Monday, June 22, 2009

မင်းသာသိဂေ

မိုင်ပေါင်းထောင်ချီဝီးနိန်လို့
မင်းကိုတွေ့ဖို့အတောင်တိမဟိရေဘဝမှာ
မင်း၏ချိုမြရေအသံချေတိကိုမကြားရေနိန့်
ရင်မှာခြောက်သွိ့သွိ့နန့်ပါ…..။

မင်းကိုမတွေ့ရဂေလေ့
မင်းအသံကိုကြားနိန်ရရုံချေနန့်
ကြေနပ်နိန်ရရေဘဝမှာ
ငါစွာ..
မင်းဘားကဖုန်းအလာကိုမျှော်
တကိုယ်တော်ဘဝနန့်ပါ……။

အဖော်ကွဲရေငှက်တကောင်ပိုင်
မင်းနန့်အဝီးတနိန်ရာမှာဟိနိန်ရေငါစွာ
မင်းပီးထားရေဓာတ်ပုံတိကိုကြည့်ယင်း
မင်းပီးထားရေသီတေးခြင်းတိကိုနားထောင်ယင်း
ငါ၏အိပ်ပျက်ညည့်တိကို
ကျော်လွန်စီခရေ…….။

မင်းဘားကဖုန်းမလာရေနိန့်တိမှာ
တခါတလီ
ငါစိုင်းစားမိရေ...
“အဂုလောက်ဆိုဂေ
မင်းကတော့ခါ အခြားတစ်ယောက်နန့်
တွဲပျော်လို့ဟိလီဖို့”လို့ပါ….။

တခါတလီ
ငါစိုင်းစားမိရေ...
“မင်နန့် ငါရို့၏အကြားမှာ
ဘဝတံတိုင်းတိကာဆိုင်းနိန်လို့
ပေါင်းဆုံဖို့ဆိုစွာဂါ
ဖြစ်လာနိုင်ပါဖို့လား”လို့ပါ….။

ပြီးဂေ…
မင်းရို့၏ဂုဏ်တံတိုင်းအောက်မှာ
တဘဝလုံးအချုံးသမားဘဝနန့်
ချုံးနိမ့်နိန်ရဖို့စွာကိုလည်း
ငါကြောက်မိရေ……။

ငါက မင်းကို
ပြောချင်ရေစကားတိ
အများကြီးဟိဂေလေ့
မင်းကိုဖွင့်ပြောရဲရေ အားအင်သတ္တိတိ
ငါ့မှာ မဟိပါ…..။

ဇာဖြစ်လို့လဲဆိုဂေ…
ယင်းစကားကို မင်းကြားရရေနိန့်စွာ
မင်းက ငါ့ကို
ခါးသီးစွာနန့်မုန်းရေနိန့်မသယ်ဖြစ်လီဖို့လားဆိုစွာ
ကကောင်းစိုးကြောက်လို့ပါ…..။

ငါ့ဘဝမှာ
မင်းကိုမှရူးမူးစွာနန့်
အချစ်ဦးအဖြစ်ချစ်မိရေ
ငါစွာ
အကယ်၍ရာ
မင်းနခမ်းဖျားက“မုန်းရေ”လို့ပြောလိုက်ဖို့ဆိုဂေ
ယင်းအမုန်းချေတိကိုပွေ့ပိုက်လို့
ငါ ဇာပိုင်ရှင်သန်ရဖို့လဲ
ချစ်သူချေ….။

အဂု…
ငါ့ရင်ထဲမှာ
ဇာလောက်ခံစားနိန်ရရေဆိုစွာ
မင်းဖို့ဂါမဟုတ်ပါ…
ပြီးဂေ
ငါ့…မင်းကို…
ဖွင့်ပြောချင်ရေစကားတိကိုလည်း
မင်းသိဖို့စွာမဟုတ်...
အကယ်၍သာ မင်းသိပါဂေ
“……………………………..။”


wanlet.09 (Lay Waddy)
၂၉-၃-၂၀၀၉

0 comments:

Post a Comment