Showing posts with label အိန်တာဗျူး. Show all posts
Showing posts with label အိန်တာဗျူး. Show all posts

Tuesday, September 14, 2010

ရခိုင်ပြည်နယ် အစိုးရကို ဇာလူတိက ဖွဲ့စည်းနိုင်ဖို့လဲ

9/12/2010
ရခိုင်ပြည်နယ်ထဲက အကြီးမားဆုံး ရခိုင်အမျိုးသား ပါတီတစ်ခုဖြစ်တေ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ယခုအခါ လွှတ်တော် အသီးသီးမှာ ပါဝင် ယှဉ်ပြိုင်ကြဖို့ ကိုယ်စားလှယ် လောင်း အမည်စာရင်းတိကို ရွီးကောက်ပွဲ ကော်မယှိန်မှာ တင်သွင်းခပြီးဖြစ်ပါရေ။ အခုပိုင် တင်သွင်းခပြီးရေ နောက်ပိုင်းမှာ ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ကို နိရဉ္စရာက အိန်တာဗျူး ပြုလုပ်ခွင့် ရခပါရေ။ အိန်တာဗျူး အပြည့် အစုံမှာ အောက်ပါ အတိုင်း ဖြစ်ပါရေ။

-------------------------------------------------------------------------------------------------------

မိန်း။ ။ ဥက္ကဌရို့ ပါတီ အနီနန့် လွှတ်တော် ကိုယ်စားလှယ်လောင်း ဇာနှစ်ဦး စာရင်း တင်သွင်း နိုင်ခပါလဲ။

ဖြေ။ ။ ကျွန်တော်ရို့က ရခိုင်ပြည်နယ်ထဲမှာ အားလုံးပေါင်း လွှတ်တော် ကိုယ်စားလှယ် ၆၃ နီရာမှာ ၄၃ နီရာ ကျွန်တော်ရို့ လွှတ်တော် ကိုယ်စားလှယ်လောင်း တင်သွင်းနိုင်ခပါရေ။ နီရာပေါင်း ၁၈ နိန်ရာလောက်က လစ်ဟင်းမှု ဟိလားခပါရေ။ ဗမာပြည်ထဲမှာတောခါ့ ဧရာဝတီတိုင်းမှာ တစ်နီရာ၊ ရန်ကုန်တိုင်းမှာ တစ်နီရာ ကျွန်တော်ရို့ တင်သွင်းနိုင်ခပါရေ။ ကျွန်တော်ရို့ စုစုပေါင်း ၄၅ ဦးကို တင်သွင်း နိုင်ပါရေ။

Saturday, September 11, 2010

ပါမောက္ခ ဒေါက်တာအေးကျော်နှင့် အိန်တာဗျူး

ပါမောက္ခ ဒေါက်တာအေးကျော်နှင့် အိန်တာဗျူး

9/10/2010



ဒေါက်တာအေးကျော်ကို ၁၉၃၉ ခုနှစ် က ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တန်းလွဲချောင်း ရွာမ ရွာသစ်တွင် မွီးဖွားခသည်။

ဒေါက်တာအေးကျော် ဆည်းပူး ရဟိခသော ပညာရပ်ဆိုင်ရာ ဘွဲ့များမှာ B.A (History and Religion) ရန်ကုန် တက္ကသိုလ် (၁၉၅၉) ၊ B.A (Honors) Oriental History ရန်ကုန် တက္ကသိုလ် (၁၉၆၀) ၊ M.A (History of Asia) ရန်ကုန် တက္ကသိုလ် (၁၉၆၄) ၊ B.L (Law) ရန်ကုန် တက္ကသိုလ် (၁၉၆၆) ၊ PhD (History of Southeast Asia) Monash University. Australia. 1979 စသည် ရို့ဖြစ်သည်။

ဒေါက်တာအေးကျော်သည် ယခုအခါ အမေရိကန်တွင် နိန်ထိုင်သည်။ ဆရာကြီင်္း ဒေါက်တာ အေးကျော်မှာ ရခိုင်တမျိုးသားလုံးက လေးစားရိုသေသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်သာမက လက်ဟိ မြန်မာနိုင်ငံရေး ရခိုင်နိုင်ငံရေး အပေါ် မျက်ခြီ မပြတ် လေ့လာ သုံးသပ် ကျွမ်းဝင်နိန်သူ တစ်ဦးလည်း ဖြစ်သည်။ ရခိုင် အမျိုးသား ပညာတတ်များ ကြံ့ဖွတ်ပါတီနှင့် ပူးပေါင်းပြီး ရွီးကောက်ပွဲဝင်ရန် စီစဉ်နိန်မှုအပါအ၀င် ၂၀၁၀ ရွေးကောက်ပွဲ၊ ရခိုင်အမျိုးသားများ အနာဂတ် အခြေအနီများကို ဆရာကြီးကို မိန်းမြန်းရာ အောက်ပါ အတိုင်း ဖြေဆိုထားပါသည်။

Sunday, August 29, 2010

ဦးခိုင်ပြည်စိုးနှင့် တွိ့ဆုံမိန်းမြန်းချက်




၂၀၁၀ ခုနှစ် သြဂတ်စ်လ ၁ ရက်နိန့်က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးနှင့် သူတပည့် ဖြစ်သူ နှစ်ဦးအား ရဲ SP နှင့် စရဖမှ (စစ်တွေ)အမှတ် ၁ ရဲစခန်းကို ခေါ်ယူပြီး စစ်ဆေးမိန်းမြန်းမူများ ပြုလုပ်ခသည်။ ခေါ်ယူ စစ်ဆေးမိန်းမြန်းမူနှင့် ပတ်သက်ပြီး နိရဉ္စရာကမိန်းမြန်းရာ ဦးခိုင်ပြည်စိုးမှ အဂုပိုင် စတင် ပြောကြားသည်။

Saturday, July 10, 2010

ရခိုင့်ရိုးရာသင်္ကြန်ပွဲ နယူးယောက်မှာ ကျင်းပလားဖို့

ရခိုင့်ရိုးရာသင်္ကြန်ပွဲ နယူးယောက်မှာ ကျင်းပလားဖို့

ရခိုင့်ရိုးရာ သင်္ကြန်ကို ဂျုလိုင်လ (၁၈) ရက်နိန့် အမေရိကန် နယူးယောက်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့လို့ ဖိတ်စာကို တွိလိုက်ရရေအတွက်နန့် ယင်းသင်္ကြန်ပွဲ ဖြိုက်မြောက်အောင် စီစိုဉ်ရေ သူတချို့ထဲက ရခိုင်လူမျိုး ဦးကျော်သာလှ နန့်တွိရေအခါ အဂုပိုင် မိန်းမြန်းကေ့လိုက်ပါရေ။
မိန်း ။  ။ အဂုလုပ်ဖို့ သင်္ကြန်ပွဲကို အဇာအဖွဲ့အစည်းတိနိန်ပနာ ဦးစီးပါရေလဲ။
ဖြေ။  ။ အဂု လုပ်ဖို့ သင်္ကြန်ပွဲကို " သင်္ကြန်အဖွဲ့အစည်း" ဆိုရေ အဖွဲ့အစည်းက ဦးစီးထားပါရေ။ ဒေအဖွဲ့အစည်းကို လွန်ခရေ နှစ် (၂၀) လောက်ကတည်းက ဖွဲ့စည်းထားရေ အဖွဲ့အစည်းပါ။ ဒေအဖွဲ့ချေမှာ ရှမ်း-တရုတ်လူမျိုး တစ်ဦး၊ ဗမာ-တရုတ်လူမျိုးတစ်ဦး၊ ရခိုင်-တရုတ်လူမျိုးတစ်ဦးနှင့် ရခိုင်လူမျိုးတစ်ဦးတို့ ဖြစ်ပါရေ။ အဂုအခါမှာ မြန်မာလူမျိုးမဟုတ်တေ တခြားလူမျိုး (ဥပမာ- အမေရိကန်လူမျိုး)တိနန့်လည်း ပေါင်းစီးပနာ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လားဖို့ဟိပါရေ။
အဓိက ပင်တိုင်ထောက်ပံ့ရေသူတိကတော့ခါ တရုတ်လူမျိုးတိနန့် ဗမာလူမျိုးတိရာဖြစ်ပါတေ။ တတ်နိုင်ရေ ရခိုင်သားတိဘားက ထဲ့ဝင်မှုတိ မဟိပါ။အဂု နောက်ပိုင်းရောက်လာရေ ရခိုင်သားတိက ပူးပေါင်းပါဝင်လာစွာတိ ကိုတွိရပါရေ။ အဂုသင်္ကြန်မှာ အဓိကကတော့ခါ ရခိုင့်ရိုးရာ"လောင်း" နန့် ရီပက်ကတ်ဖို့ပါ။

Tuesday, April 13, 2010

ALD ရွှေးကောက်ပွဲ မ၀င် ဆုံးဖြတ်ချက်နန့်ပတ်သက်လို့ ဦးအေးသာအောင်၏ ပြောကြားချက်

4/13/2010

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အနီနန့် ပါတီ မှတ်ပုံမတင်သလို ရွီးကောက်ပွဲမှာလည်း ပါဝင် ယှဉ်ပြိုင်မှာ မဟုတ်လို့ ဧပြီလ ၁၀ ရက်နိန့်က ရန်ကုန်မြို့မှာ ပြုလုပ်ရေ ALD၏ အရေးပေါ် အစည်းအဝေးမှာ ဆုံးဖြတ်ခပါရေ။ ယင်း အစည်းအဝေးကို ပါတီ ထိပ်ပိုင်း ဂေါင်းဆောင်တိသာမက မြို့နယ် အဆင့် ခေါင်းဆောင်တိလည်း တက်ရောက်ခရေလို့ သိရပါရေ။ ဇာကြောင့် အဂုပိုင် ရွီးကောက်ပွဲ မ၀င်ဖို့ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်က ဆုံးဖြတ်ရပါသလဲလို့ ပါတီ၏ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဖြစ်တေ ဦးအေးသာအောင်ကို နိရဉ္စရာက ဆက်သွယ် မိန်းမြန်းရေ အခါ သူက အဂုပိုင် ပြောပါရေ။

ဖြေ။ အဓိက ကတော့ခါ ၂၀၀၈ ခုနှစ်မှာ တဖက်သတ် အတည်ပြုပီးလိုက်တေ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြီခံ ဥပဒေကို သုံးသပ် လိုက်တေအခါမှာ ယင်း ဖွဲ့စည်းပုံထဲမှာ ရခိုင်အမျိုးသားတိအတွက် ဇာအခွင့်အရေးမှ မပါဝင်ရေပိုင် တိုင်းရင်းသား လူမျိုးတိ၏ အခွင့်အရေးတိကိုလည်း လျစ်လျူယှု ပစ်ပယ် ထားစွာကို တွိ့ရရေ။ ပြီးကေ တိုင်းရင်းသားတိ၏ ရပိုင်ခွင့် တိကိုလည်း နည်းမျိုးစုံနန့် ဖိနှိပ် ချုပ်ချယ် ကန့်သတ် ထားရေ အတွက်ကြောင့် ဒေ ဖွဲ့စည်းပုံ အခြီခံဥပဒေကို ပြန်လည် သုံးသပ် ကြည့်ရေအခါ လုံးဝ လက်ခံနိုင်စရာ မဟိပါ။

Tuesday, March 30, 2010

နအဖ ရွေးကောက်ပွဲ အပေါ် ဝါရင့် ရခိုင် နိုင်ငံရေးသမား ခိုင်ကျော်ခိုင်၏ အမြင်

3/30/2010

ဦးခိုင်ကျော်ခိုင်သည် ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်းရေးမှာ ရဟန်းဘဝနန့် စစ်တွေမှာ တက်ကြွစွာ ပါဝင်ခရေ အတွက် စစ်အာဏာပိုင်တိ၏ ဖမ်းဆီးခြင်းကို ခံခရပြီး ထောင် ၂နှစ်ခွဲ ချမှတ် ခံခရပါရေ။ ထောင်က လွတ်လာပြီးရေ နောက်ပိုင်းမှာလည်း ထောက်လှမ်းရေးတိက အနံ့ခံ လိုက်နီရေ အတွက် ပြည်တွင်းထဲမှာ မနေနိုင်ဘဲ စစ်တွေကနေပြီး ဘင်္ဂလာဒေ့ခ်ျကို ထွက်ခွာလာခရသူ တဦး ဖြစ်ပါရေ။ အဂုအခါ ခိုင်ကျော်ခိုင်စွာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဖလောင်းချိတ်မြို့မှာ နီထိုင်ပြီးကေ ကျောင်းဆရာ လုပ်နီပါရေ။ သူ့ကို ဒေနှစ်မှာ ကျင်းပ ပြုလုပ်ဖို့ ပျင်ဆင် နီရေ နအဖ ရွေးကောက်ပွဲနန့် ပတ်သက်ပြီးက ဇာပိုင်ပြောချင်ပါရေလဲလို့ နိရဉ္စရာက မိန်းကြည့်ရေအခါ သူက အဂုပိုင် စပြောပါရေ။

ဖြေ။ ကျွန်တော်ရို့ အဓိကပြောချင်စွာက မြန်မာနိုင်ငံမှာ ရခိုင် အမျိုးသားတိစွာ နအဖ စစ်အုပ်စု လက်ထက်မှာ မကြုံဖူးအောင် အထူး ဖိနှိပ်မူတိနန့် ရင်ဆိုင် ကြုံတွိ့ နီကတ်ရ ပါရေ။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးက အစ နီရာတိုင်းမှာ အခက်အခဲ အမျိုးမျိုးနန့် တွိ့ကြုံ နီကတ် ရစွာလည်း ဖြစ်ပါရေ။ အဂု ကျွန်တော်ရို့ ရခိုင်အမျိုးသားတိ အနီနန့် ဒေရွှေးကောက်ပွဲဆိုင်ရာ ဥပဒေကို မဆန့်ကျင် မကန့်ကွက်ဆိုလို့ဟိကေ  ကျွန်တော်ရို့ သားစဉ်မြီးဆက် စစ်ကျွန်ဘ၀က လွှတ်မြောက်ဖို့စွာ မဟုတ်ပါ။ ယင်း ဥပဒေအတိုင်း ကျွန်တော် ရို့ ဆက်လိုက်လားဖို့ဆိုကေ ကျွန်တော်ရို့ အားလုံး စစ်ဖိနပ်အောက်က လုံးဝလွှတ်မြောက်လိမ့်မည် မဟုတ်ပါ။ ကျွန်တော်ရို့ ရခိုင်လူမျိုး တိစွာ တချိန်ခါက ကိုယ့်မင်း၊ ကိုယ့်ချင်း၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်စာပီနန့် နီလာခရေ လူမျိုး တမျိုးပါ။ အခုအခါ နအဖ စစ်အစိုးရ လက်အောက်မှာ ကျွန်သပေါက် ဘဝကို ရောက်နီကြရစွာက ကကောင်း ဝမ်းနည်းဖို့ကောင်းပါရေ။

Friday, March 26, 2010

လူမှုရေးအကျိုးဆောင် မိဘမဲ့ပရဟိတကျောင်းထူထောင်သူ ကိုသိန်းမောင်နှင့် တွိဆုံခန်း

မဟာမုနိအချေဂေဟာကျောင်းကိုစထောင်သူ ကိုသိန်းမောင်သည် ၁၉၈၈ ခု မြန်မာနိုင်ငံ သျှစ်လေးလုံးအရေးတော်ပုံတွင် စစ်တွေမြို့၌ တက်ကြွစွာပါဝင်လှုပ်လျှားခသဖြင့် စက်တဘာင်္ ၁၈ ရက်နိ အာဏာသိမ်းပြီးနောက် စစ်တပ်မှဖမ်းဆီးအရေးယူမည်ကိုစိုးရိမ်၍ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ ထွက်ပြီးလာသူတဦးဖြစ်သည်။ ဘင်္ဂလာသို့ရောက်ပြီး စစ်တကောင်းတောင်တန်း လမားမြို့နယ် ကျောက်တန်းကျောင်း၌ မိဘမဲ့ပရဟိတ အချေဂေဟာတခုကို ထူထောင်ပါသည်။ အဆိုပါဂေဟာကျောင်းမှာ ယခုအခါ အသင့်အတင့် အောင်မြင်နီပြီးဖြစ်သည်။ အဆိုပါကျောင်း၌နီပြီး ပညာသင်ခသူ ကျောင်းသားတချို့မှာ ယခုအခါ ဘင်္ဂလာဒေ့ခ်ျနိုင်ငံတက္ကသိုလ်ကောလိပ်များ၌တက်ရောက်ပြီး ပညာသင်ကြားနီပြီးဖြစ်ရာ သူ၏လုပ်ဆောင်ချက်နှင့်ကြိုးပမ်းအနစ်နာခံမှုများအား စာဖတ်ပရိတ်သတ်များသိနားလည်းနိုင်စီရန်ရည်ရွယ်ပြီး ယခုလတွင် ကိုသိန်းမောင်နှင့်တွိဆုံခန်းကို တင်ပြလိုက်ပါသည်။

မိန်း ။ ။ မဟာမုနိအချေဂေဟာကျောင်းကို ဇာခုနှစ်က စထောင်ပါရေလဲ။ ဇာဒေသမှာ တည်ထားစွာလဲ။
ဖြေ။ ။ လွန်ခရေ ၁၉၉၅ ခုနှစ်က စထောင်စွာပါ။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်းတောင်တန်း ရွာတော်ခရိုင် လမားမြို့ ကျောက်တန်းဘုန်းကြီးကျောင်းဝင်းထဲမှာ ထောင်ထားစွာပါ။

ALD (Japan) အထွေထွေအတွင်းရေးမှုး ကိုလှအေးမောင်နှင့် တွိဆုံခန်း

ကိုလှအေးမောင်သည် ၁၉၉၆ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ရောက်သည်။ ၎င်းနောက်ပိုင်း ဂျပန်ရောက် ရခိုင်သားများဖွဲ့စည်းသော ရခိုင်လူမှုရေးအသင်း(ဂျပန်)တွင် ပြန်ကြားရေးမှုးအဆင့်မှ အတွင်းရေးမှုးနှင့် ဥက္ကဌတာဝန်ယူခသည်။ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဂျပန်) ဒုတိယအကြိမ်ဖွဲ့ချိန်တွင် ကိုလှအေးမောင် အတွင်းရေးမှုးဖြစ်လာသည်။ ၂၀၀၆ ခုနှစ်တွင် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ (Association of United Nationalities Japan) တွဲဘက်အတွင်းရေးမှုး (၁) အဖြစ်တာဝန်ယူပြီး ၂၀၀၇ ခုနှစ်တွင် အထွေထွေအတွင်းရေးမှုးတာဝန်ယူသည်။ ကိုလှအေးမောင်သည် တော်လှန်ရေးကဗျာဖြစ်သည့် “အရေးတော်ပုံ ကဗျာ” လုံးချင်းစာအုပ်နှစ်အုပ်ကို ဂျပန်တွင် ထုတ်ဝီပြီးဖြစ်သည်။၂၀၀၃ ခုနှစ်တွင် Overstay ကြောင့် ဂျပန်လူဝင်မှုကြီးကြပ်ရေး၏ထိမ်းသိမ်းခြင်းကိုခံရကာ ဂျပန်နိုင်ငံထောင်တွင် ၁၈ လတိတိ ထောင်ချခံရသည်။ ယခုအချိန်ထိ ဂျပန်တွင် တရားဝင်နီခွင့်မရသိမ့်ဘဲ တရားယုန်း၌ အမှုရင်ဆိုင်နီရဆဲဖြစ်သည်။ ကိုလှအေးမောင် အတွင်းရေးမှုးအဖြစ်တာဝန်ယူဆောင်ရွက်နီသော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဂျပန်)သည် မြန်မာနိုင်ငံဒီမိုကရေစီရေးအတွက် တခြားမဟာမိတ်အဖွဲ့အစည်းများနှင့်လက်တွဲပြီး ဂျပန်တွင် အားကြိုးမာန်တက်လုပ်ဆောင်နီသော အဖွဲ့အစည်းတခုဖြစ်သည်သာမက ရခိုင်သားများ၏သာရေးနာရေးကိစ္စများအားလည်း တတ်နိုင်သည့်ဘက်က ကူညီဆောင်ရွက်နီသော အဖွဲ့အစည်းတခုဖြစ်သည်။ ဂျပန်နိုင်ငံတွင် အီးအီးချမ်းချမ်းနီထိုင်နိုင်သော်လည်း ကိုယ်ကျိုးကိုဖယ်၍ တိုင်းပြည်နှင့်လူမျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံဆောင်ရွက်နီသော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဂျပန်) အဖွဲ့ဝင်များအားဂုဏ်ပြုလိုသဖြင့် ယခုအပတ်၌ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဂျပန်) မှ အထွေထွေအတွင်းရေးမှုးကိုလှအေးမောင်နှင့် တွိဆုံခန်းကိုဖေါ်ပြလိုက်ပါသည်။

NN ။ လက်ဟိ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ဂျပန်) ၌ ပဇာတာဝန်ယူထားပါရေလဲ။
ဖြေ ။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဂျပန်) အထွေထွေအတွင်းရေးမှုးတာဝန်ကို ယူထားပါရေ။

အ၀ကျွန်းမှ ဦးမောင်ဟန်သာနှင့် (Narinjara) ရခိုင်သတင်းဌာန တွိဆုံမိန်းမြန်းခန်း

ယခုလထုတ်ဂျာနယ်၌ ဘင်္ဂလာဒေ့ခ်ျနိုင်ငံအ၀ကျွန်းမှ ရခိုင်ခေါင်းဆောင်လူကြီးတဦးဖြစ်သူ ဦးမောင်ဟန်သာ အသက် ၆၃နှစ်နှင့် တွိဆုံမိန်းမြန်းခန်းကို ထည့်သွင်းဖေါ်ပြလိုက်ပါသည်။ ဦးမောင်ဟန်သာမှာ အ၀ကျွန်းဘာရဂူနာခရိုင် တာတလီကျွန်းရွာမှ ရခိုင်လူကြီးတဦးဖြစ်ပါသည်။ ရပ်ရေးရွာရေးကအစ အမျိုးဘာသာသာသနာ ညှိုးနွမ်းပျောက်ကွယ်မလားအောင် ကာကွယ်စောင့်ယှောက်နီသူ ရခိုင်ခေါင်းဆောင်တဦးလည်းဖြစ်ပါသည်။ ဦးမောင်ဟန်သာနီထိုင်ရာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံအတွင်းကအ၀ကျွန်းကို စာဖတ်ပရိသတ်များ ကြားဖူးကောင်းကြားဖူးမည်ဖြစ်သော်လည်း အ၀ကျွန်းနှင့် ပတ်သက်ပြီး အတိတ်နှင့်ပစ္စုပ္ပန်ကိုကား သိမည်မထင်ပါ။ သို့အတွက်ကြောင့် ယခုလတွင် စာဖတ်သူများအား ရခိုင်သမိုင်းကြောင်းနှင့် ဆက်နွယ်နီသော အ၀ကျွန်းရခိုင်သားရို့၏လူမှုဘ၀အကြောင်းကို တစွန်းတစသိနားလည်နိုင်စီရန် အ၀ကျွန်းမှရခိုင်လူကြီးတဦးနှင့် တွိဆုံခန်းကို ထည့်သွင်းဖေါ်ပြလိုက်ရပါသည်။ ဦးမောင်ဟန်သာ၏ဓါတ်ပုံအား ထည့်သွင်းဖေါ်ပြရန် မိတ္တာရပ်ခံခပါသော်လည်း အကြောင်းတခုကြောင့် တည့်သွင်းရန်မလိုလားပါသဖြင့် ယခုလ ဦးမောင်ဟန်သာ၏အိန်တာဗျူးကို ဓါတ်ပုံမပါဘဲ ထည့်သွင်းဖေါ်ပြလိုက်ပါသည်။

မိန်း ။ အ၀ကျွန်းမှာ လက်ဟိလူဦးရေနန့် အယင်လူဦးရေကိုနှိုင်းယှဉ်ဗျာ အယင်ပြောပြစီချင်ပါရေ။
ဖြေ ။ အ၀ကျွန်းမှာ ခုနှစ်သက္ကရာဇ်အရပြောရဖို့ဆိုကေ ၁၇၈၄ ခုမှ ၁၉၀၀ ပြည့်နှစ်အတွင်းမှာ ရခိုင်ရွာပေါင်း ၂၃၇ ရွာဟိခပါရေ။ ၁၉၀၀ ပြည့်နစ်နန့် ၁၉၄၈ခုနှစ်အတွင်းမှာ ရွာပေါင်း ၁၆၈ ရွာအထိလျော့ကျလားပြီးကေ အိမ်ခြီစုစုပေါင်း ၅၁၉၀ ဆောင်နန့် လူဦးရေ ၃၅၀၀၀ လောက်ဟိလီပါရေ။ အခု ရခိုင်ရွာပေါင်း ၄၆ ရွာ၊ အိမ်ခြီ ၆၅၀ နန့် လူဦးရေ ၄၅၀၀ လောက်ရာကျန်ပါဗျာ။

Thursday, March 18, 2010

ရခိုင်တေးရွီးဆရာ ဦးမောင်သန်းဧ။် ဂီတခရီးလမ်းက ပန်းဝေဒနာ

PROFILE
နာမေ - ဦးမောင်သန်း
အနုပိုင်ညာနာမေ - ဂီတစာဆို- ပွဲဝင်ရခိုင်အဆိုတော်
အသက် - ၅၈ နှစ်
တီးခတ်မှု - မယ်ဒလင်၊ စည်းဝါး
နီရပ်လိပ်စာ - ၀ိသာခါလက်ကြား၊ ဆင်ကူလမ်း၇ပ်ကွက်

မီး ။ ဆရာမွီးရပ်ဇာတိမြီကို သိချင်ပါရေ။ မိသားစုအကြောင်းပါ ပြောပါဆရာ။

ဖြီ။ ကျွန်တော့် မွီးရပ်မြီမှာ စစ်တွေမြို့ အနောက်သဲချောင်းရွာ ဇာတိပါ။ အဖ ဦးစံအောင်၊ အမိ ဒေါ်ညွန့်ဖြစ်ပြီးကေ မွီးချင်း သုံးယောက်အနက် ကျွန်တော်က အကြီးဆုံးပါ။ အခု ကျွန်တော် ၀ိသာခါလက်ကြား၊ ဆင်ကူးလမ်းရပ်ကွက်မှာ နီထိုင်လျက် ဟိပါရေ။

မီး။ ။ တေးဂီတ အနုပိုင်ညာနယ်ကို စတင်ဝင်ရောက်တေခုနှစ်၊ စတင်ရွီးခရေတေးခြင်းနန့် ဆရာ့တေးခြင်းကို စတင်သီဆိုခရေ အဆိုတော်နာမေကို သိချင်ပါရေ။

Wednesday, March 17, 2010

ရခိုင်အဆိုတော် ကိုမြတ်ခိုင်ကျော်နှင့် တွိ့ဆုံမိန်းမြန်းခန်း

3/4/2010

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘာဇားမြို့ (ဖလောင်းချိတ်) မှာ
တည်ဟိရေ အဘယသုခ ဆုတောင်းပြည့် ထိပ်ကျင်းတောင် စေတီပွဲတော်ကို
ဖေဖော်ဝါရီလ ၂၅ ရက်နိန့်မှ ၂၇ ရက်ထိ သုံးရက် တိုင်တိုင် စည်ကား
သိုက်မြိုက်စွာ ကျင်းပခပါရေ။ယင်း ပွဲတော်မှာ ရခိုင်က နာမည်ကြီး
အဆိုတော် တဦးဖြစ်တေ ကိုမြတ်ခိုင်ကျော်လည်း တခြား အဆိုတော်တိနန့် တက်ရောက်
ဖြေဖျော်ခပါရေ ။ သူ့၏ အနုပညာ သက်တမ်း တလျောက်မှာ ပထမဆုံး အကြိမ်
အနီနန့် ကိုမြတ်ခိုင်ကျော်စွာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံကို လာရောက် ဖြေဖျော်စွာ
ဖြစ်ပါရေ။ သူဘင်္ဂလာကို ရောက်နီစဉ် အတွင်းမှာ နိရဉ္စရာက သူနန့် တွိ့ဆုံ
မိန်းမြန်းခွင့် ရခပါရေ။ ကိုမြတ်ခိုင်ကျော်က ဘင်္ဂလာဒေခ်ျ့မှာ လာရောက်
ဖြေဖျော်ရရေ တွက် သူ၏  အမြင်နန့် ခံစားချက်ကိုအဂုပိုင် စတင် ပြောကြားပါရေ။

မြတ်ခိုင်ကျော် - အဂုပိုင် ဖြေဖျော်ခွင့်ရရေ အတွက် ၀မ်းသာပါရေ။ အဂုပိုင်
အ၀ီးမှာ ဟိနီကတ်တေ ရခိုင် အမျိုးသားတိကို ကျွန်တော်လာရောက်ပြီး
ဖြေဖျော်ခွင့်ရရေအတွက် အများကြီး ဂုဏ်ယူပါရေ။ ၀မ်းသာမိပါရေ။

Saturday, March 13, 2010

ဗိုလ်ရာဇာအကြောင်း တစေ့တစောင်း


ဗိုလ်ရာဇာအကြောင်း တစေ့တစောင်း


3/13/2010

ရခိုင်ပြည်တပ်မတော် စစ်ဦးစီချုပ် ဗိုလ်ရာဇာကို အိန္ဒိယ စစ်တပ်က အန်တမန်ကျွန်းမှာ ၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီ လ ၁၁ ရက်နိ့က လုပ်ကြံသတ်ဖြတ်လိုက်တေအတွက် အခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နိ့ဆိုကေ ဗိုလ်ရာဇာ ကျဆုံးလားစွာ နှစ်ပေါင်း ၁၂ နှစ်ပြည့်မြောက်ရေနိ့ ဖြစ်ပါရေ။ ဗိုလ်ရာဇာစွာ တိုင်းပြည်နန့် လူမျိုး လွတ် မြောက်ရေးအတွက် ကိုယ်ကျိုးစွန့် ကြိုးပမ်းလုပ်ဆောင်နိန်ချိန်မှာ အဂုပိုင် အိန္ဒိယစစ်တပ်၏ လုပ်ကြံသတ်ဖြတ်မှုကို ခံလိုက်ရစွာဖြစ်ပါရေ။ ယင်းပိုင် ခေါင်းဆောင်တဦး ကျဆုံးလားရခြင်းက ရခိုင် တော်လှန်ရေး လမ်းကြောင်းမှာ ကြီးမားရေ ဆုံးယှုံးးမှုကြီးတစ်ရပ်ဖြစ်ရေပိုင် ရခိုင်တမျိုးသားလုံးအတွက် အစားထိုးမရနိုင်ရေ  ဆုံးယှုံးမှုကြီးတရပ် လည်း ဖြစ်ပါရေ။ ယင်းကြောင့် ဗိုလ်ရာဇာစွာ ဇာပိုင်ဂေါင်းဆောင်မျိုးလဲ။ သူ၏စိတ်နီသဘောထားတိက ဇာပိုင်ဟိရေလဲဆိုစွာကို သိဟိနိုင်အောင် ဗိုလ်ရာဇာနန့် ညီအစ်ကိုတော်စပ်သူ တော်လှန်ရေး လုပ်ဖေါ်ကိုင်ဖက် တစ်ဦးလည်းဖြစ်ရေ ကိုလင်းခိုင်ကို ကိုမောင်အေးက တွိ့ဆုံပြီး အဂုပိုင် မိန်းမြန်းထားပါရေ။

မိန်း။ ကိုလင်းခိုင်အနီနန့် ဗိုလ်ရာဇာ၏ ကိုယ်ရေးရာဇ၀င်အကြောင်းကို ပထမ ပြောပြပီးပါလား။

Tuesday, February 16, 2010

ပထမဆုရ ရခိုင်အလှမယ် မဖြူချေနန့် ၃ မိနစ်တာ




2/16/2010

ဖေဖေါ်ဝါရီလ ၁၂ ရက်နိန့်က ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့ဘဇားမြို့ခေါ် ဖလောင်းချိတ်မြို့မှာ ကျင်းပပြုလုပ်ခရေ တိုင်းရင်းသား ပေါင်းစုံ အလှမယ် ပြိုင်ပွဲမှာ ဖလောင်းချိတ်မြို့ ကျောင်းနားရပ်သူ မဖြူမချေ (မလှသန်း)က ပထမဆု ရဟိခပါရေ။ မဖြူချေကို နိရဉ္စရာက တွိ့ဆုံမိန်းမြန်းခွင့် ရရှိခပါရေ။

မိန်း။ ။ အဂုပြိုင်ပွဲမှာ ပထဆုရရေ အတွက် စိတ်ထဲမှာ ဇာပိုင်ခံစားရပါလဲ။

ဖြေ။ ။ အဂုပိုင် ပထမဆုကို ရဟိခရေအတွက် အလွန်ပျော်ပါရေ။ တဖက်မှာလည်း ၀မ်းနည်းမိပါရ။ ဇာဖြစ်လို့လည်း ဆိုကေ အကျွန်၏ အောင်မြင်မှုတိကို အဘာနန့် အမင်ရို့ မြင်လားခွင့် မရလားရေ အတွက် ဖြစ်ပါရေ။ အမိနန့်အဖ ဟိခကေ ကောင်းကောင်းကတ်ဖို့ပါ။ ဆုရရေအတွက် ပျော်မိကေလေ့ တဖက်လည်း အဂုပိုင် အခြေအနီတိကြောင့် ၀မ်းနည်းမိရစွာပါ။

မိန်း။ ။ ပြိုင်ပွဲဝင်ရေ အမျိုးသမီးတိ ကောင်းကောင်းများလား။

ဖြေ။ ။ ဘင်္ဂလာဒေခ်ျ့မှာ မှီတင်းနီထိုင်ရေ လူမျိုး ၁၈ မျိုးထဲက အမျိုးသမီးငယ် ၁၈ ဦး ၀င်ရောက် ယှဉ်ပြိုင်ခကတ်ပါရေ။ ၀င်ပြိုင်ရေ အမျိုးသမီးတိလည်း လူတိုင်း လိုလို ချောကတ်ပါရေ။

မိန်း။ ။ ဒေပြိုင်ပွဲကို ပါဝင်ဆင်နွဲဖို့ ဇာပိုင် ပျင်ဆင်မှုတိ လုပ်ခပါရေလဲ။
ဖြေ။ ။ အကျွန်အနီနန့် ဒေအလှမယ် ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ တခုလည်းပျင်ဆင်မှု မဟိခပါ။ ပြီးကေ အကျွန်ရို့ လူမျိုးတိ အနီနန့် ဂုပိုင် ပွဲတိမှာ ယှဉ်ပြိုင်ရေ အစဉ်အလာလည်း မဟိပါ။ ယင်းကြောင့် ပထမတော့ခါ ရခိုင် အကအဖွဲ့မှာ ၀င်ကဖို့ လောက်ရာ အစီ အစဉ်ဟိခပါရေ။ ယကေလေ့ အပေါင်း အသင်းတိ မိသားစုတိက ၀င်ပြိုင်ဖို့ တိုက်တွန်းရေအတွက် ပြိုင်ဖို့နိန့်မှာပင် ဓါတ်ပုံရိုက်ပနာ  ပြိုင်ပွဲဝင်ဖို့ စာရင်းသွင်း လိုက်စွာပါ။

မိန်း။ ။အဂုပိုင် တိုင်းရင်းသား ပေါင်းစုံ ပြိုင်ပွဲမှာ ပထမဆုရဟိခရေအတွက်  ဘင်္ဂလာဒေ့ခ်ျ နိုင်ငံမှာ ပြုလုပ်နီရေ လှယဉ်ကျေးမယ်နန့် မော်ဒန်ပြိုင်ပွဲတိမှာ ပါဝင် ယှဉ်ပြိုင်ဖို့ ဆန္ဒဟိပါလား။

ဖြေ။ ။ ဟုတ်ပါရေ။ ပြိုင်ဖို့ဆန္ဒတောခါဟိပါရေ။ ယကေလေ့ ဇာပိုင် ဖြစ်လာဖို့လဲ ဆိုစွာကိုတော့ခါ တိတိကျကျ မပြောနိုင်သိမ့်ပါ။

မိန်း။ ။ ပြိုင်ပွဲမှာ ဇာပိုင် မိန်းခွန်းတိကို မိန်းပါလဲ။ ဇာမိန်းခွန်းက ဖြေဖို့ ခက်ခဲပါရေလဲ။

ဖြေ။ ။ အကျွန်အနီနန့် ယင်းလောက်ခက်ခဲစွာတော့ခါ မတွိ့ခရပါ။ သူရို့မိန်းစွာက အမည် ပညာအရည် အချင်း နောက်ပြီးကေ ဇာလုပ်ချင်လဲ။ တခြားလူတိကို ဇာပိုင်ကူညီချင်လဲ ဆိုစွာတိကို မိန်းပါရေ။ အကျွန်ကလည်း အလုပ်လုပ်ယင်းနန့် ဆင်းရဲသားတိကို ကူညီချင်ရေ။ အကျွန်ကိုယ်တိုင် ကလည်း ဆင်းဆင်းရဲရဲနန့် ပညာ သင်နီရစွာဖြစ်လို့ ဆင်းရဲရေ အချေတိကို ပညာသင်ဖို့ အကူအညီ ပီးချင်ရေ အကြောင်းတိကို ပြောပြခပါရေ။

မိန်း။ ။ ပြိုင်ပွဲမှာ ဇာပိုင် အနီအထား ပုံစံမျိုးတိ ပြိုင်ခရပါရေလဲ။

ဖြေ။ ။ အကျွန်ရို့ တယောက်ချင်းစီ လမ်းလျှောက် ရပါရေ။ နောက်ပြီးကေ ပရိသတ်ရှိမှာ ရပ်ဖို့ (၇) စက္ကန့်လောက် အချိန်ပီးပါရေ။ ယင်းအထဲက ပရိသတ်တိကို ဇာပိုင် ဆွဲဆောင်နိုင်ရေလဲ စစွာတိကို လုပ်ခိုင်းပါရေ။ လှည့်ရေအခါ ခြီအနီအထားတိကို ကြည့်ပါရေ။ ခန္ဓာကိုယ်၊ အရပ်အမောင်း၊ စကားပြောစွာက အစ အားလုံးကို အမှတ်ပီးပါရေ။

မိန်း။ ။ ပထမဆုအဖြစ် ဇာတိရခပါရေလဲ။

ဖြေ။ ။ တာကာငွေ ၂၅၀၀၀ ( မြန်မာကျပ်ငွေနန့် ဆိုကေ ၄ သိန်း) နန့် သရဖူ ဆုတခု၊ နောက်ြပီးကေ  လက်မှတ် တခုနန့် စလွယ်တခုလည်း ရပါရေ။

မိန်း။ ။ အခုလက်ဟိ အလုပ်ကိုင်ကို ပြောပြပီးပါ။

ဖြေ။ ။ အခုလက်ဟိ အလုပ်က ရခိုင် အမျိုးသား ဖွံ့ဖြိုးရေး အဆောက်အအုံ
(RDF)က ဖွင့်လှစ် ထားရေ U KAW SAN LA BUDDSHBIBAR ကျောင်းမှာ ၃ နှစ်ကနီ ၆ နှစ် အထိ အချေတိကို ဘင်္ဂလီစာနန့် အင်္ဂလိပ်စာ သင်ပြ ပီးနိန်ပါရေ။

မိန်း။ ။ ပညာအရည်အချင်း သိပါရစီ။

ဖြေ။ ။ ဖလောင်းချိတ်ကောလိပ် BBS တတိယနှစ် ကျောင်းသူပါ။ အသက် ၂၄ နှစ်။

(ကိုမောင်အေးက မေးမြန်းသည်။) 



(နိရဉ္ဇရာ ကူးလို့ ရခိုင်ပိုင် တတ်နိုင်သမျှပြန်ထားပါသည်)

Sunday, February 14, 2010

ANC တခုတည်းသာဟိကြောင်း အထွေထွေအတွင်းရေးမှူးသစ်ကပြောဆို

2/14/2010

ရခိုင်ပြည် အမျိုးသားကောင်စီ ကြီးကြပ်မှုနန့် ANC ညီလာခံ တခုကို ထိုင်းမြန်မာ နယ်စပ်တနီရာမှာ ဖေဖေါ်ဝါရီလ ၆ ရက်နိန့်ကနေ ၉ ရက်နိန့်ထိ ကျင်းပပြုလုပ်ခပါရေ။ ဂု ညီလာခံက ဥက္ကဌ အသျှင် ဦးသီဟ၊ ဒုဥက္ကဌ ဦးခင်မောင်၊ ဒုဥက္ကဌ(၁) ခိုင်ကောင်းစံနန့် အထွေထွေ အတွင်းရေးမှူး အဖြစ် ကိုထွန်းဇော်၊ တွဲဘက်အတွင်းရေးမှူး ဦးခိုင်စံလင်းရို့ အပါအ၀င် ဗဟို အလုပ်အမှုဆောင်ကော်မီတီ၊ ဗဟိုကော်မီတီ စုစုပေါင်း (၁၅) ဦးကို ရွီးချယ်တင်မြှောက်ခစွာကို တွိ့ရပါရေ။ ညီလာခံ အပြီးမှာ အသစ် ဖြစ်ပေါ် လာရေ အေအန်စီက ပေါ်လစီရေးရာနန့် ပတ်သက်ပြီး ယေဘုယျ ယှင်းလင်းထားရေ ကြေငြာချက် တစောင် ထုတ်ပြန်စွာကို တွိ့ရပါရေ။ ယင်း ကြေငြာချက်ထဲမှာ အမျိုးသား ညီညွတ်ရေး အပေါ် အထူးအလီးပီး ဖေါ်ပြထားစွာကို တွိ့ရရေ အတွက်  အထွေအထွေ အတွင်းရေးမှူး အသစ် ဖြစ်လာရေ ကိုထွန်းဇော်ကို အမျိုးသား ညီညွတ်ရေးနန့် ပတ်သက်ပနာ သဘောထားကို သိရအောင် နိရဉ္စရာကအဂုပိုင် တွိ့ဆုံ မိန်းမြန်းထားပါရေ။

---------------------------------------------------------------------------------------

မိန်း -
ANC အနီန့် ရခိုင်ပြည်သူတရပ်လုံး သွီးစည်းညီညွတ်ရေးကို တည်ဆောက်ဖို့ ဆြိုပီး ANC ၏ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားစွာကို တွိ့ရပါရေ။ လက်တွိ့မှာ ရခိုင်အမျိုးသား စည်းလုံး ညီညွှတ်ရေးက အဖတ်ဆယ်မရအောင် ပြိုကွဲ နီပါရေ။ ယင်းကြောင့် ရခိုင်အမျိုးသား စည်းလုံး ညီညွှတ်ရေးကို ဇာပိုင် တည်ဆောက်လားဖို့ဆိုစွာ ကိုပြောပြပီးနိုင်ပါဖို့လား။

ဖြေ။ ။ ကျနော်ရို့ အမျိုးသား စည်းလုံးညီညွှတ်ရေးက နိန်ပြီးကေ ကျနော်ရို့ ပါတီ အဖွဲ့အစည်း၊ ရခိုင်ပြည်မှာဟိရေ နိုင်ငံရေး အင်အားစု အသီးသီး၊ ပါတီအဖွဲ့အစည်း အသီးသီး တိကြားမှာ မတူ ကွဲပြားရေ အခြီခံမူဝါဒ သဘောတရားဟိပါရေ။ ယင်းအပေါ်မှာ ကျနော်ရို့ တတ်နိုင်သလောက် နိန်ပြီးကေ တူညီအောင် ညှိနှိုင်းလားပါဖို့။

ပြီးကေ တယောက်နန့် တယောက် တဖွဲ့နန့် တဖွဲ့ အကြား အချင်းချင်း အပြန်အလှန် နားလည်မှုဟိအောင်၊ ပြီးကေ ကျနော်ရို့ ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းတိကို လုပ်ပြီးမှ အခြီခံသဘော တူညီချက်တိအပေါ်မှာ မူတည်ပြီးကေ ဆက်လက်ပြီး ညီညွှတ်ရေးအတွက် ကြိုးပမ်းလားဖို့ဆိုရေ သဘောတရားတိဟိပါရေ။

မိန်း -
ANC စွာ တပ်ပေါင်းစု အဖွဲ့အစည်း တခုဖြစ်ရေအတွက် ပါဝင်ရေ နိုင်ငံရေးပါတီ အသီးသီးက ထိပ်ပိုင်း ခေါင်းဆောင်တိ ပါဝင်လာစွာကို တွိ့ရပါရေ။ ယကေလေ့ အဂု ANC ဒုတိယ အကြိမ် ညီလာခံက ရွီးချယ်ရေ အထဲမှာ AASYC က ထိပ်ပိုင်းခေါင်းဆောင်တိဖြစ်တေ ဥက္ကဌရို့ အထွေအထွေ အတွင်းရေးမှူးရို့က ပါဝင်လာခြင်း မဟိစွာက ဇာကြောင့်ပါလဲ။

ဖြေ။ ။ ကျနော်ရို့ ဒေ ဒုတိယအကြိမ် ရခိုင်ပြည် အမျိုးသားညီလာခံက ရွီးချယ်ရေ နီရာမှာ အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ စုံစုံညီညီ တက်ရောက်ကတ်ပါရေ။ ယင်းချင့်ကတော့ခါ ကျနော်ရို့၏ ဒီမိုကရေစီနည်းလမ်း တကျ ရွီးချယ် တင်မြှောက်မှု အပေါ်မှာ မူတည်ပါရေ။
AASYC က ခေါင်းဆောင်တိအနီနန့် ထိပ်ပိုင်း နီရာတိမှာ မပါဆိုစွာက ညီလာခံမှာ တက်ရောက်ရေ ကိုယ်စားလှယ် အသီးသီး၏ ရွီးချယ်မှုအပေါ်မှာ မူတည်ပါရေ။

မိန်း - လွန်ခရေနှစ်က မလေးယှားမှာ ဒုတိယအကြိမ်မြောက်
ANC ညီလာခံ တခုကို ကျင်းပခစွာကို တွိ့ရပါရေ။ ယင်းညီလာခံနန့် ဖြစ်ပေါ်လာရေ ANC အပေါ်မှာ ဇာပိုင်မြင်ပါရေလဲ။

ဖြေ။ ။ ကျနော်ရို့ အနီနန့်ကတော့ခါ
ANC စွာ တခုတည်းရာဟိပါရေ။ မလေးယှားမှာ ကိုညီညီလွင်ရို့ ဦးဆောင်ပြီး ပြုလုပ်ခရေ အစည်းအဝေးနန့် ပတ်သက်လို့ ပြောရကေ ယင်းအချိန် မတိုင်ခင်ကပင် ၂၀၀၆ ခုနှစ်မှာ ဖွဲ့စည်းခရေ ANC ၏ ဗဟို အလုပ်အမှုဆောင်တိက ကိုညီညီလွှင်ကို တရားဝင် ထုတ်ပယ် ထားခပြီးသားပါ။ ယင်းကြောင့် ယင်း ANC နန့်ပတ်သက်ပြီးကေ တခုလည်းပြောစရာမဟိပါ။ ပြီးကေ ANC စွာ ၂ ခု ဟိပါ။ တခုတည်းသာ ဟိပါရေ။ ပြီးကေ ယင်း ANC ညီလာခံစွာ တရားမဝင် ညီလာခံဖြစ်တေ ဆိုစွာကို ကျွန်တော်ရို့ အတိအလင်း ထုတ်ပြန်ထားပြီးသား ဖြစ်ပါရေ။

မိန်း - ရိုဟင်ဂျာလို့ အမည်ခံယူနီသူတိ အပေါ်မှာ ဇာပိုင်သဘောထား အမြင်တိ ဟိပါရေလဲ။

ဖြေ။ ။ ရိုဟင်ဂျာ အမည်ခံကတ်တေ လူတိနန့် ပတ်သက်ပြီးကေ ပြောရဖို့ဆိုကေ ရခိုင်ပြည်မှာ လွတ်လပ်ရေ ဥပဒေပြု လွှတ်တော်တရပ် မပေါ်ပေါက်သရွိ့ကာလပတ်လုံးကတော့ခါ ကျနော်ရို့ ယင်းကိစ္စအပေါ်မှာ ပြေပြေ လည်လည် ဖြေယှင်းနိုင်ဖို့ မဟုတ်သိမ့်ပါ။ ယင်း အတွက်ကြောင့်လည်း စစ်မှန်ရေ ဖယ်ဒရယ် ပြည်ထောင်စု တခု ပေါ်ပေါက်ပြီး ရခိုင်ပြည်မှာ လွတ်လပ် တရားမျှတရေ လွှတ်တော်တရပ် ပေါ်ပေါက်မှသာ ဒေကိစ္စကို ဖြေယှင်းနိုင်ဖို့လို့ ပြောချင်ပါရေ။
.....................................
( မင်းဆက်ခိုင် မေးမြန်းသည်။ ) 

(မူရင်း Narinjara မှမြန်မာဘာသာသတင်းကို ရခိုင်ပိုင်တတ်နိုင်သလောက်ပြန်ထားပါသည်။)

Tuesday, February 9, 2010

တောင်အာယှ ရွေတံဆိပ် ၂ ဆုသျှင် မဇော်ဦးဖြူနှင့် တမနိတာ

2/8/2010

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒက္ကားမြို့တွင် ကျင်းပ ပြုလုပ်သော ၁၁ ကြိမ်မြောက် တောင်အာယှ အားကစားပြိုင်ပွဲတွင် ဘင်္ဂလာဒေ့ခ်ျနိုင်ငံဖွား ရခိုင်အမျိုးသမီး မဇော်ဦးဖြူမှ ရွှေတံဆိပ် ၂ ဦးဆုနှင့် ကြီးတံဆိပ် တခု ရခပါသည်။

ဆုရဟိစွာနန့်ပတ်သက်လို့ သူမ၏ ခံစားချက်ကို အဂုပိုင် ပြောသည်။

“အကျွန် အဂုပိုင် တောင်အာယှ အားကစားပြိုင်ပွဲမှာ ဆုတိ အများကြီး ရဟိလီဖို့လို့ အကျွန် မမျှော်မှန်းခပါ။ ညခါက နောက်ဆုံး ပြိုင်ပွဲမှာ ဘင်္ဂလာဒေ့ခ်ျ နိုင်ငံအတွက် ရွေတံဆိပ် ၂ခု နန့် ကြီးတံဆိပ် တခု ဆွတ်ခူး ပီးနိုင်ခရေ အတွက် အကျွန်အတိုင်းမသိ ၀မ်းသာပါရေ။ အဂုပိုင် ဆုတိ ရဟိခရေအတွက် အထူးဝမ်းမြောက်ရေပိုင် အကျွန်အပေါ် စေတနာထားပြီးကေ  ပြသပီးခရေ ဆရာသမားတိကိုလည်း အထူးကျေးဇူး တင်ပါရေ။ ပြီးကေ အကျွန့်လူမျိုးအတွက် လည်း ဂုဏ်ယူပါရေ။”

ကရာတေးပြိုင်ပွဲတိစတင် ၀င်ရောက်လာပုံကိုလည်းသူမက အဂိုပုင် ပြောပါရေ။

“အကျွန်မစွာ ၁၉၉၇ ခုနှစ်ကပင် ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှာ ကျင်းပရေ ကရာတေး ပွဲတိုင်းမှာ ပါဝင် ယှဉ်ပြိုင်ခပါရေ။ ဆုတိလည်း အများကြီးရဟိခပါရေ။ နိုင်ငံကိုယ်စားပြု ရွှေတံဆိပ်တိကို ဆွတ်ခူးရဟိစွာကတော့ခါ အေချင့်က ပထမဆုံး အကြိမ်ရာ ဖြစ်ပါရေ။”
သူမ၏ မိဖနန့် သူမ၏ဆရာ ဇာသူတိ ဖြစ်တေဆိုစွာကိုလည်း သူမကအဂုပိုင်ပြောပြပါရေ။

“အဖ ဦးလှအောင် အမိ ဒေါ်သြဘာစိန် ဖြစ်ပါရေ။ အကျွန်၏ ဆရာက ကရာတေးဆရာ ကိုသိန်းမောင် (စစ်တွေ) ဖြစ်ပါရေ။ ဇာတိကတော့ခါ စစ်တကောင်းတောင်တန်းနယ် ရွာတော်မြို့ ဖြစ်ပါရေ။”

မဇော်ဦးဖြူသည် တဦးချင်း ကရာတေးပြိုင်ပွဲတွင် ရွေဆံဆိပ်ဆုတခု၊ သုံးယောက်တွဲပြိုင်ပွဲတွင် ရွေတံဆိပ်ဆု ၁ ခုနှင့် ၅၅ ကီလိုတန်းပြိုင်ပွဲတွင် ကြီးတံဆိပ်ဆု တခုရဟိခပါသည်။

အလားတူ စစ်တကောင်း တောင်တန်းနယ်မှ မဦးသန်းနုမှာ သုံးယောက်တွဲ ပြိုင်ပွဲတွင် ရွေတံဆိပ် တဆု ဆွတ်ခူးရဟိခပါသည်။ သူမ၏ ဖခင်မှာ ဦးအောင်ထွီး အမိ ဒေါ်လှမဖြူ ဖြစ်သည်။

ဆုရဟိသူ နှစ်ဦးစလုံးမှာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဘင်ဒရာဘင် (ခေါ်)ရွာတော်ခရိုင်၊ လမားမြို့နယ်တွင် တည်ဟိသော ကျောက်တန်းကျေးရွာ မဟာမုနိ ပရဟိတ စာသင်ကျောင်းမှ ဒါရိုက်တာ ကိုသိန်းမောင်၏
တပည့်များ ဖြစ်သည်။ 

(Narinjara မှကူးလို့ ရခိုင်ပိုင် တတ်နိုင်သမျှပြန်ထားသည်)

Wednesday, February 3, 2010

ရခိုင်အမျိုးသမီး ဥက္ကဌမှ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်ဘားသို့ စာပို့

2/3/2010

ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU) ဥက္ကဌ စောမြရာဇာလင်းမှ မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကိန်င်တေးနားဘားသို့ ညနိန့်ခါက စာတစောင် ရွီးသား ပီးပို့လိုက်သည်။

မစ္စတာ ကိန်တေးနားဘားသို့ စာပီးပို့ရခြင်း၏ ရည်ရွှယ်ချက်ကို ရခိုင်အမျိုးသမီးများ အစည်းအရုံးမှ ဥက္ကဌဖြစ်သူ ဒေါ်စောမြရာဇာလင်းက အဂုပိုင်ပြောပါသည်။

“ပထမဆုံးအနိန်န့်ပြောချင်စွာက ကုလ လူ့အခွင့်အရး ကိုယ်စားလှယ် တယောက်အနီနန့် မြန်မာနိုင်ငံ ခရီးစဉ်မှာ ရခိုင်ပြည်ကို လားရောက် လည်ပတ်ဖို့ အစီအစဉ် ဟိရေဆိုစွာကို သိရရေအတွက် ဝမ်းသာမိပါရေ။ ယကေလေ့ ရခိုင်ပြည်ကို လားရောက်ရေအချိန်မှာ လူမျိုးစုတခု၊ ဒေသတခုအတွက် အဓိက ပစ်မှတ်ထားပြီး လားစွာထက် ရခိုင်ပြည်တခုလုံးမှာ နီထိုင်ရေ လူမျိုးပေါင်းစုံ၏ အရေးကို ပစ်မှတ်ထားဖို့လရေလို့ မြင်မိရေ။ ယင်းကြောင့်ရခိုင်ပြည်နယ်မှာ နီထိုင်နီကတ်တေလူမျိုးတိ အားလုံး၏ အရေးကို အာရုံစူးစိုက် လုပ်ကိုင်စီလိုရေအတွက် သူ့ဘားကို အဂုပိုင် စာပီးပို့စွာ ဖြစ်ပါရေ။”

အဂုပိုင်စာပီးပို့ရေအတွက် ကုလ လူ့အခွင့်အရေး ကိုယ်စားများအနီဖြင့် ရခိုင်ပြည် နယ်ဟိ လူမျိုးပေါင်းစုံ ပြည်သူများ၏ လူ့အခွင့်အရေး ချိုးဖေါက်ခံနီရမှု အခြေအနီများကို ပိုမို အလီးထား လာနိုင်သည်ဟု သူမက ဆက်ပြောသည်။

“ဇာကိစ္စမဆို မပြောဘဲနီကေ တခုလည်းဖြစ်လာဖို့စွာ မဟုတ်ပါ။ သူရို့ မသိသိမ့်စွာကို သိအောင် ပြောရဖို့။ သိသင့်စွာတိကို သိအောင် တင်ပြရဖို့။ ယင်းပိုင်လုပ်ရေအတွက် ကုလ လူ့အခွင့် အရေး ကိုယ်စားလှယ်တိအနီနန့် ရခိုင်ပြည်မှာ လူ့အခွင့်အရေး ချိုးဖေါက် ခံနီရ စွာတို ပိုပြီးကေ သတိထားလာဖို့။ အယင်ထက်ပိုပြီး လူ့အခွင့်အရေးကိစ္စတိကို အလီးထား လာလီဖို့လို့လည်း မျှော်လင့်ပါရေ။”

ယေပြီးကေ သူမက“ ရခိုင်ပြည်မှာ မှီတင်းနီထိုင်ရေရခိုင်တိအပါအဝင် ခမီး၊ ဒိုင်းန၊ မြို၊ ချင်းလူမျိုးတိနန့် တခြားတခြားသော လူမျိုးတိအားလုံးစွာ လူ့အခွင့်အရေးတိ ချိုးဖေါက်ခံနီကတ်ရစွာ ဖြစ်ပါရေ။ နအဖ စစ်အာဏာပိုင်တိ လက်အောက်မှာ လူမျိုး တခု ဘာသာ တခုတည်းက ဖိနှိပ်ခံနီကတ်ရစွာ မဟုတ်ပါ။ ရခိုင်ပြည်သူ အများစု၏ လုပ်ကိုင် စားသောက် နီကတ်တေ လယ်မြီတိ အများကြီး အသိမ်းခံထားရရေ။ ပြီးကေ ရခိုင်ပြည်မှာ စက်ရုံ အလုပ်ရုံဆိုစွာလုံးဝ မဟိလို့ ရခိုင်ပြည်သူတိအတွက် တခုလည်း စားသောက် စရာမဟိဖြစ်လာရေ။ယင်းကြောင့် အမျိုးသားတိအနီနန့် နိုင်ငံခြားတိုင်းပြည်တိကိုလားပနာ အလုပ် လုပ်ကိုင်နီကတ်ရရေ။  တချို့ကျေးရွာတိမှာဆိုကေ လူသီလို့ အသုဘလိုက်ပို့ကေတောင်မှ မမတိဂျည်း လိုက်ပို့ရစွာတိဟိရေ။ ” ဟု ပြောသည်။

မစ္စတာ ကိန်တေးနားဘာသို့ သူမ ပီးပို့သော စာတွင် ရခိုင်ပြည်အတွင်း ချိုးဖေါက်ခံနီရသော လူ့အခွင့် အရေးများအနက် အရေးကြီးသော အကြောင်းအရာ ၆ခုကို ထည့်သွင်း ဖေါ်ပြထားသည်။

ယင်း (၆)ခုရို့မှာ

(၁) ရခိုင်ပြည်နယ် ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်းစသော နီရာများတွင် ရခိုင်ပြည်သူများ၏ ဘိုးဘွားပိုင် လယ်မြီများမှာ ရနံနှင့် သဘာဝဓာတ်ငွိ့ပိုက်လိုင်း တည်ဆောက်ရေးအတွက် သိမ်းဆည်းခံနီရခြင်း၊ 
(၂) ရခိုင်အမျိုးသားများအနီဖြင့် အလုပ်ယှားပါးသောကြောင့် မိမိမြီကို စွန့်ခွာ နီကြရခြင်း၊ 
(၃) ရခိုင်ပြည်နယ်ဟိ မြို့နယ်၊ ကျေးရွာတိုင်းတွင် အချေ(ကလေး)စစ်သားများ ပိုမို စုဆောင်းခံနီရခြင်း၊ 
(၄) အတင်းအဓမ္မ အိမ်ထောင်ပြုခြင်းနှင့် မတရား မုဒိမ်း ကျင့်မှုများ ခံနီရခြင်း၊ 
(၅) မြောက်ဦးမြို့ဟိ သမိုင်းဝင် အမွီအနှစ်များနှင့် တခြားနီရာများဟိ ရှိဟောင်း ယဉ်ကျေးမှု အမွီအနှစ်များ ဖျက်ဆီး ခံနီရခြင်းနှင့် သိမ်းဆည်းခံနီရခြင်း၊ 
(၆) ဒီမိုကရေစီအရေး လှုပ်ယှားသူများကို ဖမ်းဆီး ပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နီခြင်း 
ရို့ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကိန်တေးနားသည် ဖေဖေါ်ဝါရီ ၁၅ ရက် နိန့်မှ ၂၀ရက်နိန့်အထိ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည်ဖြစ်ပြီး အဆိုပါ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ လားရောက် လည်ပတ်မည် ဖြစ်သည်။

(မင်းဆက်ခိုင်မှ မေးမြန်းသည်။) 

..................................
(နရဉ္ဖရာမှကူးယူလို့ ရခိုင်ပိုင်ပြန်ထားသည်။ )

Wednesday, October 7, 2009

“ရခိုင်ပြည်ကို ရခိုင်တိက အုပ်ချုပ်ခွင့်ရချင်လို့….”


ရခိုင်လူမျိုး သမိုင်း ပညာရှင်တဦးဖြစ်ရေ ဒေါက်တာအေးကျော် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ခေတ္တ ရောက်ဟိစဉ် ရခိုင်ပြည်နယ်၏ နောက်ခံ သမိုင်း၊ နိုင်ငံရေး အခြေအနီနှင့် ရိုဟင်ဂျာ နောက်ခံသမိုင်း၊ ရိုဟင်ဂျာ အရေးနှင့် အမြင်များအား ဧရာဝတီ သတင်းထောက် ဘစောတင်က တွိ့ဆုံမီးမြန်းထားသည် များကို ဖော်ပြလိုက်ပါသည်။

Sunday, July 19, 2009

သြဂတ်(စ်) ၁၃ စစ်တွေ ဆန်ပြဿနာနိတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ခသူ ဦးမောင်အေးချမ်းနှင့် တွိဆုံခြင်း



(Wednesday, August 13, 2008)
၁၉၆၇-ခုနှစ် သြဂတ်(စ်) ၁၃ ရက်နိ ဆန္ဒပြပွဲတွင် ကိုယ်တိုင်ပါဝင်ခသူ ဦးမောင်အေးချမ်းမှာ ရခိုင်ပြည် စစ်တွေမြို့မှဖြစ်ပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး (၂) နှစ်အကြာ ၁၉၅၀-ခုနှစ်တွင် မွီးဖွားသည်။ ဘ၀သက်တမ်းတလျှောက်လုံး ရခိုင်နိုင်ငံရေးတွင် ပါဝင်ခသဖြင့် အကြိမ်ကြိမ် ထောင်ကျခသူလည်းဖြစ်သည်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ တည်ထောင်စဉ်က ကေဒါတဦးအဖြစ် ပါဝင်ခသည်။ ၁၉၈၅-ခုနှစ်တွင် ရခိုင်ပြည်အမျိုးသားလွတ်မြောက်ရေးပါတီ (ရမလပ) တွင် တာဝန်ထမ်းဆောင်သည်။ နောက်ပိုင်း ရခိုင်ပြည်အမျိုးသား ညီညွတ်ရေးပါတီတွင် ပါဝင်လာသည်။ ယခုအခါ ပန်းထိမ်ဆရာတဦးအဖြစ် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့ဘဇာမြို့တွင် မိသားစုနှင့်အတူ နီထိုင်လျှက်ဟိသည်။ ဦးမောင်အေးချမ်းသည် သြဂတ်(စ်) ၁၃ အရေးတော်ပုံတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ခသူဖြစ်သဖြင့် ယခုလတွင်ကျရောက်သော နှစ် (၄၀) မြောက် ရခိုင်ပြည်ဆန်ပြဿနာနိ (သို့မဟုတ်) ၁၃ သြဂတ်(စ်) အရေးတော်ပုံနိတွင် သြဂတ်(စ်) ၁၃ အရေးတော်ပုံအကြောင်းအား အများသူငါ သိကြားနိုင်ရန် သူနှင့်တွိဆုံမိန်းမြန်းခန်းကို ထည့်သွင်းဖော်ပြလိုက်ပါသည်။

NN ။ ရခိုင်ပြည် ဆန်ပြဿနာနိ ဇာကစလို့ ဇာပိုင်ဖြစ်လာစွာပါလဲ။

ချမ်း။ ။ ရခိုင်ပြည်ရေ စပါးဆန်ရီ အလွန်ပေါများရေ တိုင်းပြည်ဖြစ်ပါရေ။ ၁၉၆၇-ခုနှစ်မှာ ဗိုလ်နေ၀င်းစစ်အစိုးရက ရခိုင်ပြည်ကဆန်စပါးတိကို သတ်မှတ်ထားရေ ဈီးနန့် မရောင်းမနီရ အတင်းအဓမ္မသိမ်းကျုံးဝယ်ယူပြီး အစိုးရဂိုဒေါင်တိမှာ လှောင်ထားပါရေ။ ပြီးကေ ယင်းဆန်စပါးတိကို နိုင်ငံခြားတိုင်းပြည်တိကို အဆက်မပြတ်ရောင်းနီလို့ ရခိုင်ပြည်သားတိ ထမင်းငတ်ကတ်ပါရေ။ ချမ်းသာရေလူတိတောင်က ငွေဟိကေလဲ့ ဆန်ဝယ်လို့မရ၊ ကပ်ဆိုးဆိုက်ပါရေ။ ရခိုင်သားတိစွာ တခါလည်း အငတ်ဖီးကို မကြုံဖူးပါ။ နေ၀င်းလက်အောက်ရောက်မှ ရခိုင်သားတိ ထမင်းငတ်လို့ သူတောင်းစားဖြစ်ပါရေ။ ပြိန်းဥနန့်ချိုင်ပေါင်ကြိုသောက်ကတ်ရပါရေ။ ၀မ်းလားလို့သီသူသီ ပျောက်သူပျောက် ဒုက္ခဆိုက်ရောက်ပါရေ။ တချို့ဆိုကေ ရှက်လို့ မိသားစုတခုလုံး အဆိပ်စားလို့ ကိုယ့်စွာကို သတ်သီလားကတ်ပါရေ။ ရခိုင်ပြည်တခုလုံးမှာ ဆန်ပြဿနာကြောင့် အမျိုးမျိုးပြဿနာ ဖြစ်ပါရေ။ ငတ်လို့ အပျိုမချေတိ ၀ါကြီးဝါကြီးမတိပါမကျန် ထမင်းအလှူခံစားဘ၀ ရောက်ရပါရေ။

အေချင့်တိကိုမြင်လို့ ပြည်သူတိက အစိုးရဘားမှာ ဆန်ရောင်းချပီးဖို့ အကြိမ်ကြိမ် တင်ပြတောင်းပန်ကေလဲ့ အာဏာပိုင်တိက လုံးဝဂရုမစိုက်ပါ။ ယင်းအတွက်နန့် အာဏာပိုင်တိကို ထိပ်တိုက်ရင်ဆိုင်လို့ ဆန်ရဟိရေးကို ရခိုင်သားတိ တောင်းဆိုစွာဖြစ်ပါရေ။ ယေကေလဲ့ ယင်းအချိန်က ရခိုင်ပြည်ကို အုပ်ချုပ်ထားရေ မြန်မာအစိုးရက ရခိုင်သားတိကို ညစ်ညစ်ပတ်ပတ် ပစ်သတ်ခစွာဖြစ်ပါရေ။ ယင်းနိရေ ၁၉၆၇-ခု သြဂတ်(စ်) ၁၃ ရက်နိဖြစ်ပြီး ရခိုင်သားတိ အသတ်ခံခရရေ နိဆိုးနိယုတ်ဖြစ်ပါရေ။ ရခိုင်သားတိအားလုံး ယင်းနိကို တခါလည်းမိဖို့မဟုတ်ပါ။

NN ။ မြန်မာအစိုးရက ရခိုင်ပြည်ဆန်ပြဿနာကို အီးအီးချမ်းချမ်း ဖြေယှင်းလို့ရယင့်သားနန့် ဖြေယှင်းမပီးဘဲ အခုပိုင် ရက်ရက်စက်စက် ပစ်သတ်ခစွာကို ဇာပိုင်မြင်ပါရေလဲ။

ချမ်း။ ။ မြန်မာအစိုးရက ရခိုင်သားတိ ငတ်လို့သီသီ အရေးမကြီး၊ စပါးကို နိုင်ငံခြားသို့ရောင်းလို့ ဒင်္ဂါးရကေကျီ။ ပြည်တွင်းစစ်မှာသုံးဖို့ လက်နက်ဝယ်ဖို့ အရေးကြီးရေ။ ယင်းနှစ် ရခိုင်ပြည်မှာမက မြန်မာတပြည်လုံး ငတ်ကတ်ပါရေ။ ကျွန်းရွာတိမှာ ထမင်းငတ်လို့ သီကတ်တေ။ ရန်ကုန်မှာဆိုကေ စကေချေ ချောင်ပါရေ။

NN ။ နေ၀င်းလက်ကိုင်တုတ် ဗိုလ်မှူးစောဖြူက ရခိုင်သားတိကို ပစ်သတ်စွာမှာ သီကျလားခသူဦးရေကို သိချင်ပါရေ။ ယင်းအချိန်က ရှာမရ ပျောက်လားခသူတိကို နောက်ပြန်တွိပါရေလား။

ချမ်း။ ။ သူရို့ တရားဝင်လိမ်ကြေငြာစွာက စုစုပေါင်း (၂၄) ယောက်ရာ သီရေလို့ဆိုပါရေ။ ယေကေလဲ့ ရခိုင်သားတိစာရင်းကောက်စွာ လူ (၃၀၀) ကျော်သီပါရေ။ ဇာကြောင့်လည်းဆိုကေ တချို့ရပ်ကွက်တိမှာ မိဘဆွီမျိုးတိက သူ့သားသမီးတိ ဇာရောက်လားရေလဲ သီလားပျောက်လား ရှာနီကတ်စွာ ကျွန်တော်ကိုယ်တွိပါ။

NN ။ အပစ်သတ်ခံရရေ လူသီအလောင်းတိကို သူရို့ ဇာမှာမြုတ်ပစ်ပါရေလဲ။

ချမ်း။ ။ အလောင်းတိကို ပထမ လမ်းမထက်မှာ အေအတိုင်းပစ်ထားပါရေ။ ပြီးကေ စစ်ကားကြီးတိ ရောက်လာပါရေ။ ယင်းအချိန်မှာ ဒဏ်ရာနန့်မသီသိမ့်ရေလူတိက (ကျွန်တော်မသီပါသိမ့်၊ ဆီးရုံကိုပို့ပါ၊ ဆီးကုကေ ကောင်းနိုင်ပါသိမ့်ရေ) လို့ တောင်းပန်ကေလဲ့ ဘောက်သာအိပ်ကို ကားထက်တင်ပိုင်ယှောင် ယူလားပြီးကေ အုန်းတောမှာ အသီအရှင်တပါတည်းပေါင်းလို့ ဓါတ်ဆီလောင်းလို့ မီးတိုက်ပစ်လိုက်ကတ်ပါရေ။

စစ်တပ်က သြဂတ်(စ်) ၁၃ ရက်နိမှာ အလောင်း (၂၄) လောင်းကို ၁၄ ရက်နိမှာ စစ်တွေမြို့ကြေးနန်းယုန်းရှိမှာ ပွဲကြီးခင်းလို့ပြပါရေ။ ယင်းအလောင်းတိကို စစ်တွေမြို့ ကရာတေးနန့် သိုင်းအဖွဲ့က သင်းဂြိဟ်ဖို့တောင်းကေလည်း ခွင့်မပီးဘဲ စစ်တွေမြို့သင်္ချိုင်းနား သရက်တောဘုန်းကြီးကျောင်းနားက ကွင်းပြင်ထဲမှာ မြုတ်ပစ်လိုက်ကတ်ပါရေ။

NN ။ ဆန်ရဟိရေးအတွက် ရခိုင်သားတိ ဆန္ဒပြစွာ ဇာကဇာပိုင် စလာပါရေလဲ။

ချမ်း။ ။ ရခိုင်ပြည် ဆန်ပြဿနာက သြဂတ်(စ်) လ ၁၂ ရက်နိကပင် စဖြစ်စွာပါ။ ပထမ စစွာက သြဂတ်(စ်) ၁၂ ရက်နိ ညဇာ ၃ ချက်တီးလောက်မှာပါ။ ယောက်ျားမိမ္မ (၁၀၀) ကျော်လောက် နိုင်ငံခြားဆန်တင်သင်္ဘောထက်ကိုတက်လို့ ဆန်လုကတ်ပါရေ။ ယင်းအချိန်မှာ ဆန်စက်ဝင်းထဲမှာ လုံခြုံရေးရဲသားတိက မဟန့်တားပါ။ တချို့ဆိုကေ ဆန်အိတ်တိကို သင်္ဘောဝမ်းခေါင်းထဲက မနိုင်မနင်းထမ်းလာလို့ ရီထဲကို လူးကျလားစွာတိလည်းဟိပါရေ။ ညဇာသား ၅ ချက်တီးလောက်မှာ ဆန်လုပွဲပြီးပါရေ။ ထူးခြားစွာက ယင်းအချိန်မှာ အာဏာပိုင်တိက အဟန့်အတားမလုပ်ပါသိမ့်။

ယင်းနိ ညဇာသား ၇ ချက်တီးလောက်မှာ လမ်းမတော်တောင်ရပ်ကွက်က ကျောင်းဆရာမနီအိမ်တအိမ်မှာ လူငယ် (၃၀) ကျော်လောက်စုလို့ ယင်းအိမ်ကတဆင့် လမ်းမကြီးအတိုင်း (ဆန်ပြဿနာဖြေယှင်းပီး၊ အရေးတော်ပုံအောင်ရမည်) ဟု ကြွေးကြော် ချီတက်လာပါရေ။ ရူပရပ်ကွက်လမ်းဆုံ မြူနီစီပါယ်ဥက္ကဌ ဦးမောင်ကျော်ဦးအိမ်ရှိရောက်အခါ ဆန္ဒပြသူ (၂၀၀) လောက်ဖြစ်လားပါရေ။ ဦးမောင်ကျော်ဦးအိမ်ကို ကျောက်ခဲနန့်ပစ်ကတ်ပါရေ။ အကြောင်းက မြူနီစီပါယ်ဥက္ကဌဦးမောင်ကျော်ဦးက မြန်မာအစိုးရနန့် အထက်အာဏာပိုင်တိကို (စစ်တွေမှာ လူတယောက်ကို တနိ ဆန်တဗူးနှုန်း ပြုတ်ဆန်နှင့်ဆန်ခွဲပီးကေရရေ) လို့ ပြောလို့ဖြစ်ပါရေ။

ပြီးကေ ဗိုလ်မှူးစောဖြူ စစ်ကား (၂) စီး လက်နက်အပြည့်နန့်ရောက်လာပါရေ။ အိုးတန်းနန့် ရူပရွာခွဆုံမှာ ဆန္ဒပြလူငယ်တိကို လာဝိုင်းပါရေ။ ဗိုလ်မှူးစောဖြူက ဆန္ဒပြ လူငယ်ခေါင်းဆောင်တိကို (ဆန်ပြဿနာကို ငါဖြေယှင်းပီးမည်) လို့ ကတိပီးပါရေ။ ဆန္ဒပြသူတိကိုလည်း လူစုခွဲပြီး အိမ်ပြန်ဖို့ပြောပါရေ။ ယင်းအချိန်က ညဥ့် (၁၀) ချက်တီးလောက် ဟိပါယာ။

နောက်နိ သြဂတ်(စ်) ၁၃ ရောက်ခါ ကျွန်တော်ရို့ ပြည်လုံးချမ်းသာဘုရားကြီးမှာ စုပါရေ။ လမ်းမတော်က လူငယ်အဖွဲ့တခုက ခြုပ်ပြီးသားပိတ်စ အစိမ်းရောင် အလျား ၈ တောင် အနံ ၃ တောင် ဆိုင်းဘုတ်တခု ယူလာပါရေ။ ယင်းဆိုင်းဘုတ်မှာ (ဆန်ပြဿနာဖြေယှင်းပီး၊ အရေးတော်ပုံအောင်ရမည်) လို့ ရွီးထားပါရေ။

ကျနော်ရို့လူစု ဆိုင်းဘုတ်ကို ရှိဆုံးမှာတင်လို့ စစ်တွေဘုရားကြီး ဒိုးဝန်းရွာရပ်ကွက် ဆန်စက်ရုံ သင်္ဘောဆိပ်လမ်းအတိုင်း (ဆန်ပြဿနာဖြေယှင်းပီး၊ ပြုတ်ဆန်မစား ရခိုင်သား၊ ဆန်ခွဲမစား ရခိုင်သား)၊ ကြွေးကြော်ပြီး လမ်းမကြီးအတိုင်း ချီတက်လားပါရေ။ ယင်းနိ ဥပုသ်နိဖြစ်လို့ ဥပုသ်သည်တိလည်း ရှိဆုံးကပါပါရေ။

ကျွန်တော်ရို့ မြို့မအမှတ် (၁) ရဲစခန်းရှိရောက်တေအခါ စခန်းကရဲသားတိ သူရို့ဌာနပတ်ပတ်လည် လုံခြုံရေးချထားပါရေ။ သူရို့ တခုလည်း အနှောက်အယှက်မပီးပါ။ ယင်းကတဆင့် ဆန္ဒပြလူအုပ်ကြီးစွာ ဦးဥတ္တမပန်းခြံ၊ ထိုကတဆင့် လှခိုင်ဆရာတော်ဘုန်းကြီးကျောင်းခွဆုံ၊ ယင်းကပြန်လှည့်လို့ စစ်တွေမြို့ထောင်ရှိကဖြတ်ပျာယ် ပလုတ်တောင်ခွဆုံကို ချီတက်ပါရေ။ ပလုတ်တောင်ခွဆုံမှာ ပြည်သူတိဘားက အလှူရီကိုသောက်လို့ ရှိဆက်ချီတက်ပါရေ။ တမြို့သားလုံးပူးပေါင်းလာလို့ ဆန္ဒပြသူလူတန်း တဖြည်းဖြည်းများလာပါရေ။ အစအဆုံး မမြင်လိုက်ရပါဗျာယ်။ ခန်းမှန်းခြေပြောရဖို့ဆိုကေ လူပေါင်းအနည်းဆုံး (၃၀၀၀၀) သုံးသောင်လောက်ဟိပါဖို့။

ဆန္ဒပြလူအုပ် လီယာဉ်ကွင်းရှိကိုဖြတ်လျောက်ပြီး စစ်တွေမြို့မီးစက်ကြီးခွဆုံက မူဆလင်အများစုနီထိုင်ရေ နာဇီရွာလမ်းအတိုင်းဖြတ်လာခါ မူဆလင်ဘာသာဝင်တိလည်း ဆန္ဒပြသူတိနန့် ပူးပေါင်းပါဝင်လာပါရေ။ လူအုပ်ကကောင်းကြီးလားပါရေ။ ကသဲရွာခွဆုံကနီ ကုန်တန်းရပ်ကွက် မြဆန်စက်ရှိကိုရောက်တေခါ စစ်တပ်က လမ်းထက်မှာ သံဆူးကြိုးချကာထားပြီးကေ နီရာယူထားပါရေ။

စစ်တပ်က ရှိကိုဆက်မလားဖို့တားပါရေ။ သနတ်နန့်ချိန်ထားလို့ ဆန္ဒပြသူတိနန့် မြန်မာစစ်တပ်အကြား အနီအထားဆိုးလာပါရေ။ နောက် အမိန့်ပီးသံထွက်လာပြီး နေ၀င်းစတန်း၊ ကာပိုင်မောင်းပြန်သနတ်တိနန့် မိုးရီသရီပစ်ပါရေ။ နောက်ဆုံး သီလူသီပျောက်လူပျောက် ဆန္ဒပြလူအုပ်ကြီးပြိုကျပါရေ။

NN ။ ။ အေနိမှာ ရခိုင်သားတိကို ဇာဇာပြောချင်ပါသိမ့်ရေလဲ။

ချမ်း။ ။ သြဂတ်(စ်) ၁၃ ရက်နိရောက်တိုင်း မြန်မာစစ်တပ်ဘားမှာ မထင်းငတ်လို့ အပစ်သတ်ခံလားရရေ ရခိုင်သားတိကို မမိကတ်ဖို့ ပြောချင်ပါရေ။

(ရခိုင်သားများ ရခိုင်စကားပြောခြင်းဖြင့် ဂုဏ်ယူပါ။ ရခိုင်စကားတည်တံ့မှ ရခိုင်သားလည်း တည်တံ့မည်။ စကားပျောက်က လူမျိုးပျောက်သည်။)
http://www.arakanmusic.com/UNI/message.asp?id3=835

Saturday, June 20, 2009

ရိုးတောင်ဖျားက မဟာနွယ် (သို့မဟုတ်) ကိုဝင်းကိုခိုင်နှင့် တွီ့ဆုံမီးမြန်းခန်း



(ရွှေစိုင်းဒြား) ရခိုင်တေးခြင်းစီးရီးတိအကြောင်းကို ပြောဖို့ဆိုကေ “လှိုင်းလုံးချေ”စီးရီးကို ချန်လှပ်ထားလို့ မရပါ။ ကိုသန်းမောင်၊ ကိုညီအေး၊ မလတ်နန့် အဖွဲ့သူအဖွဲ့သားများ သီဆိုထားရေ “လှိုင်းလုံးချေ” စီးရီးကစပြီးကေ ရခိုင်တေးခြင်းစီးရီးတိကို ရခိုင်လူငယ်ချေတိ နားထောင် အားပီးလာကတ်စွာ ဖြစ်ပါရေ။ ယင်းနောက်ပိုင်း မြတ်ခိုင်ကျော်၏ “သူ့အကြောင်း”စီးရီးမှာ ပရိသတ်အားပီးမှုပိုများလာပါရေ။ အဂုပိုင် ရခိုင်လူငယ်တိ ရခိုင်တေးခြင်းကို နားထောင်ခံစား လက်ခံလာစွာနန့်အမျှ ရခိုင်အဆိုတော်တိလည်း တစ်ယောက်ပြီးကေ တစ်ယောက်ပေါ်ထွန်း လာပါရေ။ ယင်းအထဲမှာ ဝင်းကိုခိုင်၊ ခိုင်ကျော်လင်း၊ သိန်းထိုက်ဇော်၊ ခိုင်မိုး၊ ခိုင်ဇော်၊ ခိုင်မြတ်မင်း၊ စံဖော်သိန်း၊ ဦးမောင်သိန်း၊ ယုယုလှိုင်၊ ညှာစိမ်းခိုင်ရို့ရေ လက်ဟိ ထင်ရှားနီရေ အဆိုတော်တိဖြစ်ပါရေ။ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်စတိုင်နန့်၊ သီဆိုရေ အဆိုသျှင်တိ ဟိရေပိုင် အချို့လည်း အောင်မြင်ပြီးသား အဆိုသျှင်တိပုံစံကို တုပြီးကေဆိုရေ အဆိုသျှင်တိလည်းဟိ ပါရေ။ ယင်းနီရာမှာ ဝင်းကိုခိုင်ကတော့ ကိုယ်ပိုင်ဟန်နန့် သီဆိုရပ်တည်လာရေ အဆိုသျှင် တယောက်ပါ။ “အမြင့်ကိုရောက်အောင်ပျံရေ ငှက်ပိုင်….. ကောင်းကင်ထဲမှာ တူတူပျံသန်းရေ. ရက္ခတိုင်းက အားကောင်းမောင်းသန်အဝေ….သူငယ်ချင်းရို့လေ” ဆိုရေ တေးခြင်းစာသားနန့် ရခိုင်လူငယ် ပရိသတ်ဘက်ကို မိတ်ဆက်ဝင်ရောက်လာစွာဖြစ်ပါရေ။ အဂုအချိန်မှာ ဝင်းကိုခိုင် ရေ ရခိုင်အဆိုသျှင်တိထဲမှာ ထိပ်ဆုံးအဆင့်ကို ရောက်နီရေလို့ဆိုကေ မှားဖို့မထင်ပါ။ ယေဂေလည်း ဒေအဆင့်ကို အလွယ်တကူရောက်ယှိလာစွာတော့ မဟုတ်ပါ။ သူ၏ မဆုတ်မနစ် ကြိုးစားအားထုတ်မှုကြောင့်ပင် ဖြစ်ပါရေ။

တေးရွီ၊ တေးဆို- ဝင်းကိုခိုင်နန့် မြောက်ဦးမဂ္ဂဇင်းအမှတ်(၃) စာမျက်နှာအတွက် သူ၏အနုပညာနန့် ပတ်သက်တေအမြင်တိနန့်၊ အောင်မြင်မှုတိအပေါ် သဘောထားကို တွိဆုံ မီးမြန်းခွင့်ရဟိခပါရေ။ အနုပညာသမားတစ်ယောက် ကြိုးစားပန်းစား တည်ဆောက်ထားရေ ဘဝပန်းချီကားတချပ်ကို စားခံးကြည့်ကတ်စီချင့်လို့ စာချစ်သူတိအတွက် ဖေါ်ပြပီးလိုက်ပါရေ။

မိန်း။ ကိုဝင်းကိုခိုင်အနီနန့် အကို့ Biography ကို ပြောပြပီးပါ။

- ကျွန်တော့်နာမည်အရင်းက “ဝင်းကို”၊ မိဖနှစ်ပါးအမည်က ဦးသန်းရွှေနန့် ဒေါ်သောင်းခင်၊ မြီးသကၠရာဇ္က (၂၆-၈-၇၀)၊ မြီးဇာတိက တောင်ကုတ်မြို့နယ်၊ ခရိုင်ရွာ။

မိန်း။ ပညာအရည်အချင်းနန့် အလုပ်အကိုင်အကြောင်းကို သိချင်ပါရေ။

- B.A (Hons) မြန်မာစာအဓိကပါ။ M.A (Part ii) နန့် အဆုံးသတ်ခပါရေ။ ကျောင်းမပြီးခပါ….။ အဓိက ဝါသနာပါရာ ဂီတလုပ်ငန်းမှာပင် ကျင်လည်းပြီးကေ တေးရွီး၊ တေးဆို၊ ကဗျာစပ်တေ။ အခြားဝါသနာတိကို ပြောရဖို့ဆိုပါကေ ဘိလိယက်ထိုးစွာနန့် အားကစား လုပ်စွာတိကို စိတ်ဝင်စားပါရေ။

မိန်း။ ဝင်းကိုခိုင်နာမည်နန့် ဂီတလောကကို ဘဇောင်ပိုင် ရောက်ဟိလာပြီးကေ ရခိုင်တေးခြင်းတိ ဇာအချိန်က စပြီးကေ ဆိုဖြစ်စွာပါလေ..။

- ပြောရဖို့ဆိုကေ အရှည်ကြီးပါရာ… ။ တဆေ့ချေ ချုံ့ပြီးကေ ပြောပြပါမေ..။ ၁၉၉၄ခု၊ ရန်ကုန် တက္ကသိုလ် ရခိုင်ကျောင်းသာများ အာစရိယပူဇော်ပွဲမှာ ကိုယ်တိုင်းရွီးစပ်ထားရေ “လက်ဆောင်လှနန့် အိမ်ပြန်ကတ်မယ်” တေးခြင်းကို စပြီးကေ ဆိုဖြစ်ခပါရေ။ State ကျောင်းသားဘဝက State Show တိမှာ တေးခြင်းတိ ဆိုဖြစ်ခပါယင့်။ ပထမဆုံး စီးရီးအနေနန့် ကိုလှမြင့် (ရခိုင်သားကြီးစာပီ) ကထုတ်တေ “သင်းကွဲကြယ်” စီးရီးနန့် ဂီတလောကကို စတင်ခြီချခွင့်ရခပါရေ။

မိန်း။ လက်ဟိထုတ်ပြီးသား စီးရီးခွေ စုစုပေါင်းက…။

- Solo ခွေ ၅ခွေ၊ အတွဲခွေ ၈ခွေပါ။

မိန်း။ အောင်မြင်မှု အတိုင်းအတာတခုရလာရေ စီးရီးက ဇာစီးရီးပါလဲ……။

- တတိယမြောက်အခွေဖြစ်တေ မြတ်ခိုင်ကျော်၊ ကျွန်တော်၊ ခိုင်ကျော်လင်း၊ သိန်းထိုက်ဇော်ရို့ စုပေါင်းပါဝင်သီဆိုထားရေ “ကမ္ဗည်းထုဆစ်ခြင်း” ကစပြီးကေ ပရိသတ်တိ အားပီးလက်ခံ လာရေလို့ ထင်ပါရေ။ နောက် သိန်းထိုက်ဇော်နန့် တွဲဗျာယ် ဆိုထားရေ “ တော်ဝင်သဇင်” ယေပြီးကေ စုပေါင်းတွဲဆိုထားရေ “နွီမှာတမ်း”ဆိုရေ သင်္ကြန်ခွေမှာ ပရိသတ်အားပီးမှု အချိန်န်ပိုမြင့်တက်လာရေလို့ ပြောရပါဖို့။

မိန်း။ ဆိုထားရေ တေးခြင်းတိထဲက ဇာတေးခြင်းကို အားအရဆုံးထင်ပါလေ။ - အားရရေလို့ပြောနိုင်စွာက “မဟာနွယ်”၊ အကြိုက်ဆုံးတေးခြင်းတိက “ရီခန်းငါး၊ တော်ဝင်သဇင်၊ လွမ်းရကိုယ့်အိမ်” ရို့ဖြစ်ပါရေ။

မိန်း။ ဇာအဆိုတော်တိအတွက် တေးခြင်းတိ ရွီးပီးဖူးပါလေ။

- အများကြီးရွီးဖူးပါရေ။ မှတ်မိသလောက် ချပြရကေ ခိုင်ထူး၊ ထူးအိမ်သင်၊ သက်ဇော်၊ သီရိကိုကို၊ CMP က မီမီဝင်းဖေအတွက် တစ်ပုဒ်၊ သူငယ်တန်း(၁)၊ စုံထောက်ကြီး သျှားလော့ဟုမ်း၊ ဗိုလ်ကျော်၊ အောင်အောင်(ပြင်ဦးလွင်)၊ မြတ်ခိုင်ကျော်၊ သိန်းထိုက်ဇော်၊ မိုးမိုးရှိန် ရို့အတွက် ရွီးပီးဖူးပါရေ။

မိန်း။ “တစ်မြေထဲမှာ” စီးရီးခွေမှာ မဟာနွယ်တေးခြင်းကို ဆိုဖြစ်ခစွာက။

- ၂၀၀၂ခုနှစ်မှာ Iron Cross တီးဝိုင်းနန့် ခွေတစ်ခွေ လုပ်ဖို့အတွက် သိန်းထိုက်ဇော်နန့် တိုင်းပင်ထားရေ။ သူက ကျွန်တော်ရွီးထားရေ “ မဟာနွယ်” တေးခြင်းကို ဆိုချင်ရေဆိုလို့ သူ့ကို ဦးစားပီးလိုက်တေ။ ယေကေလည်း သူ့မှာ ယင်းတေးခြင်းကို မဆိုဖြစ်ပါ။ ယင်းတိတ်ခွေ စွာအတီးအားလုံးသွင်းပြီးပါဗျာယ်။ အဆိုထပ်ဖို့ရာလိုပါဗျာယ်။ အဂုထက်ထိ ခွေမထွက်ဖြစ်သိ။ ယင်းပိုင်နန့် ၂၀၀၅-ခုနှစ်မှာ မောင်မောင်ထွေးက I.C က ခင်မောင်သန်းနန့် ကြို့ကုန်းအိမ်မှာ တွိ့ပြီးကေ၊ တိုင်းရင်းသားပေါင်းစုံ ပါဝင်ရေ ခွေတစ်ခွေထုတ်ဖို့အတွက် ဆွေးနွေးခကတ်တေ။ သူ့ရို့စိတ်ကူးကို အကောင်အထည် ဖေါ်ဖို့အတွက် တိုင်းရင်းသား အဆိုသျှင်တိကို စဉ်းစား ကြည့်ကတ်တေခါ ရခိုင်အတွက် ခင်မောင်သန့်က ကျွန်တော့်မှာဟိနီရေ “မဟာနွယ်” တေးခြင်းကို သူတီးဖူးရေအကြောင်းကို မောင်မောင်ထွေးကို ပြောပြရေ။ ယေခါ သူရို့ နှစ်ယောက်စွာ ကျွန်တော့်ကို ပြိုပါအောင် လိုက်ရှာကတ်တေ။ ကျွန်တော်နန့်တွိရေခါ ရခိုင်ရိုးရာဟန်နန့် ရခိုင်အကတိပါရေ ပုံစံမျိုးနန့် တေးခြင်းတပုဒ် ထည့်ချင်ရေလို့ပြောရေ။ ယေခါ ကျွန်တော်က “မဟာနွယ်” တေးခြင်းနန့် ရခိုင်ရိုးရာ အကပုံစံစွာ အံဝင်ဂွင်ကျဖြစ်ဖို့လို့ ပြောရေခါ နှစ်ယောက်စလုံး သဘောကျလားခကတ်တေ။ “မဟာနွယ်”ကိုဆိုဖို့ အဆိုသျှင်ကို စဉ်းစားကတ်တေခါ မောင်မောင်ထွေးက “ ခင်ဗျား မဆိုနိုင်ဘူးလား” လို့မိန်းပါရေ။ ကျွန်တော်က “ ဆိုနိုင်တာပေါ့” လို့ပြောလိုက်တေ။ ယင်းအတွက်နန့် “မဟာနွယ်”ကို ဆိုဖြစ်လားခစွာပါ။

မိန်း။ Traditional ဂီတနန့် အနောက်တိုင်းဂီတ ပေါင်းစပ်ဖို့အတွက် Arrangement အသူလုပ်ပါလေ။

- ခင်မောင်သန့် အဓိကဖြစ်တေ။ သူနန့် ဇာပိုင် လုပ်ရဖို့ဆိုစွာက ညှိကတ်ရပါရေ။ ရိုးရာပုံစံကို အပီအပြင်ဖန်တီးနိုင်အောင် ရခိုင်စည်တော်သံနန့် Drum ကိုပေါင်းစပ်ဖို့ နီရာတိမှာ ခင်မောင်သန့်က ရခိုင်ရိုးရာပုံစံကို မသိရေအတွက် ကိုကျော်သိန်းက ပါဝင်ကူညီပီးပါရေ။ ဇာ Beat က စပီးကေ။ ရခိုင်စည်ဝင်ဖို့နန့် Drum သုံးပုံတပုံနန့် ချိတ်ဆက်ဖို့ ပြောပြရေ။ Solo အပိုင်းမှာ ပလွီဝင်လိုက်တေခါ တေးခြင်းစွာ ပိုပြီးကေ ခန့်ညားလားခရေ။

မိန်း။ “မဟာနွယ်” တေးခြင်းမှာ ရိုးရာအနီနန့် ဇာဂီတတူရိယာတိကို သုံးထားပါလေ…။

- ရခိုင်စည်တော်၊ ပလွီ၊ ခွက်ခွင်း၊ ရခိုင်လှပျိုဖြူတိ ဆီမီးခွက်အကတိနန့် Music မှာ အနှစ်ချုပ်က “ ပင့်ကူ တေးသွား” ဖြစ်တေ။

မိန်း။ ယင်းတိတ်ခွေ အောင်မြင်ရေခါ ဇာပိုင်ခံစားရလေ…။

- (ရယ်လျက်) ကောင်းကောင်းဝမ်းသာမိပါရေ။

မိန်း။ ရခိုင်တေးခြင်းကို ရွီးစပ်တေလူတိ။ ထုတ်ဝေလူတိနန့် ပါဝင်သီဆိုဂတ်တေ အဆိုသျှင်တိကို ဇာပိုင်မြင်မိပါလေ။

- ကိုယ့်လူမျိုးအတွက် အုတ်တချပ်၊ သဲတပွင့်၊ တာဝန်ထမ်းဆောင်နီဂတ်တေလို့ မြင်မိပါရေ။

မိန်း။ ဂီတအပိုင်းမှာ ဇာပုံစံကို အကြိုက်ဆုံးပါလဲ။

- အကြိုက်ဆုံးက Classical ပါ။ Pop နန့် Rock ရို့ကိုလည်း နှစ်သက်ပါရေ။

မိန်း။ အေနိန့် အနုပညာအပေါ်မှာ ဇာပိုင်သဘောထားယှိ ပါလေ။

- ဂီတပိုင်းဆိုင်ရာ တိုးတက်မှု၊ ဆုတ်ယုတ်မှုဆိုစွာ လူမျိုးတစ်မျိုး ဖွံ့ဖြိုးတိုးတက်မှုနန့် ဆိုင်ပါရေ။ အေမှာက နိုင်ငံခြားတိမှာပိုင် အဆိုသင်တန်းကျောင်းမဟိ။ ကြပ်မတ်ပီးဖို့ ဆရာမဟိ။ စမ်းတဝါးဝါးနန့် လှုပ်ယှားနီကတ်ရစွာ သိရေအတိုင်းပါဗျာယ်။

မိန်း။ မြန်မာပြည်က အကြိုက်ဆုံးတီးဝိုင်းနန့် အနှစ်သက်ဆုံးဆိုတော်က….။

- Iron Cross တီးဝိုင်း၊ တေးဆိုတိက မကြိုက်ပါလို့ ပြောရဖို့လူနည်းပါရေ။ ယင်းအထဲက “အငဲ”ကို အနှစ်သက်ဆုံးပါ။

မိန်း။ နိုင်ငံခြား အဆိုတော်ထဲမှာက….။

- Jimrev, သူသီဆိုထားရေ Blue X-mas နန့် Jingle Bell တေးခြင်းတိကို စွဲလန်းမိပါရေ။ နောက် အီတလီ Classical အဆိုတော် Bochilli ကို နှစ်သက်ပါရေ။

မိန်း။ ရခိုင်တေးခြင်းရွီးရေ လူတိနန့် အမြင်က..။

- သူ့စွာနန့်သူ ကောင်းကတ်ပါရေ။ ရွီးရေလူတိထဲမှာ “ကိုထွန်းအောင်သာ” ကို ပိုကြိုက်ပါရေ။

မိန်း။ ရခိုင်အဆိုတော်တိထဲမှာ ဇာသူကို အနှစ်သက်ဆုံးလဲ…။

- ကိုဦးမောင်သိန်းကို နှစ်သက်ပါရေ။

မိန်း။ VCD ခွေ ခိုးကူနီကတ်တေ လူတိကို ဇာပိုင်မြင်မိပါလေ…။

- ပါးစပ်မှာတင်လို့ ပြောဖို့တောင်မကောင်းပါ။ အသားထဲက လောက်ထွက်တေ လူတိလို့မြင်ပါရေ။

မိန်း။ ဆက်လို့ထုတ်ဖို့ စီစဉ်ထားရေခွေတိက….။

- ကိုလှမြင့်(ရခိုင်သားကြီးစာပီ) နန့် “လွမ်းရကိုယ့်အိမ်” လက်ရွီးစင် ပြန်ဆိုတေးခွေ၊ (သိန်းထိုက်ဇော်) နန့် “မဟာနွယ်” တစ်ခွေ၊ ရခိုင်ထွီးနန့် တွဲဆိုထားရေ “အချစ်ဆုံးသဇင်မြေ (မြီ)” တစ်ခွေ ဖြစ်ပါရေ။

မိန်း။ တေးရွီးကောင်း တစ်ယောက်ဖြစ်ဖို့လိုအပ်ချက်တိက…။

- အဓိက ပါရမီဓာတ်ခံ၊ ဂီတနန့်ဆိုင်ရေ ပတ်ဝန်းကျင်နန့် ယင်းပတ်ဝန်းကျင်က အားပီးမှု ရဖို့လိုပါရေ။ ပြီးကေ Language Literature အပြင် Music ကိုပါ ကျွမ်းကျင်ဖို့လိုပါရေ။

မိန်း။ အဆိုတော်ကောင်း တစ်ယောက်ဖြစ်ဖို့ လိုအပ်ချက်တိက….။

- အဆိုနန့်ပတ်သက်လို့ ဆရာကောင်းသမားကောင်းနန့် အဆိုပညာပိုင်းဆိုင်ရာ လေ့လာဖို့လို အပ်ပါရေ။ ပါရမီပါရုံချေ လောက်နန့်မရပါ။ စနစ်တကျလုပ်မှ အဆိုတော်ကောင်း တစ်ယောက် ဖြစ်ဖို့စွာပါရာ။ ယင်းအတွက်နန့် သမ္ဘာ၊ ပညာ၊ အတွိ့အကြုံ၊ လေ့ကျင့်မှုတိပြည့်ဝမှ အဆိုတော် ကောင်း တစ်ယောက်ဖြစ်ပါဖို့။

မိန်း။ တေးခြင်းတိကို ဇာပိုင်အချိန်မှာစီ ရွီးပါလေ…။

- အသက် ၂၀နန့် ၃၀ ကြားမှာ လူသံတိတ်တေ ညဥ့်ခါဘက် မှောင်မှစီ ရွီးစပ်ဖြစ်ခပါရေ။ ၃၀ ကျော်လားရေခါ အလင်းမှာ ရွီးပါရေ။ လူလေ့လင်းလာလို့ ထင်ပါရေ။ (ရယ်လျက်)

မိန်း။ အဆိုတော်လုပ်ဖို့ အစီအစဉ်ဟိခစွာက….။

- အချေကပင် အဆိုတော်လုပ်ဖို့ အစီအစဉ်မဟိခပါ။ ဂီတပိုင်းမှာ Lead သမားအဖြစ်နန့် ၁၉၈၉၊ ၉၀၊ ၉၁ ဝန်းကျင်မှာ သံတွဲမှာ တီးဖြစ်ခပါရေ။ ဂီတသမားကောင်း တစ်ယောက်ဖြစ်အောင် လုပ်ဖို့ စိတ်းကူးခပါရေ။ ယေကေလည်း နည်းပညာခေတ်ကို ရောက်လာလို့ Effect တိ သုံးပြီးကေ တီးခတ်ရစွာတိ တွိလာရေခါ ကိုယ့်မှာ ဝယ်ဖို့ ပစ္စည်းတိက လိုလာပါဗျာယ်။ ကိုယ့်ဘက်က ဝယ်ဖို့ကလည်း အင်အားအတောင့်လို့ လက်လျော့လိုက်ပြီးကေ တေးခြင်း ရွီးစွာ လိုင်းဖက်ကို ပြောင်းခရပါရေ။ တေးခြင်းရွီးယင်းနန့် အဆိုတော်ဖြစ်ချင်ရေ စိတ်က လွှမ်းမိုးလာ ပါရေ။ ယင်းအချိန်မှာ ကိုစောနုက ၁၉၉၂ ခုနှစ် အဆိုသင်တန်းစဖွင့်ရေ။ ကျွန်တော်က ၁၉၉၃ မှာ သင်တန်းကို စတက်ဖြစ်ပါရေ။ အဆိုနန့်ပတ်သက်လို့ အခြေခံကောင်းတိ ရခပါရေ။ ၂၀၀၅ ခုနှစ်မှာ ဂီတ Mate မှာတက်ဖြစ်တေ။ ဂီတ Mate မှာ အမေရိကန်ဆရာမ Kid Young က စန္ဒယား ကောင်းကောင်းကျွမ်းပါရေ။ ယေဂေလည်း အကြောင်းအမျိုးမျိုးကြောင့် သင်ခန်းစာ ကုန်အောင် မသင်လိုက်ရပါ။ ယင်းပိုင်ခါ အမေရိကန်သံရုံးက Rent ဆိုကေ ပြဇာတ် တစ်ပုဒ် အတွက် သရုပ်ဆောင်(၁၅)ယောက် လိုလို့ လျှောက်လွှာခေါ်ပါရေ။ ကျွန်တော်လည်း ဝင်လျှောက် လိုက်တေ။ အဓိက အဆိုနန့် ပတ်သက်လို့ လေ့လာခွင်ရဖို့အတွက် လျှောက်စွာပါ လျှောက်တေလူ(၁၀၀) လောက်ဟိပါရေ။ ယင်းအထဲမှာ ကျွန်တော်က အသက်အကြီးဆုံးထင် ပါရေ။ အရွီးခံရလို့ ဆရာမ Kid နန့် တွိပြီးကေ ဆရာမက အသံနီ အသံထားတိကို သင်ပီးပါရေ။ အထောက်အပံ့အများကြီးရပါရေ။ လမ်းသစ်တစ်ခု ထွင်ဖို့အတွက် အမြင်တိ ကြည်လင် လာပါရေ။ နောက်တစ်ခုပြောချင်စွာက အဆိုတော်တိမှာ ကျန်းမာရေး ကောင်းဖို့လိုပါရေ။ နိုင်ငံခြားမှာ Music နန့် ပတ်သက်တေ ကျောင်းတိမှာ အားကစားကိုပါ ပုံမှန် လေ့ကျင့်ကတ်ရပါရေ။

မိန်း။ မဟာနွယ် တေးခြင်းမှာပါရေ ရခိုင်ဆီမီးခွက်အကနန့် ဝတ်စားဆင်ယင်မှုတိကို ဇာသူက ဦးစီးလို့ ဆောင်ရွက်ပီးခပါလေ..။

- မြန်မာ့အသံ ရခိုင်အစီအစဉ် အခန်းမှာ တာဝန်ထမ်းဆောင်နီရေ ဒေါ်ဥမ္မာသန်းက စီစဉ်ပီးပါရေ။ ကျွန်တော် ဝတ်ဆင်ခရေ အဝတ်အစားမှာ ဝေသာလီခေတ် မင်းညီမင်းသား အဝတ်အစား ပုံစံဖြစ်ပါရေ။

မိန်း။ စင်တင်တေးဂီတ အနေနန့် ဇာမြို့တိမှာ ဆိုဖူးပါလေ..။

- ရန်ကုန်၊ စစ်တွေ၊ ကမ်းထောင့်ကြီး၊ မြောက်ဦးနန့် MCC ခန်းမမှာ ဆိုဖူးပါရေ။

မိန်း။ ဘာသာရေးနန့် ပတ်သက်လို့ ခံယူချက်တိက…။

- ဗုဒ္ဓဘာသာကို အလေးအနက် ထားမိပါရေ။ တစ်နိတစ်ရက်မှာ ဘာသာရေးနန့် ပတ်သက်လို့ ထွန်းပေါက်အောင် ကြိုးစားဖို့ မှန်းထားပါရေ။ တစ်နည်းအားဖြင့် ဂီတကို ကျေနပ်လောက်ဗျာယ်ဆိုကေ ဓမ္မကိုချဉ်းကပ်ဖို့။ တရားစခန်း ရိပ်သာတိကို အဂုထိတော့ မဝင်ဖြစ်သိပါ။ မိမိအိမ်မှာ အားရေအချိန်တိုင်း တရားအားထုတ်ဖြစ်ပါရေ။

မိန်း။ အနာဂတ်ဂီတ ရီစီးကြောင်း ရှင်သန်ဖို့အတွက်က…။

- မျိုးဆက်ဟောင်းတိက မျိုးဆက်သစ်ချေတိကို Welcome မဟိ၊ နွီးထွီးမှုဟိ၊ အေပိုင်မဟိလို့ ဂီတရီးစီးကြောင်း ခန်းခြောက်လာစွာ။ ကျွန်တော်က မျိုးဆက်သစ်ချေတိကို လက်တွဲခေါ်ယူဖို့ ဆုံးဖြတ်ထားရေ လူပါ။ ယေဂေလည်း ယုံကြည်စိတ်ချဖို့တော့လိုပါရေ။ အခြားလူတိကလည်း အနာဂတ်ဂီတရီစီးကြောင်း မခန်းခြောက်အောင် လက်တွဲပြီးကေ ခေါ်ဆောင်လားကတ်ရပါဖို့။

မိန်း။ နားထောင်အားပီးရေ ပရိသတ်တိကို ပြောချင်စွာ…။

- ပရိသတ်က အဓိကပါ။ ပရိသတ်မဟိကေ ရပ်တည်လို့ မရ။ တေးခြင်းကို ရရေပိုင်ရွီး။ ရရေပိုင် ဆိုကေ။ ပရိသတ်ကို ခြီနန့်ကျောက်စွာနန့်တူတူပါဗျာယ်။ တေးရွီးတေးဆို သမားတိ ကလည်း ပရိသတ်ကို အလေးအနက် တန်းဖိုးထားရပါဖို့။ ပရိသတ်တိဘက်ကလည်း ပိုလို့ အားပီးလာဖို့၊ ပိုလို့ နားထောင်လာဖို့၊ ရိုးရာဂီတကိုလည်း နားလည် အားပီးကတ်ဖို့ဆိုကေ ဂီတ အနုပညာစွာ အချိန်အဟုန် မြင့်တက်လာဖို့စွာပါရာ။

မိန်း။ အနာဂတ် ရည်မှန်းချက်တိက…။

- လောလောဆယ် စစ်တွေမှာ Gold Net Music Production ဆိုင်ဖွင့်ထားပါရေ။ နောက်လုပ်စရာတိက အများကြီးပါရာ။

မိန်း။ လက်ရှိ ဆက်သွယ်ဖို့လိပ်စာက…။

- ၁၇/၇၊ သုခမိန်လမ်း၊ စမ်းချောင်း၊ ရန်ကုန်။ ဖုံး- ၅၁၂၂၉၄

မှတ်ချက်။ ။ ( နိရဉ္စရာ စာဖတ် ပရိသတ်တိအတွက် အကျိုးရှိဖို့ ထင်လို့ ကိုဝင်းကိုခိုင် အင်တာဗျူးကို ၂၀၀၈-ခုနှစ် ဧပြီလမှာ ထုတ်ဝီခသော မြောက်ဦး မဂ္ဂဇင်း အမှတ်(၃) မှ ကူးယူဖေါ်ပြထားစွာ ဖြစ်ပါရေ။ အားလုံးကို ကျေးဇူးတင်ပါရေ၊)

http://www.narinjara.com/Interview_Win_Ko_Khaing.asp

(မှတ်ချက်။ ။ မူရင်းစာမူမှာ “ရှိ/ယှိ” လို့သုံးထားစေိာတိကို “ ဟိ“ လို့ပြောင်းထားလိုက်ပါသည်။)