Monday, September 21, 2009

သမိုင်းဝင် သြဂုတ်လ (၁၃) ရက် ဆန်ပြဿနာနိ့

ခိုင်နိုင်လင်း
၁၃ ၊ သြဂုတ် ၊ ၂၀၀၉

စစ်အာဏာသျှင် ဗိုလ်နေ၀င်းအစိုးရလက်ထက် မဆလတစ်ပါတီ အာဏာသျှင်စနစ်ဖြင့် တိုင်းပြည်အား ဓါးမိုးအုပ်ချုပ်ချိန် (၁၉၆၇) ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဆန်ပြဿနာ အကြီးအကျယ်ဖြစ်ပွားခသည်။

မဆလပါတီသည် အခြီခံလူတန်းစားကြီးနှစ်ရပ်ဟု ကြွီးကြော်ထားသော လယ်သမား၊ အလုပ်သမားများအတွက် တောင်သူလယ်သမားများနှီးနှော ဖလှယ်ပွဲနှင့် အလုပ်သမားနှီးနှောဖလှယ်ပွဲများအား နှစ်ခုပြုလုပ်ကျင်းပပီးလျက်ဟိသည်။
၁၉၆၇ ခုနှစ် မတ်လ (၂)ရက်နိ့တွင် မဆလပါတီက “ဗဟိုတောင်သူလယ်သမားကောင်စီ” ကို ဖွဲ့စည်းခသည်။ ထိုကောင်စီ စတင်ဖွဲ့စည်းခြင်းသည်ပင် ဆန်ယှားပါးမှုပြဿနာ ဖြစ်ပေါ်စီရေ အကြောင်း အရင်းတစ်ခုဖြစ်ပါသည်။

၁၉၆၆ ခုနှစ် စိုက်ပျိုးရာသီတုန်းက ရာသီဥတုဖောက်ပြန်ခသောကြောင့် ဗမာပြည်တွင် စပါးစိုက်ပျိုးဧက (၁၁) သိန်းကျော် ပျက်စီးခရပြီး စပါးတင်း သိန်းပေါင်း (၅၀၀) ကျော်ပျက်စီးခရသည်။ ယကေလေ့ ဗိုလ်နေ၀င်းအစိုးရသည် ပြည်တွင်းစားသုံးမှုကို အလီးမထားပဲ ဆန်ပြတ်လပ်မှု ဖြစ်ဖို့ကို သိယင့်သားနှင့် နိုင်ငံခြားငွေရဟိရေးအတွက် ဆန်တန်ချိန် (၁၀) သန်းကျော် တင်ပို့ရောင်းချခသည်။ ယင်းပြင် အစိုးရက ဆန်ကို လွတ်လပ်စွာ ရောင်းဝယ်ခွင့်မပီးပဲ တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားရေအတွက် ကြောင့် ဆန်ယှားပါးမှုပြဿနာ ပိုမိုကြီးထွားလာခသည်။

အစိုးရသည် ပြည်သူလူထုလိုလားချက်ကို အလီးမထားပဲ နိုင်ငံခြားတိုင်းပြည်များသို့ တင်ပို့ရောင်းချနီမှု၊ စီးပွားရေးလုပ်ငန်းများအား လက်ဝါးကြီးအုပ်ထားမှု၊ ချုပ်ချယ်ကန့်သတ်သော ပေါ်လစီများချမှတ်ကာ စီးပွားရေးမှန်သမျှအား ပိတ်ပင်းကန့်သတ်မှုများကြောင့် ဆန်ပြတ်လပ်မှု ပြဿနာဖြစ်ပေါ်လာရခြင်း အကြောင်းအရင်းများဖြစ်ပါသည်။ ၁၉၆၇ ခု စပါးသစ်ထွက်ပြီး လပိုင်းခန့်သာဟိသိမ့်ရေအချိန်တွင် ဆန်ပြတ်လပ်မှုစတင်ဖြစ်ပွားခပနာ ဆန်ဈီးလည်း တဟုန်ထိုးမြင့်တက်လာခသည်။

၁၉၆၂ ခုနှစ် စစ်အစိုးရ အာဏာသိမ်းစဉ်က ဆန်တစ်ပြီ် ပြား(၆၀)သာဟိခရာ (၁၉၆၇) ခုနှစ် ဆန်ပြဿနာ ကြုံတွိ့ရစဉ်တွင် ဆန်တပြီ (၇)ကျပ်မှ (၈)ကျပ်အထိ မြင့်တက်လားခသည်။ယင်းပိုင် ဗမာပြည်တစ်ပြည်လုံး ဆန်ပြတ်လပ်မှု ပြဿနာဖြစ်ပွားရာ အဆိုးဝါးဆုံးခံစားရသူများမှာ ရခိုင်ပြည်သူများသာ ဖြစ်သည်။

နယ်ချဲ့အင်္ဂလိပ်တည်သောမြို့

ပထမအင်္ဂလိပ်-ဗမာ စစ်ပွဲမှာ ဘိုးတော်ဘုရား ရခိုက်ပြည်ကို သိမ်းယူပြီးနောက် နှစ်(၄၀)အကြာတွင် ဖြစ်ပွားခသည်။ ထိုစစ်ပွဲကြောင့် အင်္ဂလိပ်-ဗမာ ရန္တပိုစာချုပ်ကို (၁၈၂၆) ခုနှစ်၊ ဖေဖေါ်ဝါရီ(၂၆) ရက်တွင် ချုပ်ဆိုခပြီး ရခိုင်နှင့် တနင်္သာရီဒေသကို ဗြိတိသျှအင်္ဂလိပ်နယ်ချဲ့သမားများကို ပီးလိုက်ရသည်။ ရခိုင်ပြည်ကို နယ်ချဲ့အင်္ဂလိပ်များ သိမ်းယူသည့်အချိန်ထိ ရခိုင်ပြည်၏ မြို့တော်မှာ မြောက်ဦးမြို့ဖြစ်သည်။ မြောက်ဦးသည် ပင်လယ်နှင့် အလှမ်းဝီးခြင်း၊ ပင်လယ်ကူးသင်္ဘောများ ၀င်ထွက်သွားလာနိုင်မှု မဟိခြင်း၊ ခရီးလားလာရေးခက်ခဲခြင်း၊ ကူးသန်းရောင်းဝယ်ရေးတွင် ဗြိတိသျှနယ်ချဲ့သမားများအတွက် အဟန့်အတား ဖြစ်နီခြင်းကြောင့် ရခိုင်ပြည်၏မြို့ တော်အဖြစ် စစ်တွေကျွန်းအား ရွီးချယ်ခကြသည်။

ရခိုင်ပြည်သည် အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ရပ်တည်ခသော အချိန် ရခိုင်ဘုရင်များလက်ထက်က စစ်တွေကျွန်းသည် စစ်အရေးအရ အချက်အချာကျခသော ကျွန်းတစ်ကျွန်းဖြစ်သည်။ ကျွန်း၏ အမည်တွင် “စစ်” ဆိုရေစကားရပ်သည် စစ်ရေးအရေးပါမှုကို ထင်ယှားစီသည်။ မူလ စစ်တဲဆိုသည့်ဝေါဟာရမှ စစ်တေး၊ စစ်တွေ ဟု ပြောင်းလဲလာခြင်းဖြစ်သည်။ စစ်တဲဟူသော အဓိပ္ပါတယ်မှာ စစ်နှင့်ဆိုင်ရာအင်အားစုများ စစ်တဲချရာအရပ် ဖြစ်သည်။ သို့သော် ရခိုင်ပြည်အား ဗမာနယ်ချဲ့များ သိမ်းပိုက်လိုက်သောကြောင့် စစ်တွေကျွန်း၏ စစ်ရေးအရ အရေးပါမှုသည်လည်း လျော့ကျလားခပြီး တံငါရွာအဆင့် ဖြစ်လားခရသည်။ ထို့ကြောင့် အင်္ဂလိပ်မှတ်များတွင် စစ်တွေမြို့အား “တံငါရွာအဖြစ်” အဖြစ်ရွီးသားထားခကြသည်။

ဗြိတိသျှ နယ်ချဲ့သများများ အုပ်စိုးစဉ်က စစ်တွေမြို့သည် ဗမာပြည်၏ လူဦးရေ အများဆုံးမြို့ကြီး (၁၀) မြို့အနက် တစ်မြို့ အပါအ၀င်ဖြစ်သည်။ စစ်တွေမြို့အား ဗြိတိသျှနယ်ချဲ့သမားများသည် သူရို့အကျိုးစီးပွားအတွက် တည်ထောင်ခခြင်းဖြစ်သည်။ နယ်ချဲ့သမားများက စစ်တွေမြို့အား သူတို့အကျိုးစီးပွားအတွက် တည်ထောင်ခရေပိုင် ရခိုင်မျိုးချစ်များကလည်း နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး အင်းအားစုများ မွီးထုတ်ပီးခရေ ဘုမ္မိနက်သန်မြီအဖြစ် အသုံးပြုခသည်။ မင်းသားကြီးရွှီဘန်း၊ မြို့သူကြီး အောင်ကျော်ဇံ၊ ဒေးဝန်ကြီး အောင်ကျော်ရွှီ ရို့ဦးဆောင်ရေ နယ်ချဲ့ဆန့်ကျင်ရေး အင်အားစုများသည် စစ်တွေမြို့ကို အခြီခံပနာ နယ်ချဲ့အင်္ဂလိပ်များအား တော်လှန်ခကြသည်။

စစ်တွေမြို့သည် ဒုတိယကမ္ဘာစစ်ကာလကလည်း အရေးပါသော မြို့တစ်မြို့ ဖြစ်ခသည်။
စစ်တွေမြို့သည် ဗုံးဒဏ်လည်းခံခရသည်။ စစ်မြီပြင်လည်း ဖြစ်ခရသည်။ ကိုလိုနီသမိုင်းကို ဖြတ်သန်းခရသော စစ်တွေမြို့သည် ကိုလိုနီစနစ်၏ ကောင်းမွီ၊ ဆိုးမွီများကိုလည်း လက်ခံရဟိခသည်။ နယ်ချဲ့အင်္ဂလိပ် တည်ထောင်ခသော မြို့၊ နယ်ချဲ့ အင်္ဂလိပ်၊ ဖက်ဆစ်ဂျပန်၊ ဗမာလူမျိုးကြီးဝါဒီ၊ စစ်ဝါဒီများ သွီးစုပ်၊ ရက်စက်စွာ သတ်ဖြတ်ခြင်းခံခရသော မြို့။

ကိုလိုနီ အဆောင်အယောင်များတည်ဟိရာ စစ်တွေမြို့တွင် ရာဇ၀င် ရိုင်းလောက်အောင် ရက်စက်ကြမ်းကြုတ်လှသော အစုလိုက်အပြုံလိုက် လူသတ်မှုကြီးသည် ဗမာပြည် လွတ်လပ်ရေးရပြီး (၁၉) နှစ်အကြာ (၁၉၆၇) သြဂုတ်လ (၁၃) ရက်နိ့တွင် စစ်တွေမြို့၌ ဖြစ်ပွားခသည်။

စစ်တွေမြို့ဟိ ဆတ်ရိုးကျချောင်းသည် အရှိဖက်မှ အနောက်ဖက်သို့ ဝေ့ကာ စီးဝင်လျှက်ဟိသည်။ စစ်တွေကျွန်း၏ အနောက်မြောက်ဖက်တွင် ကြွီတဲချောင်းနှင့် မယူမြစ်(၃) ခု ပေါင်းဆုံပြီး ဘင်္ဂလားပင်လယ်အော်ထဲသို့ စီးဝင်လျှက်ဟိသည်။ ဆတ်ရိုးကျချောင်းတစ်ရိုးတွင် အရှိမှ အနောက် နာဇီရွာအထိ ဆန်စက်တိ၊ စပါးသိုလှောင်ရုံတိ၊ သဘောင်္ဆိပ်တိ၊ ဘုတ်ဆိပ်တိ၊ လောင်းလှီတိ ဖြင့်ပြည့်ကျပ်လျှက်ဟိသည်။ ကုလားတန်မြစ်နှင့် ပေါင်းဆုံရာ ဆတ်ရိုးကျ ချောင်းဝမှ မိုင်အနည်းငယ်ဝီးသော နီရာမှာ နိုင်ငံခြားသင်္ဘောကြီးများ ဆိုက်ကပ်ထားသည်။

ကုလားတန်မြစ်၊ လေးမြို့မြစ်နှင့် ရခိုင်တနံတလျားမှ ထွက်ရေ စပါးများကို ဆတ်ရိုးကျချောင်းတရိုးတွင် လာရောက်ရောင်းချကြသည်။ ဆတ်ရိုးကျချောင်းဟိ ဆန်စက်များမှ ကြိတ်ခွဲပြီး ဆန်များကို နိုင်ငံခြားသို့ တင်ပို့ကြသည်။ ဆတ်ရိုးကျချောင်းတွင် စစ်တွေတည်စကပင် ဆန်စပါးရောင်းဝယ်ရေး ဖြစ်ထွန်းခသည်။ ရခိုင်တစ်ပြည်လုံးတွင် ဆန်စပါးရောင်းဝယ်ရေးရာ၌ အချက်အချာကျရေ ချောင်းရိုးတစ်ခုဖြစ်သည်။ မင်းဂံချောင်းဝ အောက်နားမှစ၍ ဆတ်ရိုးကျချောင်းထိ မြစ်ရိုးတလျှောက် နိုင်ငံခြားဆန်တင်သင်္ဘောများသည် ဆန်ဂိုဒေါင်များမှတဆင့် ဆန်စပါးများကို ကုန်တင်ခြင်း ပြုလုပ်လျှက်ဟိသည်။

ရခိုင်ပြည်၏ ပထမဆုံး အငတ်ဘေး

“ဘားဘူဟိယင့် ဆန်ဟိယင့် ဒိုင်းကျီဟိယင့် ရီဟိယင့်” ဟူ၍ ရခိုင်ပြည်၏ ဆန်ရေစပါးပေါများပုံအား စာဖွဲ့မှတ်တမ်းတင်ခသည်။

ရခိုင်ပြည်တွင် ဆန်ယှား၍ အငတ်ဘေးနှင့် ကြုံတွိ့ခရသည်ဟု သမိုင်းတလျှောက်တွင် မည်သည့်အခါကမျှ မတွိ့ဖူး၊ မကြားဖူးခရပါ။ နေ၀င်းစစ်အုပ်စုလက်ထက် (၁၉၆၇) ခုနှစ်တွင် ရခိုင်ပြည်သူ၊ ပြည်သားများ ပထမဦးဆုံး ကြုံတွိ့ခရသော အငတ်ဘေးဖြစ်သည်။ ဆန်ယှားပါးမှုကြောင့် ငွေကြေးတတ်နိုင်သူများပင် ဆန်ကိုဝယ်မရ ဖြစ်ခရသည်။ ဆန်ရေစပါးယှားပါးမှုကြောင့် ပြိန်းဥနှင့် ချဉ်ပေါင်ကိုကြို၍ သောက်ရရေအထိ ဆန်စပါးယှားပါးခသည်။ အကျိုးဆက်အဖြစ် ၀မ်းကျလို့သီသူများ သတင်းနှင့် ရှက်၍ အိပ်ဆီးသောက်လို့်သီသူများ သတင်းသည် ရခိုင်ပြည်အနှံ့ အပြားတွင် မကြားချင်ဆုံး ကြားနီရသော သတင်းများ ဖြစ်ခသည်။

စစ်တွေမြို့ လမ်းကြို လမ်းကြားများတွင် “ထမင်းကျန်ပီးပါ။ ဟင်းကျန်ပီးပါ” ဟု တဇာဇာနှင့် လိုက်လံတောင်းစားနီကြရသူများကို နိ့တိုင်းပိုင်ချောင်မြင်တွိ့ကြခရသည်။ ရင်ခွင်ထဲတွင်လည်း နို့စို့အရွယ် အချေတိကို ချီထားကြသည်။ ဤကဲ့သို့သော မြင်ကွင်းအား ကြွီကွဲဝမ်းနည်းစရာ မြင်ကွင်းဖြစ်သည်။ မိန်းမပျို၊ လူပျိုများသည်ပင် တောင်းရမ်းစားသောက်ရသည့်အဖြစ် ရောက်ကြရသည်။ ဆန်ယှားပါးမှုကြောင့် ကျေးလက်များတွင် ချမ်းသာသော အိမ်များကိုဝင်ပြီး ဆန်လုသည့်အဖြစ်များ ဖြစ်ပွားလျှက်ဟိသည်။ ဗမာစစ်အစိုးရသည် ရခိုင်ပြည်သူများ ငတ်ပြတ်နီသော်လည်း အီးအီးဆေးဆေးပင်။ ရခိုင်ပြည်သူလူထု ရင်ဆိုင်နီရရေ အငတ်ဘေးအား ဖြီယှင်းပီးခြင်း မဟိဘဲ ရခိုင်အချင်းချင်း သတ်ဖြတ်ခြင်းကို အသာတကြည် စောင့်ကြည့်လျှက်ဟိသည်။ “ယာလည်းညက်စီ၊ ကြက်လဲမောစီ” ဆိုသည့်မူကို လက်ကိုင်ပြုထားသော နေ၀င်းအစိုးရသည် ဆန်လုပွဲ အဖြစ်အပျက်များအား ဥပက္ခာပြုထားခသည်။

စစ်တွေမြှို့တွင် ဆပလိုင်ဟုခေါ်သော သမ၀ါယမဆိုင်များမှ ကျေးရွာ ရပ်ကွက်တိုင်းတွင် ကဒ်ပြားများဖြင့် ၀ီငှ ရောင်းချပီးသည်။ လူတစ်ဦးလျှင် အယင်ကနို့ဆီဗူး (၆၀) ပီးရာမှ ဆန်ယှားပါးသည်ဟု ဆိုကာနို့ဆီဗူး (၄၀) ထိလျော့ချပြီး ရောင်းချပီးခသည်။ ရခိုင်ပြည်သူများမှာ ပုံမှန်မစားသောက်နိုင်ဘဲ မလောက်မငဖြင့် မ၀ရေစာ စားသောက်လာကြရသည်။

မှောင်မိုက်သော နိ့ရက်များ ( သြဂုတ်လ၊ (၁၁)ရက်၊ ၁၉၆၇)

မိုးသည်းထန်စွာ ရွာလိုက်၊ စဲလိုက်ဖြစ်နေသော သြဂုတ်လ (၁၁)ရက်နေ့တွင် ခရိုင်လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီ (ခ၊လ၊က) ရုံးရှိတွင် လူအများ ဆန္ဒပြတောင်းဆိုနီကြသည်။ တောင်းဆိုသောအကြောင်းအရာမှာ လက်ဟိသူရို့ ရင်ဆိုင်ကြုံတွိ့နီရသော ဆန်ပြ ဿနာ အားဖြီ ယှင်းပီးရန် ဖြစ်သည်။ (ခ၊လ၊က) ရုံးမှ ဆန်ပြဿနာအား ဖြီးယှင်းပီးနီရေလို့ သတင်းများထွက်ပေါ်နီသောကြောင့် လာရောက်စုဝေးကြခြင်းဖြစ်သည်။ သို့သော် ထူးခြားမှုကား မဟိချေ။ မျှော်လင့်ချက်ဖြင့် ရောက်လာသူများသည် အိမ်မပြန်ဘဲ တစ်ခုခုဖြီယှင်းပီးလီဖို့လား ဟူသောစိတ်ဖြင့် ဆက်လက်စောင့်ဆိုင်းနီကြရာ နီကရာ တဆတ်ဆတ်စောင်းလာခသည်။ ထိုအချိန်တွင် (ခ၊လ၊က) တာဝန်ဟိသူရို့က ထွက်လာပြီး “အိပ်ပြန်ပါဖိ” ဟုပြောသောကြောင့် သူရို့လာရာလမ်းအတိုင်း အသီးသီးပြန်လားခကြသည်။ အစိုးရအား သိမ်မွိ့သော နည်းလမ်းများဖြင့် သူရို့၏ အသက်ရှင် ရပ်တည်ရေးအတွက် ဖြီယှင်းပီးရန် တောင်းဆိုခကြသည်။

(သြဂုတ်လ၊ (၁၂)ရက်၊ ၁၉၆၇)

ခရိုင်လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီ (ခ၊လ၊က) ရုံးတွင် ဆန်ပြဿနာနှင့် ပတ်သက်၍ မြို့မိ၊ မြို့ဖများကို ခေါ်ပြီး အစည်းအဝေးတစ်ရပ်ကျင်းပလျက်ဟိသည်။ ထိုအစည်းအဝေးမှနီ၍ လူတယောက်ကို ဆန်နို့ဆီဗူး (၁၄) ဗုးစီဖြင့် တစ်လစာ ဖြန့်ဖြူးရောင်းချပီးမည်ဟု သတင်းများထွက်ပေါ်လာခသည်။ လူတစ်ဦး ဆန်နို့ဆီဗူး (၁၄) ဗူးအား တစ်လအထိစားရမည့် အစီအစဉ်ဖြစ်သည်။

လူတယောက် စောစောတစ်ဗူး၊ ညဇာတစ်ဗူး တစ်လအနည်းဆုံး (၆၀)ဗူး လိုအပ်ပါသည်။ ယင်းဆန်နို့ဆီဗူး (၁၄) ဗူး ကို လူတစ်ဦးအနီဖြင့် တစ်လစားရမည်ဆိုသည်မှာ မည်သို့နည်း။ ဖြစ်နိုင်စရာအကြောင်းလုံးဝမဟိချေ။ ထိုအစီအစဉ်အား လက်ခံရေ လူတစ်ချို့လည်းဟိကြသည်။ ဤသို့ဆိုပါက ငယ်၍သီဖို့ရာသာ ကျန်ပါဗျာယ်။ ဆန်လုံးဝမဟိ၍ သီရဖို့ဆိုလျှင်ဟုတ်သိမ့်ယင့်။ ဆန်ဂိုဒေါင်တိ၊ နိုင်ငံခြားသင်္ဘောတိတွင် ရခိုင်ပြည်မှ ထွကသော ဆန်တိ အပြည့်ဟိနီပါလျက် ဇာကြောင့် ဗမာစစ်အစိုးရသည် ရခိုင်ပြည်သူများ၏ အငတ်ဘေးပြဿနာကို မဖြီယှင်းပီးနိုင်ပါသနည်း။

အချိန်: : ညဇာ (၃)နာရီ

ဆင်ကူးလမ်းရပ်ကွက်၊ (ဦးစောဖြူ) ဆန်စက် ဆပ်ရိုးကျချောင်းခြံဝင်း၏ နောက်ဖက် ဆိပ်ကမ်းဖောင်တော်တွင် လူများ ယှုပ်ယှက်ခက်လျက်ဟိသည်။ (CB28)အမည်ဟိ နိုင်ငံခြားသင်္ဘောသည်လည်း ဆိပ်ကပ်လျက်ဟိနီသည်။ လူများသည် သင်္ဘောထက်မှ ဆန်များကို တပိုင်တနိုင်သယ်ချနီကြသည်။ တအိတ်နိုင်သူ တစ်အိတ်၊ တစ်ဝက်နိုင်သူ တစ်ဝက် သယ်ယူနီကြသည်။

တစ်ချို့မှာ သင်္ဘောဝမ်းခေါင်းထဲမှ မနိုင်မနင်းထမ်းလာ၍ ရီထဲသို့ ဆန်အိတ်နန့် လူပါ လိမ့်ဆင်းလားစွာတိကိုလည်း တွိ့မြင်နီရပါသည်။ လုံခြုံရေး ရဲသားတိကလည်း ဆန်ယူနီသူများအား မည်သည့်ဟန့်တားမှုမျှ မပြုလုပ်ဘဲ ဒေအတိုင်းရပ်ကြည့်နီကြပါသည်။ ဆိပ်ကမ်းတစ်ခုလုံးသည် ဆန်ယူနီသူတိဖြင့် အုတ်အော်သောင်းနင်း ဖြစ်လျက်ဟိပါသည်။

ညဇာ(၇) နာရီခန့်တွင် (CB 28)မှ ဆန်တိကုန်လားသည်။ လူအများကလည်း တဖြည်းဖြည်း ပျောက်လားခသည်။
စားစရာဆန်မဟိဗျာယ် ဖြစ်သောကြောင့် နီးရာ ဆန်ဂိုဒေါင်များ၊ သင်္ဘောများမှ ဆန်များကို ဖောက်ယူနီကြခြင်းဖြစ်သည်။ ည(၉)နာရီခန့်တွင် ကမ်းမှ ထွက်ခွာသွားသော (CB) သင်္ဘောတွင် မိန်းမတစ်ဦးပါလားကြောင်း၊ သီဆုံးလားကြောင်း သတင်းထွက်လာသည်။ (CB) မှ ယူဆောင်လာသော ဆန်များသည် အဆီချွဲကာ အလွန်စား၍ကောင်းကြောင်း ပြောဆိုနီကြသည်။

သြဂုတ်လ (၁၂) ရက်နိန့် ညဇာဖက်တွင် အသက်ရှင်ရပ်တည်ရေးအတွက် ဆန်ကို ရသည့်နီရာများမှ ဖောက်ယူနီသူများဟိရေပိုင်၊ ဆန်ပြဿနာအား အစိုးရမှဖြီယှင်းပီးမှ ပြေလည်မည်ဟု ယုံကြည်ကာ ဆန္ဒပြတောင်းဆိုရန် ကြိုးပမ်းနီသူများလည်းဟိသည်။

လမ်းမတော် တောင်ရပ်ကွက် ကျောင်းဆရာမ နေအိမ်တစ်အိမ်တွင် လူငယ်(၃၀)ကျော် ဆန္ဒပြ ချီတက်ရန် စုဝေးကာ ညဇာ(၇)နာရီတွင် နေအိမ်မှ စတင် ထွက်ခွာကြသည်။

“ဆန်ပြဿနာ ဖြီယှင်းပီး”
“အရေးတော်ပုံ အောင်ရမည်”
“ရခိုင်သား ဆန်ကွဲမစား”
“ရခိုင်သား ဆန်အပြည့်အ၀ ရောင်းချပီး”


ဟူသော ကြွီးကြော်သံတိ ကြွီးကြော်ကာ လမ်းမကြီးအတိုင်း စတင်ချီတက်လာကြသည်။ သူရို့ချီတက်နီသော နောက်ဆုံးနီရာမှာ မြူနီစပယ် ဥက္ကဋ္ဌ ဦးမောင်ကျော်ဦး အိမ်သို့ဖြစ်သည်။ ဦးမောင်ကျော်ဦးအိမ်သို့ ချီတက်နီခြင်းမှာ ဆန်ပြဿနာဖြီယှင်းပီးနီ၍ မဟုတ်။ သူက အာဏာပိုင်များအား လူတစ်ဦးလျှင် တစ်ရက် ဆန်တစ်ဗူး၊ ပြုတ်ဆန်နှင့် ဆန်ကွဲများပီးလျှင်ရသည်ဟု တင်ပြခသောကြောင့်ဖြစ်သည်။ ပြည်သူများသည် သူ၏တင်ပြချက်များအား ခံပြင်းကာ သူ့ဆီသို့ ချီတက်နီခြင်းဖြစ်သည်။

အိမ်ရှိအရောက်တွင် ဆန္ဒပြသူများ စုစုပေါင်း (၂၀၀)ခန့်ဟိဖို့လို့ ခန့်မှန်းရပါသည်။ သူရို့သည် ဦးမောင်ကျော်ဦး နီအိမ်အား အုတ်ခဲများဖြင့် ပစ်ကြသည်။ ယင်းပိုင် ပစ်နီစဉ် လက်နက်အပြည့်အစုံနှင့် စစ်သားများလိုက်ပါလာသော စစ်ကား(၂)စီး ရောက်လာပြီး စစ်ကားများနှင့်အတူ တိုင်းမှူး ဗိုလ်ချုပ်စောဖြူ လည်း လိုက်ပါလာသည်။ အိုးတန်းရပ်ကွက်နှင့် ရူပရွာခွဆုံမှ ဆန္ဒပြလူငယ်များက စစ်ကားနှစ်စီးအားဝိုင်းလိုက်ကြသည်။ ဗိုလ်မှူးစောဖြူသည် လူငယ်ခေါင်းဆောင်များအားခေါ်ကာ ဆန်ပြဿနာကို သူဖြီယှင်းပီးမည်ဟု ကတိပီးပြီး ဆန္ဒုပြသူများအား လူစုခွဲပြီး အိပ်ပြန်ရန် ပြောကြားခသည်။ ဆန္ဒပြသူများကလည်း ဆန်ပြဿနာဖြီယှင်းပီးမည် ဟုဆိုသော ကတိစကားအား ယုံကြည်ကာ အသီးသီးပြန်လားခကြသည်။ အချိန်ကား ညဉ့် (၁၀) နာရီခန့်ဟိသည်။

“ဆန်ပြဿနာ ဖြီယှင်းပီး”
“အရေးတော်ပုံ အောင်ရမည်”
“ရခိုင်သား ဆန်ကွဲမစား”
“ရခိုင်သား ဆန်အပြည့်အ၀ ရောင်းချပီး”


သွီးစွန်းသော သြဂုတ် (၁၃) ရက်


သြဂုတ်လ (၁၃) ရက်နိ့တွင် စစ်တွေတစ်မြို့လုံးမှာလှုပ်လှုပ်ရွရွ ဖြစ်လျက်ဟိနီပြီး အယင်တရက်ကထက် ပိုမိုထူးခြားလျက်ဟိနီသည်။ ယင်းနိ့တွင် စစ်တွမြို့၌ ဇာပုံ ဇာနည်းဖြစ်လာဖို့ဆိုသည်ကို မည်သူတစ်ဦး တယောက်ကမျှ မခန့်မှန်းနိုင်။ ပြည်သူလူထု တစ်ရပ်လုံး၏ မကြေနပ်သံများ၊ တောက်ခေါက်သံများ၊ ငိုငြီးသံများက နီရာအနှံ့ ကြားနီရသည်။ သူရို့၏ မျက်နှာများတွင် မသာမယာဖြင့် တစ်စုံတစ်ခုကို စိုးရိမ်ကြောင့်ကြနီဟန်ဟိသည်။

ဘုရားကြီး ရင်ပြင်တွင် စစ်တွေတစ်မြို့လုံး ဆန္ဒပြချီတက်ပွဲ ပြုလုပ်ရန်လျှို့ဝှက်ကြံစည်ထားသော ကျောင်သား (၁၂) ယောက်ခန့် ရောက်လာကြသည်။ ထိုအထဲမှ ကျောင်းသားတစ်ဦးက သူအင်္ကျီအတွင်းမှ ပိတ်ဖျင်စတစ်ခုကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ၀ါးလုံးနှစ်လုံးတွင် အသေအချာ ချိုင်နှောင်လိုက်သည်။ ထိုပိတ်ဖျင်စတွင် ရေးထားသော စာသားများကား --
“ဆန်ပြဿနာ ဖြီယှင်းပါ …. ရခိုင်အရေးတော်ပုံ အောင်ရမည်”
ဟု ရေးသားထားသည်။

ကျောင်းသားနှစ်ဦးသည် ပိတ်ဖျင်စအား ၀ါးလုံးနှစ်လုံးတွင် ချိုင်နှောင်လိုက်ပြီး ၀င်္ကပါကွင်းဟိ ပိတောက်ပင်ကြားတွင် ထောင်ထားလိုက်သည်။ ဆန္ဒပြပွဲအတွက် လူစုနီခြင်းဖြစ်သည်။ ထိုအချိန်တွင် လမ်းမတော်တောင်ဖက်မှ အသုဘပို့ဆောင်လာကြရာ လိုက်ပါလာသူများသည် ထိုပိတ်စအားမြင်ရာ သုဿန်သို့ မလားရောက်ဘဲ စုဝေးရာနီရာတွင် ဆင်းကျန်ခကြသည်။

အသုဘပို့ဆောင်သော ကားတန်းတွင် လူမပါသလောက် ဖြစ်လားသည်။ ဤသို့ဖြင့် တဖြည်းဖြည်းစုဝေးလာကြရာ စတင်ဆန္ဒပြနိုင်ရေ လူအင်အားဟိလာသည်။ “ဆန်ပြဿနာ ဖြီယှင်းပါ။ ရခိုင်အရေးတော်ပုံ အောင်ရမည်” ဟု ရေးသားထားသော ပိတ်ဖျင်သည် ဆန္ဒပြပွဲ၏ တစ်ခုတည်းသော ဆိုင်းဘုတ်ကြီးလည်း ဖြစ်လားသည်။ ထိုပတ်စအား အ၀ီးကပင် ထင်ရှားစွာ မြင်နီရသည်။ နိန့်ခင်း(၁) နာရီခန့်တွင် စတင်ချီတက်ထွက်ခွာရန် ပျင်ဆင်ခြင်းအဖြစ် ဆန္ဒပြပွဲအား ဦးဆောင်သူတစ်ဦးသည်

“နှာခေါင်းပိုင်း နေ၀င်းအစိုးရ …. အလိုမဟိ”
“မဆလအစိုးရ ….. အလိုမဟိ”
“ ဆန်ပြဿနာ …. ဖြီယှင်းပါ”
“ ရခိုင့်အရေးတော်ပုံ … အောင်ရမည်”
“နှာခေါင်းပိုင်း နေ၀င်းအစိုးရ …. အလိုဟိ”
“မဆလအစိုးရ ….. အလိုမဟိ”
“ ဆန်ပြဿနာ …. ဖြီယှင်းပါ”
“ ရခိုင့်အရေးတော်ပုံ … အောင်ရမည်”
ကြွီးကြော်သံကို စ၍ တိုင်ပီးလိုက်သည်။

ဆန္ဒပြသူများသည် ဘုရားကြီးရှိ ၀င်္ကဘာကွင်းမှ စတင်ထွက်ခွာလာရာ ဒေးဝန်းရွာလမ်း၊ ဟင်္သာကန်ရှိ၊ ဘောက်သီးစုလမ်း ထိုမှတဆင့် မင်းဘာကြီးလမ်း၊ ဘုတ်ဆိပ်၊ စက်ရုံလမ်းအတိုင်း ချီတက်လာခကြသည်။ လမ်းတလျှောက် လိုက်ပါလာသူများကြောင့် ဆန္ဒပြသူအင်အားသည် တဖြည်းဖြည်း တိုးပွားလာခသည်။ ထိုကဲ့သို့ ချီတက်လာခကြရာတွင် လမ်းမတော်တောင်ရပ်ကွက်ဟိ ဦးစံထွန်း (ခေါ်) ဦးလူဖြူ အိမ်ရှိအရောက်တွင် ဗိုလ်မှူး စောဖြူ ရောက်လာပြီး ဆက်လက်ဆန္ဒမပြရန် ဟန့်တားသည်။ ဆန္ဒပြသူများကလည်း “ဆန်ကို ရောင်းချပီးပါ။ ရောင်းပီးကေ အခု လူစုခွဲဖို့်” ဟု တောင်းဆိုကြသည်။ ယကေလေ့ ဦးစောဖြူမှာ တစုံတရာ ပြန်လည်ဖြေကြားခြင်းမဟိဘဲ လာရာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာလားခသည်။ ဆန္ဒပြသူများကလည်း ရှေ့ဆက်ပြီး ကြွီးကြော်သံများ အော်ဟစ်ကာ ဆက်လက်ချီတက်ကြသည်။ လမ်းတစ်လျှောက် လက်ခုပ်များတီးကာ အားပီးထောက်ခံနီကြသော မြို့သူ၊ မြို့သားများ ကို တွိ့ရသည်။ မြို့မအမှတ် (၁) ရဲစခန်းတွင် ရဲများ ပတ်ပတ်လည် လုံခြုံရေးယူထားကြသည်။ သို့သော်ဆန္ဒပြနေသူများအား အနှောင့်အယှက် လုံးဝ မပီးဘဲ အေအတိုင်းလက်ပိုက်ရပ်ကြည့်နီကြခြင်း ဖြစ်သည်။

လမ်းမကြီးအတိုင်းချီတက်လာကြရာ စစ်တွေပြည်သူ့ဆီးရုံကြီးသို့ ရောက်လာသည်။ ထိုမှ တြိဂံခွဆုံ ပြည်တော်သာ မူလတန်းကျောင်းရှိမှ ဖြတ်ကာ စစ်တွေအကျဉ်းထောင်ဗူးဝတည့်တည့် လမ်းအတိုင်း ချီတက်လာကြသည်။ လမ်းတလျှောက်အားပီးနီသူများသည် ဆန္ဒပြသူများအား သောက်ရီများ တိုက်ကာ ဆန္ဒပြပွဲအား ထောက်ခံအားပီးကြသည်။ ပြည်သူတစ်ရပ်လုံး၏ လိုလားချက်ကို တောင်းဆိုဆန္ဒပြပွဲ ဖြစ်သောကြောင့် တစ်မြို့လုံးအားပီးကြသည်။ ထို့နောက် အနောက်စံပြ (၇) ဌာနလမ်းအတိုင်း ထောင်အနောက်ဘက် ဗိုလ်ကြီး ဖိုးသာရွာလမ်းအတိုင်း ဘုမလက်ဘက်ရည်ဆိုင် (အခု လောကနန္ဒာခွဆုံ)၊ ဘောလုံးကွင်းလမ်းအတိုင်း လီယာဉ်ကွင်းမှ ချီတက်လာရာ မီးစက်ကြီးခွဆုံ နာဇီရွာ (လက်ရှိ စက်ရုံစု) ကုန်းတန်းလမ်းသို့ ရောက်လာကြသည်။ နာဇီရွာမှ မွတ်စလင်များသည်လည်း ဆန္ဒပြချီတက်ရာတွင် ပါဝင်လာကြသည်။ ဆန္ဒပြချီတက်ပွဲသည် လူလှိုင်းများ လိမ့်ဆင်းလာသည်အလား မျက်စိတဆုံး လှမ်းမြင်နီရပြီး လူအင်အားသည် သိန်းကျော်ခန့်ဟိဖို့လို့ ခန့်မှန်ရသည်။ လူတိုင်း အသက်ဆက်လက်ရှင်သန်ရေးအတွက် ဆန်ရဟိရေးသည် အဓိကဖြစ်သောကြောင့် ထိုကဲ့သို့ ပြည်သူအမြောက်အမြား ပါဝင်ခကြခြင်းဖြစ်သည်။ ကြွီးကြော်သံကား ပြောင်းလဲခြင်းမဟိ။

ထိုကဲ့သို့ချီတက်လာကြရာ မကြာမီ စက်ရုံစုလမ်းနှင့် ကသဲရွာလမ်းထိပ်တွင် “မြ” ဆန်စက်ရှိသို့ ရောက်လာကြသည်။ ဆန္ဒပြချီတက်လာသူများသည် ထိုနီရာအရောက်တွင် ရှိဆက်မတိုးနိုင်ဘဲ ရပ်တန့်လားခသည်။ အကြောင်းက- ဆန်စက်ရှိ၌ သံဆူးကြိုးများဖြင့် ကာဆီးထားသောကြောင့် ဖြစ်သည်။ ထို့အပြင် ဆန်စက်လက်ယာဘက်တွင် (TE) ဟီးနိုးကားကြီး (၆)စီးရပ်လျက်ဟိပြီး မြဆန်စက်ခြံဝင်း၏လမ်းညာဖက်တွင် စစ်သားများသည် ရပ်၍နီရာယူထားကြသည်။ စစ်သားများလက်ထဲတွင် (G-3) မောင်းပြန်သေနတ်များ အသင့်ကိုင်ဆောင်ထားကြသည်။ မြဆန်စက်အနီး ဟူမေရာဆန်စက်ခြံဝင်းတစ်ခုလုံးတွင်လည်း သေနတ်မောင်းတင်ထားပြီး လုံခြုံမှုခလုတ်ကို ပိတ်ထားကာ သတိကြီးစွာ ရပ်စောင့်နီသူ စစ်သားများကိုလည်း တွိ့မြင်နီရသည်။ သို့သော် ဆန္ဒပြသူများကား ကြောက်ရွံ့တုန်လှုပ် နောက်ဆုတ်ခြင်းကား လုံးဝမဟိ။ ယကေလေ့ ဆန္ဒပြသူများအား ရှိဆက်တိုး၍ မရအောင် ကာဆီးထားသော အရာကားသံဆူးကြိုးများပင်ဖြစ်သည်။ သံဆူးကြိုး၏ တစ်ဘက်တွင် လက်နက်အသင့်ကိုင်ထားသော စစ်သားများဟိနီပြီး အခြားတစ်ဘက်တွင် လက်နက်မဲ့ပြည်သူများ၊ တမင်းငတ်၍ သီရဖို့ပြည်သူများ၊ တနည်းအားဖြင့်ဆိုသော် ဗမာစစ်အာဏာသျှင် နေ၀င်းအလိုကျ အမိန့်နာခံနီရသော ပြည်သူ့သားသမီး စစ်သားများနှင့် ငတ်၍သီရဖို့အစား တိုက်ပွဲဝင်၍ သီရဖို့လို့ ဆုံးဖြတ်ထားသော ပြည်သူများ၊ ဇာသူက အနိုင်ရမည်နည်းဆိုသည်ကို တယောက်လည်း မပြောနိုင်။ အာဏာသျှင်နှင့် ပြည်သူ ထိပ်တိုက်တွိ့မှု နောက်ဆုံးအဆင့်သို့ ရောက်နီဗျာယ်။

ထိုအချိန်တွင် ဗိုလ်မှူးစောဖြူသည် နောက်ထပ်တဖန် ရောက်လာပြီး ဆန္ဒပြလူအုပ်ထဲမှ တစ်ဦးထွက်လာပါဟု ခေါ်ယူလိုက်သည်။ ရှိဆုံးတန်းမှ တစ်ဦးထွက်လားပြီး ဗိုလ်မှူးစောဖြူဘားသို့ လားခသည်။ ဗိုလ်မှူးစောဖြူသည် ထိုသူအား စာရွက်တစ်ရွက် ပီးအပ်လိုက်သည်။ ထိုသူသည် ဗိုလ်မှူးစောဖြူ ပီးလိုက်သော စာအားယူလာကာ တံတားအုတ်ခုံထက်မှ ရပ်၍ ဖတ်ရန်ပျင်လိုက်သည်။ ထိုအခိုက်အတန့်တွင် ရှိဆုံးတန်းမှ ရောက်နီသူများထဲမှ တစ်ဦးက ထိုစာသည် အမိန့်စာဖြစ်ကြောင်း၊ မဖတ်ရန်ပြောကေလည်း နောက်ကျလားခပါဗျာယ်။ စာရွတ်ဖတ်ပြနီသူသည် စကား အ အ,ဖြင့် “(၁၉/ရ) သြဂုတ်လ (၁၃) ၇က်၊ ဤ နိ့မှစ၍ ပုဒ် ပုဒ်မ တစ် တစ် တစ်ရာ့ လေး လေး ဆယ်လေးကို ထုတ်ပြန်လိုက်သည်….” ဟု ဖတ်ပြလိုက်သည်။

ပုဒ်မ (၁၄၄) အရ ညမထွက်ရ၊ လူ(၅)ဦးထက် ပိုပြီး လူမစုရ ရို့ဖြစ်သည်။ ထိုအမိန့်စာအား ဖတ်ပြနီစဉ်မှာပင် ဆန္ဒပြလူအုပ်သည် တဖြည်းဖြည်း ပိ၍ပိ၍ သိပ်သည်းလာနီသည်။ ထိုအခါ ဗိုလ်မှူးစောဖြူက -
“ရဲဘော်တို့၊ ရဲဘော်တို့ တောင်းဆိုသော ဆန်ဗူး (၆၀) ကိုပေးမယ်၊ ဟိုလမ်းမှ အေးအေး ဆန္ဒပြသွားကြပါ။ ဤလမ်းကို မကျော်ပါနှင့်” ဟုပြောနီစဉ် လူအုပ်က တရွိ့ရွိ့တိုးလာပြီး ငပိသိပ် ငါးချဉ်သိပ် သကဲ့သို့ သိပ်သည်းလာခသည်။ စစ်သားများက ကာဆီးထားသော သံဆူးကြိုးများကို ဘယ်ညာ တစ်ခုစီခွဲ၍ ဖယ်ယှားလိုက်ကြသည်။ “ပုဒ်မ (၁၄၄) ကိုရုတ်သိမ်းလိုက်ပြီ” ဆိုသော အမိန့်ကိုလည်း မကြားလိုက်ရ။ သံဆူးကြိုးများကို ဖယ်ယှားလိုက်သောကြောင့် အကန့်အသတ်မဟိ စည်းလွတ်ကမ်းလွတ်ဖြစ်လားပြီး လူအုပ်သည် ပြီးတက်လားရေပိုင်ဖြစ်လားခသည်။

ထိုအချိန်တွင် စစ်တပ်မှ စည်း(၃)တန် သတ်မှတ်ထားသော နီရာအမှတ်အသားကို မရောက်ခင်မှာပင် သေနတ်သံသည် မိုးယံသို့ လျှံတက်လားခသည်။ ထို့နောက် အဆက်မပြတ် ထွက်ပေါ်လာသော သေနတ်သံ။ ဆန္ဒပြသူများထဲတွင် ကျီဆန်ထိမှန်၍ လဲကျသူ လဲကျ၊ ကစဉ့်ကလျား ထွက်ပြီးသူ ပြီးဖြင့် အခြေအနေတရပ်လုံးသည် ရုတ်ချင်းပြောင်းလဲလားခသည်။ အူအပွတ်လိုက် ထွက်နီသည်ကို လက်နှင့်ဖုံးအုပ်ကာ ဝေဒနာ ခံစားနီရသူများ၊ မျက်လုံးမှိတ်တုတ် မှိတ်တုတ်ဖြင့် ပက်လက်လန်နီသူများ မြီကြီးထက်တွင် ၀ပ်နီရာမှ ကုန်းရုန်းပြီးသူများကို တွိ့ရသည်။

ထွက်ပြီးသူများသည် ဆန်စက်အနီးမှ စီးဆင်းလျက်ဟိသော ဆတ်ရိုးကျချောင်းကိုဖြတ်၍ ကမ်းတဖက်သို့ ထွက်ပြီးရန် ရီထဲသို့ ခုန်ဆင်းကြသည်။ ထိုသို့လွတ်မြောက်ရန်အတွက် ထွက်ပြီးနီသူများကိုပင် စစ်သားများသည် အလွတ်လုံးဝမပီး။ တံတားအနီး အုတ်ခုံထကနီ၍ ချောင်းရီတွင် ကူးခတ်နီသူများအား စိတ်ဟိ လက်ဟိ ပစ်ခတ်နီကြသည်။ လူများအား တိရိစ္ဆာန်များသဖွယ် ပစ်သတ်နီကြသည်။ ဆတ်ရိုးကျချောင်းရီသည် သွီးများရဲရဲဖြင့် သွီးချောင်းဖြစ်လားခသည်။

ဗုဒ္ဓဘာသာဝင်ရို့၏ ဥပုသ်နိ့

(၁၉၆၃) သြဂုတ် (၁၃) ရက်နိ့သည် ဗုဒ္ဓဘာသာဝင်ရို့ အထွတ်အမြတ်ထားရာ ဥပုသ်နို့ဖြစ်သည်။ သက်ကြီးရွယ်အိုများသည် ဆန်ယှားပါးမှု၏ ဒုက္ခများကို ပြယ်ပျောက်စီရန်အတွက်၊ သံသရာဝဋ်ဆင်းရဲမှ ကင်းဝီးစီရန် ဗုဒ္ဓ၏တရားတော်အား နာကြားရန်အတွက် အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးတွင် ရောက်ဟိနီကြသည်။ ဝါကြီး၊ ဝါကြီးမတိသည် ဥပုသ်ဆောက်တည်ကာ တရားတော်အားနာကြား၍ မပြီးဆုံးမီ ကြားလိုက်ရရေ သေနတ်သံကြောင့် ရုတ်တရက် လန့်လားကြသည်။

အန္တရာယ်တစ်ခုခု ကျရောကနီဗျာယ်ဟု သိကာ စိုးရိမ်စိတ်များဖြင့် အခင်းဖြစ်ပွားရာနီရာသို့ပြီးလားကြသည်။ မိမိသား/သမီးများ အသတ်ခံနီရသလား၊ ဒုက္ခရောက်နီသလား ဆိုသည့်စိုးရိမ်စိတ်ဖြင့် ပြီးလားကြခြင်းဖြစ်သည်။ ရောက်လားချိန်တွင်ကား လူအများ အစုလိုက် အပြုံလိုက် သီဆုံးနီဗျာယ်။ မသီဆုံးသူများ၏ ငြီးငြူသံများလည်း ကြားနီကြရသည်။ ယကေလေ့ရှိမတိုးရဲကြပါ။

ရုတ်တရက်မြင်လိုက်ရသော မြင်ကွင်းကြောင်း မှင်သက်သက်ဖြစ်လားသူများ၊ သတိလစ်လားသူများ၊ ငိုကြွီးနီသူများ၊ တခါလည်း မမြင်ဖူးသော မြင်ကွင်း လည်းဖြစ်သည်။

သြဂုတ် (၁၃) ရက်နိ့ အဖြစ်အပျက်သည် အခြားမြို့နယ်များသို့ ချက်ချင်းပြန့်နှံ့လားခြင်း မဟိ။ တစ်မြို့နှင့် တစ်မြို့ ဆက်သွယ်ရန်ဖုံးလိုင်းလည်း မဟိ။ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်ခြင်း မဟိသောကြောင့် စစ်တွေမြို့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုသတင်းသည် ချက်ချင်းမပြန့်နှံ့နိုင်ခ။

သို့သော် သြဂုတ် (၁၄) ရက်နိ့တွင် အခြားမြို့များသို့ စတင်ပြန့်နှံလားခသည်။ အာဏာပိုင်များက စစ်တွေဆန်ပြဿနာကြောင့် လူ (၂၄) ဦးသာ သီဆုံးခသည်ဟု ပြောကြားခပြီး စစ်တွေဆန်ပြဿနာသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ လှုံ့ဆော်သွီး ထိုးမှုကြောင့် ဖြစ်ရကြောင်း ပြောကြားခသည်။ စစ်တွေ ဆန်ပြဿနာနှင့် ပတ်သက်၍ ပီကင်းအသံလွှင့်ဌာန တစ်ခုကသာ ထုတ်လွှင့်လားခသည်။

ဗမာအစိုးရမှ လူ (၂၄) ဦးသေဆုံးခသည်ဟု ပြောကြားခကေလည်း ရခိုင်ပြည်သူတစ်ရပက်လုံးက ဆန်ပြဿနာဖြစ်ပွားသည့် သြဂုတ် (၁၃) ရက်နိ့တွင် အိမ်ကထွက်လားပြီး လုံးဝရှာမတွိ့သော ပြည်သူ အမြောက်အမြား ဟိသည်။ ထိုသူများသည် ဇာအရပ်သို့ ထွက်လားပါသနည်း။

အရှင်လတ်လတ် ငရဲပြည်ပို့ခြင်း

ပစ်သတ်မှုကြောင့် ပွဲချင်းပြီး သီဆုံးသူများဟိရေပိုင် အရှင်လတ်လတ် မြီမြုပ်ခံရသူများလည်းဟိပါသည်။ အခင်းဖြစ်ပွားရာနီရာတွင် ပွဲချင်းပြီးသီဆုံးသူများ၊ မသီပဲ ဝေဒနာ ပြင်းထန်စွာ ခံစားနီရသူများ၊ ခြီထောက်၊ လက်ရို့တွင် ကျီဆန်ထိမှန်၍ မပြီးနိုင်သူများသည် စုပြုံကျန်ခသည်။ ထိုသူများအား စစ်တပ်မှ ကားများဖြင့် သိမ်းကျုံးတင်ဆောင်ကာ တစ်နီရာတည်းတွင် ကျင်းတူး၍ မြီမြှုပ်သဂြိုလ်ခကြသည်။

ဗမာအစိုးရသည် ဆန္ဒပြသူများအား ပစ်သတ်ခြင်း ၊အရှင်လတ်လတ် မြီမြှုပ်နှံခြင်းဖြင့် မာန်မပြေနိုင်ဘဲ အသက်ရှင်ကျန်ရစ်ခသူများအား လိုက်လံဖမ်းဆီးခသည်။ ဆန္ဒပြပွဲတွင် ပါဝင်ခသူများလည်း အဖမ်းမခံဘဲ လွတ်မြောက်အောင် ထွက်ပြီးတိမ်းယှောင်ခကြသည်။ ဖမ်းဆီးခံရသူများမှာ စစ်တွေမြို့ လမ်းသစ်ရပ်ကွက်မှ ဦးလုံးမောင်နှင့် ဘောက်သီးစု ရပ်ကွက်မှ ဦးစံသာကျော်ရို့ဖြစ်သည်။ ဗမာစစ်အစိုးရသည် ရခိုင်အမျိုးသားများ၏ တော်လှန်လိုစိတ်အား အမြစ်ပြတ်ချေမှုန်းရန် သူတို့နှစ်ဦးအား နမူနာအနီဖြင့် ရက်ရက်စက်စက် နှိပ်စက်ခသည်။

သူရို့နှစ်ဦးအား ဖမ်းဆီးကာ အကျဉ်းထောင်တွင် ရူးသွပ်စီသောဆီးထိုးပီးပြီး ပြန်လွှတ်ပီးခသည်။ သူရို့နှစ်ဦးရူးသွပ်နီပုံအား ရခိုင်အမျိုးသားများတွိ့မြင်ကာ ဗမာစစ်အစိုးရအား မတော်လှန်ဝံ့အောင်၊ တော်လှန် အံတုလျှင် သူရို့ပိုင် ဖြစ်ဖို့ဆိုပြီး ရက်ရက်စက်စက်လုပ်ပြခသည်။ စစ်အာဏာသျှင်၏ သရုပ်အား ပီပြင်စွာ ဖွင့်ဟပြခခြင်းဖြစ်သည်။

သတ်ဖြတ်မှုနောက်ပိုင်း

စစ်တွေမြို့တစ်မြို့လုံးသည် တိတ်ဆိတ်ငြိမ်သက်လျှက်ဟိသည်။ ဤကဲ့သို့ တိတ်ဆိတ်မှုများက မြို့သူ၊ မြို့သားများအား ချောက်ချားစရာ၊ ဒေါသထွက်စရာ၊ မကြေနပ်စရာများအဖြစ် ဒွေးရောယှက်တင် ဖြစ်လျက်ဟိသည်။ ဆန္ဒပြရာတွင် ပါဝင်ခသူများသည် ညအိပ်ချိတ်တွင် ပစ်ခတ်သံများ၊ ငိုကြွီးသံများ နားထဲကြားရကြောင်း ပြောပြကြသည်။ တစ်ချို့မှာလည်း ထိုအဖြစ်အပျက်ကြောင့် တစ်ယောက်တည်း ဂယောင်ချောက်ချား စကားပြောနီသူများလည်း ဟိသည်။ မြို့ထက်နီရခိုင် အမျိုးသားများမှာလည်း စစ်တွေမြို့တွင် မနီရဲကြဘဲ ကျေးလက်များသို့ ထွက်ပြီးကြရသည်။

သြဂုတ် (၁၃) ရက်နိ့ အစုလိုက် အပြုံလိုက် လူသတ်ပွဲကြောင့် ကြောက်လန့်နီသူများဟိရေပိုင် အာဏာသျှင်စစ်အစိုးရအား တော်လှန်၊ ဖြုတ်ချရန် လျှို့ဝှက်တစ်မျိုး ဗြောင်ကျကျတဖုံ ကြိုးပမ်းနီသော ရခိုင်မျိုးချစ်များလည်း ပေါ်ပေါက်လာခသည်။ ဗမာစစ်အစိုးရကလည်း ရခိုင် ပြည်သူများ ငြိမ်ဝပ်ပိပြားနီအောင် လက်ကိုင်တုတ်များဖြစ်သည် စစ်သားများနှင့် ရဲများအား စစ်တွေမြို့တွင် နိန့်ပါညဥ့်ပါ ပိုက်စိပ်တိုက် ချထားသည်။

ရခိုင်မျိုးချစ်များကလည်း “ရန်သူ့လက်နက် ငါရို့လက်နက်” မူအား နှလုံးသွင်းကာ ညအချိန်တွင် စစ်သား၊ ရဲများထံမှ သေနတ်လုယူရန် ကြံစည်ကြသည်။ သေနတ်လု၍ အောင်မြင်ခသည်များဟိရေပိုင် အဖမ်းခံရသူများလည်း ဟိခသည်။ သေနတ်များအား ရွှေစေတီ ဘုန်ကြီးကျောင်းအနီးတ၀ိုက်တွင် လုယူခကသည်။ အရေအတွက်အများ မလုယူနိုင်ခသော်လည်း သြဂုတ်လ (၁၃) ရက်နောက်ပိုင်းတွင် ဗမာစစ်အစိုးရအား ရခိုင်ပြည်တွင် တော်လှန်ပုန်ကန်ရန် အင်အားများ တိုးပွားလာစီခသည်။

စစ်အစိုးရကလည်း တော်လှန်ရေးအင်အားစုများ မပေါ်ပေါက်လာစီရန် နည်းမျိုးစုံသုံး ဖမ်းဆီးထောင်ချခသည်။ မြီအောက်တွင် လှုပ်ယှားသော ရခိုင်ကျောင်းသားများ၊ လူငယ်များလည်း မြို့ထဲတွင် ဆက်လက်ရပ်တည် တိုက်ပွဲဝင်ရန် ခက်ခဲလာသောကြောင့် တောခိုခကြသည်။

သြဂုတ် (၁၃) အား ပြန်ပနာခြီရာကောက်ခြင်း

သြဂုတ် (၁၃) အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအား မကြေနပ်၊ ခံပြင်းကာ ပြန်လည် စုံစမ်းသည်များ၊ ပြန်လည် ပြောပြသည်များလည်း ဟိပါသည်။ ထိုကဲ့သို့ ပြောပြချက်များ၊ စုံစမ်းချက်များကြောင့် စစ်တွေဆန်ပြဿနာသည် ဗမာစစ်အာဏာသျှင်များ ရည်ရွယ်ချက် အပြည့်အဝနန့် ကျူးလွန်ခကြောင်း ပေါ်လွင်ထင်ရှားလာခသည်။ သြဂုတ် (၁၃) မရောက်မီ သြဂုတ် (၁၀၊ ၁၁၊ ၁၂) နိ့များတွင် အာဏာပိုင်များသည် စစ်တွေဆီးရုံအုပ်ကြီးအား ကုတင်များအား ရှင်းလင်းထားရန်၊ ဖျာ၊ ကြမ်းခင်းနှင့် ခေါင်းအုံးများအား လူ(၃၀၀) ခန့်အတွက် ပြင်ဆင်ထားရန် အမိန့်ပီးထားကြောင်း သိရပါသည်။

ခလရ (၂၀) တပ်တွင် ကျောင်းဆရာမအဖြစ် တာဝန်ထမ်းဆောင်နီသော ပါဒလိပ်ချိပ်ရွာမှ ဒေါ်မစောသိန်း ( ရဲအုပ် ဦးဒိုးလှအောင်၏ သမီးကြီး) ကလည်း သူမအသိများအား ပြောပြသည်မှာ ခလရ (၂၀) တပ်တွင် စစ်သားများသည် သြဂုတ် (၁၃) ရက်မတိုင်မှီ ဆန္ဒပြသရုပ်ဖော်ပြီး ပစ်သတ်ပုံ၊ တပ်မတော်သားများအား သတိဟိကြရန် လေ့ကျင့် မိန့်ကြားနီခသည်ကို တွိ့မြင်ခရသည်ဟု ပြန်ပြောပြခသည်။
ခလရ (၂၀) တွင် အမှုထမ်းလျက်ဟိသော စာရေးကြီး ဦးဘသန်းသည် သြဂုတ် (၁၃) ရက်မတိုင်မှီ ဒုလ္လဘရဟန်းဘ၀ဖြင့် မင်းပြားမြို့နယ် ပန်းမြောင်းသို့ ရောက်လာစဉ် ဆွီမျိုးများအား မကြာခင် ဆန်းကြယ်သော ဆန်ပြဿနာဖြစ်ဖို့၊ စစ်တပ်တွင် စစ်သားများ အထူးလေ့ကျင့်နီပုံ၊ အလောင်းကောက်ပုံ၊ ပစ်သတ်ပုံ၊ စစ်သားများကို ဆန္ဒပြပုံစံများလုပ်၍ လုပ်ကျင့်ပီးနီကြောင်းအား ဆွီမျိုးများအား ပြောပြခသည်ကို (NUPA) မှ ဦးထွန်းရဲကလည်း ပြန်လည်အမှတ်ရနီကြာင်း ပြောပြသည်။

သြဂုတ် (၁၃) ရက်နိ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် ပတ်သက်၍ ကိုယ်တွိ့မျက်မြင် တွိခရသူများ ပြောပြချက်များ၊ ထိုအချိန်က သက်ဆိုင်ရာဌာနများတွင် ၀င်ရောက်အမှုထမ်းခသော ၀န်ထမ်းများ၏ ပြောကြားချက်အရ ထိုအဖြစ်အပျက်များသည် စနစ်တကျ စီမံချက်ချ၍ လုပ်ခသော လုပ်ကြံသတ်ဖြတ်မှုကြီး တစ်ခုဖြစ်သည်ဟု သိရပါသည်။

ဆန်ရှားပါးမှုသည် တတိုင်းပြည်လုံးတွင် ဖြစ်ပွားသည် ဆိုသော်လည်း ဗမာပြည်သူများ အများဆုံးနီထိုင်ရာ ရန်ကုန်မြို့တွင် ဆန်ယှားပါးမှု၊ ငတ်မွတ်မှုကား မကြုံခရပါ။ ရန်ကုန်မြို့သည် စစ်တွေမြို့ထက် လူဦးရေအားလည်းများပြီး ဆန်စပါးလည်း ရခိုင်ပြည်ကဲ့သို့ စိုက်ပျိုးခြင်းမဟိပါ။ သို့သော် တတိုင်းပြည်လုံး ဆန်ယှားပါးမှု ဖြစ်သောအခါ ရခိုင်ပြည်သူ၊ ပြည်သားများသည် ငတ်၍လည်းသီ၊ ပစ်သတ်ခံရ၍လည်း သီ၊ သီခြင်းအမျိုးမျိုးဖြင့် သီဆုံးခရသည်။ နေ၀င်းအစိုးရသည် ရခိုင်ပြည်သူများအား သတ်ဖြတ်ခြင်းဖြင့် အခြားတိုင်းရင်းသားများအား နမူနာအဖြစ်ပြသ ခြိမ်းခြောက်ခသည်။
သြဂုတ် (၁၃) ရက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် ရခိုင်တမျိုးသားလုံးသည် ဗမာစစ်အာဏာသျှင် အစိုးရအား မုန်းတီးစိတ်များ ဖြစ်ပေါ်ခသည်။

မှတ်ချက်။ ။အောက်ကလိန့်က မြန်မာဘာသာကို ရခိုင်ဘာသာသို့ပြန်ဆိုထားသည်။ မှားယွင်းချက်ဟိပါက အားမနာတမ်းပြောပါ။

http://www.ald-exile.org/all-articles/2009-06-08-15-20-09/482-2009-08-12-12-25-06.html

0 comments:

Post a Comment