Friday, July 17, 2009

လီညှင်းမရိုင်း မုန်တိုင်းမသင်း

ဘုရင်မင်းဘာကြီး
မာစီဒီးမစီးခရစွာ
သရော်စရာလား…။

လေဒီဒိုင်ယာနာ
လျှာပူအာပူမစားဖူးခ
ရှုတ်ချစရာလား…။

မာစီဒီမစီးရကေလေ့
မင်းဘာကြီးဘဝမှာ
ကန်ကမကန်စည်းစိမ်တိ
ဂုဏ်ရှိန်မလျှော့….။

လျှာပူအာပူမစားရကေလေ့
မိဘုရားလောင်းဒိုင်ယာနာ
လျှာအရသာခံစရာ
အရာစွာတိအပြည့်….။

သူ့ခေတ်သူ့အခါ
သူ့နေရာသူ့ဒေသ
ဒေချင့်ကအဟိ
ထိုချင့်ကိုမသိ
မဟိကာယေကေ…..လို့
ရှည်လျှားပေတံ၊ အခြေခံနန့်
ဝေဖန်စရာမလို
တဖက်မြင်အပျက်တိနန့်
ငယ်ထိပ်ကိုဖနောင့်တိုက်
ကထိုက်ကရိုက်စွပ်စွဲ
အယူကွဲခံ၊ အငြင်းသန်ရေ
ပေတံအဆိုး….။

ဖဲံချိုးဝေးပလိုက်
ခေတ်စနစ်အချိန်အခါ
ကာလဒေသပယောဂကို
အလှပချိန်ဆ၊ နားလည်ရဖို့
မျှတလျော်ကန်၊ အယူမှန်ရေ
ဝေဖန်ရေးလီညှင်း
ပန်းသသတင်းဆောင်ပနာ
လောကပြတင်းကိုဝင်လာနိုင်ဖို့အတွက်
နက်ဖြန်ခါ မုန်တိုင်း…။

………….
စစ်တွေညိုသန့်

0 comments:

Post a Comment