Tuesday, September 15, 2009

မင်းက ငါ့ဘဝပါ

မင်းက ငါ့ဘဝပါ
……………..

ချစ်သူ..
ထို…အယင်တုန်းက
မင်းနန့်ငါ အွန်လိုင်းမှာ
နိန့်တိုင်းတွိ့လို့
ချစ်စကားတိ
ပြောမဆုံးနိုင်ခနှ…။

တရက်ချေ မတွိ့ရကေ
နီလို့မရခရေ ငါရို့အကြားမှာ
ငါ အွန်လိုင်းမတက်ရေနိန့်တိမှာ
မင်းကမြဲတမ်း ဖုန်းဆက်ခရေပိုင်
ငါလည်း ဖုန်းချေကိုကိုင်လို့
နိန့်တိုင်းမျှော်နီခရေနှ…။

အခုအချိန်မှာတော့ခါ
မင်းဘားကဖုန်းလာဖို့်ဆိုစွာဝီးလို့
အွန်လိုင်းမှာတောင်မှ
မင်းကပုန်းယှောင်နီဗျာယ်နှ…။

ချစ်သူ..
ငါက မင်းအတွက်
အချစ်ဦးတယောက်မဖြစ်ခရေပိုင်
အချစ်ဆုံးသူတယောက်လည်း
ဖြစ်ခဖို့စွာမဟုတ်ပါ…။

ယကေလည်း ချစ်သူ..
မင်းက ငါဘဝအတွက်
အချစ်ဦးသူတယောက်ဖြစ်ခရေပိုင်
အချစ်ဆုံးသူဆိုစွာလည်း
မင်းတယောက်ပါရာ ချစ်သူ…။

ကြမ်းတမ်းခက်ထန်ပြီးကေ
နွီကန္တာရပိုင်ခြောက်သွိ့နီရေ
ငါ့ ဘဝထဲကို
မင်းပိုင် ပြည့်စုံတင့်တယ်ထည်ဝါနီရေ့
လူတယောက်အတွက်
ဝင်လာဖို့ခက်နီလိမ့်မေဆိုစွာကို
ငါ ကြိုတင်လို့ သိခရေ ချစ်သူ…။

ယကေလည်း
ချိုသာရေ မင်းရဲ့စကားတိ
အီးမြရေ မင်း၏အပြုံးတိအောက်က
ငါ ရုန်းထွက်လို့မရခပါ…။

ချစ်သူ
အကယ်၍သာ မင်းက
ငါ့ဘဝထဲကအပြီးပိုင်ထွက်လားခဖို့ဆိုကေ
မင်းတယောက်ကိုရာ စွဲလန်းစွာချစ်နီရရေ
ငါ့ ဘဝအတွက်တော့ခါ
မျှော်လင့်ချက်တိဆိတ်သုဉ်းလို့
အနာဂတ်ဆိုစွာလည်း
ထိုအဝီးကြီးမှာပါရာ…။

ဇာပိုင်ပင်ဖြစ်ဖြစ် ချစ်သူ
မင်းဘဝကောင်းစားဖို့
မင်းဘဝအီးချမ်းဖို့ အတွက်
ငါ့ ကိုပစ်ထားခဖို့ဆိုကေလည်း
ကိုယ့်ချစ်သူ၏ဘဝ ကောင်းစားဖို့အရေးမို့
မင်းပီးခရေ လွမ်းဆွေးမှုဝေဒနာတိကို
ဘဝဆုံးတိုင် ရင်မှာပွေ့ပိုက်ယင်းနန့်
ငါခွင့်လွှတ်မြဲပါ ချစ်သူ…။

……………..
ကျော်မောင်သန်း
အလွမ်းမြို့တော်
၁၃-၀၉-၂၀၀၉

၃း ၉ pm

0 comments:

Post a Comment