Tuesday, April 13, 2010

ALD ရွှေးကောက်ပွဲ မ၀င် ဆုံးဖြတ်ချက်နန့်ပတ်သက်လို့ ဦးအေးသာအောင်၏ ပြောကြားချက်

4/13/2010

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အနီနန့် ပါတီ မှတ်ပုံမတင်သလို ရွီးကောက်ပွဲမှာလည်း ပါဝင် ယှဉ်ပြိုင်မှာ မဟုတ်လို့ ဧပြီလ ၁၀ ရက်နိန့်က ရန်ကုန်မြို့မှာ ပြုလုပ်ရေ ALD၏ အရေးပေါ် အစည်းအဝေးမှာ ဆုံးဖြတ်ခပါရေ။ ယင်း အစည်းအဝေးကို ပါတီ ထိပ်ပိုင်း ဂေါင်းဆောင်တိသာမက မြို့နယ် အဆင့် ခေါင်းဆောင်တိလည်း တက်ရောက်ခရေလို့ သိရပါရေ။ ဇာကြောင့် အဂုပိုင် ရွီးကောက်ပွဲ မ၀င်ဖို့ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်က ဆုံးဖြတ်ရပါသလဲလို့ ပါတီ၏ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဖြစ်တေ ဦးအေးသာအောင်ကို နိရဉ္စရာက ဆက်သွယ် မိန်းမြန်းရေ အခါ သူက အဂုပိုင် ပြောပါရေ။

ဖြေ။ အဓိက ကတော့ခါ ၂၀၀၈ ခုနှစ်မှာ တဖက်သတ် အတည်ပြုပီးလိုက်တေ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြီခံ ဥပဒေကို သုံးသပ် လိုက်တေအခါမှာ ယင်း ဖွဲ့စည်းပုံထဲမှာ ရခိုင်အမျိုးသားတိအတွက် ဇာအခွင့်အရေးမှ မပါဝင်ရေပိုင် တိုင်းရင်းသား လူမျိုးတိ၏ အခွင့်အရေးတိကိုလည်း လျစ်လျူယှု ပစ်ပယ် ထားစွာကို တွိ့ရရေ။ ပြီးကေ တိုင်းရင်းသားတိ၏ ရပိုင်ခွင့် တိကိုလည်း နည်းမျိုးစုံနန့် ဖိနှိပ် ချုပ်ချယ် ကန့်သတ် ထားရေ အတွက်ကြောင့် ဒေ ဖွဲ့စည်းပုံ အခြီခံဥပဒေကို ပြန်လည် သုံးသပ် ကြည့်ရေအခါ လုံးဝ လက်ခံနိုင်စရာ မဟိပါ။ အထူးသဖြင့် တိုင်းရင်းသား လူမျိုးများ၊ ပြည်နယ်တိ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတိနန့် ပတ်သက် လို့ ဖေါ်ပြ ထားစွာ တိမှာလည်း တိုင်းရင်းသား လူမျိုးတိ၏ ကိုယ်ကံကြမ္မာကို ကိုယ်ဖန်တီးခွင့် မရဘဲနန့် အဓိက ပြည်နယ် လွှတ်တော်၏ ၂၅ ရာခိုင်နှုန်း ကို စစ်တပ်က စိုးမိုးထားဖို့အပြင် ဒေသ အသီးသီး၏ ပြည်နယ် ၀န်ကြီးချုပ် နီရာတိကိုလည်း သမ္မတကရာ ခန့်အပ်ပီးရ ဖို့ဆိုရေ အပိုင်းတိ ပါဝင်နိန်ပြီး ပြည်သူတိ၏ ရပိုင်ခွင့်၊ တိုင်းရင်းသား လူမျိုးတိ၏ ရပိုင်ခွင့် အခွင့်အရေးတိကို ချယ်လှယ် စိုးမိုးထားရေအတွက်ကြောင့် တိုင်းရင်းသား အရေးကို ဆောင်ရွက်နိန်ရေ ALD အနီနန့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြီခံ ဥပဒေကို လက်မခံနိုင်ရေပိုင် ရွီးကောက်ပွဲကိုလည်း မဝင်ဖို့ ဆုံးဖြတ် လိုက်စွာ ဖြစ်ပါရေ။ နောက်တချက်က ယင်း  ဖွဲ့စည်းပုံ အခြီခံဥပဒေမှာ တိုင်းရင်းသား အခွင့် အရေး၊ ဒီမိုကရေစီ အခွင့်အရေး၊ လူ့အခွင့်အရေးတိကို ဖေါ်ဆောင်ပီးနိုင်ဖို့ အချက် အလက်တိ မပါဝင်ရေပိုင် စစ်တပ်ကသာ တဘက်သတ် အုပ်ချုပ်ဖို့ ရေးဆွဲထားရေ ဖွဲ့စည်းပုံ ဖြစ်တေ။ ယင်းကြောင့် ၂၀၀၈ ဖွဲ့စည်းပုံနန့် ကျင်းပဖို့ ၂၀၁၀ ရွီးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ မဟုတ်သလို ပါတီမှတ်ပုံ မတင်ဖို့အတွက် ဆုံးဖြတ် ရခြင်းဖြစ်ပါရေ။ ပြီးကေ ရွီးကောက်ပွဲနန့်  ပတ်သက်တေီရွးကောက်ပွဲ ဥပဒေ၊ ပါတီမှတ်ပုံတင်ဖို့ ဥပဒေတိ ထွက်လာပြီးရေ နောက်ပိုင်းမှာ ရွီးကောက်ပွဲ ကော်မချိန်စွာ ရွီးကောက်ပွဲကို ကြီးကြပ်နိုင်ရုံသာမက နိုင်ငံရေး ပါတီတိကိုလည်း ကော်မချိန် အဖွဲ့၏လက်အောက်မှာ ကွပ်ကဲ လားဖို့အချက်တိ ဖေါ်ပြထားရေ အတွက်ကြောင့် ဒေချင့်က သဘာဝလည်း မကျ၊ နိုင်ငံရေး ပါတီဆိုစွာ လွတ်လွတ်လပ်လပ် နိုင်ငံတော်ကို အုပ်ချုပ်နိုင်ရေ ပါတီဖြစ်တေ အတွက်ကြောင့် ကော်မချိန်၏  ကြီးကြပ်မှု အောက်မှာ နိန်ရဖို့ဆိုစွာကတော့ခါ ဖြစ်လည်း မဖြစ်နိုင် လက်ခံနိုင်စရာ အကြောင်းရင်းလည်း မဟိပါ။ အားလုံးကို ခြုံပြီး သုံးသပ် ရဖို့ဆိုကေ ၂၀၁၀ ရွေးကောက်ပွဲစွာ နိုင်ငံရေး ပါတီများကို အမျိုးမျိုး ချုပ်ကိုင်ခြယ်လှယ်ထားပြီးကေ ဒီမိုကရေစီ အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးကို ဖေါ်ဆောင်ပီးဖို့ ရွေးကောက်ပွဲ မဟုတ်တဲ့အတွက်ကြောင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပါတီမှတ်ပုံလည်း မတင်ဘူး၊  ရွီးကောက်ပွဲကိုလည်း ဝင်ဖို့မဟုတ်လို့ ဆုံးဖြတ်လိုက်စွာ ဖြစ်ပါရေ။

မိန်း။ အဂုပိုင်
ALD ပါတီ၏ ခုဆုံးဖြတ်ချက်ကို ရခိုင်ပြည်သူတိ အနီနန့် လက်ခံကြလိမ့်မယ်လို့ မျှော်လင့် ပါသလား။

ဖြေ။ အခြေအနီအားလုံးကို သပ်သုံးပနာ ပြောရကေ လက်ခံလိမ့်မယ်လို့ မျှော်လင့်ပါရေ။ နိုင်ငံရေးပါတီ တရပ်ဆိုစွာ ခေတ်ကာလ အခြေအနီ၊ နောင်ဖြစ်လာဖို့ အခြေအနီတိကို သုံးသပ် ဆုံးဖြတ်ချက်ချ လုပ်ကိုင်ရစွာ ဖြစ်ပါရေ။ ယင်းပိုင် လုပ်ခရေ လုပ်ငန်းစဉ်တိ အပေါ်မှာ ပြည်သူတိကို အယင်တုန်းကလည်း ယှင်းပြခရေ။ ခုလည်း ယှင်းလင်း တင်ပြလားဖို့ ဖြစ်ပါရေ။ ခု ယှင်းလင်း တင်ပြချက် ထွက်ပေါ်လာရေ အခါမှာလည်း
ALD ရပ်တည်ချက်တိကို ပြည်သူတိ လက်ခံ ကြလိမ့်မယ်လို့ မျှော်လင့်ထားပါရေ။

မိန်း။ အခုဆိုကေ ၁၉၉၀ ရွေးကောက်ပွဲတုန်းက အနိုင်ရ ပါတီကြီး ၂ ခုဖြစ်တေ
NLD ပါတီနဲ့ ALD ပါတီရို့က ရွီးကောက်ပွဲ မဝင်လို့ ဆုံးဖြတ်လိုက်တေ အတွက် မေလ ၆ ရက်နိန့် နောက်ပိုင်းမှာ ပါတီ တရပ် အနီနန့် လှုပ်ယှားကေ ဖမ်းဆီးစွာတိ  နှိမ်နှင်း စွာတိ လုပ်လာနိုင်ပါရေ။ ဖိအားပီးပြီး နိုင်ငံရေး မလုပ်ဖို့ တားမြစ်ကောင်း တားဖြစ်လာနိုင်ပါရေ၊၊ ယင်းအပေါ်မှာဂါ  ဇာပိုင်မြင်ပါသလဲ။

ဖြေ။ ဇာပိုင်ပင် ဖိအားပီးပီး
ALD ပါတီ အနီနန့်  ဖြစ်ဖြစ်၊ ရခိုင်အမျိုးသား တယောက် အနီနန့် ဖြစ်ဖြစ် လက်ခံနိုင်စရာ မဟိပါ။ ပြီးကေ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးနန့် မိမိနိုင်ငံ အတွက် ဇာနိုင်ငံသားမဆို နိုင်ငံရေး လုပ်နိုင်ပါရေ။ ဇာပိုင် ဖိအားပီးမှုကို မဆို ALD အနီနန့် ရှေ့ကကဲ့သို့ ရင်ဆိုင်လားဖို့ဖြစ်ပါရေ။ ALD အနီနန့် ခုဆုံး ဖြတ်ချက်ကလည်း ကိုယ် ဝင်ချင်ကေ ဝင်ပြိုင်မယ်။ မဝင်ချင်ကေ မဝင်ရေ သဘော ဖြစ်ပါရေ။

မိန်း။
ALD ပါတီအနီနန့် ဇာပိုင်ရှေ့ဆက် ရပ်တည်လားဖို့ဆိုစွာကို စကေချေလောက်ပြောပြပီးပါ။

ဖြေ။
ALD အနီနန့်ကတောခါ့ ဆက်လက်ပြီး ဖြစ်ပေါ် လာရေ အခြေအနီ အပေါ်မှာ မူတည်ပြီးကေ တခြားသော တိုင်းရင်းသား အဖွဲ့အစည်းတိနန့် သော်လည်းကောင်း၊ ဒီမိုကရေစီ အဖွဲ့အစည်းတိနန့် သော်လည်းကောင်း အတူတကွ ဆွေးနွေး ညှိနှိုင်း ပူးပေါင်း ဆောင်ရွက် ပြီးကေ လုပ်ကိုင် ဆောင်ရွက်လားဖို့ဖြစ်ပါရေ။

(မင်းဆက်ခိုင် မေးမြန်းသည်) 



နိရဉ္ဇရာ

0 comments:

Post a Comment