Tuesday, April 28, 2009

သင်္ကြန်အလွမ်း

သူငယ်ချင်း…
မင်းနန့် ငါ့ရို့စွာ
တစ်ယောက်ကိုတစ်ယောက်
ဇာလောက်ပင်ချစ်ကေလေ့
တချို့က..
ရီကြိုင်ရာ မြက်နုရာကိုရှာဖွေယင်းနန့်
တချို့က….
ကြမ်းတမ်းခက်ထန်ရေ
လီမုန်းတိုင်းဒဏ်ကိုခံယင်းနန့်
တစ်ယောက်တနိန်ရာ
ထို………..
အဝီးတနိန်ရာမှာ ရောက်နိန်ဂတ်တေအခါ
တွိ့ချင်လို့လာမတွိ့နိုင်ရေ
ဘဝသံသရာရထားထက်က
ငါ့ရို့တိ၏ဘဝ……။

သူငယ်ချင်း……
ထို…
အချေဘဝက
သီခြင်းတရားတိကို မိန့်ထားပနာ
နှစ်သစ်ကူးမှာ မြူးခဂတ်တေ
ငါ့ရို့တိ၏အချေဘဝကို
ငါမိန့်လခယာလို့
မင်းထင်ရေလားး….။

သူငယ်ချင်း…
မင်းရို့တိက..
ကိုယ့်ပြည်ရွာ ကိုယ့်ဒေသမှာနိန်ယင်း
နှစ်သစ်ကူးရေအဂုပိုင်အချိန်မှာ
“ရခိုင်ရိုးရာ နံ့သာသွီးပွဲ”ကိုကျင်းပလို့
“ဘုရားရီချိုး(သပ္ပာယ်)ပွဲ”ကိုဆင်နွဲပနာ
“သက်ကြီးဝါကြီးတိကို ရှိခိုးပူဇော်”ဗျာယ်
ကုသိုလ်ကောက်းမှုတိကိုလုပ်
ပြီးဂေ…
“ရခိုင်ရိုးရာ သံချပ်တိကိုထိုး”ယင်းနန့်
လောင်းလှီကြီးမှာရီအပြည့်ထည့်ပနာ
ရီလောင်းနိုင်ဂတ်ဂေလေ့
ငါ့က ဂါးခါ…
ဘာသာကွဲပြား တိုင်းတပါးမှာရောက်နိန်လို့
လောင်းလှီကြီးနန့်ဝီးနိန်ရရေနှစ်တိ
ကောင်းကြာလခယာ သူငယ်ချင်း…။

သူငယ်ချင်း….
“ဆိုက်ဘေးရီယား”ငှက်တိပိုင်
တနှစ်တစ်ခါ ပြည်တော်ပြန်ချင်ဂေလေ့
လီမုန်းတိုင်းထန်လို့
ပြည်တော်ပြန်ခွင့်မရရေ
(စီးပွားရေးအဆင်မပြေလို့
ပြည်တော်မပြန်နိုင်ရေ)
ငါ့ဘဝကို
မင်းနားလည်ပီးပါ…။

သူငယ်ချင်း…
အဝီးတနိန်ရာကိုရောက်နိန်လို့
ပြည်တော်ပြန်နိုင်ခွင့်မဟိရေ
ငါ့ဘဝမှာ
ရခိုင်ရိုးရာသင်္ကြန်ပွဲကို
ပါဝင်ဆင်နွဲးခွင့်မရဂေတောင်မှ
အသက်ခန္ဓာ မြီစာမဖြစ်ခင်
မျက်ဝါးထင်ထင် တခေါက်ချေလောက်
ရခိုင်ရိုးရာသင်္ကြန်ပွဲကို
ကြည်ခွင့်ရချင်ရေ သူငယ်ချင်း….။

........................
Ven.Eindobhasa
(ရခိုင်သူ/သားတိအပြုံးကိုယ်စီနန့်အိမ်ပြန်နိုင်ရေနိန့်ကိုအယင်ပိုင်ဆိုင်နိုင်ဂတ်ပါစီ)

0 comments:

Post a Comment