Saturday, July 10, 2010

ရခိုင့်ရိုးရာသင်္ကြန်ပွဲ နယူးယောက်မှာ ကျင်းပလားဖို့

ရခိုင့်ရိုးရာသင်္ကြန်ပွဲ နယူးယောက်မှာ ကျင်းပလားဖို့

ရခိုင့်ရိုးရာ သင်္ကြန်ကို ဂျုလိုင်လ (၁၈) ရက်နိန့် အမေရိကန် နယူးယောက်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့လို့ ဖိတ်စာကို တွိလိုက်ရရေအတွက်နန့် ယင်းသင်္ကြန်ပွဲ ဖြိုက်မြောက်အောင် စီစိုဉ်ရေ သူတချို့ထဲက ရခိုင်လူမျိုး ဦးကျော်သာလှ နန့်တွိရေအခါ အဂုပိုင် မိန်းမြန်းကေ့လိုက်ပါရေ။
မိန်း ။  ။ အဂုလုပ်ဖို့ သင်္ကြန်ပွဲကို အဇာအဖွဲ့အစည်းတိနိန်ပနာ ဦးစီးပါရေလဲ။
ဖြေ။  ။ အဂု လုပ်ဖို့ သင်္ကြန်ပွဲကို " သင်္ကြန်အဖွဲ့အစည်း" ဆိုရေ အဖွဲ့အစည်းက ဦးစီးထားပါရေ။ ဒေအဖွဲ့အစည်းကို လွန်ခရေ နှစ် (၂၀) လောက်ကတည်းက ဖွဲ့စည်းထားရေ အဖွဲ့အစည်းပါ။ ဒေအဖွဲ့ချေမှာ ရှမ်း-တရုတ်လူမျိုး တစ်ဦး၊ ဗမာ-တရုတ်လူမျိုးတစ်ဦး၊ ရခိုင်-တရုတ်လူမျိုးတစ်ဦးနှင့် ရခိုင်လူမျိုးတစ်ဦးတို့ ဖြစ်ပါရေ။ အဂုအခါမှာ မြန်မာလူမျိုးမဟုတ်တေ တခြားလူမျိုး (ဥပမာ- အမေရိကန်လူမျိုး)တိနန့်လည်း ပေါင်းစီးပနာ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လားဖို့ဟိပါရေ။
အဓိက ပင်တိုင်ထောက်ပံ့ရေသူတိကတော့ခါ တရုတ်လူမျိုးတိနန့် ဗမာလူမျိုးတိရာဖြစ်ပါတေ။ တတ်နိုင်ရေ ရခိုင်သားတိဘားက ထဲ့ဝင်မှုတိ မဟိပါ။အဂု နောက်ပိုင်းရောက်လာရေ ရခိုင်သားတိက ပူးပေါင်းပါဝင်လာစွာတိ ကိုတွိရပါရေ။ အဂုသင်္ကြန်မှာ အဓိကကတော့ခါ ရခိုင့်ရိုးရာ"လောင်း" နန့် ရီပက်ကတ်ဖို့ပါ။



မိန်း ။  ။ အထူးသဖြင့် ရခိုင်တိဘားက အကူအညီမရလို့ဆိုလိုချင်ပါရေလား။
ဖြေ ။  ။ ဟုတ်ပါရေ။ ကျနောရို့ ရခိုင်တိထက် သူရို့က အနိန်ကြာလာခါ အဆင်ပြေနန့် အတွက်ပါ။ ကျနော်ရို့ ရခိုင်လူမျိုးတိ နိန်ထိုင်ရေလဲသို့ ကကောင်းနည်းနိန်ပါသိမ့်ရေ။ မကြာခင်မှာ သူရို့တိကလဲ တတပ်တအားနန့် တတ်နိုင်ရေဖက်က ပါဝင်လာနိုင်ဖို့လို့ မျှော်လင့်မိပါရေ။

မိန်း ။  ။ အဂုပိုင် ရခိုင်သင်္ကြန်လို့ နာမေတပ်ပနာ အရင်က အဇာနှစ်ကြိမ်လောက် ကျင်းပပီးခပါရေလဲ
ဖြေ ။  ။ ကျနော်ရို့ စတင်ခစွာက လွန်ခရေ (၁၆) နှစ်ကတည်းဖြစ်ပါရေ။ အစပိုင်းက တခြား ဗမာအဖွဲ့အစည်းတိက ကကောင်းဒေါသထွက်ပါရေ။ သင်္ကြန်ကို ရခိုင်သင်္ကြန်လို့နာမေပီးထားစွာနန့် ပတ်သက်ပနာ။ သူရို့တိက ဗမာ/မြန်မာ သင်္ကြန်လို့ နာမေပီးစီချင်ပါရေ။ နောက်ပိုင်း ယင်းလူတိရေ အ၀ီးကိုဖယ်လားခပါရေ။ အဂုကတော့ခါ အားပီးရေ ဗမာတိလဲ တဖြည်းဖြည်း များလာပါဗျာယ်။ လာရောက်ရေအများစုကတော့ခါ ဗမာတိဖြစ်ပါရေ။

မိန်း ။  ။ နောက်ပီးကေ အဂု ဖိတ်စာကမ်းထားရေမှာ တွိပါရေ ယင်းချင့်က ရခိုင့်ရိုးရာ လောင်းလှေနန့် ရီလောင်းဖို့လို့  ကြေညာထားစွာ တွိရပါရေ။ အရင်က ယေပိုင် မကျင်းပခပါလား။
ဖြေ ။  ။ အစခါကတည်းက လောင်းနန့် ပက်ဖို့ဆိုရေ အကြောင်းအရာကို ရွီးသားထားပါရေ။ ယေဒါလဲသို့ သေချာမဖြစ်ခပါ။ ကျနော်ရို့ ရခိုင်လူမျိုးတိအတွက် ရခိုင်သင်္ကြန်ဆိုစွာ "လောင်း" နန့် ရီပက်တေက အဓိကပါ။ ရခိုင်လူမျိုးတိရဲ့ ဘ၀ကိုထင်ဟပ်ပါရေ။ သင်္ကြန်ကို အရှေ့တောင်အာရှ အတော်များများမှာ ကျင်းပနိန်ပါရေ။ ယေဒါလဲသို့ ကျနော်ရို့ ရခိုင်သင်္ကြန်ဆိုရေ ရုပ်လုံးပေါ်စီဖို့ " လောင်း" က အဓိကကျပါရေ။

မိန်း ။  ။ ရခိုင့်သင်္ကြန်ကို စပနာ ကျင်းပရေ အခါက အခက်အခဲချေတိကို ပြောပြပီးနိုင်ပါဖို့လား။
ဖြေ ။  ။ အတော်များများတော့ဟိပါရေ။ အဓိကကတော့ခါ စပွန်ဆာ ပီးဖို့ပါ။ တခြား အဖွဲ့အစည်းတိရဲ့ အားပီးကူညီမှုတိကိုလဲ လိုပါရေ။ နောက်တခုကတော့ အဂုပိုင် နိန်ရာအသစ်အတွက်နန့် ပတ်သက်တေ အခက်အခဲပါ။ အဂုပိုင်ရခိုင်သင်္ကြန်လုပ်ဖို့ဆိုခါ ပထမ ယင်းနိန်ရာက ပိုင်ရှင်တိနန့် တွိရေအခါ သူရို့နားလည်အောင် ပြောပြရပါရေ။ သင်္ကြန်ဆိုစွာ အဇာပိုင်လဲ ဆိုစော်ကို။ အမေရိကန်အတော်များများက ဒေပိုင် ရီလောင်း၊ရီပက်တေ အလေ့အထ မဟိပါ။ ယင်းချင့်နန့် သူရို့ သင်္ကြန်ဆိုစွာ အဇာပိုင်လဲလို့ နားလည်အောင်ရှင်းပြရပါရေ။ နောက်တချက်က ရီအလုံအလောက်မရရေ အခက်အခဲပါ။ အမေရိကန်လူမျိုးတိ လာကြည့်ပါရေ။ ကျနော်ရို့ရဲ့ ရိုးရာသင်္ကြန်နန့်ကျင်းပရေပုံတိကို။ ယင်းအခါ ကျနော်ရို့လူမျိုးနန့် ပတ်သက်တေ ရိုးရာဂီတတိ အကောင်းဆုံးဖော်ထုတ်နိုင်ဖို့အတွက် အချိန်ကုန်ခံပနာ ကြိုးစားရပါရေ။ ရခိုင့်ရိုးရာတီးဝိုင်းအတွက် ကတော့ခါ ဟိပါရေ။ ယေဒါလဲသို့ ရခိုင့်စည်နန့်ကရေ အကတိဖော်ထုတ်ဖို့အတွက် ရခိုင်စည်တိ လိုအပ်နိန်ပါရေ။ အမေရိကန်လူမျိုးတိက နိုင်ငံတကာကိုလှည့်ပနာ သွားလာနိန်ရေလူမျိုးတိပါ။ သူရို့က တခြားနိုင်ငံတိက ယှိင်ကျေးမှုတိနန့် အကျွမ်းဝင်နိန်ပါဗျယ်။ ဒေပိုင်သူရို့ရှေ့မှ အနောက်တိုင်းပုံစံ ဂီတတိနန့် ဖျော်ဖြေဖို့ဆိုခါ အထင်သေးလားနိုင်ပါရေ။

မိန်း ။  ။ သင်္ကြန်က ဧပြီလမှာ ကျင်းပစွာဖြစ်ပါတေအဇာဖြစ်လို့ အဂုအချိန်ကျမှ ကျင်းပဖြစ်ပါရေလဲ ဆိုစွာ ရှင်းပြပီးပါဗလင့်
ဖြေ ။  ။ ဟုတ်ပါရေ။ သင်္ကြန်ကို ဧပြီလမှ ကျင်းပါရေ။ မြန်မာနိုင်ငံမှာ ကျင်းပရေအချိန်အခါက ဒေမှာ အပြင်ကို မထွက်နိုင်လောက်အောင် အီးပါရေ။ ကျနော်ရို့ သင်္ကြန်ကို ဧပြီလနန့် အနီးဆုံးမှာ ကျင်းပချင်ပါရေ။ ဧပြီလနန့် အနီးဆုံးလကို ကြည့်လိုက်တေအခါ ဂျုလိုင်လက အဆင်ပြေနိုင်ရေလို့ မြင်ပါရေ။ တခြားသူတိ မလုပ်ခင် ကျနော်ရို့ ရခိုင့်ရိုးရာသင်္ကြန် လောင်းနန့်ရီပက်တေ ပွဲတော်ကို အရင်ဦးဆုံးကျင်းပဖို့စွာပါ။ တခြားသူတိက ကျနော်ရို့ ဓလေ့ပုံစံနန့်
လုပ်ဖို့ဆိုလဲ ခွင့်ပြုပါရေ။

မိန်း ။  ။ အဂု ကျင်းပဖို့ စီစိုဉ်ထားရေ သင်္ကြနန့် ပတ်သက်တေ အစီအစိုဉ်တိကို ရှင်းပြပီးပါဗလင့်
ဖြေ ။  ။ မကြာခင် အတာသင်္ကြန်ပွဲကို ရခိုင့်ရိုးရာနန့်အညီ ဆင်နွှဲလားပါဖို့။ ယင်းပွဲမှာ ရခိုင့်ရိုးရာ အကနန့် သချင်းတိလဲ ပါဝင်ပါဖို့။ အမျိုး (၆၀) လောက်ဟိရေ ရိုးရာအစားအစာတိနန့် အစားအသောက်ဈီးပွဲတော်လဲ ပါဝင်ပါရေ။ သက်ကြီးပူဇော်ပွဲနန့် သက်ကြီးပူဇော်ပွဲအကကို ရခိုင့်ရိုးရာ စည်နန့် တွဲဖက်ဖျော်ဖြေလားပါဖို့။ နောက်ပီးကေ ထုတ်စီးတိုးကစားနည်း၊ အဂုအစီအစိုဉ်အထဲမှာထဲ့ထားဟာကတော့ခါ "ရထားဆွဲပွဲ" ပါ။ ယေဒါလဲသို့ လုံလောက်တေ ပူးပေါင်းပါဝင်မှုတိ
မဟိကေ မကျိန်းသေပါ။ ခြင်းလုံးအလှခတ်ပွဲကိုလည်း စီစိုဉ်ထားရေအထဲမှာထဲ့ထားပါရေ။ သနပ်ခါးသွီးပွဲ တိလဲပါဝင်ပါဖို့လို့ ပြောချင်ပါရေ။

နယူးယောက်မှာ ကျင်းပရေ ရခိုင့်ရိုးရာအတာသင်္ကြန်ပွဲတော်မှာ ၀င်ရောက်အားပီးကတ်ဖို့တိုက်တွန်းနှိုးဆော်လိုက်ပါရေ။
ယင်းချင့်နန့် ပတ်သက်တေအကြောင်းအရာတိကို သိချင်ကေ http://www.thingyan.org/ မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါရေ။

Ref: Rakkhita Music 

0 comments:

Post a Comment