ဦးခိုင်ကျော်ခိုင်သည် ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်းရေးမှာ ရဟန်းဘဝနန့် စစ်တွေမှာ တက်ကြွစွာ ပါဝင်ခရေ အတွက် စစ်အာဏာပိုင်တိ၏ ဖမ်းဆီးခြင်းကို ခံခရပြီး ထောင် ၂နှစ်ခွဲ ချမှတ် ခံခရပါရေ။ ထောင်က လွတ်လာပြီးရေ နောက်ပိုင်းမှာလည်း ထောက်လှမ်းရေးတိက အနံ့ခံ လိုက်နီရေ အတွက် ပြည်တွင်းထဲမှာ မနေနိုင်ဘဲ စစ်တွေကနေပြီး ဘင်္ဂလာဒေ့ခ်ျကို ထွက်ခွာလာခရသူ တဦး ဖြစ်ပါရေ။ အဂုအခါ ခိုင်ကျော်ခိုင်စွာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဖလောင်းချိတ်မြို့မှာ နီထိုင်ပြီးကေ ကျောင်းဆရာ လုပ်နီပါရေ။ သူ့ကို ဒေနှစ်မှာ ကျင်းပ ပြုလုပ်ဖို့ ပျင်ဆင် နီရေ နအဖ ရွေးကောက်ပွဲနန့် ပတ်သက်ပြီးက ဇာပိုင်ပြောချင်ပါရေလဲလို့ နိရဉ္စရာက မိန်းကြည့်ရေအခါ သူက အဂုပိုင် စပြောပါရေ။

မိန်း။ ရခိုင်နိုင်ငံရေးသမား တချို့က အဂုအခါ ပါတီတိဖွဲ့ပြီးကေ ပါတီမှတ်ပုံတင်ဖို့နန့် လာဖို့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပြုလုပ်နီကတ်စွာတိကို တွိ့မြင်နီရပါရေ။ ယင်းအပေါ်မှာ ဇာပိုင်မြင်ပါရေလဲ။
ဖြေ။ ။ကျွန်တော်ရို့ကတော့ခါ နအဖ ချမှတ်ထားရေ ရွှေးကောက်ဥပဒေ၊ သူရို့ရေးဆွဲထားရေ ဖွဲ့စည်းပုံ၊ သူရို့ ပြုလုပ်ဖို့ ရွေးကောက်ပွဲ အတိုင်း ရခိုင် လူမျိုးတိ လိုက်လုပ်ကေတော့ခါ သူရို့၏ စစ်ဖိနပ်အောက်က တခါလည်း လွှတ်မြောက် နိုင်ဖို့ မဟုတ်ရေပိုင် ဆက်ပြီးကေ ကျွန်ပြုခံနီကတ်ရဖို့ ဖြစ်ပါရေ။ ယင်းအတွက်ကြောင့် ဇာရခိုင်အမျိုးသားမှ သူရို့ကျင်းပဖို့ ရွေးကောက်ပွဲမှာ မပါဝင်စီချင်ရေပိုင် ဆန့်ကျင်ပြီးကေ လုံးဝ(လုံးဝ) ကန့်ကွက်စီချင်ပါရေ။
မိန်း။ အခု ပြောနီကတ်စွာက ရွေးကောက်ပွဲကို လက်မခံကေ ရွီးချယ်စရာ တခြားလမ်းမဟိ။ ယင်းအတွက်နန့် ရွီးကောက်ပွဲကို ဝင်သင့်ရေလို့လည်း ပြောနီကတ်သူတိဟိပါရေ။ ယင်းအပေါ်မှာ ဇာပြောချင်ပါရေလဲ။
ဖြေ။ ။ကျွန်တောရို့ ရခိုင်အမျိုးသားတိအတွက်က တခုလည်းမထူးပါ။ ဒေရွေးကောက်ပွဲ ဥပဒေကို ထောက်ခံကေလည်း သူရို့ဘားမှာ ကျွန်ပါရာ။ ရွီးကောက်ပွဲ ဝင်ကေလည်း ကျွန်သပေါက် ဘဝပါရာ။ မဝင်ကေလည်း ကျွန်သပေါက် ဘဝပါရာ။ ယင်းအတွက်ကြောင့် ခု နအဖက ပြုလုပ်ဖို့ ရွှီးကောက်ပွဲကို ထောက်ခံကေ သူရို့ ကျွန်ပြုစွာကို သဘောတူရေပိုင် ဖြစ်သလားနိုင်ရေ အတွက် ကျွန်တော်ရို့ ရခိုင်အမျိုးသားတိအတွက် တကယ့်ကို နစ်နာလားစီနိုင် ပါရေ။ ကျွန်တော်ရို့၏ သဘောထားက သူရို့ကို မကြိုက်ဆိုကေ မကြိုက်။ သူရို့ ရွီးကောက်ပွဲ လုပ်လုပ် မလုပ်လုပ် မင်းရို့ဘာသာ မင်းရို့လုပ်စွာ။ ငါရို့ လူမျိုးနန့် မဆိုင်။ မတတ်သာလို့ငုံ့ခံနီရစွာ။ သူရို့လုပ်စွာကို တမျိုးသားလုံး အနီနန့် မကြိုက်ဆိုရေ သဘောထားကို ပြရဖို့။ ဆန့်ကျင်ရေ သဘောထားကို ပြရဖို့။ယင်းပိုင် လုပ်ရေ အပေါ် ကျွန်တော်ရို့ကတော့ခါ ကြေနပ်ပါရေ။ သူရို့ (နအဖ) ဘားမှာ ဒူးထောက်ပြီးကေ အညံ့ခံပြီး ရွီးကောက်ပွဲ ဝင်ဖို့ဆိုကေတောခါ့ သူရို့ သဘော အတိုင်းသာ ဖြစ်လားပါဖို့။
မိန်း။ နောက်ဆုံး အနေနဲ့ လာမယ့် နအဖ စစ်အစိုးရရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ရခိုင်ပြည်သူလူထု အပေါ်မှာ ဘာတွေပြောချင်ပါသလဲ။
ဖြေ။ ။ရခိုင်ပြည်သူ ပြည်သား အားလုံးကို ပြောကြားချင်တာက ကျွန်တော်တို့ ရခိုင်လူမျိုးဟာ ကိုယ့်မင်း၊ ကိုယ့်ချင်း၊ ကိုယ့်စာပေ ကိုယ်ယဉ်ကျေးမှုနဲ့ နေလာခဲ့တဲ့ လူမျိုးတမျိုးဖြစ်ပါတယ်။ “ရခိုင်” ဆိုတာ အမျိုးဘာသာ သာသနာကို စောင့်ထိန်းတဲ့ လူမျိုးပါ၊ အဲဒီအတွက်ကြောင့် ကိုယ်ဟာ ဘာလဲ၊ ကိုယ်ဟာ ဘာလူမျိုးလဲဆိုတာကို ပြန်သုံးသပ်ပြီးတော့ ရခိုင် ဆိုတဲ့ အသိနဲ့ အညီ အတူတကွ လက်တွဲပြီးတော့ ညီညီညွတ်ညွတ်နဲ့ နေထိုင် လုပ်ကိုင်ကြဖို့ လိုပါလိမ့်မယ်လို့ ပြောကြားလိုပါတယ်။
( ပြီး)
ကိုမင်းဆက်ခိုင် မေးမြန်းသည်။
(Ref: Narinjara)
0 comments:
Post a Comment