သူငယ်ချင်း…
မိုးဦးကိုရောက် ဝဿန်ရောက်ကေ
ငါ့ရို့ဘဝ မိန့်မရာစရာ
အချေခါကို ငါ့မျက်စိမှာ
ပြန်မြင်လာရေ…။
သူငယ်ချင်း…
ထို...ငယ်စဉ်က
မင်းနန့်ငါနန့် လက်ချင်းယှက်လို့
ကိုယ့်မွီးရပ်ရွာ ယင်းတောရွာမှာ
ဖနပ်မပါ ထီဗလာနန့်
သလူနန့်မိုး မက္ကလာဆိုးကို
အားရဝမ်းသာ ဂေါင်းမှာဆောင်းကာ
မိုးရီထဲမှာ ပျောရွှင်စွာနန့်
ကျောင်းတက်လားခ အချေဘဝကို
အမြဲတမ်းငါက သတိရရေ…။
သူငယ်ချင်း…
မင်းဘဝက ကံကောင်းလှလို့
အထက်တန်းနန့် တက္ကသိုလ်ပညာ
အဖြာဖြာကို ဆက်လက်ဆည်းပူး
ပညာမျိုးစုံ လွန်ပြည့်စုံရေ
ဘွဲ့ဒီဂရီ အလီလီကို
ပိုင်ဆိုင်လီစွ မင်းဘဝက
တင့်တယ်ထည်ဝါ ရနံ့ဖြာရေ
မင်းကအာစရိယာ ကျောင်းဆရာ…။
သူငယ်ချင်း…
ဆင်းရဲပြာကျ ငါ့ဘဝက
ကျောင်းစာကိုလည်း ဆက်မသင်နိုင်
တလုတ်ဝမ်းစာ စားစရာကို
နပ်မှန်ဖို့အရီး လုံးပန်းထွီးပနာ
ရှာယင်းဖွီယင်း ရုန်းကန်ယင်းနန့်
ပင်ပန်းကြီးစွ ငါ့ဘဝပါ…။
သူငယ်ချင်း
မင်းသိရေအတိုင်း
ပြည်အတွက် အသက်သွီးကြော
လယ်သမားပီပီ မိုးဦးချိန်ထောက်
ဝဿန်ရောက်က အပ်ကိုင်းကိုကိုင်
ထွန်တုံးကိုင်နန့် ယင်းကမတက်
လယ်ထွန်လျက်ပါ…။
သူငယ်ချင်း…
မင်းမွီးခရာ ကိုယ့်ရပ်ရွာအတွက်
မင်းတတ်ထားရေ ပညာချေနန့်
သိညာဏ်ခေါင်းပါး မင်း/ငါ့ရို့ရွာသားကို
သွန်သင်ဆုံးမ လမ်းညွန်ပြပနာ
အမိမြီ(အဖမြီ)ကျေးဇူး ဆပ်သင့်ရေ…။
……………..
ကျောက်ရိုးသားချေ
၂၆-၅-၂၀၀၉
၈:၃၃ am
0 comments:
Post a Comment