Monday, June 22, 2009

အော်…နွီ…နွီ…နွီ…ရင်ထဲမှာနွီ

အိပ်စက်နိန့်ရေ နှလုံးသားကို
အချစ်နန့်နိုးထစီခရေ“နွီ”….။

မလွမ်းတတ်ရေ လူတစ်ယောက်ကို
လွမ်းတတ်အောင် သင်ပီးခရေ“နွီ”….။

မချစ်တတ်ရေ လူတစ်ယောက်ကို
ချစ်တတ်အောင် သင်ပီးခရေ“နွီ”….။

မခံစားတတ်ရေ လူတစ်ယောက်ကို
ခံစားတတ်အောင် သင်ပီးခရေ“နွီ”….။

အလွမ်းတိဆိတ်သုည်းနိန်ရေ
နှလုံးသားနန်းတော်တခုလုံးကို
အလွမ်းတိ လွှမ်းခြုံပီးခရေ“နွီ”….။

ငယ်ရွယ်သူ၏ နှလုံးသားကို
အချစ်နန့်ဆော့ကစပ်ခရေ“နွီ”…..။

သော့ခတ်ထားရေ ငါ့နှလုံးသားကို
“Virus”တစ်ကောင်လို “Online”ကနိန်တဆင့်
ထိုးဖောက်ဝင်ရောက်ခရေ“နွီ”…..။

ဝင်လာပါလို့ ပြောပြီးကာမှ
နှလုံးသားတံခါးကိုပိတ်ကာ အဝီးတနိန်ရာကို
ထွက်ခွါလားခရေ“နွီ”….။

သူပြောသိမ့်ရေ..
“မောင်ချေဘားကို အမဖုန်းဆက်ဖို့
မဝါပါလတ်”
မမ“နွီနီ”စကား မောင်ချေယုံစားပြီး
“နွီနီ”၏ကတိ သစ္စာဟိရေလို့
မောင်ချေရင်မှာ ယုံကြည်စွာဖြင့်
ဖုန်းအနားမှ တစက်ကန့်မျှ
မခွါဝံ့ဘဲ သူခေါ်နိုးနိုး
မျှော်ကာကိုးယင်း ငုတ်တုတ်ကြီးထိုင်
ငေးမှိုင်မှိုင်နဲ့ နိန့်ညည့်မပျက်
လွမ်းရက်ဆက်နိန် ရင်ထဲမှာ“နွီ”…..။

တစ်ရက်လွန်မြောက် နောက်နေ့ရောက်သော်
“နွီနီ”မမ ပြုံးစစနန့်
ငယ်ရွယ်သူချေ ဒေကလေချေကို
လှည်းစားနိန်စွာ သိနိန်ပါလည်း
အပြုံးချိုမြ သူ့အလှအောက်က
ရုန်းထွက်ဖို့ရန် ကြိုးစားပြန်ဂေ
အတိတ်ဟောင်းက
မမ“နွီနီ” လှမဒီ၏
အနုအရွ စကားလှကို
အချစ်ဦးမို့ မမိန့်ဝံ့ပါ
ထာဝရရာ ဆက်ချစ်မြဲပါ
ရင်ထဲမှာ“နွီ”…..။

အဂုတော့ခါ…
ထိုအတုန်းက…လွမ်းဆွေးရဖို့ကိုကြောက်ခရေ
ငါစွာ
“နွီ”မမ ၏သင်ပီးမှုကြောင့် လွမ်းဆွေးခြင်းဆိုစွာ
ငါ့ဘဝ၏ အဖော်မွန်ပါ ရင်ထဲမှာ“နွီ”….။

ငါ့၏ ချစ်ခြင်းမေတ္တာတိစွာ
သာယာလှပရေ “နွီ”မမ အတွက်
ခါးတမာပိုင်ဖြစ်နိန်ဂေလည်း
နောက်ဆုတ်ရုတ်သိမ်းလို့မရရေ
မောင်ချေ၏ အချစ်အတွက်
ခွင့်လွှတ်ပါလို့ တောင်းပန်ပါရေ
မောင်ချေ အသည်းလေး
ရင်ထဲမှာ“နွီ”….။

မောင်ချေဘဝထဲ မဝင်ရဲလို့
အဝီးတနိန်ရာ “နွီ”ထွက်ခွါပြီး
တပါးရင်ခွင် ခိုနားဝင်လည်း
မောင်ချေအချစ်လေး “နွီနီ”လေးကို
အအချစ်ဦးမို့ ပြစ်မဆိုပါ
“နွီနီ”လေးသာ စိတ်ချမ်းသာဂေ
ပြုံးပြုံးလေးနန့် ခွင့်လွှတ်မြဲပါ
ထာဝရရာ ရင်ထဲမှာ“နွီ”…..။

တပါးရင်ခွင် မပျော်ရွှင်ရေ
နိန့်တရက်မှာ “နွီ”ကိုချစ်သူ
အချစ်ဦးဆီ လာလှမ်းလာပါ
အပြစ်မမြင်ပါ ချစ်ဦး“နွီ”အတွက်
နှလုံးသားတံခါး မြဲဖွင့်ထားပြီး
ထာဝရရာ ကြိုနိန်မြဲပါ…
ထာဝရပါ ချစ်နိန်မြဲပါ..
ထာဝရပါ စောင့်မျှော်မြဲပါ..
ထာဝရပါလွမ်းနိန်မြဲပါ…
သက်ဆုံးတိုင်လေ
ရင်ထဲမှာ“နွီ”….။

..............
wanlet.09 (Lay Waddy)

0 comments:

Post a Comment