆိုခါ အေခရီးကလားရေခါ ကျွန်တော်ရို့ကို အနာရှာလို့မရပါ။ စည်းရုံးရေခါ စကားမလွန်ပါစီကဲ့။ လူမျိုးရေးကိုထိခိုက်၍မရပါ။ ဥပဒေနှင့် ဆန့်ကျင်၍လည်းမရပါ။ စည်းရုံးရာမှာ စကားတိမလွန်ပါစီကဲ့။

ယင်းပိုင်လားဖို့ဆိုခါ ရခိုင်ပြည်မှာ ဥက္ကဌနှင့်ဖွဲ့စည်းလို့ရဖို့လား။ ရခိုင်တိုင်းဒေသတခုလုံးမှာ ဥက္ကဌနှင့်ကောင်စီကိုရာ အဆင့်ဆင့်ဖွဲ့ဖို့လား။ လွန်ခရေဆယ်နှစ်လောက်က မေဇူတိသူပုန်ထရေခါ ပလက်ဝကိုကျရေလတ်။ ကြားဖူးကြပါလိမ့်မည်။ အခု ပလက်ဝချောင်းဒေဖက် မကျေးပင်ချောင်း ထိုဖက်ကိုကျော်ခါ မီဇူရမ်ဆိုပြီးကေပြည်နယ်ရလို့ သမ္မတနှင့်ပါ။ အိန္ဒိယအစိုးရကပီးလိုက်စွာ အခုထိုဖက်ကမ်းကိုကြည့်လိုက်တေခါ တိုက်တာအဆောက်အဦးတိ ဟိမ်းနီယင့်။ ရခိုင်သားမျိုးမှာဝါ နှစ်ပေါင်း (၂၀၀) နှစ်ဟိလတ်ပျာ။ ဂန်ဒဂေါက်နှင့်၊ အုန်းထရံနှင့်။ ၀ါးထရံ၊ အုန်းထရံကို ဂန်ဒဂေါက်နှင့် နီချင်တုန်းသိမ့်။ ကနိ ထိုဖက်ကိုကျော်လိုက်ကေ ဟိမ်းလို့မြင်ပါလိမ့်မည်။ ယေကေလည်း ကြေနပ်နီကေ ဇာဖြစ်လားခရေလဲ။ ၀မ်းနည်းဖို့ကောင်းပါရေ။ အေပိုင်မကျချင်လို့ ကျွန်တော်ရို့အသီခံလို့ လုပ်နီကတ်စွာပါ။ သို့သော် ကျွန်တော်မှာကြားချင်စွာက အေလူကြီးတိတော့ခါ သင်းချိုင်းကုန်းတဖက် အိမ်တဖက်ကျနီပါယာ။ ကျန်လိုက်ဖို့အချေတိစွာ ကျွန်တော်ရို့တည်ဆောက်ခရေအုတ်မြစ်တိစွာ အေပိုင်ကြီးကျယ်ဖို့မြင်လို့ အခု ကျွန်တော်တို့ရှိတွင်မှာပင် ပျက်အောင်ဖျက်ပါလိမ့်မည်။ ခိုင်ခန့်အောင်ထားပါလီကတ်။ ခိုင်မြဲစွာထားလို့ဟိကေ တိုင်းရင်းသားလူမျိုးစုတိနှင့်တန်းတူဖို့ဆိုကေ နောက် (၂၄-၂၅) နှစ်အတွင်းမှာ ထိုသူရို့နှင့်တန်းတူ ဖြစ်ပါလိမ့်မည်။ ယင်းအခါမှ ကျွန်တော်ရို့၏စီးပွားရေးကို ဘဇောင်ဆွဲဖို့လဲ၊ ရခိုင်ပြည် နိုင်ငံတကာနှင့် ဆက်ဆံရေး၊ ပြည်တွင်းစီးပွားရေးကို ဘဇောင်ဆွဲဖို့လဲဆိုစွာ လိုပါဖို့သိမ့်။ ယင်းဆွဲဖို့စွာက ရဖို့ပြည်အပေါ်မှာ မူတည်ပါရေ။ ဖယ်ဒရယ်မူကတော့ ပီးဖို့မဟုတ်ပါ။

တဆင့်တဆင့်ပီးကေ ဇာလုပ်ဖို့လဲဆိုစွာလိုပါရေ။ ယင်းအခါ လုပ်လာခါ ယင်းဥပဒေကိုဆွဲဖို့ ပညာတတ်တိ ကကောင်းလိုလာပါရေ။ ဆိုခါ ပြည်တွင်းထဲမှာ ပညာဟိတိမဟိလို့မရ။ ဆွဲဖို့စွာမှာ ကိုယ်စားလှယ်မှရာ ဆွဲရဖို့။ ကိုယ်စားလှယ်မှာ ၀က်ချုပ်နာတိကို မတင်နိုင်ပါ။ သူရို့မှာဇာတိပါလဲ။ ၀က်ချုပ်၊ မာဒရာမစင်စွာတိပါပါရေ။ ကြည့်ပါ၊ မျက်စိဖွင့်လို့။ ယင်းအတွက်နှင့် (၂၆) နှစ်တိုင်တိုင်စားလို့မ၀သိမ့်လို့ အရာလိမ်ပြီးကေ လုပ်နီစွာတိကိုကြည့်ကတ်ပါ။ ဆိုခါ ယခုမျက်မှောက်အမှားပါ။ မျက်မှောက်အမှားနောက်ကပါနီကတ်လို့ ၀မ်းနည်းလို့ ကျွန်တော်ပြောစွာပါ။ သတိထားပါ။ လွန်လီပြီးသောအခါက ဇာမှားခရေလဲ။ အတိတ်က လွန်လီပြီးသောအခါက မှားခစွာကိုမပြောကေ အတိတ်နှင့်ပစ္စုပ္ပန်ကိုမပေါင်းကေ အနာဂါတ်ကို ခြီလှမ်းမလှမ်းနိုင်လို့မှတ်ပါ။ ယင်းအချက်တိကိုသတိမထား ရုပ်ဝါဒီနှင့် ကွန်မျူနစ်ဆန်စွာက ကျွန်ဖြစ်လာသောလူမျိုး။ ရခိုင်သမိုင်းကို မကြားဖူးသူ (၁၀၀) မှာ (၁၀၁) ယောက်ဖြစ်နီပါယာ။

ကျွန်တော်ရို့ ရခိုင်လို့ဇာဖို့ခေါ်ရေလဲ။ နားထောင်ကတ်ပါနန်း။ အမျိုးသီလနှစ်ဌာနကိုစောင့်လို့ ရခိုင်လို့ခေါ်ပါရေ။ အေနိ သီလမဟိ၊ အမျိုးကိုမစောင့်၊ အမျိုးစောင့်တရားမဟိကေ ရခိုင်ပျက်ပါယာ။ သတိပီးပါရေ။ အေနိကပင်စပြီးကေ ရခိုင်ကိုချက် အစစ်လုပ်ပါကတ်မည်။ ရခိုင်ကပျက် ရခိုင်နခေါင်း မဖြစ်ပါကတ်ကဲ့။ ရခိုင်သားနခေါင်း ကောင်းကောင်းများလားခပါယာ။ ဆိုခါ ရှည်လျှားလှစွာသော သမိုင်းကိုထားလိုက်ပါဖိ။ ရခိုင်ဟူ၍ခေါ်သောသမိုင်းကိုပဲ ကျွန်တော်ရို့ပြောပါမည်။ ဇာနိကခေါ်ပါရေလဲ။ လွန်ခရေအနှစ် (၅၀၀၀) ကဖြစ်ခကတ်ပါဖို့ ရခိုင်ခေါ်စွာ။

ကျွန်တော်ရို့သည် လွန်ခရေ အနှစ် (၅၀၀၀)က ကုဿမင်းသက္ကရာဇ် (၅၉၅) ခုမှာ ဘီစီ (၃၃၀၀) ကျော်က ကျွန်တော်ရို့ရခိုင်ပြည်မှာ ပထမဓည၀တီမြို့ကိုတည်ပါရေ။ မာရာယုမင်းကြီးဆိုစွာ လူတိုင်းသိပါလိမ့်မည်။ မာရာယုမင်းကြီးသည် ဇာကလာပါလဲဆိုစွာ ဆန်းစစ်ဖို့လိုပါလိမ့်မည်။ မာရာယုမင်းကြီးသည် အိန္ဒိယပြည် ကပ္ပိလ၀တ်တိုင်းက အသူ့သားလဲဆိုစွာ သိဖို့လိုပါလိမ့်မည်။ သစ္စနမင်းကြီးသားပါ။ ကပ္ပိလတိုင်းနှင့် ကောသလတိုင်းစစ်ဖြစ်ကတ်တေ။ လယ်ထွန်ဖို့ရီကိုလုလို့ ဂင်္ဂါမြစ်ရီကြောင့် စစ်ဖြစ်စွာမှာ သူရို့၏ငြိမ်းချမ်းရေး ဘုရားသခင်တည်းဟူသော ဘူးသီးစောင့်ရေဘုရားသခင်က ကောင်းခင်ကစောင်းတီးလိုက်တေ။ ထိုအခါ ငြိမ်းချမ်းပြီး ငြိမ်းညောင်းသောအသံကိုကြားရ၍ ကောင်းကင်ကိုမော့ကြည့်လိုက်သောခါ ဘုရားသခင်က ကောင်းခင်ကတရားဟောပါရေ။ ဟေး အဇ္ဇုန၊ သင်စစ်ပွဲအောင်လို့ ကောင်းကောင်းပျော်ရေလား။ နောင်ခါ မင်းမျက်ရည်အသွယ်သွယ်စီးကျလိမ့်မည်။ ဇာဖြစ်လို့လဲ။ မင်းမျိုးမင်းအသွီးနှင့် တိုင်းပြည်ကသွီးကိုနင်းပြီး သျှင်ဘုရင်လုပ်တေ။ ကကောင်းကောင်းရေထင်လား၊ ဆိုခါ ကောင်းကောင်းသံဝေဂရပြီးကေ အားလုံးစွာကိုစွန့်ပနာ တောထွက်လာလတ်စွာပါ။ ရခိုင်ပြည် ဂစ္စပနဒီမြစ်၏လက်ဝဲလက်ယာ ကိုးဆယ့်ကိုးမြို့ဟိစွာမှာ ဤအကြောင်းအရာကို ပုဏ္ဏားကျွန်းမြို့မှာဟောရေခါ တယောက်ထပြီးကေ ဇာပြောလည်းဆိုကေ ပုဏ္ဏားကျွန်းဝကနီပြီးကေ ပလက်ဝထိဟိစွာမှာ ရွာချေတောင်မှ ကိုးဆယ့်ကိုးဟိဖို့မဟုတ်ပါဆရာကြီး။ ကျွန်တော်ရို့က မယုံဆိုပါရေ။ မှန်ပါရေ။ ဇာဖြစ်လို့လဲဆိုကေ ရခိုင်ကံမကောင်းလို့ ဆုတ်ယုတ်လာလတ်လို့မှတ်ပါလီ။

ယင်းခါ အဇ္ဇုနသျှင်ရသေ့သည် တောတလျှောက်က ရခိုင်ပြည်ကိုလာရေပလက်ဝကို ရောက်ဖူးလူတိုင်း သိပါလိမ့်မည်။ အရှိဖက်ကို ရက္ခပူရတိုင်း။ ပလက်ဝ၊ မီးဝကပင်အထက်ကို ဥဿလင်းတိုင်းလို့ခေါ်ပါရေ။ တိုင်းတတိုင်းကိုခွဲစွာမှာ အနည်းဆုံး မြို့ဆယ်မြို့ပါပါရေ။ ရခိုင်၏ဖွဲ့စည်းပုံအရပါ။ ရခိုင်စွာ သာမညနိုင်ငံ အနည်းချေကားမဟုတ်။ ပျက်စီးလားခစွာ အခုမျိုးပြုတ်ဖို့ကြံနီပျာ။ ကောင်းကောင်းသတိထားကတ်ပါ။ ယေကေ ဥဿလင်းတိုင်းအရှိဘက်ကိုဆန်လိုက်ခါ ဇာခေါ်လဲဆိုကေ အရှိဘင်္ဂလားတိုင်း။ အခု ဘင်္ဂလားဒေခ်ျနိုင်ငံရေ ကျွန်တော်ရို့ပိုင်စွာပါ။ ယေကေ ၄င်း၏လက်ယာဖက်ကိုကြည့်လိုက်တေအခါ နာဂသေနတိုင်း။ အခု ထရိပူရပြည်ပါ၊ ယင်းဘက်မှာ ရခိုင်သားကိုကြည့်လိုက်ကေ အခုတသန်းခွဲဟိပါသိမ့်ရေ။ မြုံတိ၊ ဖလံတိ ရခိုင်စကားပြောပါရေ။ အခု ကျွန်တော် ဒေကဥဿလင်းတိုင်းအလယ်တရိုးကိုကြည့်လိုက်ကေ ဇာတွိလဲ။ ကာမရူပတိုင်းပါ။ ၄င်း၏အနောက်ဘက်ကိုကြည့်ခါ မဟိံသကတိုင်း။ ရခိုင်ပြည်ပိုင်ရေတိုင်းတိပါ။ အခုဇာသူရို့ဝင်နီလည်းကြည့်ပါ။ အားလုံးအသီးသီးဝင်လားခပါယာ။ ရခိုင်တိတောင်တန်းကပ်လို့ တ၀ိုင်းချေကျန်ပျာ။ အခု ယင်းဖက်ကရခိုင်သားတိ ထိုဘက်ကိုကြည့်လိုက်ကေ လူနှစ်သန်းခွဲလောက် ဟိပါသိမ့်ရေ။ လာချင်နီကတ်ယာ။ ထိုဘက်မှာ အ၀ကျွန်းဆိုစွာ ပပေါ့ချေရွာကြီးတိမဟုတ်ပါ။ အခု ကုလားတိဝင်လာပါယာ။ တဖြည်းဖြည်းစိမ့်ဝင်လို့ စုစုပေါင်းလူနှစ်ထောင်မဟိပါယာ။ အားလုံး ဘုရားစေတီတိနှင့် ကျောင်းတိရာကျန်လိုက်ပါရေ။ ယင်းပိုင်ထိုးဝင်လာရေပိုင် ကျွန်တော်ရို့၏နီရာကို ထိုးဝင်လာရေ။ ဇာခါထိုးဝင်ရေလဲ အင်္ဂလိပ်သက္ကရာဇ် ၁၆၆၆ မှာထိုးဝင်လာစွာပါ။ ဇာဖြစ်လို့လဲ ယင်းအခါ ရခိုင်အင်အားညံ့လာလို့ပါ။

ရခိုင်တိမညံ့ခင် ဂွဖက်မှာ ဟိုင်းကြီးကျွန်းဟိပါရေ။ ထိုဖက်က ကတ္တရာပူရကျွန်း၊ သောင်းကြီးကျွန်း၊ ဒေကအ၀ကျွန်း ကျွန်းစုတိပါ။ ရခိုင်ပြည်၏ကျွန်းကြီးသည် သောင်းကြီးကျွန်း။ ကတ္တရာပူရကျွန်းလို့ခေါ်ရေ။ ကမ္ဘာ့အရပ်ရပ်မှလူတိစွာ အခုရခိုင်ပြည် သံတွဲငပလီသို့ အပန်းဖြေဖို့လာကတ်တေပိုင် ရခိုင်ဘုရင်လုပ်ထားလို့ အကောက်ခွန်ရနီရေကျွန်းစွာ သောင်းကြီးကျွန်းပါ။ ဘဇောင်ရွီးထားကတ်လဲဆိုကေ အင်္ဂလိပ်နှင့်ဟိန္ဒူကျမ်းတိမှာရွီးထားစွာက ကမ္ဘာပေါ်မှာ အလှဆုံးကမ်းခြီပါ။ အခုအသူပိုင်လားခရေလဲ။ ရခိုင်သားတိအကျင့်ပျက်လို့ ဆုတ်လာစွာပါ။ အရာလည်းမလွတ်သိမ့်ဆိုကေ ဥက္ကဌကြီးပြောခရေပိုင် ပျူလူမျိုးပိုင် တခုလည်းမကျန်ပါပျာလို့မှတ်ပါလီ။ ယင်းအတွက်နှင့် ၁၆၆၆ ခုနှစ်လောက်က စစ်တကောင်းထိုဘက်ကို မိုင် (၅၀) ထိပိုင်ခရေ။ အယင် ပထမ၀ါလို့ဆိုကေ ထိုမှာ ဗြမ္မာပုတ္တမြစ်ကြီး ဒေဘက်မှာ ကူကသိမြစ်ဝ။ ယင်းမြစ်ထိုဘက်မှာ လွန်ခရေ (၁၀) နှစ်လောက်က ဘင်္ဂလားဒေ့ခ်ျအစိုးရက တူးဖော်ရေးလုပ်ရေခါ ထိုမှာ စိုင်းဒြားမင်း၏လက်ရာဘုရားနှင့် အနုပညာလက်ရာတိ ကကောင်းပေါ်ထွက်လာလို့ အားလုံးကိုမော်ကွန်းတင်ပျာ ရွီးထားခပါရေ။

ယင်းချင့်တိအားလုံး ရခိုင်သားစွာတိပါ။ ဘလောက် ပိုင်ခရေလဲဆိုခါ အဇ္ဇုနသျှင်ရသေ့တောထွက်ရေခါ ယင်းနားမှာ ထိုဖက်ကအိန္ဒိယ ဒေဖက်ကရခိုင်ပါ။ ခြီတလှမ်းလှမ်းလိုက်စွာနှင့်ရောက်တေအတွက် အနီးချေနှင့် ရခိုင်ဒေသကို ရောက်လာစွာပါ။ တရားအားထုတ်ဖို့ ရီကြိုင်ရာမြက်နုရာကိုရှာရေအခါ ကုလားတန်မြစ်ကို ကျပါရေ။ အဇ္ဇုနသျှင်ရသေ့လည်း ကုလားတန်မြစ်ကိုမှီ၍ တရားဆောက်တည်ပြီးနီပါရေ။ ယင်းအနားမှာ သက်ပြည်တပြည်ဟိပါရေ။ သက်ပြည်ကို သက်မင်းစန္ဒြသိဒ္ဓိဆိုရေမင်းက အုပ်ချုပ်နီပါရေ။ စန္ဒြသိဒ္ဓိဆိုရေ သက်မင်းရေ ထိုသျှင်ရသေ့အဇ္ဇုနကို မြင်တွိဖူးမျှော်ရရေခါ ကြည်ညိုသဒ္ဒါတရားပွား၍ ပစ္စည်းလေးပါးဖြင့် ဆွမ်းကွမ်းယာခုတ်တိကို အမြဲမပြတ်ပူဇော်လျှက်ထားပါရေ။ ထိုအခါ တနိသောအခါ သက်မင်းစန္ဒြရသိဒ္ဓိ၏ သမီးတော်ဣန္ဒာမာရယုကို ဆွမ်းပို့ဖို့ခိုင်းစီပါရေ။ ထိုအခါ ဘ၀အနန္ဒကကုသိုလ်ရီစက်ကြောင့် ရသေ့လူထွက်ပျာ ဣန္ဒာမာရယုနှင့် ရလားခကတ်ပါရေ။ တချို့တချို့သော ရာဇာဝင်က တိရိစ္ဆာန်ဆတ်မနှင့် ရရေလို့ဆိုပါရေ။ မဟုတ်ပါ။ တခါလည်းမရကောင်းပါ။ ဇာဖြစ်လို့လဲဆိုကေ တချို့က ရခိုင်သားကို တိရိစ္ဆာန်ဟု ဆိုလိုချင်သောကြောင့် ရွီးထားသောကျမ်းတိရာဖြစ်ပါရေ။

ရခိုင်ရာဇာဝင်ဆိုတိုင်း မယုံကတ်ပါကဲ့။ ကျွန်ဘ၀မှာ ရွီးပစ်ခရေစာတိ ကောင်းကောင်းဟိပါရေ။ ငါ့အဖိုးသျှင်စာ၊ ငါရို့ဆရာတော်ကြီးစာကိုလည်း ကောင်းကောင်းအားမကိုးကတ်ပါကဲ့။ ကြည့်ကြည့်ချင်း ကျွန်တော်ရို့ကမြင်ပါရေ။ ယင်းအတွက်နှင့် ဣန္ဒာမာရယုမည်သော စန္ဒြသိဒ္ဓိသမီးတော်နှင့် သကျသာဂီဝံသ၊ မဟာဝံသ၊ ခတ္တိယမင်းမျိုးမှဆင်းလာသော သစ္စနနှင့်ထိမ်းမြားလို့ မာရယုမင်းသားကို မွီးပါရေ။ ဥပမာအားဖြင့် ဂေါတမဘုရားသည် ကပ်ကမ္ဘာမှာပွင့်ဖို့ သာသနာစောင့်နတ်များနှင့်တကွ သိကြားဗြဟ္မာရို့ရေ သုသီတာက အလောင်းတော်နတ်သားကို မည်တော်မာယာ၏၀မ်း၌ ပဋိသန္ဓေတည်ပြီးသကဲ့သို့ အခုလည်း အနောက်မဉ္စိမဒေသမှာ ဘုရားပွင့်ရေခါ ရခိုင်ပြည်ဓည၀တီကို ဘုရားသျှင်ကြွတော်မူဖို့ ထိုအခါ ထုံးစဉ်အတိုင်း ပျာတိတ်ပီးရန်အလို့ငှာ ရခိုင်ပြည်မှာ မင်းဆက်ပြုတ်မလားဖို့အတွက် မင်းဆက်ဆက်ပီးစွာလို့မှတ်ပါ။

ထို့ကြောင့် သုတိသာနတ်ပြည်က သောနသိဒ္ဓိယနတ်သားကိုပင့်ပြီးကေ အဇ္ဇုနမင်းကို တောထွက်အောင် လုပ်လိုက်စွာပါ။ ယင်းမှာ သစ္စနနှင့်ဣန္ဒာမာရယုရို့ဇနီးမောင်နှံနှစ်ဦး ပျော်ပါးနီကတ်ကေ တခါလည်းဆုံးဖို့မဟုတ်လို့ ကုလားတန်မြစ်မှာရီချိုးရေခါ မြစ်မှာတယောက်တခြားမျိုးလို့ပါလားခစွာပါ။ လင်သစ္စနက ဇာကိုရောက်လားလဲမသိ၊ ဣန္ဒာမာရယုကလည်း ဇာကိုရောက်လားမှန်းလဲမသိ ဆိုခါ ကျန်ရစ်တေ သုံးနှစ်သားအရွယ် မာရယုမင်းသားငယ်က တငိုငိုနှင့်နီရေလတ်။ ယင်းခါ မြိုတောင်မင်း ငအောင်ကလည်း တောခရီးထွက်လို့လာရေ။ ထိုအခါ အချေတယောက်တောထဲမှာငိုနီရေဆိုကာ လားကြည့်ခါ အမိမဲ့သား ရီမဲ့ငါးပမာ ဒုက္ခသည်မာရယုမင်းသားငယ်ကို မြိုတောင်မင်းက ကောက်ယူမွီးစားထားပါရေ။ မွီးစားထားရေခါ မြိုတောင်မင်းမှာလည်း သမီးချေတယောက်ဟိပါရေ။ နာမည်က မဗညှာလတ်။ ဆိုအခါ မာရယုမင်းသားငယ်ကို ဒါး၊ ဒုတ်၊ လှဲအစဟိသော အဌာရသ (၁၈) ပါးသောယောက်ျားရို့တတ်အပ်သော ပညာရပ်တိကိုသင်ပီးလို့ တောင်မင်းရာထူးကိုပီးလိုက်သဖြင့် ၀ါးအလုံး (၁၀၀) တိုင်အလုံး (၁၀၀) ရို့ဖြင့် မာရယုမင်းသားငယ်ကို နန်းတင်ပါရေလတ်။ ကျွန်တော်စီ မကြာမကြာပြောပါရေ။ ဒေအကြောင်းကို။ ထိုအခါ ဓည၀တီပြည်ကြီးကို တည်ထောင်ပြီး ဗုဒ္ဓဂေါတမပွင့်ဖို့စွာကိုအကြောင်းပြုလို့ သိကြားမင်းဖန်ဆင်းပြီးကေ သံလျှက်တော်ကို ဆက်သက်လီပါရေ။ ဆက်တေခါ ဒေချက်မှာပျော်ပိုက်နီကေမဖြစ်ဆိုရေခါ နောင်မှာ သမီးမဗညှာနှင့် ပေါင်းဖက်လို့ သမီးချေတယောက်မွီးကျန်ရစ်တေ။ နာမည်က (မာရ)။ သူရို့မြို့စကားနှင့် (အမာရ) လို့ခေါ်ပါရေ။ အဖအသူလဲ။ သကျသာဂီဝင်မင်းသား ရခိုင်မင်းမျိုးကဆင်းလာရေ။ အမိဝါ မြိုတောင်မင်းကြီးသမီး မြိုမ။ ရခိုင်သားနှင့်ရကေ ရခိုင်သားကပျက်မချေတယောက်ကျန်ရစ်တေ။ မြိုထက်ဝှက်၊ ရခိုင်ထက်ဝှက်။

ကိုင်ယေကေ မြိုဇာဖို့ခွဲချင်ကတ်လဲ။ မီးကြည့်ကေ ဖေသာမဟိလား၊ ဟိပါရေလတ်၊ နောက် ကျွန်တော်ရို့ မဟာမြတ်မုနိဘုရားကြီးကို သွန်းပြီးရေနောက် မင်း (၁၀၁) ပါးထီးဆောင်းလို့ စန္ဒာသူရိယမင်းအပြန်မှာ လက်ဆောင်ပီးပါရေ။ ဇာပီးလိုက်တေလဲ၊ မြိုမင်းကို နဗက်ကြီး (၉) ရံပီးလိုက်တေ။ ငွေလက်ကောက်နှစ်ရံ ပီးလိုက်တေ။ လောင်ဗွန်းတချပ်ပီးလိုက်တေ။ ကြီးဟင်းဇားနှစ်လုံးပီးလိုက်တေ။ ထိုအခါ ပျော်လို့ မြိုတိကောင်းကောင်းမကကတ်လားဆိုခါ ကပါရေလတ်။ ယင်းလက်ကောက်တိဟိပါသိယင့်လားဆိုခါ ဟိပါရေလတ်။ နားဋောင်းကို တောင်မင်းကဆုံနှင့်ထောင်းလို့လည်းမပျက်လို့ ၀တ္ထုပြောလာပါသိမ့်ရေ။ မြိုတောင်မင်းက ယင်းပိုင် ဘုရားလက်ထက်ကပင် ရခိုင်အမျိုးနှင့်ဆက်ပြီးလာစွာ ဘုရားပွင့်ခါလည်း မြိုနှင့်ဆက်ပြီး ဗုဒ္ဓဘာသာဖြစ်လာစွာပါ။

အခု ကိုယ်ရို့မြိုအမတ်လောင်းကနီပြီး ခရစ်ယာန်ဝင်လာခါ ထားပါဖိ။ မခံချင်ပျာဆိုခါ မြိုလူကြီးခြောက်ယောက်စွာ အ၀တ်ဖြူဝတ်ပြီး ခေါင်းပေါင်းကြီးတိနှင့် ကျွန်တော်ရို့နှင့်တတူ ၀တ်လို့စားလို့ လိုက်လတ်ပါရေ။ ဇာဖြစ်လို့ ဖြစ်ရပါရေလဲဆိုကေ ကျောက်တော်၊ မြောက်ဦးပိုင်းမှာ မဲဆန္ဒသျှင်ငါးသောင်းနှင့် နှစ်ထောင်ဟိပါရေ။ မဲဆန္ဒပီးဖို့လူပါ။ ဆိုခါ ကုလားမောင်မောင်ခင် (လွှတ်တော်တရားယုန်း ဗဟိုရှိနီချုပ်) သူက ကိုယ်စားလှယ်၊ သူ့မှာ ကုလားဘလောက်ဟိရေလဲဆိုကေ (၁၂၇၀၀) ဟိပါရေ။ မြောက်ဦးမော်လဗီနှင့် ကျောက်တော်မြို့မှာ သူရို့ဟိပြီးသားပါ။ ဆိုင်းဘုတ်တင်ဖို့မလို။ ဘလောက်ကောင်းလဲဆိုရေခါ မြိုခေါ်ခမီးအမျိုးသား ကျော်ဇောလှ၊ မြောက်ဦးမြို့မှာ စာသင်ခပါယင့်။ သူ့မှာအားလုံး (၉၇၀၀) ဟိပါရေ။ မဲဆန္ဒသျှင် သူ့မှာလည်း သီးခြားတက်နီရေ။ (၉၇၀၀) နှင့် (၁၂၇၀၀) ပေါင်းလိုက်ကေ (၅၀၀၀) မဲကို နှုတ်လိုက်ပါ။ တစညပါတီမှာ ဘဇောင်မဆို တရားသူကြီးဥက္ကဌ၊ ကောင်စီဥက္ကဌသားသမီး (၃၀) က (၅၀) ရွာတိုင်းရွာတိုင်းမှာ မဟိပါလား၊ ပြိုလို့ ထွက်လို့မလားနိုင်ပါ။ ဟောစရာကလည်းမလို၊ ပြောစရာလည်းမလိုပါ။ သူရို့ ကျော်တော်မြို့နယ်မှာ ရွာပေါင်း (၃၃၅) ရွာဟိစွာမှာ ခွဲပစ်လိုက်ကေ ဘလောက်ဖြစ်လာပါလဲ၊ (၁၇၀) လောက်ဖြစ်ပါရေ။ ယင်းကို တစညလူ (၅၀) နှင့်မြှောက်လိုက်ကေ အလျှော့မဲလို့မှတ်ပါ။ အေအချက်စွာ ကျွန်တော်ရို့ မဲချင့်ချိန်စွာပါ။

မြောက်ဦးမြို့မှာ ယ္ခုထက်ထိမဟိပါသိမ့်။ မဟိကေ ကုလားပါးမှာယှုံးပါဖို့။ စည်းရုံးပုံကမတူပါ။ ဆိုခါ လျှော့မဲဘလောက်ကျန်လိုက်တေ (၂၀၀၀၀) ဆိုလိုက်ပါဖိ၊ (၂) သောင်းကို ကိုယ်စားလှယ် (၄) ယောက်က၀ီပါဖို့။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င်ဆိုခါ တယောက်ကို (၇၀၀) လောက်စီရလိုက်ပါပျာ။ ယေကေ မဲအများဆုံးအသူလဲ။ ကုလား (၁၂၀၀၀) ရပျာဆိုကေ ကျောက်တော်မြို့သားတိပြိုပါယေနှင့်ရာ။ ဆိုခါ အခုဆင်းလို့ ၀ါကျီးတိပါဆင်းလို့စုဖြစ်ကတ်ပါရေ။ ကျောက်တော်မြို့လယ်မှာ တရားဟောရေခါ ကျွန်တော်ဟောခစွာပါ။ ကျောက်တော်မြို့ကိုစည်းရုံးလို့မရ၊ လူတတ်တိ ရေဒီယိုနားထောင်ရေ။ အောင်ဆန်းစုကြည်ကိုကောင်းရေလို့ အထင်ကြီးနီရေ။ တစညပြန်နိုင်ဖို့လားမသိလို့လည်း ကြောက်ကတ်ပါရေ။ ကျွန်တော်ဟောခါမှ ကျောက်တော်မြို့လေးခွဆုံမှ ပြိုထွက်လာပါရေ။ အခုလုပ်ကတ်ရဖို့။ နက်ဖန်ခါဆိုကေ ကုလားအောက်ကိုရောက်လားပါလိမ္မည်လို့ ကျွန်တော်ယှင်းပြခါမှ။ ယကေ ဇာလုပ်ကတ်ရဖို့လဲလတ်။ ကျွန်တော်က ကုလားမဲဆန္ဒသျှင် (၁၂၀၀၀) ဆိုကေ ကျွန်တော်ရို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က မဲပြား (၁၅၀၀၀) ရမှနိုင်ပါဖို့။ ယင်းတွက်နှင့် အခုရောက်ဟိလာကတ်တေ ကျောက်တော်မြို့သားမဲဆန္ဒသျှင်တိစွာ မဲပြား (၁၅၀၀၀) ထက်မနည်းစီဖို့ အိမ်တိုင်းလူတိုင်း အိပ်သွန်ဖာမှောက် ကြိုးကြိုးစားစားနှင့် ကိုယ်စီကိုယ်ငှ ကျွန်တော်ရို့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏သင်္ကေတဖြစ်တေ ဆီမီးခွက်ကို မဲပီးကတ်ဖို့ ကျွန်တော်ပြောကြားလိုက်ပါရေ။

ဆရာကြီးသည် ချမ်းအီးလှရေဆောင်းရာသီမှာ ပုဆိုးပါးချေနှင့် စစ်တွေအကျဉ်းထောင်မှာ အလှူးအလှိမ့်ခံယင်း (၁၉၉၀) ပြည့် သြဂုတ်လ (၁၄) ရက်နိမှာ တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပီး၍ တာဝန်ထမ်းဆောင် လားခပါသည်။ ကျန်ရစ်သူများမှ ဆရာကြီးအားသတိရလျှက် သျှစ်သောင်းဘုရားရှိတွင် အရိုးဇာတီတဆူ တည်ထားကိုးကွယ်ထားပါကြောင်း စာရွီးကာဂုဏ်ပြုလိုက်ရပါသည်။

အသျှင်ဣန္ဒာစက္က (ဗေဒင်နှင့် သမိုင်းသုတေသီ)

ရခိုင်စစ်မျက်နှာ အင်္ဂလိပ်မြန်မာပထမစစ်ပွဲ

၁၈၂၄ ခု မေလ (၅) ရက်နိ ဘုရင်ခံချုပ်စစ်မကြေငြာခင်ကပင် ရခိုင်အာသံစစ်မျက်နှာ၌ အနီအထားမှာ တင်းမာလျှက်ဟိသည်။ ၁၈၂၃ ခု စက်တင်ဘာလ (၂၃) ရက်နိတွင် သျှင်မဖြူကျွန်း၌ အင်္ဂလိပ်တပ်စိပ်တစိပ်ကို စခန်းချထားသည်။ ထိုစခန်းကို မြန်မာများသိမ်းပိုက်ပြီး အင်္ဂလိပ်တပ်သားအများအပြားသီဆုံးကတ်ရသည်။ များမကြာ အင်္ဂလိပ်တပ်များက သျှင်မဖြူကျွန်းကို အခုအခံမဟိပြန်သိမ်းနိုင်သော်လည်း အာသံစစ်မျက်နှာ၌ အနီအထားမှာ ဆိုးရွားနီပြီးဖြစ်သည်။ ၁၈၂၄ ခုနှစ် အစောပိုင်းတွင် မြန်မာဗန္ဓုလတပ်များက အင်အားစုဆောင်း၍ သျှင်မဖြူကျွန်းအားပြန်လည်သိမ်းပိုက်လိုက်သည်။ အင်္ဂလိပ်ဖက်က အကျအဆုံးများစွာဟိသည်။ မောင်တောကမ်းဖက်တွင်လည်း အရှိအိန္ဒိယကုမ္ပဏီမှ အရာဟိတဦးနှင့် ဗိုလ်တဦးအလည်ဖိတ်ခေါ်ပြီး ဖမ်းဆီးခြင်းခံရသည်။ ဗန္ဓုလက သဘောမတူသဖြင့် သူရို့နှစ်ဦးအား ချက်ချင်းပြန်လွှတ်လိုက်သည်။ မြန်မာဖက်က တောင်းပန်ခြင်းတစုံတရာမပြုလုပ်ပေ။ စသောစသောအကြောင်းရင်းများမှာ ရခိုင်စစ်မျက်နှာ၌ အင်္ဂလိပ်မြန်မာပထမစစ်ဖြစ်ရခြင်းအကြောင်းရင်းဖြစ်သည်။

မြန်မာများက ဘင်္ဂလားတနယ်လုံးကိုသိမ်းပိုက်ရန် တာစူလျှက်ဟိသည်။ သို့ဖြင့် ဗန္ဓုလသည် မြောက်ဦး၌ အင်အားစုဆောင်းလျှက်ဟိသည်။ ထိုအချိန်တွင် ဗြိတိသျှတပ်အင်အားမှာ ဘင်္ဂလားတပ်ဦး၌ (၃၀၀၀) ကျော်ခန့်ဟိသည်။ ရခိုင်တပ်စိတ်တစိပ်လည်း ရာမူး (ပန်းဝါ) တွင် တပ်စွဲချထားသည်။ ထိုအချိန်၌ ဗန္ဓုလမှာ မြောက်ဦးတွင် တပ်စွဲလျှက်ဟိသည်။ သို့သော် ရှိတန်းတွင် သူ၏တပ်များကို အတွင်းဝန်မောင်ဝအားဦးစီးခိုင်းထားသည်။ သူ၏တပ်များမှာ ဘူးသီးတောင် လက်ဝဲဓါတ်အလွန် အလယ်သံကျော်ဆိပ်ထိတပ်ဖြန့်ထားသည်။ ၁၈၂၄ ခုနှစ်မေလတွင် မြန်မာတပ်များ နတ်မြစ်အားဖြတ်ကူးကြောင်း မြစ်ကမ်းနဖူးတွင်တပ်စွဲထားသော ဗြိတိသျှတပ်စုတစုက သတင်းပီးပို့သည်။ အများမကြာ (ပင်းဝါ) တောင်ဖက် ရတ်နာပလောင်အားမြန်မာတပ်များသိမ်းပိုက်လိုက်သည်။ ထိုအချိန်တွင် ကပ္ပတိန်နိုတင်မှာ ပင်းဝါတွင် တပ်စွဲလျှက်ဟိသည်။ ကပ္ပတိန်နိုတင်က တပ်သားအချို့ကို ရာမူးတွင်ချန်ထားခပြီး ရခိုင်တပ်သား (၁၀၀) ကျော်နှင့် မြန်မာများကိုတိုက်ခိုက်ရန် မေလ (၁၁) ရက်နိညဇာသားတွင် ရတ်နာပလောင်သို့ စတင်ထွက်ခွာသည်။ မြန်မာများက တောင်ကုန်းများထက်တွင် တပ်စွဲထားသည်။ ချီတက်ရာလမ်းကြောင်းကို သေနပ်များပစ်ဖောက်၍ အနှောက်အယှက်ပီးသည်။ ရတ်နာပလောင်အရောက်တွင် ညလုံးပေါက်တိုက်ပွဲဖြစ်သည်။ ဗြိတိသျှဖက်က သယ်ဆောင်လာသော ခဲယမ်းလက်နက်နှင့် သေနပ်ကြီး (၂) လက်ဆုံးယှုံးသည်။ လက်နက်သယ်ဆောင်သော ဆင်မောင်းသမားမကျွမ်းကျင်သောကြောင်းလည်းဖြစ်သည်။ ကပ္ပတင်နိုတင်က (ရ) ယောက်သီဆုံး၊ (၁၁) ပျောက်ဆုံးဖြင့် နောက်ဆုံးတွင် ရာမူး (ပင်းဝါ) သို့ ဆုတ်ခွာလာရသည်။ တိုအချိန်တွင် ဗြိတိသျှဖက်မှာ တပ်ခွဲသုံးခွဲ ပင်းဝင်တွင်တပ်ဖြည့်လာသည်။

မေလ (၁၃) ရက်နိတွင် မြန်မာများသည် အောင်ပွဲကြောင့်အတင့်ရဲလာပြီး ပင်းဝါတဖက်ကမ်းထိရှိတိုးလာသည်။ ရွာများကိုမီးလျှို့၊ ကျွဲနွားများကိုသတ်ဖြတ်သည်။ မြန်မာအင်အားမှာ လူတသောင်းကျော်ခန့်ဖြစ်သည်။ သို့သော် ကပ္ပတင်နိုင်တင်အောက် အင်အားမှာ ပုံမှန် (၃၅၀)၊ ဆွဲသုံး (၂၅၀) နှင့် ရခိုင်တပ်သား (၄၅၀) ခန့်ရာဟိသည်။ အင်အားမှာအလွန်အမင်းကွာသော်ငြားလည်း စစ်တကောင်းက စစ်ကူရောက်လာမည်ကိုထောက်၍ ကပ္ပတင်နိုင်တင်က နောက်မဆုတ်ဘဲ ပင်းဝါအားဆက်လက်ထိမ်းထားရန် ဆုံးဖြတ်သည်။ မေလ (၁၄) ရက်နိတွင် လက်နက်ကြီး (၆) ဖြင့် မြန်မာတပ်များ ချောင်းကိုမကူးနိုင်အောင် ခံပစ်ထားသည်။ သို့သော် မြန်မာများက ချောင်းဖျားပိုင်းမှနီ၍ မြစ်ကိုဖြတ်ကူးလားနိုင်ပြီး ဗြိတိသျှတပ်များ တပ်စွဲထားရာဝန်းကျင်ထိ ရောက်ဟိလာသည်။ မေလ (၁၆) ရက်နိတွင် မြန်မာတပ်များရှိတိုးလာပြီး တနီကုန်တိုက်ပွဲဖြစ်သည်။ ကပ္ပတင်နိုတင်က နောက်ဆုတ်ရန်ဆုံးဖြတ်သော်လည်း နောက်နိတွင် တပ်ကူရောက်လာမည်ကိုသိ၍ ဆက်လက်တပ်စွဲထားသည်။ တိုက်ပွဲမှာ တရက်နှင့် တမနက်ဖြစ်သည်။ မြန်မာတပ်များကလည်း တပ်ကူရောက်လာပြီး ခံကတုတ်နှင့် ကိုက် (၃၀) အကွာထိရောက်လာသည်။ မိုးထက် (၉) ချက်တီးခန့်တွင် ရခိုင်နှင့် ဆွဲသုံးတပ်များက နောက်ဆုတ်လာလတ်သည်။ ဆင်များလည်းကြောက်ပြီးထွက်ပြီးကုန်သည်။ ကပ္ပတိန်နိုတင်က လူအင်အား (၄၀၀) ဖြင့် ဆက်လက်ထိမ်းထားရန် မဟန်မှန်းသိသောအခါ တပ်ဆုပ်ရန်ဆုံးဖြတ်လိုက်သည်။ လက်နက်များစွာ နောက်ချန်ထားခရသည်။ တမိုင်ခန့်လောက်ရာ စနစ်တကျဆုတ်ခွာနိုင်သော်လည်း ချောင်းအကူးတွင် လွယ်ကူအောင် လက်နက်ခဲယမ်းများစွာကို စွန့်ပစ်လိုက်ရသည်။ မြန်မာတပ်များကလည်း နောက်မှာ ထပ်ကြပ်မကွာလိုက်သည်။ တပ်အားလုံးဖရိုဖရဲဖြစ်ကုန်သည်။ ကျဆုံးအင်အားမှာ (၂၅၀) ခန့်ဖြစ်ပြီး အသားဖြူအရာရှိ (၆) ဦး၊ အန္ဒိယကုလားအရာရှိ (၃) ဦးအနက် (၃) ယောက်ရာအသက်ရှင်သည်။ ထိုသုံးယောက်အသင်ရှင်သည်တွင်လည်း (၂) ယောက်က ဒါဏ်ရာနှင့်ဖြစ်သည်။ မြန်မာများက ပင်းဝါကိုသိမ်းပြီး ရှိသို့မိုင် (၂၀) ခန့်အကွာ စုက္ကရာထိချီတက်လာသည်။ ဒေသခံများက အလွန်အမင်းစိုးရိမ်ပူပင်လျှက်ဟိသည်။

သို့သော် မြန်မာများ ၀င်းဝါကိုသိမ်းပိုက်ချိန်တွင် ဗြိတိသျှတပ်များက ရီကြောင်းအားဖြင့် မာန်အောင်ကို ၀င်ရောက်သိမ်းပိုက်သည်။ မေလ (၁၂) ရက်နိတွင် မာန်အောင်မြို့သို့အ၀င်ချောင်းထိ တပ်ထောက်များရောက်လာသည်။ လောင်းသမ္ပာန်တစီးအား ကုန်သည်ယောင်ဆောင်ပြီး မာန်အောင်မြို့ထဲဖက်သို့ ရန်သူမြန်မာတပ်အနီအထားကိုစုံစမ်းရန်လွှတ်လိုက်သည်။ မေလ (၁၄) ရက်နိတွင် လူအင်အား (၃၀၀) ခန့်ဖြင့် ချောင်းအတိုင်းဝင်၍ မာန်အောင်မြို့ကိုတက်သိမ်းသည်။ ပထမ ရှိတန်းစခန်းထောက်ကိုသိမ်းပြီး ဒုတိယ စခန်းကိုပြန်သိမ်းသည်။ မေလ (၁၉) ရက်နိတွင် ကြောက်ပြီးထွက်ပြီးရန်ကြံသော မြန်မာမြို့ဝန်အား လမ်းတွင် ကင်းထောက်တပ်ခွဲက ဖမ်းမိသည်။ ကျွန်းကိုထိမ်းရန် တပ်ရင်း (၂၀) အားချန်ထားခပြီး ကျန်တပ်အင်အားဖြင့် ရန်ကုန်သိမ်းရန် ဆက်လက်ချီတက်သည်။ ဗြိတိသျှတပ်များက ရန်ကုန်ကိုဝင်သိမ်းသဖြင့် ဗန္ဓုလရခိုင်မှ ဆုတ်ခွာရသည်။ မောင်တော၊ လက်ဝဲဓါတ် ရှိတန်းစစ်မျက်နှာတွင် တပ်အင်အားအနည်းငယ်မျှရာချန်ထားခသည်။ ပင်းဝါစစ်ပွဲတွင် မြန်မာဖက်က (၂၀၀) ခန့်ဒါဏ်ရာရသည်။ သို့သော် ဗြိတိသျှ၏အဖမ်းအဆီးခံရကာ သတင်းပေါက်ကြားမည်စိုးသဖြင့် အားလုံးကို အစတုန်းသတ်ဖြစ်လိုက်သည်။ ၁၈၂၄ မိုးရာသီတွင် ရာသီဥတုအနီအထား၊ သဘာဝအနီအထားများကြောင့် စစ်တိုက်ရန်မဖြစ်နိုင်သဖြင့် စစ်ဆင်မှုကို ခေတ္တရပ်ဆိုင်းထားရသည်။ မိုးရာသီကုန်သည်နှင့် ရခိုင်ကိုသိမ်းရန်အမိန့်ရသည်။ အဓိကဦးတည်ချက်မှာ မြောက်ဦးသို့ချီတက်ရန်နှင့် ယင်းတွင်တပ်စွဲထားသော မြန်မာတပ်ကို တိုက်ခိုက်ရန်ဖြစ်သည်။ ဒီဇင်ဘာလတွင် စစ်ဆင်မှုအစပြုသည်။ ရခိုင်သိမ်းမည့်တပ်အင်အားမှာ (၉၉၃၂) အင်အားဟိသည်။ ဘင်္ဂလားမြင်းစီးတပ်သား (၆၀၀) ၊ အမြောက်တပ် (၆၅၀) ၊ ရခိုင်တပ် (၅၅၃) နှင့် ရှိတန်းထိုးဖောက် (၆၄၉) ယောက်အပါအ၀င်ဖြစ်သည်။ တပ်ရင်းစစ်ဆင်မှုကို ဗိုလ်မှုးချုပ် (Brigadier General Morrison) က ဦးစီးသည်။ နိုင်ငံရေးအကြံပီးအဖြစ် စစ်တကောင်းခရိုင်ဝန်တရားသူကြီး (District Magristrate of Chittagong, Robertson) ကလိုက်ပါပြီး ရော်ဘတ်ဆင်နှင့်အတူ ရခိုင်သားအနည်းငယ်လိုက်ပါသည်။ ၁၈၂၅ ခု ဇန္န၀ါရီလ (၁) ရက်နိတွင် စစ်ဆင်မှုစသည်။ ဖေဖ၀ါရီလ (၁) ရက်နိတွင် မောင်တောကိုစသိမ်းသည်။ ရခိုင်သားများက မြန်မာကိုကြောက်၍ ဗြိတိသျှများအားကူညီရန် တွန့်ဆုတ်လျှက်ဟိသည်။ ထို့ကြောင့် မြန်မာများအားအကူအညီမပီးရန်သတိပီးရသည်။ ဖေဖ၀ါရီလ (၁၂) ရက်တွက် ဆက်လက်ချီတက်ရန် လုပ်ငန်းစတင်သည်။ ရာသီဥတုဆိုးရွားသဖြင့် လက်နက်ခဲယမ်းတင်သင်္ဘောတစီး လက်နက်ခဲယမ်းများစွာဆုံးယှုံးရသည်။ လူသီလူပျောက်မဟိ။ (၂၀) ရက်နိတွင် ကုန်းကြောင်းချီလာသောတပ်များ အငူမော်သို့ရောက်သည်။ သို့သော် ဖေဖ၀ါရီ (၂၇) ရက်နိတိုင်အောင် ရီကြောင်းချီမည့်တပ်များကို စုစည်းမရဖြစ်နီသည်။

ချောင်းဖီလာတွင် ဗြိတိသျှတပ်များအနည်းငယ်အထိနာသည်။ စစ်တွေတဖက်ကမ်း ဆင်တော်မော်တွင်တပ်စွဲထားသော မြန်မာများအား မောင်းထုတ်လိုက်နိုင်သည်။ ရီကြောင်းချီသည့်သင်္ဘောများကို ပိန္နချောင်းရွာသူကြီးက လမ်းပြသည်။ ကုလားတန်မြစ်ကြောင်းအတိုင်းချီ၍ ပုဏ္ဏားကျွန်းတဖက် ကြိမ်ချောင်းဝတွင် တပ်ချသည်။ ဖေဖ၀ါရီလ (၂၁) ရက်နိတွင် ကုလားတန်မြစ်တလျှောက် စစ်သင်္ဘော (၁၀၀) ခန့်နှင့် မြန်မာတပ်အင်အား (၂၀၀၀) ခန့်ဟိကြောင်းသတင်းရသည်။ ဗိုလ်ချုပ်က လူတင်စစ်သင်္ဘော (၈) စီးနှင့် လက်နက်တင် (၅) စီး လူအင်အား (၄၅၀) အား စတင်စေလွှတ်သည်။ စစ်တွေမြောက်ဖက် (၂၈) မိုင်အကွာ ချောင်းဖီလာတွင် မြန်မာများအခိုင်အမာတပ်စွဲထားကြောင်းသတင်းရဟိသည်။ တပ်အင်အားမှာ (၁၀၀၀) ခန့်မျှဟိမည်ဖြစ်ကြောင်းခန့်မှန်းရသည်။ သို့သော် မြောက်ဦးသို့ချီရာလမ်းကြောင်း နှောင့်အယှက်မဖြစ်စီရန် ချောင်းဖီလာမြန်မာတပ်ကို ဦးစွာပထမခြီမှုန်းပစ်ရမည်ဖြစ်သည်။ ဖေဖ၀ါရီလ (၂၃) ရက်နိတွင် ချောင်းဖီလာမြန်မာတပ်ကို စမြင်ရသည်။ သို့သော် တပ်အင်အားမှာ ခန့်မှန်းသည်ထက် ပိုများနီသည်။ ဗြိတိသျှတပ်များအား မြန်မာကင်းထောက်စခန်းနှစ်ခုမှ သေနပ်များပစ်ဖောက်သည်။ မြန်မာများက သေနပ်များပစ်ဖောက်နီသဖြင့် ကမ်းတက်မရဖြစ်နီသည်။ နှစ်နာရီခန့် အပြန်အလှန်သေနပ်များပစ်ဖောက်ပြီးနောက် တပ်ရင်းဗိုလ်ချုပ်က ချောင်းအတိုင်းစုန်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ဖြားရီတက်တွင် သင်္ဘောသုံးစီးကမ်းကပ်လိုက်သည်။ အချိန်မှာ ညဇာသား (၅) ချက်တီးခန့်ဖြစ်သည်။ ကမ်းကပ်ချိန်မှာ မိုးထက်သား (၅) ချက်တီးထိဖြစ်သည်။ သို့သော် အစောပိုင်းတိုက်ပွဲတွင် မြန်မာဖက်က အထိနာထားသဖြင့် အနှောင့်အယှက်တစုံတရာမဟိ။ ဗြိတိသျှဖက်မှ (၄) ယောက်ကျ၊ (၃၁) ယောက်ဒါဏ်ရာရသည်။ နောက်ပိုင်း ၄င်းတောင်ဖီလာစခန်းအားတက်သိမ်းရန်အစီအစဉ်ကို ဖျက်လိုက်သည်။

ဗိုလ်ချုပ်ရော်ဘတ်ဆင်က ရီကြောင်းချီလျှင် နှေးသည်ကတကြောင်း၊ ချောင်းဖီလာနှင့် အငူမော်တွင်တပ်စွဲထားသော မြန်မာများကကြားဖြတ်အတိုက်ခံရမည်ကိုသတိထား၍ ကုန်းကြောင်းချီရန်ဆုံးဖြတ်ပြီး ဟင်းခရာချောင်းတောင်ဖက်နှင့် အရှိကမ်းမှ ကုန်းကြောင်းစချီသည်။ သို့သော် ချောင်းမြောင်းအလွန်များသဖြင့် မြောက်ဦးတရောက်ချီတက်ရန်မလွယ်။ တချို့နီရာများတွင် တောတောင်များကလည်း ကန့်လန့်ဖြတ်ထားသည်။ သို့သော် ရာသီဥတုမှာ ပူသော်လည်းကောင်းသည်ဟုဆိုရမည်။ ချောင်းများမှာ အညာရီကြီးခြင်းမဟိ။ ဒေသခံများနှင့်လည်း အဆင်ပြေသည်။ မတ်လ (၂၀) ရက်နိတွင် ဟင်းခရာချောင်းက စဖြတ်သည်။ (၂၄) ရက်နိ စပါးထားချောင်းကမ်းထောင့်တွင် စခန်းချသည်။ ရန်သူမြန်မာတပ်များက ရှိ (၂) မိုင်အကွာ ပါးတော်တောင်တွင် တပ်စွဲထားသည်။ သို့သော် ကုန်းကြောင်းချီလာသောတပ်များသည် စစ်တကောင်းက စထွက်လာကတည်းက မည်သည့်အခက်အခဲမျှမဟိ။ (၂၅) ရက်နိတွင် ရှိတန်းတပ်ခွဲတခုက စပါးထားချောင်းနှင့် ၀ါးပြိုင်ချောင်းကို စဖြတ်ကူးသည်။ (၂၆) ရက်နိတွင် တပ်ရင်းတခုလုံးကူးဖြတ်သည်။ ချီတက်ရာတွင် လမ်းကြောင်း (၄) ခုခွဲ၍ ချီတက်သည်။ လက်ဝဲဖက်တွင် သင်္ဘောဖြင့်ချီတက်သည်။ အခက်အခဲဟိသည်မှာ ဆင်ဖြူတောင်ချောင်းရီတိမ်သဖြင့် အခက်ကြုံရသည်။ တပ်ရင်းက ချောင်းကမ်းနားယောင် ကုန်းကြောင်းချီသည်။ ပါးတော်တောင်တွင် တနာရီလောက်တိုက်ပွဲဖြစ်ပြီးသည်နှင့် မြန်မာတပ်များထွက်ပြီးလားကတ်သည်။ သို့သော် တောတောင်ထူထပ်သဖြင့် ရှိဆက်ချီတက်ရန် အနည်းငယ်ကြန့်ကြာနီသည်။ ဖြားကျသည်နှင့် ဇီးဇာချောင်းကိုဖြတ်သည်။ ထိုအချိန်တွင် မြန်မာတပ်များက ချောင်းဖီလာစခန်းကို စွန့်ခွာပြီးဖြစ်သည်။ ယခုအခါ မြန်မာတပ်များက မြောက်ဦးတောင်ဖက် (၁၀) မိုင်အကွာ မဟာထီးတွင် တပ်စွဲထားသည်။ လောင်းကြက်ချောင်းက ဘက်သုံးတန်ကာဆီးထားသည်။ ကမ်းထောင်းက စောက်သည်။ တောင်ကုန်းက ခံတပ်ဖြစ်နီသည်။ မြန်မာတပ်စိပ်တစိပ်က ဗြိတိသျှတပ်နှင့်ရှိဆိုင် တဖက်ကမ်းတွင် တပ်စွဲထားသည်။ (၂၇) ရက်နိ မိုးထက်စောစောမြုံစဲသည်နှင့် တပ်မဟာ (၄၄) မှ တပ်ခွဲသုံးခွဲက တဖက်ကမ်းမှ ရန်သူအားစတင်တိုက်ခိုက်သည်။ ပြောင်းအမြောက်များစွာပစ်ဖောက်ပြီးနောက် ဖြားရီကျတွင် ချောင်းကိုဖြတ်သည်။ နောက်ထပ် ပြင်းပြင်းထန်ထန်ခုခံမှု တစုံတရာမဟိဘဲ မဟာထီးကို သိမ်းပစ်နိုင်သည်။ ယခုအခါ မြောက်ဦးနှင့်ခရီးများစွာ မကွာဝီးတော့ပေ။ မြင်းတပ်ဖွဲ့ကလည်း မြန်မာများ တန်းထားများကိုမဖျက်ဆီးမှီ အချိန်မှီမောင်းနှင်ထုတ်နိုင်လိုက်သည်။ မဟာထီးနှင့် မြောက်ဦး ကျောက်ခင်းလမ်းဟိသည်။ မတ်လ (၂၈) ရက်နိတွင် ပရိန်သို့ရောက်သည်။ ပရိန်မှာ မြောက်ဦးသို့ဝင်ရန် အရှိတန်းခါးပေါက်နှင့် အနီးဖြစ်သည်။ မြန်မာများက ပေ (၃၅၀) (၄၅၀) အမြင့်ဟိသော တောင်တန်းတလျှောက် ကွက်ကြားကွက်ကြား ခံတပ်ချထားသည်။ မြောက်ဖက်တွင်လည်း လူ (၃၀၀၀) ဖြင့် တပ်စွဲထားသည်။ မြန်မာတပ်စုစုပေါင်းအင်အားမှာ (၉၀၀၀) ခန့်ဟိမည်ဟု ခန့်မှန်းရသည်။ မတ်လ (၂၉) ရက်နိတွင် ခြီမြန်တပ်ရင်း (၅၄) မှ တပ်ခွဲတခွဲ မြောက်ဖက်ခံတပ်ကို စတိုက်ခိုက်သည်။ ဒုတိယခြီမြန်တပ်မှ တပ်ခွဲ (၄) ခွဲ၊ (M.N.I) တပ်ရင်း (၁၀) နှင့် (၁၆) မှ တပ်ခွဲ (၆) ခွဲ၊ ရခိုင်တပ်ခွဲတစ်ခွဲ ပူးပေါင်းပါဝင်တိုက်ခိုက်သည်။ သို့သော် ပထမပိုင်းတွင် အကျအဆုံးများသည်။ အထိအခိုက်များစွာဟိသည်။ အရာဟိများစွာ အထိနာသည်။ သို့ဖြင့် ရော်ဘင်ဆင်နှင့်အတူလိုက်ပါလာသော ရခိုင်လူကြီးများကိုခေါ်ယူ၍ မည်သို့ဆောင်ရွက်မည်နည်း အကြံများရယူသည်။ ဒေသခံများကပြောသည်မှာ ဗိုလ်ချုပ်ရော်ဘင်ဆင်သည် လူပျိုလူရွယ်ဖြစ်ပြီး အရုပ်လည်းလှသည်။ ပရိန်သျှင်မ မြသွင်က ဗိုလ်ချုပ်ရော်ဘင်ဆင်အားချစ်ကြိုက်နီသည်။ အထိအခိုက်အကျအဆုံးဖြစ်ရခြင်းမှာ ပရိန်သျှင်မ မြသွင်အား ဂရုမစိုက်သောကြောင့်ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် ရခိုင်လူကြီးများအကြံဥာဏ်ရယူပြီး ဗိုလ်ချုပ်ရော်ဘင်ဆင်မှာ ပရိန်သျှင်မမြသွင်နှင့် လက်ထပ်ပွဲပြုလုပ်ရသည်။ ထိုသို့ ပြုလုပ်ရခြင်းမှာ ရခိုင်တပ်သားများအား စိတ်ယုံကြည်မှု ရစီရန်ဖြစ်သည်။ ထိုသတင်းကိုကြားသည်နှင့် မြန်မာများလည်း ကြေက်ရွံ့စီမည်ဖြစ်သည်။ သို့ဖြင့် လက်ထပ်ပွဲကို တရားဝင်ပြုလုပ်ခြင်းဖြစ်သည်။

မြောက်ဦးသို့ဝင်ရန် အဓိက လီသာတောင်ခံတပ်ကိုတိုက်ရမည်ဖြစ်သည်။ မတ်လ (၃၁) ရက်နိ ညဥ့်မှောင်သည်နှင့် လီသာတောင်ခံတပ်ကို စတိုက်သည်။ တဖက်က အကြီးအကျယ်အမြောက်ပြောင်းများပစ်ဖောက်၍ ဖိတိုက်နီစဉ်တွင် တဖက်က ညတွင် တောင်ထက်သို့ချီတက်သည်။ လရောင်ရိပ်ရိပ်ဟိသော်လည်း ရန်သူများမရိပ်မိ။ နောက်နိမိုးထက်တွင် အမြောက်ကြီးတလက်ကို တောင်ထက်သို့ ထမ်းတင်နိုင်ပြီးဖြစ်သည်။ ၄င်းအမြောက်အကူဖြင့် ထိုးစစ်ကိုပိုပြုလုပ်လာနိုင်သည်။ မြန်မာများ စိတ်ဓါတ်ဖရိုဖရဲဖြစ်ပြီး ဒယောမရ ထပိန်မရထွက်ပြီးကတ်ရသည်။ ပရိန်သျှင်မမြသွင်အား ကြောက်သည်လည်းတချက်ဖြစ်နိုင်သည်။

မတ်လ (၂၆) ရက်မှစ၍ ဒါဏ်ရာအနာတရရသည်မှာ (၂၁၃) ဦးဖြစ်၍ (၃၀) သီဆုံးသည်။ သုံးရက်ခန့်မည်သို့မျှမတားဖြစ်သော်လည်း လေးရက်မြောက်တွင် ပြည်သူများထံမှတစုံတရာ လုယက်ခြင်းပြုလုပ်ခြင်း၊ သားမယားများအား ကျူးလွန်ခြင်းပြုလုပ်ပါက ကြီးစွာအပြစ်ပီးမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်သည်။ ထိုသို့အမိန့်ထုတ်ပြန်ပြီးနောက် ကြောက်ရွံ့ပြီးထွက်ပြီးကုန်သောပြည်သူများ ပြန်လာလတ်ကတ်သည်။ မြောက်ဦးကိုသိမ်းပြီးသော် မြန်မာများ အသီးသိမ်းတိမ်းယှောင်ထွက်ပြီးကုန်သည်။ နောက်ကလိုက်တိုက်သော်လည်း လူ (၃၀၀) ခန့်လောက်ရာ သီဆုံးဖမ်းမိရလိုက်သည်။ အမ်း၊ ဒလက်ဖက်သို့တချို့၊ လေးမြို့ချောင်းဖက်မှ မြန်မာပြည်သို့တချို့ အသီးသီးထွက်ပြီးလားကတ်သည်။ မြောက်ဦးကိုသိမ်းပြီးသော် ရမ်းဗြဲကိုဆက်သိမ်းသည်။

ယမန်နှစ် အောက်တိုဘာလတွင်းပိုင်း၌ မာန်အောင်မှ တပ်အင်အား (၂၀၀) ခန့် ရမ်းဗြဲတောင်ပိုင်း အောင်လှပြင်၌ကမ်းတက်၌ မြန်မာတပ်အများကို တိုက်ခိုက်ဖျက်ဆီးလိုက်နိုင်သော်လည်း တကျွန်းလုံးအားသိမ်းပိုင်ခြင်းမပြုလုပ်ခ။ မာန်အောင်၌ ကျောက်ချထားသော ဗြိတိသျှသင်္ဘောမှ ထွက်ပြီးသောမြန်မာ (၂) ယောက်ကိုဖမ်းမိပြီး မြန်မာများအနီအထားကို သတင်းရယူနိုင်လိုက်သည်။ ဇန္န၀ါရီလကုန်ပိုင်း (၂၉) ရက်နိတွင် တပ်ရင် (၄၀) မှ အင်အား (၄၅၀) နှင့် အမြောက်စစ်သား (၄၈) ယောက် မာန်အောင်၌ အင်အားဖြည့်တင်းလာသည်။ လီအလွန်တိုက်သဖြင့် ဖေဖ၀ါရီလ (၂) ရက်နိမှ ရမ်းဗြဲသို့ဆိုက်ကပ်နိုင်သည်။ ချောင်းနဖူး၌တပ်စွဲထားသော မြန်မာတပ်နှင့်တိုက်ပွဲဖြစ်သည်။ ပြင်းပြင်းထန်ထန်ပစ်ခတ်ပြီးသည်နောက် မြန်မာများထွက်ပြီးလားကုန်သည်။ ရမ်းဗြဲမြို့ထဲဖက်မှ မြန်မာများအင်အားဖြည့်တင်းလာသဖြင့် ဗြိတိသျှဖက်မှ ကျဆုံး (၄) ဦး၊ ဒါဏ်ရာရ (၂၄) ဦးဖြင့် သင်္ဘောများဆိုက်ကပ်ထားရာမှ ဆုတ်ခွာပီးရသည်။ မြောက်ဦးကိုသိမ်းပြီးသည်နောက် ဗိုလ်ချုပ်ရော်ဘတ်ဆင်က ရမ်းဗြဲကိုသိမ်းရန် (Brigadier General MacBean) အား အမိန့်ပီးသည်။ ဧပြီ (၂၂) ရက် ရမ်းဗြဲကျွန်းအားပြန်သိမ်းသောအခါ အခုအခံအနည်းငယ်ရာဟိသည်။ တကျွန်းလုံးကို အလွယ်တကူသိမ်းပိုက်ရယူနိုင်လိုက်သည်။ မြောက်ဦးကျပြီးဖြစ်ကြောင်းသတင်းရသဖြင့် အားလုံးထွက်ပြီးလားခြင်းဖြစ်နိုင်သည်။ သို့ဖြင့် တပ်တချို့ကို သံတွဲသို့စေလွှတ်လိုက်သည်။ မြန်မာများပြန်လည်တိုက်ခိုက်လာမည်ကိုကာကွယ်ရန် ရိုးတောင်တဖက်သို့ချီရန် တပ်အင်အားစုဆောင်းပြီးသော်လည်း မိုးကျလာပြီးဖြစ်သဖြင့် အစီအစဉ်ကို ရပ်ထားလိုက်ရသည်။ မိုးတွင်းတွင် မြောက်ဦး၌ တပ်သားအများအပြားနာမကျန်းဖြစ်ကုန်သည်။ အဓိက အဖျားနှင့် ၀မ်းရောဂါအဖြစ်များသည်။ အင်အား (၁၅၀၀) ခန့်ဟိသော ဥရောပတပ်အင်အား မေနှင့် စက်တင်ဘာလအကြားတွင် လူဦးရေ (၂၅၉) ဦးသီဆုံးသည်။ စက်တင်ဘာကုန်ပိုင်းတွင် လူ (၄၀၀) ခန့် ဆီးရုံတင်ရသည်။ လူ (၈၀၀၀) ထောင်ခန့်အင်အားဟိသော အိန္ဒိယတပ်များက ထိုကာလအတွင်း လူပေါင်း (၈၉၂) ဦးသီဆုံးပြီး စက်တင်ဘာလကုန်ပိုင်းတွင် လူပေါင်း (၃၆၄၈) ယောက် ဆီးရုံတင်ရသည်။ ဗိုလ်ချုပ် (Morrison) လည်း ရခိုင်မှရသောမနာမကျန်းမှုကြောင့် အင်္ဂလန်သို့အပြန် လမ်းတွင်သီဆုံးသည်။

Arakan and The First Anglo-Burmese War, 8124-25 by B. R. Pearn ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြသည်။

အက္ခရာ (နှင့်) စာ

ရခိုင်အများစုမှာ စာ (နှင့်) အက္ခရာကို မကွဲပါ။ အက္ခရာဆိုသည်မှာ အင်္ဂလိပ်ဝေါဟာရအားဖြင့် (Alphabet) ကို ဆိုလိုပါသည်။ စာဆိုသည်မှာ (Literature) ကို ဆိုလိုပါသည်။

ဥပမာ။ ။ စပိန်နှင့် အင်္ဂလိပ်စာမှာ အက္ခရာ (Alphabet) အတူတူပင်ဖြစ်သည်။ အက္ခရာ (Alphabet) တူသဖြင့် အင်္ဂလိပ်စာနှင့် စပိန်စာမှာ အတူတူဖြစ်သည်ဟုဆို၍ မဖြစ်နိုင်ပါ။

ထိုနည်းတူစွာ မြန်မာစာနှင့် ရခိုင်စာမှာ (Alphabet) အက္ခရာ အတူတူပင်ဖြစ်ပါသည်။ သို့သော် ရခိုင်စကားဖြင့်ရွီးလျှင် ရခိုင်စာဖြစ်ပြီး မြန်မာ (ဗမာ) စကားဖြင့်ရွီးလျှင် မြန်မာစာဖြစ်ပါသည်။

ဥပမာ။ ။ မိုးမိုးအင်းလျှား၊ မောင်စိန်ဝင်းပုတီးကုန်း၊ ဂျူးအစဟိသဖြင့် မြန်မာစာရွီးဆရာများရွီးသော ၀တ္ထုများမှာ မြန်မာစကားဖြင့်ရွီးသဖြင့် မြန်မာစာဖြစ်ပါသည်။

ဥပမာ။ ။ (ဘယ်သွားမလဲ။ နေကောင်းရဲ့လား။ သိပ်သတိရတယ်) စသဖြင့် မြန်မာစကားဖြင့်ရွီးထားသောစာကိုပင် ရခိုင်စာဟု ရခိုင်များက အထင်ရောက်နီပါသည်။ ကကောင်းရှက်ဖို့ကောင်းပါသည်။ ရခိုင်စာဟုအသျှင်ခံချင်လျှင် (ဇာလားပါလဲ၊ နီကောင်းပါယင့်လား၊ ကကောင်းသတိရပါရေ) စသည်ဖြင့် ကိုယ့်ရခိုင်စကားဖြင့် ရွီးကတ်ရဖို့မဟုတ်ပါလား။ ၄င်းကို မျိုးချစ်ပါသည်ဆိုသော သီးခြားလွတ်လပ်ရေး ကယ်တင်သျှင်ကြီးများကိုဘေးဖယ်ထားလိုက်၊ အေနိနက်ဖန်မွီးရေ သူငယ်တန်းအချေများတောင်က မပြောပြဘဲ သဘောပေါက်နိုင်ပါသည်။

မြန်မာစကားဖြင့်ရွီးလျှင် ဥပမာ။ ။ ရခိုင်သားပင်ဖြစ်သော်လည်း ရခိုင်စာမဟုတ်ပါ။ မြန်မာစာရာဖြစ်ပါသည်။ ဥပမာ။ ။ ဖိုးကျော့ရွီးသော ၀တ္ထုတိုများမှာ အလွန်ရသမြောက်ပါသည်။ ကောင်းမွန်ပါသည်။ သို့သော် ကျောက်ဖြူရမ်းဗြဲရခိုင်စကားဖြင့်မရွီးဘဲ ရိုးတောင်တဖက်က မျိုးခြားမြန်မာစကားဖြင့်ရွီးသဖြင့် ၄င်းစာပီများမှာ မြန်မာစာများဖြစ်ပါသည်။

ဥပမာ။ ။ ဆရာကြီးစံသာအောင်သည် (Ancient Arts of Arakan) စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့်ရွီးပါသည်။ ရခိုင်သားရွီးသဖြင့် (အင်္ဂလိပ်စာ) ကိုပင် (ရခိုင်စာ) ဟုအသျှင်ခံပါက သင့်ကိုလူအများရယ်ခြင်းပြုပါလိမ့်မည်။ စကေတပွေ အရှက်ဟိစီချင်ပါသည်။

ရခိုင်မဂ္ဂဇိန်းများ၌ မြန်မာဝတ္ထု မြန်မာကဗျာများကိုပင် ရခိုင်ဝတ္ထု ရခိုင်ကဗျာများဟု နာမည်ကင်းပွန်းပီးထားပါသည်။ ရခိုင်မဂ္ဂဇင်း ငွေရတုအထူး စာမျှက်နှာ (၁၀ရ) တွင် ဖိုးကျော့ရွီးသော ၀တ္ထုတပုဒ်ပါလာပါသည်။ ဇာတ်ဝင်ခန်းတွင် ဇတ်ကောင်စကားပြောသည်ကို စာလုံးကျားနှင့် ရွီးထားပါသည်။
(ဈေးရောင်းဖော်ရောင်းဖက် ဈေးသည်များကလည်း တဥဥနဲ့ ဒီလောက်တောင်ချစ်နေရှာတယ်။ ကိုလှရွှေကြီးခမျာ ကြိုက်မရှက် ဖြစ်နေရှာတယ်)။ အေချင့်ကို ဘဇောင်ပျင်လို့ ရခိုင်စာလို့ဆိုပါဖို့။

ဆရာဖိုးကျော့သည် ကျောက်ဖြူသားဖြစ်ပါသည်။ ကျောက်ဖြူသားဗမာစကားမပြောပါ။ ကျောက်ဖြူသားရခိုင်ရမ်းဗြဲစကားပြောပါသည်။ ထိုကြောင့် ၄င်းစာမှာ ရခိုင်စာမဟုတ်ပါ။ ဗမာစာဖြစ်ပါသည်။ ရခိုင်စာဖြစ်ချင်လျှင်

(ဈီးရောင်းဖော်ရောင်းဖက် ဈီးသည်တိကလည်း တဥဥနန့် ကကောင်းချစ်နီဗျာ။ ကိုလှရွှေတယောက် ကြိုက်မရှက် ချစ်မရှက်ဖြစ်နီဗျာ)

စသဖြင့် ကိုယ့်စကားဖြင့် ရွီးကတ်ရဖို့မဟုတ်ပါလား။

ရခိုင်ကဗျာခေါင်းစဉ်အောက်မှာ မြန်မာကဗျာများကို တွိရပါသည်။ မင်းပြားမောင်ယုနွယ်ရွီးသော ဗမာကဗျာဖြစ်ပါသည်။ မင်းပြားသား ဗမာစကားမပြောသည်ကို လူတိုင်းသိပါသည်။ အောက်တွင် ရခိုင်ဘာသာပြန်ဖြစ်ပါသည်။

သမိုင်း (နှင့်) လူ

(တစ်)
လောကမှာ
ကဗျာရွီးဖို့
အမင် မွီးပီးခရေ ငါ --။

(နှစ်)
ယုံကြည်ချက်
ခံယူချက်တွက်
အသက်သီဖို့ မကြောက်တေ ငါ --။

(သုံး)
ကာလသန်းခေါင်
အမှောင်ထုအောက်
ထိုးဖောက်ရုန်းကန်
ရှင်သန်ထမြောက်
ပန်းတိုင်ရောက်အောင်လားဖို့ ငါ --။

(လေး)
ကဗျာတပုဒ်
စာတအုပ်
ကိုင်ဆုပ်ဖက်လျှက် သွီးအသက်လေ
ချေဂွေဗားရား ဖူးချစ်အားပ
တရားတဖက် ဓါးတလက်နန့်
နက်ဖန်များစွာ မဟာအနာဂါတ်
မြင့်မြတ်သည့်လမ်း ခရီးကြမ်းကို
ဖြတ်သန်းဝံ့ရဲ လျှေက်မြဲငါ --။

(မင်းပြားမောင်ယုနွယ်)
ရခိုင်မဂ္ဂဇိန်းအမှတ် (၂၅) စာမျှက်နှာ (၂၀)

မြန်မာသာသာမူရင်းကို အောက်တွင်ဖတ်ကြည့်ပါ။

သမိုင်းနှင့်လူ (၃)

(တစ်)
လောကမှာ
ကဗျာရေးဖို့
အမေမွေးပေးခဲ့တဲ့ ငါ --။

(နှစ်)
ယုံကြည်ချက်
ခံယူချက်အတွက်
အသက်သေမှာ မကြောက်တဲ့ ငါ --။

(သုံး)
ကာလသန်းခေါင်
အမှောင်ထုအောက်
ထိုးဖောက်ရုန်းကန်
ပန်းတိုင်ရောက်အောင်သွားမဲ့ ငါ --။

(လေး)
ကဗျာတပုဒ်
စာတစ်အုပ်
ကိုင်ဆုပ်ပွေ့ဖက် သွေးအသက်လေ
ချေဂွေဗားရား ဖူးချစ်အာပေါ့
တရားတစ်ဖက် ဓါးတလက်နဲ့
နက်ဖြန်များစွာ မဟာအနာဂတ်
မြင့်မြတ်သည့်လမ်း ခရီးကြမ်းကို
လှမ်းလျှောက်ဝံ့ဆဲဖြတ်ဆဲ ငါ --။

(မင်းပြားမောင်ယုနွယ်)
ရခိုင်မဂ္ဂဇင်းအမှတ် (၂၅) စာမျှက်နှာ (၂၀)

အေကဗျာကို ဘဇောင်ပျင်လို့ ရခိုင်ကဗျာဆိုပါရေလဲ။ အရှက်မဟိ အသရေမဟိ ဘဇောင် အာရီယံမျိုးတိလဲ။ ခွီးပုတ်လောက်ကျ အံဖို့ကောင်း၏။
ဆရာကြီးသျှင်အုံးရွီးရေ (ကြက်ခြီနန့် ခွန်းချိတ်) နှင့် စစ်တွေညိုသန့်၏ (ဇတ်ဝင်ခန်း) ကဗျာနှစ်ပုဒ်ရာ ရခိုင်ကဗျာဖြစ်ပါသည်။ ၄င်းကဗျာများကို ဤနီရာမှာပင် ဖော်ပြပီးလိုက်ပါသည်။

ကြက်ခြီ (နန့်) ခွန်း

အမှားကြက်ခြီ
အမှန်ခွန်းချိတ်
နိမိတ်လက္ခဏာ
ဆရာရို့က
ဖော်ညွှန်းပြ၏ --။

ကြက်ခြီနန့် ခွန်းချိန်
နိမိတ်သင်္ဂေတ
အမှတ်ပြရန် ---။

ကမ္ဘာ့သမိုင်း
အခန်းတိုင်းမှာ
အရိုင်းနန့်အယဉ်
အယဉ်နန့်အရိုင်း
နှိုင်းယှဉ်တင်ပြ
မုသ၀ါဒ
ဘက်မကျဖို့ --။

မျဉ်းချဆွဲတန်း
သစ္စာလမ်းကို
မျှော်မှန်းကြသော်
တွေးခေါ်ဖြန့်ကား
အမှားဆုံးပြီးအမှန်
အမှန်ဆုံးသော အမှား
ခွဲခြားကြည်လင်
မြင်ပါဖို့ --။

(သျှင်အုန်း)

ဇာတ်ဝင်ခန်း

ကျားက လူကိုနိုင်
လူက ဓါးကိုနိုင်
ဓါးက ကျားကိုနိုင်
သုံးပွင့်ဆိုင်ဇာတ်လမ်း
ဇာတ်ဝင်ခန်းမှာ
ဇာအခန်းက ပါပါ
လောကဇာတ်စင်ထက်မှာ
အကွက်တူကေ
ညံ့လူခံလိုက် --။

(စစ်တွေညိုသန့်)

အလယ်မှာ မောင်နန်းလှ (မြောက်ဦး) ရွီးရေ ကဗျာတပုဒ်ပါပါရေ။ ကဗျာချေက ကောင်းပါရေ။ လူငယ်ကဗျာဆရာဖြစ်ပါဖို့။ စကားလုံးအသုံးအနှုံးမြန်မာဟန် မြန်မာပုံစံလွှမ်းနီပါသဖြင့် အနည်းငယ်ပြုပျင်လို့ ဖော်ပြပီးလိုက်ပါသည်။ မူရင်းကို စာအုပ်ရှာပြီး ဖတ်ကြည့်ကတ်ပါလီ။

မိုးသထအာရုဏ်

ညဉ့်သန်းခေါင်လေ၊ အမှောင်လွန်မြောက်
အာရုဏ်ရောက်လို့၊ ခတက်ခေါက်ကေ
စိတ်ရောက်ရည်မှန်း၊ သဒ္ဓါဆွမ်းကို
လှူဒါန်းဖို့လေ၊ ချက်လတ်တေ --။

ဂြိုးငှက်လူပျို၊ တေးခြင်းဆိုလို့
စိမ်းညိုရွက်နု၊ နှင်းထုဝီ၀ီ
လီချေသွတ်သွတ်၊ တိုက်ကာခတ်ကေ
ရင်ဖတ်အီးရေ၊ ချမ်းလတ်တေ --။

အာရုဏ်ပျိုးလို့၊ မိုးသထမှာ
နိုးထအားမာန်၊ ဗြိန်းစောင်းသံလေ
တောင်ယံကိုဟပ်၊ ဂလိုင်ထပ်ပျာယ်
ရိုက်ခတ်မြည်ဟိန်း၊ စည်တော်ကြိမ်းကေ
ကြက်သိမ်းထရေ၊ အားရရေ --။

ရောင်နီသန်းကေ၊ ဆွမ်းပန်းရီချမ်း
လှုဒါန်းမျှဝီ၊ မိတ္တာမြီမှာ
ပီတိနှိုးဆော်၊ သာထုခေါ်မိ
မှန်းမျှော်နိဗ္ဗာန်၊ သံစည်သံလည်း
မာန်စွယ်နှိမ့်ချ၊ ငြိမ်းချမ်းစွ --။

မောင်နန်းလှ (မြောက်ဦး)

(ရခိုင်ကဗျာ) ခေါင်းစဉ်အောက် အဖွင့်ကဗျာများထဲက ကျန်ကဗျာများမှာ အားလုံးဗမာကဗျာဖြစ်ပါသည်။ ချစ်ဒါလီ၏ (လူ့ဘ၀ရဲ့အလှဆုံးအချိန်)၊ ဆရာမနွယ်စစ်တွေ၏ (ငွေသောင်ယံ ခံစားမှုအတွေး) စစ်တွေပွင့်လွှာ၏ (ငွေရတုမှသည်)၊ မောင်ကြင်နွယ်၏ (ရိုးမတဖက်က ငါ)၊ မင်းရွှေစိန် (အင်းစိန်) ၏ (နိုင်ငံရေးမျက်စိဖွင့်ခဲ့သူ) ကဗျာများမှာ ရခိုင်ကဗျာခေါင်းစဉ်တပ်ထားသော မြန်မာ (ဗမာ) ကဗျာများဖြစ်ပါသည်။ နွယ်စစ်တွေကဗျာ ရခိုင်မူကို အောက်တွင်ဖော်ပြပီးလိုက်ပါသည်။ ဗမာမူရင်းကို စာအုပ်ရှာပြီးဖတ်ကြည့်ကတ်ပါလီ။ (ရှက်ဖို့ကောင်းလို့ ဖော်ပြမပီးလိုက်ပါဗျာ)

ငွေသောင်ယံခံစားမှု

ကမ်းရိုးတန်းကို
လွမ်းရေ --။

လှိုင်းကျောက်ဆောင်
ငွေကမ်းသောင်ပြင်က
သဲဖြူစင်တိကို --။

မျက်စိထဲစွဲ
ချစ်ဖို့ကောင်းစွာတိကျည်း
တမ်းတ၀မ်းနည်းယင်း
လွမ်းယပင်း ငေးယပင်း --။

ကြည့်မဆုံး
လှိုင်းတိ တလုံးပြီးတလုံး
တ၀ုန်းဝုန်းရိုက်
မုန်တိုင်းတိုက်သောခါ
ငွေလွှာဖြူစ
သဲရွရွ
ဖုန်မထဘဲ
ကမ်းကလွင့်ပျောက်စဉ်
ကျောက်ဆိုင်တောင်ကြီး
လီဟုန်စီး
ထီးမားတည်ရပ်
ဟားတိုက်ရယ်ကတ်တေ --။

ပင်လယ်တိမ်တင်းခွန်
လီချွန်သံတိုးတိုး
လှုပ်ခတ်နှိုးခါမှ
ဘ၀အထောင်းအထု
အဖုအထစ်တိက
အစစ်အမှန်တရားကို
မိကျန်လိုက်ပျာယ်လား
ကဗျာဆရာ
စဉ်းစားယင်း စဉ်းစားယင်း --။

နွယ် (စစ်တွေ)

နွယ်စစ်တွေကဗျာ ရခိုင်ဘာသာပြန်ကို (http://www.arakanmusic.com/APOEMS/message.asp?Id3=629) တွင်၎င်း၊ မောင်ကြင်နွယ်၏ကဗျာ ရခိုင်ဘာသာပြန်ကို (http://www.arakanmusic.com/APOEMS/message.asp?Id3=613) တွင်၎င်း၊ စစ်တွေပွင့်လွှာ၏ကဗျာ ရခိုင်သာသာပြန်ကို (http://www.arakanmusic.com/APOEMS/message.asp?Id3=627) တွင်၎င်း ဖတ်ကြည့်နိုင်ပါ။ စစ်တွေပွင့်လွှာနှင့် နွေစစ်တွေမှာ လုံးဝရခိုင်စကားပြောသော ရခိုင်သမစစ်စစ်ဖြစ်ပါသည်။ မောင်ကြင်နွယ် ရခိုင်စကားပြောလား ဗမာစကားပြောလား အကျွန်ုပ်မသိပါ။ အကျွန်ုပ်ကြားရသလောက် မြောက်ပိုင်းသား (မောင်တောသား) ဟု သိရပါသည်။ သံတွဲသားဆိုလျှင် သူ့ကဗျာကို အကျွန်ုပ်အပြစ်မဆိုလိုပါ။ သံတွဲမှာ ကိုလိုနီစနစ်အောက်တွင် မြန်မာမှုပြုခံလားရပြီးဖြစ်ပါသည်။ ယခုအခါ ကျောက်ဖြူကို တခြမ်းမျိုထားပြီးဖြစ်ပါသည်။

ထိုသို့ဘာသာပြန်ရခြင်းမှာ အနာဂါတ်မျိုးပျောက်မည့် အဆိပ်အတောက်များကို ရခိုင်သားများက ရခိုင်သားမျိုးဆက်သစ်လူငယ်ထုအတွင်း အတင်းအဓမ္မရိုက်သွင်းပီးခြင်းမှ အချိန်မှီတားဆီးကာကွယ်နိုင်ရန်ဖြစ်ပါသည်။ ဤသည်မှာ ရခိုင်သားတိုင်း၏သမိုင်းပီးတာဝန်ဖြစ်ပါသည်။ (မဟိစွာထက် မသိစွာခက်) ဆိုစကား ဟိရေမဟုတ်ပါလား။ သို့မဟုတ် (အသိခေါက်ခက် အနက်ဝင်) ဖြစ်နီကတ်စွာလား တွေးမိပါသည်။ အေပုဂ္ဂိုလ်များ မသိဘဲနီဖို့မဟုတ်ပါ။ ဗမာကဗျာကိုပင်လျှင် (ရခိုင်ကဗျာ) ခေါင်းစဉ်တပ်ခြင်း တနည်းအားဖြင့် (ကျွန်ဇတ်သွင်းခြင်း) မှာ ကကောင်းရှက်ဖို့ကောင်းသော အလုပ်ဖြစ်ပါသည်။ ရခိုင်ခံဖို့တောင် မကောင်းပါယာ။

အချုပ်ဆိုရလျှင် ရခိုင်သားလောကတွင် (ဆီဆွတ်) ကကောင်းများပါသည်။ (ဆီဆွတ်) ဟု ဆိုရာတွင် မြောက်ပိုင်းတောင်ပိုင်း မခွဲခြားပါ။ မြောက်ပိုင်းသားက ပိုဆီဆွတ်ပါသည်။ စစ်တွေမဂ္ဂဇိန်းမှာ စစ်တွေသား (မြောက်ပိုင်းသား) ထုတ် မဂ္ဂဇိန်းဖြစ်ပါသည်။ ဤသည်ကို မြောက်ပိုင်းသား တောင်းပိုင်းသားခွဲသည်ဟုမမြင်ဘဲ (အဟုတ်ကို အဟုတ်အတိုင်း) (အပုပ်ကို အပုပ်အတိုင်း) (အယုတ်ကို အယုတ်အတိုင်း) ယထာဘုတကျကျ ခွဲခြမ်းဖို့လိုပါလိမ့်မည်။ မည်သည့်သူကို နာစီ။ မည်သည့်သူကို သာစီ။ ဝေဖန်ခြင်းမဟုတ်ပါ။ လူငယ်ချေတိမျိုးမတုန်းအောင် ကယ်တင်လိုရင်းဖြစ်ပါသည်။

(ရခိုင်ပေါင်းကူး)

မှတ်ချက်။ ။အောက်ပါ Link ကကူးယူဖော်ပြထားပါသည်။
http://www.arakanmusic.com/UNI/message.asp?id3=773