Tuesday, April 28, 2009

ရခိုင်ပြည်ကိုလုဖို့လာသူများ ရခိုင်ပြည်နယ်အတွင်းသို့ ဝင်လာကြသော ဘင်္ဂါလီမူဆလင်များနှင့် ပတ်သက်သည့်လေ့လာချက်

နိဒါန်း

၁။ “ရိုဟင်ဂျာ” ဆိုသည့်စကားကို ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီက လုံးဝမကြားဖူးကြပါ။ ကြားဖူးရန်လည်းအကြောင်းမရှိနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံ (သို့မဟုတ်) အတိအကျပြောရပါလျှင်ယခင်ကရခိုင်တိုင်း၊ယခုရခိုင်ပြည်နယ်တွင်မှီတင်းနေထိုင်
ကြသောလူမျိုးစုအထဲတွင် “ရိုဟင်ဂျာ” ဟူသော လူမျိုးမရှိသောကြောင့်ဖြစ်သည်။ ထိုကြောင့် မရှိသောလူမျိုးကို အဓိပ္ပါယ်ဖွင့်ဆိုရန်လည်း အကြောင့်မရှိပါ။ ယုတ္တိမတန်သော အဓိပ္ပပယ်ဖွင့်ဆိုချက်များကိုလည်း အငြင်းပွားရန်မလိုပါ။


၂။ နေရာတွင် အလျည်းသင့်လို့ စာရေးသူရဲ့ ကိုယ်တွေ့ အတွေ့အကြုံတစ်ရပ်ကို တင်ပြလိုပါသည်။ စာရေးသူသည် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် ၁၉၅၄ ခုနှစ်တွင် စစ်တွေခရိုင်ကို ပထမဆုံးအကြိမ် သန်းခေါင်စာရင်းကောက်ယူရန် တာဝန်ယူရသည့် သန်းခေါင်စာရင်းအရာရှိဖြစ်ပါသည်။ ထိုစဉ်က စစ်တွေခရိုင်ဝန်မှာ ဦးဦးကျော်ဇံ၊ (နောက်တွင်BPI ဦးကျော်ဇံ ဟု နာမည်ကျော်ကြားသူဖြစ်ပါသည်)။ ခရိုင်မြေစာရင်း အရာရှိမှာ ဦးစံရွှေဖြစ်ပါသည်။ ကျွန်တော်နှင့်အတူ ကျွန်တော်လ၏က်ထောက်နှစ်ဦးဖြစ်
သော ဦးဦးခင်မောင်နှင့် ဦးဦးကျော်ဇောတို့သည် ခရိုင်မြေစာရင်းရုံးတွင် ရုံးဖွင့်ပြီး သန်းခေါင်းစာရင်းကောက်ယူရေး အောင်မြင်မှုအတွက် ခရိုင်ဝန် ဦးဦးကျော်ဇံနှင့် ခရိုင်မြေစာရင်းအရာရှိ ဦးစံရွှေတို့၏အနီးကပ်လမ်းညွှန်မှုကို ခံယူလျှက် အစစအရာရာကို တက်ညီလက်ညီ ဆောင်ရွက်ခဲ့ပါသည်။

၃။ ဤနေရာမှာ စစ်တွေမြို့နယ်တွင် တွေ့ ရှိရသော အတွေ့အကြုံတစ်ခုကို တင်ပြလိုပါသည်။ စစ်တွေအနောက်ဖက် ပင်လယ်ကမ်းနားတွင် Sultan Mahmood ပိုင် (သန့်ရှင်း အစိုးရလက်ထက်တွင် ကျန်းမာရေး ဝန်ကြီးစ်ြခဲ့သူ) အုန်းခြံရှိပါသည်။ ထိုနေရာတွင် မူဆလင်ကုလားများ အစိုင်အခဲနှင့် နေ နေကြသည်သာမက တစ်ဘက်နိုင်ငံမှ ဘုတ်များ၊စက်လှေများဖြင့် အလွယ်တကူ ဝင်ထွက်သွားလာနိုင်သော နေရာဖြစ်သလို ၄င်းနေရာသို့ မည်သည့်အစိုးရ ဝန်ထမ်းမျှ ဝင်ရောက်စစ်ဆေးနိုင်ရန်မစွမ်းသော နေရာဖြစ်ပါသည်။ မိမိတို့လည်းဝင်ရောက်နိုင်ခဲ့ခြင်းမရှိပါ။




၎။ ထိုစဉ်အခါ ရုံးဖွင့်အချိန် နေ့တိုင်းလိုလိုမှာ စစ်တွေရှိ မူုဆလင်ကုလားများသည် ရုံးသို့စုရုံးရောက်ရှိလာကြပြီး လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရာတွင် ၄င်းတို့ကို လူမျိုးနေရာမှာ “ရခိုင်မူဆလင်” ဟူ၍၄င်း၊ “ရိုဟင်ဂျာ” ဟူ၍၄င်း၊ ထည့်သွင်းပေးရန် တောင်းလာကြပါသည်။ တာဝန်ရှိ သန်းခေါင်စာရင်းအရာရှိတစ်ဦးအနေနှင့် Census Code တွင် ဤစကားများသုံးရန် မပါရှိလို့လက်ခံလို့မရကြောင်းရှင်းပြသော်လည်းမရဘဲ နေ့စဉ်လိုလိုပင် ရုံးသို့လာရောက်အနှောင့်အယှက်ပေးနေ
ကြပါသည်။ မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကို ၁၉၃၁ ခုနှစ်က နောက်ဆုံးကောက်ခံခဲ့ရာတွင်လည်း မူဆလင် ကုလားများနှင့်ပတ်သက်လို့ အခက်များရှိကြောင်း လော့သိရှိရရာ ကျွန်တော်အနေနှင့် အကျိုးအကြောင်း အဖြစ်အပျက်များကို သန်းခေါင်စာရင်းမင်းကြီးထံ့သို့ အစီအရင်ခံ တင်ပြခဲ့ပါသည်။ သန်းခေါင်စာရင်းမင်းကြီးက သန်းခေါင်းစာရင်းကောက်ခံမှု အောင်မြင်ရေးကို ရှေ့ရှုပြီး အဆိုပါကိစ္စ နှင့်ပတ်သက်ပြီး ၄င်းတို့ပြောဆိုသည့်အတိုင်း လက်ခံထည့်သွင်းထားခြင်းကို သီးခြားမှတ်သားထားရန်နှင့်လ၄င်းတို့
ပြောဆိုသည့်အတိုင်း လက်ခံထည့်သွင်းထားရန်အပြင် ထိုသို့ ထည့်သွင်းထားခြင်းကို သီးခြားမှတ်သားထားရန် ညွှန်ကြားလာသဖြင့် ၄င်းညွှန့်ကြားချက်အတိုင်း လိုက်နာပြီးဆောင်ရွက်ခဲ့ပါသည်။


၅။ ၁၉၅၃ ခုနှစ်၊စစ်တွေခရိုင် သန်းခေါင်းစာရင်းကို ကျောက်တော်မြို့နယ်မှအပ ကျန်မြို့နယ်များတွင် သန်းခေါင်းစာရင်းကောက်ယူရမည်ဖြစ်
သည့်အလျှောက် ဘူသီးတောင်နှင့် မောင်တောမြို့သို့လည်းသွားခဲ့ရပါသည်။
ဤ မြို့ နယ်များတွင် တွေ့ရသောအတွေ့အကြုံမှာ တစ်ဘက်နိုင်ငံ ဘင်္ဂါလီ မျိုးနွယ် (ရခိုင်စကားဟူ ၍မပြောတတ်သူများ) တို့၏ လှုပ်ရှားမှုများမှာ “ဂျမေတူ အူမာ” ဟူသောဘာသာရေးအသင်းက ဦးဆောင်၍ ဗလီများကို အခြေပြုကာ အမျိုးမျိုးလှုပရှားနေကြသည်ကို တွေ့ရပါသည်။ သန်းခေါင်းစာရင်း ကောက်ယူရာတွင် အကူအညီပေးရန်ဟု အကြောင်းပြ၍ Enumerator ဝန်ထမ်းတစ်ဦးကို ကုလားလေး၂ ဦးမှ ၄ ဦးအထိတွဲ၍ ထည့်ပေးရန်၊ ထိုဂျမေတူအူလမာ အသင်းကစိုင်းပြနေကြခြင်းကို တွေ့ရပါသည်။ အကြောင်းသော်ကား သန်းခေါင်းစာရင်းပုံစံရှိ လူမျိုးနေရာတွင်”ရခုင်မူဆလင်” သို့မဟုတ”ရိုဟင်ဂျာ” ဟူ၍ထည့်သွင်း ဖော်ပြစေရန် အတွက်ပင်ဖြစ်ပါသည်။

၆။ ဘူသီးတောင်နှင့် မောင်တောတွင် အတွေ့အကြုံနောက်တစရပ်မှာကား၊ ဘူသီးတောင်တွင် ကျွန်တော်တည်းခိုသော နေရာမှာ ကျွန်တော်၏ အသိအကျွမ်းဖြစ်သူ လူဝင်ကြီးကြပ်ရေးအရာရှိအိမ်မှာ တည်းခိုးခဲ့ပါသည်။ ၄င်းထံမှ သိရသည်မှာ တစ်ဖက်နိုင်ငံမှ မူဆလင်ကုလားများကို ဘူသီးတောင် မောင်တောတို့သို့ ဒလဟော လက်ခံသွင်းနေကြသည်သာမက ကုလားသူကြီးတစ်ဦး၏ထောက်ခံ ချက်ပါလျှင်ပင် မြန်မာနိုင်ငံအလွယ်တကူ ဖြစ်သွားကာ မဲပေးနိုင်ခွင့်ပင်ရှိလာကြောင်းဆိုသည်ကို ကြားရရာ ကျွန်တော်အနေနှင့် လွန်စွာအံ့ဩ စိတ်မကောင်းဖြစ်သွားသဖြင့် ကျွန်တော်က ဘာဖြစ်လို့ ဒီလိုလုပ်ကြသလဲဟု မေးရာ ၄င်းက “မင်းငယ်ပါသေးတယ်ကွာ၊ မင်းဘာမှမသိပါဘူး”ဟုဆိုလာသဖြင့် ကျွန်တော်လည်း ဆက်မပြောတော့ဘဲ စိတ်မကောင်းစွာနှင့်ပင် ငြိမ်နေလိုက်ပါတော့သည်။ ဘူးသီးတောင် မောင်တော၏ မြင်ကွင်းကား ပို၍စိတ်မကောင်းစရာပင် ဖြစ်ပါသည်။ ရခိုင်ဟူ၍မတွေ့ရလောက် ဖြစ်နေပြီဖြစ်ပြီး၊ရခိုင်စကား၊ မြန်မာစကားပင် မပြောတတ်ကြသော မုတ်ဆိတ်ဖားဖားနှင့် ဘင်္ဂါလီ ကုလားများကိုသာ နေရာတိုင်းမှာ တွေ့နေရပါသောကြောင့်ဖြစ်ပါသည်။ ( ဤကဲ့သို့သော ဘင်္ဂါလီ ကုလားမျိုးကို သမိုင်းပညာရှင် အချို့က နှစ်ပေါင်း ၈၀၀-၁၀၀၀ လောက်ကပင်ရခိုင်တွင် ရောက်ရှိနေသူများဟု ဆိုနေခြင်းမှာ လွန်စွာပင် အံ့ဩဘွယ်ရာဖြစ်ပါသည်။)

၇။ သန်းခေါင်းစာရင်းကောက်ယူသည့်
ကာလ ၅ လကုန်ဆုံး၍ သန်းခေါင်စာရင်း ရန်ကုန်ရုံးချုပ်သို့ပြန်ရောက်ချိန်မှာ သန်းခေါင်းစာရင်းမင်းကြီး ဦးကျော်ခိုင် (I.C.S.Retd:) အထက်ဖော်ပြပါအဖြစ်အပျက်နှင့် ပတ်သက၍ စုံစမ်းစစ်ဆေးမှု တစ်ရပ်ပြုလုပ်ရန်နှင့် အစီအရင်ခံရန် တာဝန် ဆက်လက်ပေးချက်အရ စစ်တွေမြို့သို့ ပြန်သွား၍ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပြီးနောက် အစီအရင်ခံစာတစ်စောင်ကို ရေးသားတင်ပြခဲ့ပါသည်။

၈။ ၁၉၅၄ ခုနှစ် အစတွင် ကျွန်တော်သည် မြန်မာနိုင်ငံဝန်ထမ်း အကြီးတန်း (B.C.S.Sr.Br.) အရာရှိအဖြစ် ရွေးချယ်ခံရ၍ စစ်ကိုင်းတိုင်းသို့ အလုပ်သင်ရန် ပို့လွှတ်ခဲ့သဖြင့် ကျွန်တော်၏အစီအရင်ခံစာနှင့် ပတ်သက်ပြီး မသိခဲ့ရတော့ပါ။ Parliament သို့အစီအရင်ခံတင်ပြခဲ့ရသည်ဟ၍ူသာ မိတ်ဆွေသန်းခေါင်းစာရင်း အရာရှိများက ပြောပြချက်အရ သိရပါတော့သည်။



ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာကြသော ဘင်္ဂါလီ မူဆလင်များနှင့်ပတ်သက်၍ ပြန်ပြောင်း လေ့လာတင်ပြချက်။

၉။ မူဆလင်များ၏အဆို “ရိုဟင်ဂျာ” ဟူသောအကြောင်းကိုရေးသားတင်ပြသူများသည် British Gazetteer Vol:II and Barma Gazetteer Akyab District Vpl: (A) by R.B Smart ၏စာသားကိုရည်ညွှန်းကိုးကား၍ စတင်ရေးသားကြသည်ကို တွေ့ရပါသည်။ ၁၉၆၀ ခုနှစ် မေလထုတ် The Guardian Burma’s National Magazine တွင် မြန်မာနိုင်ငံသားမူဆလင်စာရေးဆရာ တစ်ဦးကလည်း “ Roewengyas in Arakan” ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်စောင် ရေးသားထားရာတွင်လည်း “ about 744 A.D Mahataing Chandra ascended the throne of Wethali founded a new city on the site of the old Ramwady and died after areign of twenty two years. During this reign several merchant ships were wrecked on Ramree Island and the crews, said to have been muslims called Arabs or Moors, were sent to Arakan proper that is, Wethali and settled in village”.

၁၀။ ၄င်းစာရေးသူက ဆက်လက်ရေးသားသည်မှာ “ They intermarried and intermixed with the indigenous races who claimed their religion and become muslims”. They adopted nationality of their wives and their properties to them (Wives). They built mosques and started missionary works. Islam became powerful in Arakan since then”.

၁၁။ စစ်တွေ Gazetteer ကိုရေးသားသူ R.B Smart မှာ အုပ်ချုပ်ရေးသမားတစ်ဦးဠဖစ်သလို ၄င်း၏ နောင်တော် ဆရာကြီး Lieut- General Sir P. Phayre မှာ စစ်ဗိုလ်အုပ်ချုပ်ရေးသမားတစ်ဦးဖြစ် သည်။ ဝေသာလီခေတ်ကို ထူထောင်သော မဟာတိုင်းစန္ဒြား၏စတင် သက ရာဇ်နှင့်နန်းသက်ကို အေဒီ ၇၈၈ ဟုဖန်တီး သတ်မှတ်ထားသူမှာယင်းပုဂ္ဂိုလ်ကြီးပင်ဖြစ်ပါသည်။ (Phyre) ၏ကောင်းမှုကြောင့် ယနေ့တိုင် ရခိုင်ရာဇဝင် ခရစ်သကရာဇ် သတ်မှတ်ချက်မှာ ကမောက်ကမ ဖြစ်နေပါသည်။)


၁၂။ ဤကဲ့သို့ဖြစ်ပေါ်လာရသည့်အကြောင်းကို နောက်ဆက်တွဲ(က) တွင်ရှုပါ။ စင်စစ် ဝေသာလီခေတ်ကို စတင်သောအချိန်မှာ(၈) ရာစုမဟုတ်ဘဲ (၄) ရာစုသာဖြစ်ပါသည်။ Phayre အနေဖြင့်ရခိုင်ရာဇဝင်ကိုရေးသား ရေးသားဖော်ပြသည့် ၁၈၈၃ ခု အချိန်အခါက ဝေသာလီခေတ်ကို ဇယားသုံးခုဖြင့်ဖော်ဖြင့်ထားသည့် အာနန္ဒစန္ဒြကျောက်စာကို သိရှိပုံမရသေးပါ။

၁၃။ ကျွန်ုပ်တို့လေ့လာချက်အရ၊ ရခိုင်ရာဇဝင်ပါဝေသာလီမင်းဆက်နှင့် ကျောက်စာပါ ဝေသာလီမင်းဆက်တို့မှာ တခြားစီမဟုတ်ဘဲ အတူတူပင်ဖြစ်ကြောင်းသိလာရရာ၊ ဝေသာလီကျောက်လှေကားကိုစတင်တည်ထောင်သူမှာ မဟာတုင်းစန္ဒြခေါ် ဒွေင်စန္ဒြဖြစ်ပြီး စတင်ချိန်မှာ ၄ ရာစုဖြစ်ပါသည်။

၁၄။ R.B.Smart ပြောလိုသည့်သဘောမှာ၊ အဆိုပါသင်္ဘောပျက်၍ ရောက်လာသည့် အချိန်မှာ ဝေသာလီကို စတင်တည်ထောင်သည့်အချိန်အဖြစ် ပြောဆိုလိုခြင်းဖြစ်ရာ သို့သာဆိုပါလျှင(၄) ရာစုကပင်ဖြစ်ပါမည်။

၁၅။ တမန်တော်မော်ဟမ္မဒ် သည် ခရစ်သက်ကရာဇ် ၅၇၁ ခုနှစ်၊ ဧပြီလ ၂၀ ရက်၊ အရေဗျပြည် မက်ကာမြို့၌ ဖွားမြင်ခဲ့သည်ဟု မြန်မာ့စွယ်စုံကျမ်း အတွဲ ၉ စာမျက်နှာ ၁၃၂ တွင် ဖတ်ရှုရရာ ဝေသာလီ စတင်ချိန်ထက် ၂ ရာစုခန့် နောက်ကျနေသေးသည့်အတွက် တမန်တော် မဟာမ္မဒ်မမွေးမီနှစ်ပေါင်း ၂၀၀ ခန့်ကပင် ရခိုင်သို့ မူဆလင်ဘာသာကြိုတင်ရောက်နှင်ပြီး သဘောမျိုးဖြစ်နေပါသည်။ ယုတ္တိတန်၏မတန်၏ ကိုစာရှုသူတို့ ချင့်ချိန်ကြည့်ခြင်းအားဖြင့် ထိုစာရေးသူမှာဆင်ခြင်မဲ့ မူဆလင်နိုင်ငံ ဖြစ်လိုသည့်ဆန္ဒစောလျှက်ရှိသည်ကို သိရှိနိုင်ပါသည်။

၁၆။ ဤ ကဲ့သို့ မဟုတ်မဟတ် လှုံ့ဆော်ခဲ့မှုကြောင့် R.S.O, A.R.I.F,R.P.F,R.L.O,I.M.A စသည်တရားမဝင် အသင်းများ ပေါ်ပေါက်လာခဲ့ပြီး နှစ်ပေါင်း ၂၅၀၀ ကျော်ကပင် ဗုဒ္ဓဘာသာကို အထွတ်အမြတ်ထား ယုံကြည်ကိုးကွယ်လာခဲ့ကြသော ရခိုင်ပြည်နယ်၊ အမျိုးသီလ နှစ်ဌာနကို အထွတ်အမြတ်ထား၍ ယုံကြည်ကိုးကွယ်လာခဲ့ကြသော ရခိုင်ပြည်သည်၊ အစွန်းရောက် သာဘာရေး အယူအယူအသီးတချို့တို့ သစ္စာမဲ့စွာ သမိုင်းအမှန်ကိုပြောင်းပြန်လှန်၍ ရေးသားမှုကြောင့် နိုင်ငံသားမဟုတ်သူများနှင့် သမိုင်းအမှန်ကို ပြောင်းပြန်လှန် ရေးသားမှုကြောင့် နိုင်ငံသားမဟုတ်သူများနှင့် ဧည့်နိုင်ငံသသားများက ပူးပေါင်းရန်ဖြစ်လာပြီး ဟန်ရေးပြလာကြသည်အထိ ဖြစ်လာသည်ကို တွေ့လာနေရပါသည်။ ပြဿနာသည် ဘူးသီးေးတာင်၊မောင်တော၊ စစ်တွေ စသည့် ရခိုင်ပြည်နယ် အတွင်း၌သာရပ်နေမည်ကားမဟုတ်ပါ။ ရခိုင်ရိုးမကို ကျော်၍ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်သာမက တရုပ်ပြည်ယူနန်နယ်စပ်၊ ယိုဒယားနယ်စပ်အထိပင် ထိုးဖောက်၍ရောက်နေကြပေပြီ။ဗုဒ္ဓဘာ၊ ရခိုင်အမျိုးသမီးများနှင့် ဘင်္ဂလီကုလားများ Intermarriage ပြုမှုများ ယနေ့အထိ မရှိသလောက်ဟုဆိုနိုင်သော်လည်း ဗဟုတနည်းပါးသော အချို့ ရှမ်းအမျိုးသမီးများ၊ ကချင်အမျိုးသမီးများ၊ ကရင်အမျိုးသမီးများက ဘင်္ဂလာမူဆလင် ကုလားများကို ရခိုင်လူမျိုးအထင်ဖြင့် လက်ခံပေါင်းဖက်နေကြကာ မူဆလင်ဦးရေကို လျင်မြန်စွာပြန့်ပွားလျက် ရှိနေကြကြောင်းကို သိလာရ၍ အထူးပင် စိုးရိမ်ဖွယ်ရာဖြစ်ပါတော့သည်။

ဇာတ်လမ်း ဖြစ်ပေါ်လာပုံကို တင်ပြရမည်ဆိုပါလျှင် ရခိုင်သမိုင်းအစကပင် စတင်မှသာဖြစ်ပါလိမ့်မည်။ ထို့ကြောင့် စာရှုသူများ သဘောပေါက်လွယ်ကူအောင် အိုင်း(၅) ပိုင်းခွဲ၍ အကျည်းတင်ပြလိုပါသည်။



အပိုင်း(၁)၊ မြောက်ဦးမတိုင်မီနှင့် မြောက်ဦးခေတ် ရခိုင်ပြည်

၁၇။ ။ ယနေ့ရခိုင်ပြည်နယ်သည် ပြန်မာနိုင်ငံ၏ အနောက်ဖက်ရှိ ရခိုင်ရိုးမတောင်တန်းနှင့် ဘင်္ဂလားပင်လယ်အော်အကြား ကမ်းမြောင်ဒေသဖြစ်ပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရခိုင်ရိုးမတောင်တန်းမှ ဘင်္ဂလားပင်လယ်အော် အတွင်းသို့စီးဆင်းသောမြစ်များရှိသည့်အနက် နပ်(ဖ်)မြစ်သည် တဖက်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ၏ ဘင်္ဂလားပြည်နယ်၊ ယခုအခါ ဘင်္ဂလားဒေ့(ရှ်)နိုင်ငံနှင့် ရခိုင်ပြည်နယ်တို့၏ နယ်နမိတ်မျည်းကြောင်းအဖြစ် တည်ရှိနေပါသည်။

၁၈။ ။ ပါမောက်ခ-ဘနာဂျီအင် အဆိုအရ ရှေးလွန်လေပြီးသောအချိန်ကာလများက အိန္ဒိယနိုင်ငံသည် တောင်အာဖရိကတိုက်ကြီး၏ အစိတ်အပိုင်းတခုဖြစ်ခဲ့ကြောင်း၊ နောင်နှစ်ပေါင်း ရာထောင်ပေါင်းများစွာကြာသောအခါ ထိုတိုက်ကြီးမှ ကျွန်းကြီးများခွဲထွက်ပေါက်ပွားလာရာတွင် အိန္ဒိယနိုင်ငံသည် ကျွန်းကြီးတခုဖြစ်ကာ မျောလာခဲ့ပြီး ယခုဖြစ်ပေါ်သည့် အာရှတိုက်နှင့် ပေါင်းသည်းလာခဲ့ခြင်းဖြစ်ကြောင်း၊ အာရှတိုက်၏ တောင်ဖက်ရှိ ကျွန်းဆွယ်ကြီးသုံးခုတွင် အိန္ဒိယနိုင်ငံသည် ကျွန်းဆွယ်ကြီးတခုဖြစ်ကြောင်း၊ အာရှတိုက်နှင့် တကြိမ်ကအဆက်အစပ်မရှိခဲ့ကြောင်းနှင့် အာရှတိုက်၏ မြေပြင်များနှင့် ဘောင်တန်းကြီးများခြားထားတည်ရှိနေကြောင်း ရေးသားထားဖော်ပြထားပါသည်။

၁၉။ ။ အိန္ဒိယနိုင်ငံရှိ သစ်ပင်၊ တိရိစ္ဆာန်အစရှိသည်တို့မှာလည်း မဒါဂါးစကားကျွန်း ရှိသည်များနှင့်တူညီကြောင်း၊ လူမျိုးအများစုမှာလည်း အရှေ့အလယ်ပိုင်းဒေသမှ ထိုးဖောက်ဝင်ရောက်လာကြသော“အေရိယန်အင်ဒို” အေရိယန်မျိုးနွယ်စုတို့မှ ဆင်းပေါက်ဖွားလာကြကြောင်းကို ဆက်လက်ရေးသားဖော်ပြထားပါသည်။

၂၀။ ။ သို့ဖြစ်ပါလျှက်နှင့် အိန္ဒိယနွယ်ဖွား-ဘင်္ဂလီမူဆလင်များက ၎င်းတို့သည်ရခိုင်ပြည်နယ်သို့ ဦးစွာရောက်ရှိအခြေစိုက်နေထိုင်ခဲ့လေဟန်၊ ရခိုင်လူမျိုးများက နောက်မှရောက်ရှိလာပြီး ၎င်းတို့နှင့်နေထိုင်ကြကြောင်းနှင့် ပါရှား-အာရပ်နွယ်ဖွား-မဟာမေဒင်ဘာသာဝင်-ရိုဟင်ဂျာဆိုသူများဖြစ်ကြပါသည်ဟု ကြွေးကြော်ပြာဆိုကြသည်ကို ကြားသိနေရပါသည်။

၂၁။ ။ ရှေးပဝေသဏီကပင် ရခိုင်လူမျိုးတို့သည် ကိုယ့်ထီး၊ ကိုယ့်နန်းနှင့်ကာလရှည်ကြာစွာ နေထိုင်ခဲ့သောလူမျိုးများဖြစ်ပါသည်။ ပထမဓညတီကို ဘီစီ(၃၂၈၇)ခုနှစ်တွင်၎င်း၊ ဒုတိယဓညဝတီခခေတ်ကို ဘီစီ(၁၄၆၉)ခုနှစ်တွင်၎င်း၊ တတိယဓညဝတီကို စန္ဒသူရီယမင်းလက်ထက်တွင်၎င်း၊ မင်းနေပြည်အဖြစ်တည်ရှိခဲ့ပါသည်။
ဤမင်း၏နန်းသက်(၂၆)နှစ် ဘီစီ(၅၁၇) ခုတွင် (Vikra Sambat Calender Date) အလို ဗုဒ္ဓရှင်တော်မြတ်စွာဘုရားသည် ရခိုင်ပြည်သို့ကြွရောက်လာခဲ့သည်မှစ ဗုဒ္ဓသာသနာထွန်းကားခဲ့သည်ကို အထောက်အထားများမှ သိရှိနိုင်ပါသည်။

၂၂။ ။ ကမ်ဘာ့ဘာသာကြီးများဖြစ်ကြသော ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနှင့် မဟာမေဒင်ဘာသာကြီးသုံးခုတွင် ဗုဒ္ဓဘာသာသည် ခရစ်တော် မပေါ်ပေါက်မီ ဘီစီ-၆ ရာစုမှ စတင်ခဲ့ပါသည်။ မဟာမေဒင်ဘာသာသည် ခရစ်တော် ပေါ်ပေါက်ပြီးနောက် အေဒီ-၆ ရာစုမှာ**** အရှေ့အလယ်ပိုင်းဒေသတွင် စတင်ခဲ့ကြောင်းတွေ့ရှိရပါသည်။ အိန္ဒိယနိုင်ငံတွင် မဟာမေဒင်ဘာသာတွင် မူဆလင်များသည် ဆင်း(ဒ်)ဒေသသို့ အေဒီ ၇-ရာစုတွင် စတင်ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ဟိန္ဒူဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များအား အဓမ်မ မူဆလင်များအဖြစ်ပြောင်းခဲ့ကြောင်းတွေ့ရပါသည်။
-------------------------------------------------
**** မိုဟမ္မဒ်သခင်သည် ခရစ် ၅၇၁ ခုနှစ်၊ ဧပြီလ ၂၀ ရက်၊ တနင်္လာနေ့တွင် အာရေဗျ ပြည်၊ မက်ကမြို့၌ ဖွားမြင်ခဲ့သည်(မြန်မာစွယ်စုံကျမ်း၊ အတွဲ-၉ ၊စာ ၁၃၂)


၂၃။ ။ ရခိုင်ပြည်နယ်တွင် သူရိယမင်းဆက်မှ စန္ဒြားမင်းဆက်ကိုထူထောင်ပြီး၊ မင်းနေပြည်ကို ဓညဝတီမှ ဝေသာလီသို့ အေဒီ-၃၂၇** -ပြုပြင်(၃၆၄) တွင်ပြောင်းရွှေ့ခဲ့ပါသည်။ ဝေသာလီမင်းများလက်ထက်တွင် ကုန်သွယ်မှုတိုးတက်ခဲ့သည့်အတိုင်း ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးစသည်တို့ခတ်နှိပ်ခဲ့ကြောင်း တွေ့ရပါသည်။ ဗုဒ္ဓဘာသာသည်လည်း ထွန်းကားပြန့်ပွားကြောင်းကို စေတီ၊ ပုထိုး၊ ကျောင်းကန်၊ ဘုရားကန်၊ ဘုရားများဆောက်လုပ်လှူဒါန်းကြသည့် အထောက်အထားများတွေ့ရှိနိုင်ပါသည်။****
------------------------------------------------
** Vikram Sambat Calander Dates အလိုအရ AD 364 ဖြစ်ပါသည်။ Dr. Sincar အလိုအရ AD 370 ဖြစ်ပါသည်။
**** ဝေသာလီတူးဖော်မှုကို ဦးဆောင်ခဲ့သူရှေးဟောင်သုတေသနဌာနမှ ဦးညွန့်ဟန်က ဝေသာလီသည် အေဒီ ၄ ရာစုမှ ၉ ရာစုအတွင်း ထွန်းကားခဲ့ကြောင်းထောက်ခံထားပါသည်။


၂၄။ ။ ဝေသာလီကိုစတင်တည်ထောင်သည့် အေဒီ-၄-ရာမှ အေဒီ-၇-ရာစုအကုန်အထိ စည်ပင်ဝပြောခဲ့သည်ဖြစ်ရာ အရှေ့အလယ်ပိုင်ဒေသမှ အာရပ်နနှင့် ပါရှားကုန်သည်များ သင်္ဘောများဖြင့် ကူးသန်းသွားလာမှုများရှိခဲ့ပါသည်။ ဘင်္ဂလားပင်လယ်အော်သည် လှိုင်းလေပြင်းထန်တတ်သည်ကတစ်ကြောင်း ပင်လယ်ဓါးမြများ တိုက်ခိုက်မှုရှိသည်ကတစ်ကြောင်းတို့ကြောင့် သင်္ဘောပျက် လှေပျက်များမှ အသက်မသေ ရခိုင်ကမ်းခြေသို့ရောက်ရှိလာကြသောမဟာမေဒင်ဘာသာဝင် သင်္ဘောသားများကိုအေဒီ-၇၈၈*** ခုနှစ်တွင် ဝေသာလီ ရခိုင်ဘုရင်များက သနားကြာင်နာစိတ်ဖြင့် ကျေးရွာများတွင် နေရာချထားပေးကာ နေထိုင်စေခဲ့ကြောင်းကို A.P Phayre နှင့် R.B Smart တို့ကဆိုပါသည်။ ဤကိစ္စများ မှားယွင်းနေကြောင်းကို နိဒါန်းပိုင်းတွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။
-----------------------------------------
***အေဒီ ၇၈၈ ဆိုသည်မှာ Sr.Arthur P.Phayre ၏ History of Burma စာအုပ်အဆိုအရ ဝေသာလီခေတ်စတင်ချိန်ဖြစ်ကြောင်း အယူအဆမှားကို လိုက်နာခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ ဤသို့ဖြစ်လာသည်မှာလည်း ဘိုးတော် အဉ္ဇ နှင့် ရာလမာယုတို့က ရှေးသက်ကရာဇ် ၈၆၄၅ ကို ကြွင်းထား၍ ဖြိုယူခဲ့ပြီး မဟာသက္ကရာဇ် စတင်ချိန်ကို Phayre က ၎င်းအချိန်မှာ ဘီစီ ပြီးဆုံး၍ အေဒီ(၁) ကစသည်ဟူ၍ စန္ဒာသူရိယ သက္ကရာဇ်ကို အေဒီ ၁၄၆ ဟုယူလာကာ တတိယဓညဝတီကုန်ဆုံးချိန်မှာ အေဒီ ၇၈၈ ဖြစ်လာပြီး၊ ဝေသာလီခေတ်ကို မဟာတိုင်းစန္ဒြမင်းစတင်ချိန်ဟုယူ၍ မှားယွင်းစွာ ဖော်ပြခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ စင်စစ် စန္ဒာသူရိယ နန်းတက်နှစ်မှာ အေဒီ ၁၄၆ မဟုတ်ဘဲ B.C. 542 သာဖြစ်ခဲ့ပါသည်။ နှစ်ပေါင်း ၆၈၈ ကွာဟနေပါသည်။ ဝေသာလီကိုစတင်ချိန်မှာ (၈)ရာစု မဟုတ်ဘဲ (၄) ရာစုသာဖြစ်ပါသည်။ အိလိစလန် ဘာသာကိုးကွယ်မှု စတင်ချိန်မှာ (၆)ရာစုသာ ဖြစ်ပေရာ အဆိုပါ R.B.Smart ၏အရေးအသားအရ ဆိုပါလျှင် မဟာမ္မဒ် မပေါ်ခင်နှစ်ပေါင်း ၂၀၀ ခန့်ကပင် ရခိုင်သို့ အီစလမ် ဘာသာ ကြိုတင်ရောက်လာသည် သဘောမျိုးဖြစ်နေပေရာ ထိုသို့ပြဆိုနေခြင်းသည် လုံဝယုတ္တိမတန်ကြောင်းမှာရှင်းနေပါသည်။ ဤအချက်ကိုမည်ကဲ့သို့မှ လက်ခံနိုင်ဘွယ်ရာမရှိပါ။



၂၅။ ။ အကယ် သာရခိုင်ပြည်နယ်သို့စတင်ဝင်ရောက်လာသူ အာရပ်ပါရှားနွယ်ဘွား နိုင်ငံခြားသားများမှာ ထိုသင်္ဘောပျက်၊ လှေပျက်တို့မှ အသက်မသေ ကမ်းရောက်လာသူများဖြစ်ကြသည်ဟုယူဆမည်ဆိုလျှင်လည်း အရေအတွက်အားဖြင့် များပြားလှမည်မဟုတ်ပါ။ သမိုင်းကြောင်းကို လေ့လာချက်အရ သိရသည်မှာ(၈)ရာစုအချိန်သည် ဝေသာလီအင်အားချိနဲ့ချိန်ဖြစ်ပါသည်။ အေဒီ-၇၇၆ တွင် ဝေသာလီကို ပျူတို့ကတစ်ကြိမ်၊ အေဒီ-၇၉၄ တွင်ရှမ်း(Sung) တို့ကတစ်ကြိမ် ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးကြသဖြင့် ရခိုင်ဘုရင်များသည် ****စမ္ပဝက်သို့ရွေ့ ပြောင်း၍ မင်းနေပြည်ပြုလုပ်ခဲ့ပါသည်။ ထို့နောက် အေဒီ-၈၁၈-တွင်လေးမြို့ခေတ်ဟုပေါ်ထွန်းခဲ့ပါသည်။
-------------------------------------------------------------
****စူဠစန္ဒြနှင့် စန္ဒာဒေဝီတို့၏သား စောရွှေလူးခေါ်ဧမင်ငတုံသည်နန်းစိုက်ရာမြို့စမ္ပဝက်သို့ပြောင်းရွှေ့ခဲ့သည်။


၂၆။ ။ ဤခေတ်တွင် ရခိုင်ပြည် ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားသကဲ့သို့ အိန္ဒိယနိုင်ငံတွင်လည်း ဗုဒ္ဓဘာသာ များထွန်းကားပြန့်ပွားလျှက်ရှိပါသည်။ အေဒီ-၉ ရာစု အလယ်ပိုင်းတွင်လည်း ပါရှားနှင့်ခါကစ္စတန်တို့မှ မူဆလင် စစ်ဗိုလ်ချုပ်များကအာဖကန်နစ္စတန်မှ စတင်ဝင်ရောက်တိုက်ခိုက်လာကြသဖြင့် ဗုဒ္ဓဘာသာဝင် ဘုရင်များနှင့်ဟိန္ဒူဘုရင်များသည် တဖြည်းဖြည်း အိန္ဒိယပြည်တွင်းသို့ ဆုတ်ခွါလာခဲ့ကြပါသည်။ အထူးအားဖြင့် မူဆလင်ဘုရင် မာမွတ်အာဆိုသူ လက်ထက်တွင် ဂျီဟဒ်ခေါ် ဘာသာရေးစစ်ဆင်နွှဲကာ ဗုဒ္ဓဘာသာဝင်များအဖြစ် အတင်းသွတ်သွင်းခဲ့ကြောင်းတွေ့ရှိရပါသည်။

၂၇။ ။ ရခိုင်ပြည်နယ်နှင့်ဆက်စပ်လျှက်ရှိသော ဘင်္ဂလားပြည်နယ်တွင် ပါလမင်းဆက်မျာကြောင့် ဗုဒ္ဓဘာသာမှာ အေဒီ-၁၁-ရာစုတိုင် စည်ပင်ထွန်းကားလျှက် ရှိခဲ့ပါသည်။ ဘင်္ဂလားပြည်နယ်တွင်ဗုဒ္ဓဘာသာသည် နှစ်ပေါင်း ၄၀၀ ကျော်ကြာ တည်ရှိခဲ့ပြီး ပါလက်မင်းဆက် နောက်တက်လာသည့် စေတနာမင်းဆက် ဟိန္ဒူခေတ်တွင် ဟိန္ဒူဘုရင်များကကြီးစိုးလာခဲ့ကြသည်မှာ မူဆလင်များဝင်ရောက်လာသည့် အေဒီ ၁၂ ရာစု တိုင်အောင်ဖြစ်ပါသည်။

၂၈။ ။ ရခိုင်ပြည်သည် အေဒီ ၁၁ ရာစုတွင် ပုဂံပြည်မှ နိုင်ငံအတွင်း မငြိမ်မသက်မှုများပေါ်ပေါက်ကာ နန်းလုမှုများကြောင့် နန်းရိုးမင်းသည် ****ပုဂံပြည်တွင် သွားရောက်ခိုလှုံခဲ့ပါသည်။
အေဒီ ၁၁၀၃ ခု၊ တွင် ပုဂံအလောင်းစည်သူမင်း အကူအညီဖြင့် ရခိုင်နန်းရိုး၊ လက်ျာမင်းနန်မင်းသည် နန်းရပြန်ပါသည်။ ရခိုင်ဘုရင် နန်းစိုက်မြို့များမှာ အေဒီ ၁၁ ရာစုတွင်ပရိန်၊ ၁၃၆၃ ခုနှစ်တွင် နေရဉ္ဇရာ တောင်ငူတို့ဖြစ်ခဲ့သည်ကိုတွေ့ရှိရပါသည်။
--------------------------------------------
****မင်းရဲဘယ၏မိဖုရားပေါက်ညိုမနှင့် သားလက်ျာမင်းနန်တို့ကျန်စစ်သားမင်းလက်ထက်တွင် ခိုလှုံခဲ့ခြင်းဖြစ်ပါသည်။


၂၉။ ။ အေဒီ ၁၁ ရာစုနှစ်တွင် ဗုဒ္ဓဘာသာထွန်းကားလျှက်ရှိသော အိန္ဒိယနိုင်ငံ ဘင်္ဂလာပြည်နယ်၊ မြန်မာနိုင်ငံ ပုဂံတို့နှင့်သာ ကူးလူးဆက်ဆံ ထိတွေ့တိုက်ခိုက်မှုများ ရှိသည်ကို တွေ့မှုများ ရှိသည်ကိုတွေ့ရပါသည်။ မဟာမေဒင်ဘာသာ ကိုးကွယ်သူ မူဆလင်များနှင့် ထိတွေ့မှုရှိသည်မှာ သင်္ဘောပျက်၊ လှေပျက်တို့မှသောင်တင်ရောက်လာကြသော သင်္ဘောများနှင့် ကုန်ကူးသန်းရောင်းဝယ်ရင်း ရောက်ရှိလာနေထိုင်ကြသောကုန်သည်စသည့် အနည်းငယ်မျှသာ ဦးရေလောက်သာ ရခိုင်ပြည်တွင်ရှိကြကြောင်းတွေ့ရှိရပါသည်။


၃၀။ ။ အိန္ဒိယနိုင်ငံတွင် မဟာမေဒင်ကိုးကွယ်သူ မူဆလမန်(မူဆလင်)များသည်အေဒီ-၈- ရာစုအစဦးပိုင်းမှ စတင်ကာ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင်ဘုရင်များ အုပ်စိုးသည့် ပြည်နယ်များသို့ ထိုးဖောက်ဝင်ရောက်တိုက်ခိုက် လွှမ်းမိုးလာခဲ့ရာ အနောက်ပိုင်း ဒေသများမှသည် အရှေ့ပိုင်း ဒေသဖြစ်သော ဘင်္ဂလားပြည်နယ်သို့ အေဒီ ၁၂-ရာစုတွင် ချည်းနင်း ဝင်ရောက်လာခဲ့ပါသည်။ သို့ဖြင့် ရခိုင်ပြည်နယ် ဘုရင်များနှင့် မူဆလင် ဘုရင်များထိတွေ့မှုရှိလာသည်ကို တွေ့ရပါ၇ပါသည်။

၃၁။ ။ အေဒီ ၁၂၅၀ ခုနှစ်၌ လောင်းကြက်မြို့တော်တွင် ရခိုင်ဘုရင် အလောမာဖြူကစတင်၍ စိုးစံခဲ့ပါသည်။ လောင်းကြက်မြို့တော်တွင် ရခိုင်အင်အားပြန်လည် ဦးမော့လာခဲ့ပြန်ရာ အထူးသဖြင့်မင်းထီးလက်ထက် (အေဒီ-၁၂၈၃-၁၃၈၉)တွင် အဖက်ဖက်မှ တိုးတက်ခဲ့ပါသည်။ ဤမင်းလက်ထက်မှာ မင်းဆရာ သာသနာပိုင် ဆရာတော်အသျှင်မြတ် သီရိဓမ္မရာဇာဂုရုကိုယ်တော်တိုင် ကြပ်မတ်လျှက် ပျက်စီးယိုယွင်းနေသော ဗုဒ္ဓဂါယာ မဟာဗောဓိစေတီတော်ကို ကောစာသက္ကရာဇ် ၆၅၇ ခု၊ ပြာသိုလဆန်း(၁၀)ရက်၊ သောကြာနေ့မှ အစပြု ၆၆၀ ပြည့် တန်ဆောင်မုန့်လဆန်း(၈) ရက် တနင်္ဂနွေနေ့သို့ တိုင်အောင်(၃) နှစ်ခန့်ရှေးမူမပျက် ပြုပြင်တော်မူခဲ့၏။ စေတီတော်မွမ်းမံပြုပြင်သော သက္ကရာဇ်မင်းသည် ဘုရင်ထီးနန်းတက်၍ (၁၂) နှစ်မြောက်သော နှစ်ပေတည်း။ မှတ်တမ်းကျောက်စာကိုလည်း ဗုဒ္ဓဂါယာတွင်ရေးထိုးထားလေသည်။

ဘုရင်မင်းထီး၏ကောင်းမှုတော်ဖြစ်သော တိသ်သဘုရားကျောက်ဆင်းတုတော်ကို လောင်းကြက်မြို့ဟောင်း တစ်နေရာတွင်တည်ထားကိုးကွယ်ထားသည်ကို ယနေ့တိုင်ဖူးတွေ့နိုင်ပါသည်။ ရခိုင်ဘုရင်တို့၏ သြဇာအာဏာသည် စစ်တကောင်း၊ ဘင်္ဂါ(၁၂)မြို့အပါအဝင်ပြန့်နှံ့တည်ရှိခဲ့ပါသည်။ ရခိုင်ဘုရင်တို့၏ သြဇာအာဏာသည် စစ်တကောင်း၊ ဘင်္ဂါ(၁၂) မြို့အပါအဝင် ပြန့်နှံ့တည်ရှိခဲ့ပါသည်။ အေဒီ-၁၄၀၄ ခုနှစ် နန်းတက်သည့် မင်းထီး၏မြစ်တော် မင်းစောမွန် လက်ထက်တွင် ရခိုင်နိုင်ငံရေး ရှုပ်ထွေးလာကာ ပုန်ကန်သူများက အင်းဝဘုရင် အကူအညီရယူတိုက်သဖြင့် မင်းစောမွန်သည် ဘင်္ဂလားနယ်ရှိ ဂါဝါနယ်သို့ တိမ်းရှောင်သွားလေသည်။

၃၂။ ။ မြန်မာနိုင်ငံတွင် အင်းဝဘုရင်က ရခိုင်ဘုရင်ကို ဝင်ရောက်တိုက်ခိုက်သကဲ့သို့ အိန္ဒိယနိုင်ငံတွင်လည်း မင်းစောမွန်ခိုလှုံနေစဉ် ဘင်္ဂလားပြည်နယ်ကို စူလတန်အီဘရာဟင်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မင်းစောမွန်က ကူညီခုခံတိုက်ခိုက်ပေးခဲ့သဖြင့် ဘင်္ဂလားဘုရင်က ကျေးဇူးတင်ပြီး မင်းစောမွန်အား ရခိုင်ဘုရင်အဖြစ် ပြန်လည်ရရှိရန် ကူညီခဲ့ပါသည်။ မင်းစောမွန်သည် လောင်းက်ြမြို့တော်တွင် ၂-နှစ်နန်းစံပြီးနောက် အေဒီ ၁၄၃၀ တွင် မြောက်ဦးမြို့တော်ကို ပြောင်းရွေ့တည်ထောင် ရခိုင်ဘုရင်များစိုးစံနေထိုင်သွားကြသည်ကို တွေ့ရှိရပါသည်။

၃၃။ ။ ရခိုင်တို့တွင် မြောက်ဦးခေတ်သည အေဒီ-၁၇၈၅ အထိ နှစ်ပေါင်း ၃၅၀ ကျော်မျှကြာခဲ့ပါသည်။ ဤခေတ်သည် ရခိုင်တို့ အထွဋ်အထိပ် ရောက်ခဲ့ကြသော ခေတ်ကာလဖြစ်ပါသည်။အထူးအားဖြင့် မင်းရာဇာကြီး (၁၅၈၃-၁၆၁၂)လက်ထက်တွင် ရခိုင်နယ်နိမိတ်သည် အနောက်မြောက်ဘက် ဒါကာနှင့် ဒါကာနှင့်ဘင်္ဂလားမြစ်ဝကျွန်းပေါ် ကမ်းခြေဒေသမှ အရှေ့တောင်ဖက် မော်လမြိုင်ကမ်းရိုးတမ်းအထိ ကျယ်ပြန့်ခဲ့ပါသည်။ စစ်ရေးတွင် အင်အားကြီးမားခဲ့သည့်အတိုင်း ခြေလျင်တပ်၊ ဆင်တပ်၊ အမြောက်တပ်၊ စစ်လှေတပ် စသည်တို့နှင့် ပေါ်တူဂီ၊ ယိုဒယား၊ ဂျပန်၊ မြန်မာ၊ မွန်၊ ဘင်္ဂလား နှင့် မဂိုစစ်သားများကို ငှားရမ်းအသုံးပြုခဲ့သည်ကိုတွေ့ရပါသည်။

၃၄။ ။ ဤမြောက်ဦးခေတ်တွင် မူဆလင်များနှင့် ထိတွေ့မှုမှာလည်း များပြားလာပါသည်။ မြောက်ဦးမြို့တည်မင်းစောမွန် ဘင်္ဂလားရှိ ဂါဝါနယ်သို့ တိမ်းရှောင်နေထိုင်ခဲ့သကဲ့သို့ အေဒီ-၁၆၆၀ ပြည့်နှစ်၌ မဂိုဘင်္ဂလားနယ် ဘုရင်ခံရှာရှူဂျာ ရခိုင်ပြည်သို့ လာရောက်ခိုလှုံမှုများ ရှိခဲ့သည်ကို တွေ့ရပါသည်။ မူဆလင်များဖြစ်ကြသည့် မဂိုတို့၏ အိန္ဒိယပြည်တွင် အာဏာပြန့်နှံ့လာမှုမှာလည်း အေဒီ ၁၆၆၆ ခုနှစ်လောက်တွင် အမြင့်မာဆုံးဖြစ်လာကာ အရှေ့ဖက်ဆုံးဘင်္ဂလာပြည်နယ်တိုင်အောင် ရောက်ရှိခဲ့သည်။ ထိုနှစ်တွင် ရခိုင်တို့လက်ဝယ်ရှိ စစ်တကောင်းမြို့ကို မဂိုတို့သိမ်းပိုက်ရယူသွားခဲ့ခြင်းသည့် မူဆလင်များ ရခိုင်ပြည်နယ်နှင့်အနီးဆုံးထိတွေ့ ရောက်ရှိခြင်းဖြစ်ပါသည်။

၃၅။ ။ မြောက်ဦးခေတ်တွင် ရခိုင်ဘုရင်အချို့သည် မူဆလင်အမည်များကို ပါရယူနန်းစံခဲ့သည်ကိုတွေ့ရပါသည်။ ဤသို့ရယူလုပ်ကိုင်ခဲ့ခြင်းမှာ ထိုခေတ်ထိုအခါက တောင်ငူမင်းတို့က မွန်အမည်ထုံးစံများလက်ခံလုပ်ကိုင်ခဲ့သည်နည်းတူ ဘင်္ဂလားပြည်နယ်ရှိ စစ်တကောင်းနှင့် ဘုညာကြီးတိုင်(ဘင်္ဂါ-၁၂ မြို့) တို့ပါ ရခိုင်တို့ အုပ်စိုးထားခဲ့ရာ လက်အောက်ခံ မူဆလင်များသိရှိ လေးစားစေရန်နှင့် ၎င်းတို့အားလည်းကျေနပ်နှစ်သိမ့်စေရန် ရခိုင်ဘုရင်များက မူဆလင်အမည်များကိုပါ သုံစွဲနန်းစံခဲ့ခြင်းသာ ဖြစ်ပါသည်။ ဤသည်ကိုအချို့မူဆလင်စာရေးဆရာတို့က ရခိုင်ပြည်ကို၎င်းတို့မူဆလင်များက အုပ်စိုးလာသယောင် ရေးသားကြသည်ကိုတွေ့ရပါသည်။ မူဆလင်များသာ ၎င်းတို့ရေးသားသကဲ့သို့ အုပ်စိုးခဲ့လျှင် ၎င်းတို့၏ အန္ဒိယပြည်တွင် ပြုလုပ်ခဲ့သည့် လုပ်ရပ်များဖြစ်သော ဘာသာရေးအဆောက်အဦးများကိုဖျက်ဆီးခြင်း၊ ၎င်းတို့မဟာမေဒင်ဘာသာထဲသို့ အတင်းအဓမ္မ သွတ်သွင်းခြင်းများကို တွေ့ရမည်ဖြစ်ပါသည်။ ယခုမူကား ရခိုင်ပြည်နယ်ကို မူဆလင်များ အုပ်စိုးခဲ့ခြင်း မရှိကြောင်းသက်သေ ခံလျှက်ရှိပါသည်။ (ရွှေနန်းသခင် နာရမိတ်လှရာဇာ အမည်နှစ်ဖက်ရေးထိုး၍ ၇၉၂ တွင် တစ်ကြိမ်၊ ၇၉၅ တွင်တစ်ကြိမ်၊ ပေါင်း ၂ ကြိမ် ဒင်္ဂါးထုတ်ဝေခဲ့ကြောင်းတွေ့ရပါသည်။

မြို့တည်ဘုရားတစ်ဆူအဖြစ် ကောဇာသက်က ရာဇ် ၇၉၂ တွင်တည်ဆောက်ကိုးကွယ်ခဲ့သော လေးမျက်နှာဘုရားကို ဖူးမျှော်ရခြင်းအားဖြင့် မင်းစောမွန်၏ ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မှု မည်မျှနက်ရှိုင်းသည်ကိုလည်းသိသာနိုင်ပါသည်။

၃၆။ ။ မြောက်ဦးခေတ်သမိုင်းကို ဆန်းစစ်လေ့လာကြည့်ပါလျှင် (အထက်ကဆိုခဲ့သည့်အတိုင်း) မြောက်ဦးခေတ် ရွှေရောင်လွှမ်းသောအချိန်အခါ (၁၆ နှင့် ၁၇ ရာစုခေတ်) အိန္ဒယ မဂိုတို့တန်ခိုးအာဏာကြီးထွားချိန်နှင့် ခေတ်ပြိုင်ဖြစ်ကြောင်းလေ့လာတွေ့ရှိရပါသည်။

၃၇။ ။ မဂိုမင်းသားရှရှုဂျာ ရခိုင်ပြည်သို့ ဝင်ရောက်ခိုလုံခဲ့သော ခရစ်သက္ကရာဇ် ၁၆၆၁ သို့ မရောက်မီရှေ့ပိုင်း၌ ၊ ရခိုင်နှင့်မဂိုတို့ ဆက်ဆံရေးအနေအထားကိုပြန်ကြည့်လျှင် ဒေလီမြို့နယ်၌ ခရစ်သက္ကရာဇ် ၁၄၉၄ မှ ၁၅၀၀ အထိ၊ ထီးနန်းစိုက်ခဲ့သော ဘာဘာ(Babur) သည်၊ မဂိုနိုင်ငံကို ရှေးဦးစွာတည်ထောင်၍ ၊ ထိုမင်းလွန်ပြီးနောက် သားတော်ကြီး ရှုမာယွန်(Humayun) သည် ခမည်းတော်၏ အရိုက်အရာကို ၁၅၃၀ မှ ၁၅၅၆ အထိ၊ ထီးနန်းစိုးစံခဲ့ကြောင်း၊ ရခိုင်ပြည် ၌ ၁၅၃၁ မှ ၁၅၅၃ ခုအထိစိုးစံသော ရခိုင်ဘုရင် မင်းဗာကြီးနှင့် မင်းပြိုင်ဖြစ်ကြောင်းတွေ့ရပါသည်။

၃၈။ ။ မင်းဗာကြီးနန်းတက်ပြီး၍ ၁၅၃၂ ခု၊ နိုဝင်ဘာလ လဆန်းစချိန်သို့ရောက်သောအခါ၊ ဝေသသာလီခေတ်ဦးကပင် ရခိုင်ပိုင်နက်မြေဖြစ်သော ဒက္ကားနှင့် မူရှိဒါပဒ်(Mushidabad) မြို့များသို့ တစတစဝင်ကာ အပိုင်စီးရန် ကြိုးစားနေသော မဟာမေဒင်ကုလားလူမျိုးအား နှိမ်နှင်းရသည့်အခြေပေါ်ပေါက်လာခြင်းကြောင့်၊ မင်းဗာကြီးသည် အလုံးအရင်းနှင့်ချီတက်ခဲ့ရသည်။ အခက်အခဲမရှိဘဲအောင်မြင်စွာ နှိမ်နှင်းနိုင်ခဲ့ပါသည်။ ယင်းအချိန် မဂိုဘုရင် မူရှုမာယွန်သည် မူရှိဒါပဒ် (Mushidabad) မြို့၏မြောက်ပိုင်း မိုင်(၈၀)ခန့်ကွာဝေးသော ဂါဝါပြည်ငယ်ကို လက်အောက်ခံအဖြစ်ဖြင့် သိမ်းပိုက်ကာ ယင်းမှာပင်ရှိနေပါသည်။ ဒေလီနန်းတွင်းရှုပ်ထွေးနေခြင်းကြောင့် ရှုမာယွန်သည် ဒေလီမြို့တော်သို့ ချက်ချင်းမပြန်နိုင်သေးပါ။ ယင်းကဲ့သို့သောအခြေအနေမှာ ဂါဝါပြည်ကိုသိမ်းပိုက်မည်ဆိုလျှင် အလွယ်တကူဖြစ်နိုင်သည်ဟု မင်းဗာကြီးသိ၏။ သို့သော်လည်းမင်းဗာကြီးသည် ကိုယ်ပိုင်နယ်မြေ တညှို့တထွာကိုမျှလည်း မကျူးကျော်မ စော်ကားစေလိုသကဲ့သို့၊ သူ့ပိုင်နယ်မြေ တညှို့တထွာကိုမျှလည်း မကျူးကျော်မစော်ကားအပ်၊ မိမိအင်အားကြီးသည်ဟူ၍ အင်အားနည်းသော တဖက်သားကို မတရားမဖိနှိပ်အပ်၊ ရန်ရှည်စတတ်သည်ဟု မိန့်တော်မူပြီးလျှင် ဂါဝါသို့ချီတက်တိုက်ခိုက်ခြင်းမပြုခဲ့ပါ။

၃၉။ ။ ထိုမျှသာမဟုတ် မင်းဗာကြီးသည် မဂိုဘုရင်မာယွန်နှင့် တိုင်းပြည်နယ်နိမိတ် အပိုင်အခြားကိုသတ်မှတ်ကာ မဟာမိတ်ဖွဲ့ခဲ့ပါသည်။ ဇဘောက်သျှာ (Zabauk Shah) ဟူသောဘွဲ့သည် မဂိုဘုရင်က မင်းဗာကြီးအား မဟာမိတ်အဖြစ်ဖြင့် ဆက်ကပ်သောဘွဲ့ဖြစ်၍ ပန်စီ်(Pensi) သည် မင်းဗာကြီးနှင့်လက်ဆက်သော ရှုမာယွန်၏ သမီးတော်ဖြစ်၏။ ပန်စီတယ်(Pensital) ဟူ၍ လည်းခေါ်၏။ ရခိုင်ရာဇဝင် ၌ “ပဲသီတာ”မင်းသမီးဟုတွင်၏။ မင်းဗာကြီးနန်းတက်၍ (၂)နှစ်မြောက် ခရစ်သက်ကရာဇ် ၁၅၃၃ မှစ၍ မင်းဗာကြီး၏ သားတော်မင်းခမောင်း နတ်ရွာလားသည့် ၁၆၂၂ ခုနှစ်ထိ၊ နှစ်ပေါင်း (၉၀)တိုင်အောင် အဆက်မပြတ်ဘဲ၊ ရခိုင်နှင့် မဂိုမဟာမိတ်ဖြစ်ခဲ့ကြပါသည်။ ယင်းကြောင့် မင်းဖလောင်းအား စီကင်ဒါလျှာ(Siecunda Shah)၊ မင်းရာဇာကြီးအား ဆော်လိမ်လျှာ(Selimn Shah) မင်းခမောင်းအား(Hussein Shah) ဟူသောဘွဲ့ကို မဂိုဘုရင်တို့ မဟာမိတ်အနေနှင့် ပေးဆက်ကြကြောင်းတွေ့ရပါသည်။
(စစ်တကောင်းမင်းဒင်္ဂါးနှင့် မင်းဘင်သင်္ခယာ ဒင်္ဂါးပုံ)

၄၀။ ။ ခရစ်သက္ကရာဇ် ၁၃ ရာစုအစပိုင်းလောက်ကပင် မဟာမေဒင် ကုလားလူမျိုးတို့သည်။ ဂင်္ဂါမြစ်၏ အရှေ့ဘက်ဖြစ်သော ရခိုင်နယ်မြေ(ဘင်္ဂါနယ်)ထဲသို့ အမှတ်မထင် စိမ့်ဝင်နေကြပါသည်။ သီရိသုဓမ္မရာဇာ (၁၆၂၂-၁၆၃၈) လက်ထက်သို့ ရောက်သောအခါ စိမ့်ဝင်ကျူးကျော်သူတို့၏ အင်အားမှာ များစွာတင့်တားလာခဲ့ပြီး ဖြစ်သသဖြင့် အကွက်ကောင်းလာသည်နှင့်တပြိုင်နက် ဘင်္ဂါတနယ်လုံးကို သိမ်းပိုက်ရန်ကြိုးစားလာကြတော့သည်။ ကျူးကျော်သူတို့၏ နောက်ဝယ် မဂိုဘုရင် ရှာဂျီဟန် ရှိနေသည်။ ထို့ကြောင့် သီရိသုဓမ္မရာဇာနှင့် ရှာဂျီဟန်တို့၏ ဆက်ဆံမှုအခြေအနေမှာ တင်းမာလာပြီးလျှင် စစ်မက်ဖြစ်ပွားနိုင်သော အခြေနေသို့ပင်ဆိုက်ရောက်ခဲ့ပါသည်။ ယင်းကြောင်းလည်း သီရိသုဓမ္မရာဇာ ခမည်းတော်၊ ဘိုးတော်၊ ဘေးတော်တို့လက်ထက်မှာကဲ့သို့ ကုလားဘွဲ့ကို မတွေ့ရခြင်းဖြစ်ပါသည်။ ရခိုင် မဂိုမဟာမိတ်ဘဝသည် ဤအချိန်မှစ၍ အဆုံးသတ်ခဲ့ကြောင်းတွေ့ရပါသည်။

၄၁။ ။ ဤသည်တို့မှာကား ရခိုင်ဘုရင် ကုလားဘွဲ့ကိုသုံးစွဲလာခြင်း၏ အကြောင်းအချက်အလက်ဇစ်မြစ်ပင်ဖြစ်ပေသည်။ ကုလားဘွဲ့ကို ရခိုင်အမည်ဖြင့်တွဲ၍ ဒင်္ဂါးခတ်နှိပ်ရာတွင် ရေးထိုးထားသေသ်ာဘုရင်မင်းဖလောင်း၊ မင်းရာဇာကြီး နှင့် မင်းခမောင်းတို့မှာ ရခိုင်သမိုင်းတွင် အလွန်ထင်ရှား၍၊ သီရိသုဓမ္မရာဇာမင်း လက်ထက်ရောက်သောအခါတွင် ဒင်္ဂါးခတ်နှိပ်ရာ၌ ရခိုင်ဘွဲ့နှင့် ရခိုင်စာတဖက်၊ ပါရှင်နာဂရီစာတစ်ဖက်ကို သုံးစွဲခတ်နှိပ်သေးသော်လည်း ကုလားဘွဲ့မပါတော့ပါ။ သီရိသုဓမ္မရာဇာမင်းမှစ၍ နောက်ပိုင်းမင်းများမှာ ကုလားဘွဲ့များလည်း မရှိတော့သလို ဒင်္ဂါးခတ်နှိပ်ရာတွင်လည်း ကုလားစာကိုလုံးဝမတွေ့ရတော်ပါ။
(မင်းဖလောင်း၊ မင်းရာဇာကြီး၊ သီရိသုဓမ်မရာဇာ ဒင်္ဂါးများပုံ)

၄၂။ ။ မြောက်ဦးဒုတိယခေတ် မင်းဖလောင်းလက်ထက်မှစ၍ ရခိုင်ပိုင်ဘင်္ဂါ(၁၂)ခွင်၌ စစ်တကောင်းမြို့စားသာမကဘဲ၊ ဘင်္ဂါ(၁၂)ခွင်ကိုအုပ်ချုပ်သည့် အနောက်ဘုရင်များလည်း ခန့်ထားကြောင်းတွေ့လာရသည်။ အနောက်ဘုရင်များ ရုံးစိုက်ရာနေရာမှာ မူရှေဒါဘတ် ဖြစ်သည်။ အနောက်ဘုရင်အမည်စာတမ်းထိုး၍ ရခိုင်စာတဖက် ပါရှန်နှင့် Arabic တစ်ဖက်ရေးထိုး၍ ငွေဒင်္ဂါးများ ထုတ်လုပ်ကြောင်းတွေ့ရသည်။ ထိုအထဲတွင် ကျွန်ုပ်တို့တွေ့ထားသော စူဠစန္ဒြဒင်္ဂါးဟုယူဆထားခဲ့ကြသော စူဠမဟာရာဇာဒင်္ဂါးနှင့် မင်းထီးဒင်္ဂါးဟုယူဆထားခဲ့သော ဦးရီးတော်မဟာနန္ဒဘယ စာရေးထိုးပါ ဒင်္ဂါးမှာလည်
မြောက်ဦး ဒုတိယခေတ် မင်းရာဇာကြီးလက်ထက်အနောက်ဘုရင်များ ထုတ်ဝေသော ဒင်္ဂါးဖြစ်နေကြောင်း Culcutta မှ Vasant Chowdhury ၏ “The Arakani Governors and Their Coins” ခေါင်းစည်ပါစာတမ်းအရ သိရလာရသည်။ ဤသည်မှာကျွန်ုပ်တို့ ယခင်က လက်ခံထားခဲ့ခြင်းကို ချေဖျက်လိုက်ခဲ့ခြင်းပင်ဖြစ်ပါသည်။ အနောက်ဘုရင်များထုတ်ဝေသော ဒင်္ဂါးစာရင်ကို ပုံ(က) တွင်ရှုပါ။

၄၃။ ။ ရခိုင်ပြည်နယ်အတွင်းသို့ မူဆလင်များဖြစ်ကြသောမဂိုများ ထိုးဖောက်ဝင်ရောက်ခြင်းမပြုနိုင်ရာ၌ အချက်တချက်မှာ ဘင်္ဂလားပြည်နယ်အတွင်း အင်္ဂလိပ်တို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပါသည်။ အင်္ဂလိပ်များအား မဂိုဘုရင်တို့က ဘင်္ဂလားပြည်နယ်မှ မောင်းထုတ်လိုက်ပြီးသည့်နောက် အေဒီ ၁၆၉၁ ခုနှစ်၊ အင်္ဂလိပ်တို့က ကာလကတ္တားမြို့ကို ဝယ်ယူခဲ့ပြီး နောက်ခံတပ်မြို့အဖြစ် တည်ဆောက်ကာ အခိုင်အမာနေလာခဲ့ပါသည်။ (အေဒီ-၁၇၅၆ ခုနှစ်တွင်) မဂိုတို့က ကာလကတ္တားခံတပ်မြို့ကို သိမ်းယူပြီးနောက် ဖမ်းဆီးရမိသော အင်္ဂလိပ်လူမျိုးတို့အား ကျဉ်းကျပ်သေးငယ်သော အခန်းတွင်ချုပ်နှောင်ခဲ့သောကြောင့် သေဆုံးကုန်ခဲ့သည်။ ဖြစ်ရပ် “Black Hole Tragedy” ကို အကြောင်းပြုလျှက် ဘင်္ဂလားကိုအင်္ဂလိပ်တို့က သိမ်းပိုက်ခဲ့ပါသည်။ ယင်းသိမ်းပိုက်လိုက်ခြင်းကြောင့် မဂိုများနှင့်ဆက်ဆံရန် အကြောင်းနည်းပါးခဲ့ပြီး အင်္ဂလိပ်များနှင့် ဆက်ဆံရန်ဖြစ်လာပါသည်။

၄၄။ ။ အေဒီ-၁၇၆၀ ခုနှစ်တွင် ရခိုင်တို့က အင်္ဂလိပ်ပိုင် ဘင်္ဂလားဒေသအတွင်းသို့ ဝင်ရောက်၍ ကျွန်များကို ဖမ်းဆီးနေပါသည်ဟု အကြောင်းပြကာ ရခိုင်ကိုအင်္ဂလိပ်က လာရောက်တိုက်ခိုက်ရန်စီစဉ်ခဲ့သည့်အထိ အင်္ဂလိပ်ရခိုင်ဆက်ဆံရေးမှာ တင်းမာနေခဲ့သည်။ မြောက်ဦးခေတ် ဤနောက်ပိုင်းကာလများ၌ ရခိုင်ပြည်နယ်တွင်နန်းလုမှု၊ ပုန်ကန်မှု၊ ပြည်ပမှ ထိပါးမှု၊ မငြိမ်သက်မှုများကို အကြိမ်ကြိမ် အဖန်အဖန် တွေ့ကြုံရသည်ကို တွေ့ရှိလာရပါသည်။ အဂ်လိပ်တို့ကလည်း ဘင်္ဂလားပြည်နယ်မှ နောက်ထပ်နယ်ချဲ့လိုသည့် အရိပ်အရောင်များ ပြနေသဖြင့်) ထိုသို့ဖြစ်နေသည့်အချိန်မှာ မြန်မာ၊ အမရပူရတပ်တို့သည် ရခိုင်ပြည်နယ်သို့ချီတက်လာကာ (၄၅) ရက်ကြာ တိုက်ပွဲအပြီး မြောက်ဦးမြို့တော်ကျဆုံးခဲ့သည်သည်တွင် ရခိုင်ဘုရင်ခေတ်မှာ နိဂုံးချုပ်ခဲ့ပါတော့သည်။

၄၅။ ။ ရခိုင်ဘုရင်များ ခေတ်တွင် ရခိုင်ပြည်နယ်တွင် လူဦးရေစာရင်းမည်မျှရှိသည်ကို မသိရသဖြင့် နိုင်ငံခြားသားမူဆလင်ဦးရေ မည်မျှရှိကြောင်း မဖော်ပြနိုင်သော်လည်း အနည်းအပါးသာရှိကြောင်းကို ရှေးဟောင်းဗလီအရေအတွက်က ဖော်ပြလျှက်ရှိပါသည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ရခိုင်ပြည်နယ်အတွင်းရှိသည့်မးဆလင်များမှာ ရခိုင်ကမ်းရိုးတမ်းဒေသတွင် သောင်တင်ကာ အခြေစိုက်နေထိုင်ကြသော သင်္ဘောပျက်၊ လှေပျက်တို့မှ သင်္ဘောသားများနှင့် အဆက်အနွယ်များ၊ ရခိုင်ဘုရင်များ စစ်အောင်နိုင်ရာမှ ဖမ်းဆီးခေါ်ဆောင်လာကြသည့် စစ်သုံ့ပန်းများ၊ ကျွန်အဖြစ် ခေါ်ဆောင်လာသူများလောက်သာ ဖြစ်သည်ကို တွေ့ရှိရပါသည်။ ရခိုင်များသည် စစ်တကောင်းဒေသနှင့် ဂင်္ဂါမြစ်ဝှမ်းဒေသဖြစ်သော ဘင်္ဂလာပြည်နယ်ကို စိုးမိုးအုပ်ချုပ်နိုင်ခဲ့၍ ထိုဒေသရှိမူဆလင်ဦးရေကို ထည့်တွက်ခြင်းအားဖြင့် ရခိုင်ပြနယ်တွင်မူဆလင်ဦးရေများသည် သဘောသာဖြစ်ကြောင်းတွေ့ရှိနိုင်ပါသည်။ အေဒီ (၁၇) ရာစု အစောပိုင်းတွင် ရခိုင်၏ ပင်မရေတပ်စခန်းကြီးကို စစ်တကောင်းဒေသ၌ ထားရှိသည်ဟူသော အထောက်အထားများက အချက်ကိုဖော်ညွှန်းနေပါသည်။

၄၆။ ။ ရခိုင်ပြည်နယ်ကို မြန်မာဘုရင်သည် အေဒီ-၁၇၈၅ ခုနှစ်မှ အေဒီ -၁၈၂၅ ခုနှစ်အထိ နှစ်ပေါင်းနှစ်ပေါင်း (၄၀) ကြာ ဒေသလေးခုခွဲပြီး မြို့ဝန်များခန့်အပ်ကာ အုပ်ချုပ်ခဲ့ပါသဖြင့် ဤကာလကို လေးမြို့ဝန်ခေတ်ဟုခေါ်ခဲ့ပါသည်။ မြန်မာဘုရင်အုပ်ချုပ်စဉ်ကာလအတွင်း ထီးနန်းပြန်လည်ရယူလို၍ ရခိုင်လူမျိုးတို့ကထကြွပုန်ကန်ခဲ့ကြခြင်းများရှိသကဲ့သို့ မြို့ဝန်များ၏ အခွန်ကောက်ကြီးမြင့်ခြင်း၊ လူများကိုမကြာခဏ တောင်းခံခြင်းများရှိခဲ့သဖြင့် ပုန်ကန်ထကြွခြင်းများ (၉) ကြိမ်ခန့်ရှိခဲ့ပါသည်။ ဤသို့ပုန်ကန်ထကြွမှုများကို နှိမ်နှင်းခဲ့ခြင်းတို့ကြောင့် ရခိုင်လူမျိုးတို့အတွက် အလုံးအရင်းဖြင့် တဖက်နိုင်ငံသို့ ခိုလှုံသွားခဲ့ကြပါသည်။ သို့ဖြစ်ပါ လေးမြို့ဝန်ခေတ်တွင် ရခိုင်ပြည်နယ်အတွင်း လူဦးရေများစွာလျော့နည်းသွားခဲ့ကြောင်းတွေ့ရှိရပါသည်။



အပိုင်း(၂) အင်္ဂလိပ်လက်အောက် ရခိုင်တိုင်း

၁၈ ရာစုနှောင်းပိုင်း

၄၇။ ။ အင်္ဂလိပ်များ အိန္ဒယနိုင်ငံတွင် (၁၇)ရာစုအစောပိုင်းမှစတင်၍ ကုန်ကူးသန်းရောင်းဝယ် ရေးလုပ်ကိုင်သည့် အရှေ့အိန္ဒိယကုမ္ပဏီဖြင့်ထိုးဖောက်ဝင်ရောက်လာကာ ခရစ်သက်ကရာဇ် ၁၇၆၅ ခုနှစ်တွင် မဂိုအင်ပါယာပိုင်၊ ဘုရင်ရှားအာလမ်ထံမှ ဘင်္ဂလားဘီဟာနှင့် အောရစ္စပြည်နယ်တို့ကို အုပ်ချုပ်ခွင့်ရရှိသည်တွင် အိန္ဒိယတနိုင်ငံလုံးကို စိုးမိုးသွားပါတော့သည်။ ဤသို့စိုးမိုးသွား ပြီးနောက် ရခိုင်ပြည်နယ်ဖက်သို့ တိုးချဲ့လာရန်ရှိလာချိန်တွင် မြန်မာဘုရင်က ရခိုင်ပြည်နယ်ကိုသိမ်းပိုက်လိုက်သောကြောင့် အင်္ဂလိပ်နှင့် မြန်မာတို့မှာ ထိပ်တိုက်ရင်ဆိုင်ရသည့် အခြေအနေပေါ်ပေါက်လာတော့သည်။

၁၉ ရာစုအစပိုင်း

၄၈။ ။ မြန်မာနှင့်အင်္ဂလိပ်တို့သည် နယ်မြေခြင်းထိတွေ့နေရသဖြင့် မကြာခဏ အငြင်းပွားမှုများ၊ အချင်းပွားမှုများဖြစ်ခဲ့ပါသည်။ မြန်မာဘုရင်အား ပုကန်ခဲ့သောရခိုင်များကို အင်္ဂလိပ်တို့က ခုံလှုံခွင့်ပေးခဲ့ကာ ပင်းဝါတွင်မြို့တည်၍ထားခဲ့ပါသည်။ မြန်မာဘက်မှ အင်္ဂလိပ်တို့အား ပုန်ကန်သူ(၃)ဦးအား ဖမ်းဆီးလွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်ကို လိုက်လျှော့လုပ်ကိုင်ပေးခဲ့ပါသည်။ နောက်ပိုင်းတွင် အင်္ဂလိပ်မြန်မာတို့၏ ဆက်ဆံရေးမှာ တင်းမာလာခဲ့ပါသည်။ ဤသို့ရှိနေစဉ် အရှေ့အိန္ဒိယ ကုမ္ပဏီနှင့် သစ်ထုတ်လုပ်မှုကိစ္စ များတွင် မြန်မာဘက်မှ ဖမ်းဆီးအရေးယူမှုများကြောင့် အေဒီ-၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်တို့က မြန်မာကိုစစ်ကြေငြာတိုက်ခိုက်မှုများ ပြုလုပ်လာခဲ့ပါသည်။ (၂)နှစ်ကြာစစ်ပွဲ ဖြစ်ပွားပြီးနောက် အေဒီ-၁၈၂၆ ခု၊ ဖေဖော်ဝါရီလ(၂၄) ရက်နေ့တွင် ရန္တပိုစစ်ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့ကာ မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်နှင့်တနင်္သာရီကမ်း မြောင်ဒေသတို့ကို အင်္ဂလိပ်တို့အား ပေးအပ်ခဲ့ရပါသည်။ အင်္ဂလိပ်တို့က ထိုဒေသများကို အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်းအဖြစ် သွတ်သွင်းကာ အုပ်ချုပ်ခြင်းပြုခဲ့သည်ကိုခံရပါသည်။

အင်္ဂလိပ်လက်အောက် အိန္ဒိယဗဟိုအစိုးရအုပ်ချုပ်မှုအောက်သို့ရောက်ရှိခြင်း။

၁၉ ရာစုအလယ်ပိုင်း
၄၉။ ။ အေဒီ-၁၈၅၈ ခုနိုဝင်ဘာ(၁)ရက်နေ့တွင် အိန္ဒိယနိုင်ငံကို အရှေ့အိန္ဒိယကုမ္ပဏီ၏ အုပ်ချုပ်မှုအောက်မှနေ အင်္ဂလိပ်အစိုးရ၏ အုပ်ချုပ်အောက်သို့ လွှဲပြောင်းရယူကြောင်း အင်္ဂလိပ်အစိုးရက ကြေငြာခဲ့ပါသည်။ သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံ၏ စိတ်အပိုင်တခုအဖြစ် သွတ်သွင်းသတ်မှတ်ခြင်းခံရသည့် ရခိုင်ပြည်နယ်နှင့် တနင်္သာရီကမ်းမြောင်ဒေသတို့သည်လည်း၊ အင်္ဂလိပ်အစိုးရအုပ်ချုပ်မှုအောက်သို့ ရောက်ရှိပါခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၏ ဗဟိုအစိုးရရုံးစိုက်ရာမြို့မှာ ထိုစဉ်ကမြန်မာနိုင်ငံနှင့် ကပ်လျှက်ရှိသော ဘင်္ဂလားပြည်နယ်ရှိ ကာလာကတ္တားမြို့ ဖြစ်သည်ကိုတွေ့ရပါသည်။

စစ်တွေမြို့ကိုတည်ထောင်ခြင်း

၅၀။ ။ အင်္ဂလိပ်တို့သည် ရခိုင်ပြည်နယ်ကိုသိမ်းပိုက်ပြီးသည့်နောက် ခရစ်သက်ကရာဇ် -၁၈၂၇ ခုနှစ်တွင် စစ်တွေမြို့ကို တည်ထောင်ကာ အုပ်ချုပ်ခဲ့ပါသည်။ စစ်ဘေးဒဏ်ကြောင့် စစ်တကောင်း၊ ဘင်္ဂလားစသည်တို့ကိုပြေးဝင်ခိုလှုံခဲ့ကြသော ရခိုင်များသည် စစ်တွေစသော တည်ထောင်စမြို့များသို့၎င်း၊ မိမိတို့နေရင်းဒေသများသို့၎င်း၊ ပြန်လည်ဝင်ရောက်လာခဲ့ကြပါသည်။ ၁၈၃၁ ခုနှစ် လူဦးရေစာရင်းအရ စစ်တွေ၊ သံတွဲနှင့် ကျောက်ဖြူခရိုင်တို့တွင် လူဦးရေမှာ တစ်သိန်းကျော်ခန့်မျှသာရှိခဲ့သည်။

စူးအက်တူးမြောင်းဖောက်လုပ်ခြင်းနှင့်အတူ အင်္ဂလိပ်များသည် ရခိုင်တိုင်းအတွင်းသို့ ဘင်္ဂါလီကုလားများကို ခေါ်ယူမှုစတင်ခြင်း

၅၁။ ။ အင်္ဂလိပ်များသည် စီးပွားရေးအမြတ်ထုတ်ရေးအတွက် မြန်မာနိုင်ငံသို့ဝင်ရောက်လာသည်ဖြစ်ရာ ရှိသည့်မြေများတွင်စိုက်ပျိုးထုတ်လုပ်ရန် တိုင်းရင်သားများ၏ လုပ်အားဖြင့် အားရတောင့်တိမ်းခြင်းမရှိတော့သဖြင့် အိန္ဒိယနိုင်ငံမှ လယ်သမား အလုပ်သမားများကို ရယူဘို့စီစဉ်ဆောင်ရွက်လာပါသည်။ ၁၈၆၉ -ခုနှစ်တွင်စူးအက်တူးမြောင်း ဖောက်လုပ်လိုက်သည်နှင့်အတူ ကမ္ဘာ့ဆန်ဈေးများ ကောင်းမွန်လာသဖြင့် အင်္ဂလိပ်များသည် ရခိုင်ပြည်နယ်အတွင်သို့ စစ်တကောင်း ဘင်္ဂလားတို့မှ ဘင်္ဂါလီ-မူဆလင်များကိုနည်းအမျိုးမျိုးဖြင့်ခေါ်ယူလုပ်ကိုင်ခြင်းပြုခဲ့ပါသည်။

၁၉ ရာစုနှောင်းပိုင်း

၅၂။ ။ အင်္ဂလိပ်များသည် ၁၈၇၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံသားကုလားများအား လယ်သမားများ အဖြစ်ခေါ်ယူနေရာချထားရန်စီစဉ်ခဲ့ပါသည်။ အထောက်အထားများအရ ထိုစဉ်က မြေလွတ်ရိုင်းများ ကိုဂရံပေးရာ၌ စည်းကမ်းချက်တချက်မှာ ဂရံရရှိသူသည် ဂရမ်မြေဒေသ၏ ပြင်ပတွင်နေထိုင်သူဖြစ်စေ ရမည်ဟူသော အချက်ဖြစ်သည်။ ဂရန်-၄၂-ခုထုတ်ပေးခဲ့ရာ၌ မောင်တောမြို့နယ်တွင် ဂရမ်-၁၅-ခုနှင့် ဘူးသီးတောင်မြို့နယ်တွင် ဂရန်-၉-ခုဖြစ်ကြောင်းတွေ့ရှိရပါသည်။ သို့ဖြစ်၍လည်း ၎င်းမြို့နယ်များတွင် ဘင်္ဂါလီ မူဆလင်များအစိုင်အခဲနှင့် အခြေစိုက်နေထိုင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

အလုပ်သမားအက်ဥပဒေတစ်ရပ်ပြဌာန်းခြင်း။

၅၃။ ။ နိုင်ငံခြားသားကုလားများသည် လယ်သမားများအဖြစ် နေထိုင်ကြသလို လယ်ယာအလုပ်သမားများအဖြစ် လာရောက်လုပ်ကိုင်ကြပြီး အခြေစိုက်နေထိုင်ကြသူများက နေထိုင် အိန္ဒိယနိုင်ငံသို့လုပ်ငန်းရာသီကုန်ဆုံးချိန်တွင် ပြန်သူကပြန်ကြကြောင်း တွေ့ရှိရသဖြင့် အင်္ဂလိပ်များသည် ၁၈၇၆ ခုနှစ်တွင် အလုပ်သမားအက်ဥပဒေတရပ်ကို ပြဌာန်းလာခဲ့ပြန်သည်။ ဤအက်ဥပဒေအရ အိန္ဒိယနိုင်ငံသားအလုပ်သမားများကို ရယူခြင်းထက် ပြင်ပကန်ထရိုက်တာတို့မှ တဆင့်ရယူခြင်းကလွယ်ကူသဖြင့် လယ်ယာပိုင်ရှင်နှင့် အင်္ဂလိပ်လက်ဝေခံ အရင်းရှင်တို့က လွယ်ကူသောနည်းကို အသုံးပြုကြသဖြင့် ထိုအလုပ်သမားအက်ဥပဒေမှာ အဓိပ္ပါယ်မရှိဖြစ်ခဲ့ပါသည်။


ဘင်္ဂလီကုလားများကို သယ်ယူရန် အင်္ဂလိပ်တို့က သင်္ဘောကုမ္ပဏီများဖွင့်လှစ်ခြင်း။

၅၄။ ။ ထိုအလုပ်သမာအက်ဥပဒေပြဌာန်းသည့် ၁၈၇၆ နှစ်တွင် အက်ဥပဒေအရမဟုတ်ပဲ အလွတ်သဘော မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်လာသူ၊ နိုင်ခြားသား ကုလားဦးရေမှာ ၁၅၀၀၀ ကျော်ခန့်ရှိကြောင်းနှင့်၊ နောက်ပိုင်းနှစ်များတွင်လည်း နှစ်စဉ် ၁၅၀၀၀ ကျော်ခန့်ရှိသည်ဟုဆိုပါသည်။ (British India Steam Navigation Company) ခေါ်အင်္ဂလိပ်ပိုင် သင်္ဘောကုမ္ပဏီက အိန္ဒိယနိုင်မှ မြန်မာနိုင်ငံသို့ အဆိုပါ အိန္ဒိယနိုင်သားကုလားအလုပ်သမားများကို တစ်ဦးတည်းသယ်ပို့လုပ်ကိုင်လျှက်ရှိရာ ၁၈၈၀ ခုနှစ်တွင် တည်ထောင်သော (Asiatic Steam Navigation Company) ခေါ် အရင်းရှင်သင်္ဘောကုမ္ပဏီက ဝင်ရောက်လုပ်ကိုင်လာသဖြင့် သင်္ဘောခများလျှော့ချခြင်းများပြုလျှက် အပြိုင်အဆိုင်လုပ်ကိုင်လာကြကြောင်း အင်္ဂလိပ်တို့အနေနှင့် အလုပ်သမားများများရရှိပြီး မြန်မြန်ဆန်ဆန်စိုက်ပျိုးထုတ်လုပ်ရောင်းချ လိုသည်ဖြစ်သောကြောင့် သင်္ဘောကုမ္ပဏီများအား ထောက်ပံ့ကြေးပေးသည့်အစီအစဉ်ကို အသုံးပြုလာခဲ့ကြောင်းတွေ့ရှိရပါသည်။


ဘင်္ဂလီကုလားများ ရခိုင်သို့ရောက်ရှိလာသည့်ဦးရေ

၅၅။ ။ ၁၈၈၀-၈၁ ခုနှစ်တွင် နိုင်ခြားသားအလုပ်သမား ၄၀၀၀၀ ကျော်မြန်မာနိုင်ငံတွင်းဝင်ရောက်လာခဲ့သည့်အခါ ၁၈၀၀၀ သာအိန္ဒယနိုင်ငံကိုပြန်ကြောင်း၊ ၁၈၈၃-၈၄ ခုနှစ်တွင်ဝင်ရောက်လာသူအလုပ်သမားဦးရေ ၈၃၀၀၀ အထိရှိခဲ့ပြီး ၄၃၀၀၀ မှာမြန်မာနိုင်ငံတွင်နေထိုင်ခဲ့ကြကြောင်းဖေါ်ပြထားပါသည်။ အင်္ဂလိပ်တို့က ကုလားအလုပ်သမားဦးရေ များစွာဝင်ရောက်နေသဖြင့် သင်္ဘောကုမ္ပဏီများအား ပေးနေသည့်ထောက်ပံ့ကြေးကို ရပ်ဆိုင်းလိုက်သော်လည်း မြန်မာနိုင်ငံအတွင်း အထူးအားဖြင့်ရခိုင်ပြည်နယ်ဖက်သို့ ဝင်ရောက်လာကြသော ဘင်္ဂလီမူဆလင်ဦးရေမှာ အရှိန်မလျှော့သွားဘဲ တိုးတက်လာခဲ့ပါသည်။ ၁၉၂၇ ခုနှစ်တွင် ဝင်ရောက်လာသော ကုလားအလုပ်သမားဦးရေမှာ ၄၀၀၀၀ ရှိခဲ့သည့်အနက် ၃၅၀၀၀ ကျော်မှာ အိန္ဒိယနိုင်ငံသို့ပြန်သွားခြင်းမပြုတော့ကြောင်းနှင့် ၎င်းတို့သည် ပွဲစားအငယ်စားများ၊ လှေသင်္ဘောများ၊ လယ်လုပ်သူ၊ လယ်ကူလီစသည်ဖြင့် လုပ်ကိုင်နေကြကြောင်း တွေ့ရှိရပါသည်။


စိုက်ပျိုးရေးနှင့်လုပ်ငန်းအတွက် တနှစ် ၂ ကြိမ် ဘင်္ဂါလီကုလားများကိုခေါ်ယူခြင်း။

၅၆။ ။ အင်္ဂလိပ်အစိုး၏ ဆက်စပ်လျှက်ရှိသောလုပ်ငန်းများ တိုးချဲ့ရေးပေါ်လစီများတွင် လိုအပ်ချက်အရ ဘင်္ဂလားပြည်နယ်မှ နိုင်ငံခြားမူဆလင်များ လာရောက်ကြရာ၌ ရာသီအလိုက်ကူလီလုပ်သူများမှာ စပါးစိုက်ပျိုးချိန်တွင် တစ်ချိန်၊ စပါးရိတ်သိမ်းချိန်တွင် တစ်ချိန် အများအပြားနှစ်စဉ်လာရောက်လေ့ရှိကြပြီး အချို့သည်ရခိုင်ပြည်နယ်တွင် အခြေစိုက်နေထိုင်လျှက် ရှိနှင့်ပြီးသော ဘင်္ဂါလီမူဆလင်များနှင့် အဆက်အသွယ်ရယူကာ ဘင်္ဂလားသို့မပြန်တော့ဘဲ ဆက်လက်နေထိုင်ကြပါသည်။ ဤသို့ဝင်လာသူများမှာ ရခိုင်ပြည်နယ်အတွင်း လွတ်လပ်စွာသွားလာနိုင်ခွင့်ရှိကြောင်းနှင့် လာရောက်ရာ၌ လည်း စရိတ်ကုန်ကျမှုနည်းခြင်း၊ အချိန်မကြာဘဲရောက်နိုင်ခြင်း၊ လွယ်ကူမှုရှိခြင်းစသည်တို့ကြောင့် ဘင်္ဂါလီးအများအပြား လာရောက်ခြင်းဖြစ်ကြောင်းဖော်ပြထားပါသည်။

ဘူသီးတောင်နှင့် မောင်တောကိုဆက်သွယ်ရန် ရထားလမ်းဖောက်လုပ်ခြင်း။

၅၇။ ။ အင်္ဂလိပ်တို့သည် ၎င်းတို့လိုအပ်သော အလုပ်သမားများကို ဈေးပေါပေါနှင့်လိုအပ်သလို ရရှိရန် မော်တော်သင်္ဘောများကို စီစဉ်ပြေးဆွဲပေးခဲ့ပါသည်။ ယင်းသင်္ဘောများမှာလည်း အင်္ဂလန်နိုင်ငံမှ ထုတ်လုပ်ရောင်းချသော မော်တော်သင်္ဘောများဖြစ်ကြပါသည်။ ၎င်းအပြင် မီးရထားလမ်းဖောက်လုပ်ရန်စီမံခဲ့သော မေယုမြစ်ပေါ်ရှိ ဘူးသီးတောင်နှင့် နပ်(ပ်)မြစ်ပေါ်ရှိ မောင်းတောကိုဆက်သွယ်သည့်ရေနွေးငွေ့သုံး ရထားပြေးဆွဲခဲ့ကြောင်း ဖော်ပြထားသည်ကိုလည်း တွေ့ရှိရပါသည်။

ဘင်္ဂလီမူဆလင်များ၏စရိုက်အကျင့်

၅၈။ ။ ဤစစ်တကောင်းသား ဘင်္ဂါလီမူဆလင်နှင့် ပတ်သက်သောစိတ်ဝင်စားဖွယ်ဖြစ်သည့် စရိုက်အကျင့်ကိုလည်း မှတ်တမ်းတင်ထားပါသည်။ ကောင်းသောစရိုက်အကျင့်တို့မှာ ၎င်းတို့သည်ငွေကိုချွေတာသုံးစွဲတတ်ပုံနှင့် အလုပ်ကိုမပျင်းမရိ ကြိုးစားအားထုတ်လုပ် ကိုင်တတ်ပုံတို့ဖြစ်ပါသည်။ မကောင်းသောအကျင့်စရိုက်မှာ သူတစ်ပါးအား တရားရုံးများတွင်အမှု့အခင်းလုပ်လိုမှုအားသန်ခြင်းဖြစ်ကြောင့်နှင့် ငွေကြေးရရှိမည်ဆိုလျှင် မဟုတ်မမှန်လိမ်လည်ထွက်ဆိုသည့်သက်သေများ ဖန်တီးပြီး အမှုဆင်ခြင်း၊ စသည်တို့လုပ်တတ်လေ့ရှိကြောင့်နှင့် အင်္ဂလိပ်တရားသူကြီးများက မှန်မှန်ကန်ကန်တရားစီရင်နိုင်ရန် အခက်အခဲရှိသည့်အကြောင်းတို့ကို မှတ်တမ်းတင်ထားခဲ့ပါသည်။



မှတ်ချက်=
ဆရာကြီးဦးရွှေဇံ ရွီးရေ "ရခိုင်ပြည်နယ်အတွင်းသို့ ဝင်လာကြသော ဘင်္ဂါလီမူဆလင်များနှင့်
ပတ်သက်သည့်လေ့လာချက်" စာအုပ်မှ တိုက်ရိုက်ဖော်ပြခြင်းဖြစ်ပါရေ။
ကျန်နိန်သီးရေအပိုင်းတိကိုဆက်ပနာတင်ပီးပါမေ။




မှတ်ချက်=
ဆရာကြီးဦးရွှေဇံ ရွီးရေ "ရခိုင်ပြည်နယ်အတွင်းသို့ ဝင်လာကြသော ဘင်္ဂါလီမူဆလင်များနှင့်
ပတ်သက်သည့်လေ့လာချက်" စာအုပ်မှ တိုက်ရိုက်ဖော်ပြခြင်းဖြစ်ပါရေ။
ကျန်နိန်သီးရေအပိုင်းတိကိုဆက်ပနာတင်ပီးပါမေ။

(အကြောင်းအမျိုးမျိုးကြောင်း စာရေးဆရာဦးရွှေဇံဆီကခွင့်ပြုချက်မတောင်းခံနိုင်ခြင်းကို နားလည်ပီးပါ လို့အေနိန်ရာက တောင်းပန်ပါရေ။)

0 comments:

Post a Comment