Thursday, July 16, 2009

မြောက်ဥမြို့ကိုရှုမျှော်သော်

ရခိုင်သမိုက်၊ ကနက်စိုက်
မြောက်ဥခေတ်ကို၊ မြင်ယောင်ရေ..။

မြို့ရိုးနန်းက၊ ကျီ-ပြ၊ တံတိုင်း
အံ့လှိုင်းကျုံမြောင်း၊ ခံတပ်ပေါင်း
တင့်တောင်းအင်အား၊ ဝင့်ကြွားဖွယ်...။

တောင်စိုင်ရံပတ်၊ မြီမလပ်
ထွဋ်မြတ်သရီ၊ ပဏာညီ
မွန်ချီလှပ၊ သာစွာလေ...။

ရခိုင်ညွန့်ဖူး၊ မြောက်ဥမှန်ကင်း
အာဏာချင်းရေ၊ ပြည်ထောင်မင်း...။

ဖက်ကင်းတုနှိုင်း၊ ခံ့ကျိုင်းအကျော်
မဟော်မြတ်ညာဏ်၊ ဖြိုးပြည့်ရံ
ရွှီလျံရောင်ခပ်၊ အံတမွတ်...။

ရခိုင်မြောက်ဥ၊ မွန်ကြည်မြူး
ဧလျက်ပျံ့ပျူး၊ ကြည်နူးရေ...။

ချီးကျူးအံ့သြ၊ သာတမော
တွက်စားမိန့်မော၊ ကျွန့်မနော
စောစောလွန့်လူး၊ လှိုင်းဂယက်မူး
ဝမ်းနူးမပြယ်၊ နိဒါန်းသွယ်
ရင်ဝယ်ခံစား မိခရေလ..။

မြောက်ဥတစ်ဖြစ်၊ ထွန်းပေါ်လှစ်ကေ
ရင်နှင့်ပျော်မြူး၊ ဖော်ကျူးရရေ...။

......................

နတ်မြစ်-စန်းအောင်

0 comments:

Post a Comment